iMyanmarHouse.com - Best Property Website for Myanmar
×

သူ႔ကိုခ်စ္လို႔ သူ႔အတြက္ ဘာမဆုိ လုပ္ေပးဖုိ႔ သင္အဆင္သင့္ျဖစ္ေနတာ ဆုိေပမဲ့ အဲဒါဟာ ျပႆနာ တစ္ခု ျဖစ္ေနႏုိင္ပါတယ္။ သင့္အခ်စ္ကို နားလည္တန္ဖုိးထားတတ္တဲ့သူဆုိရင္ အဆင္ေျပႏုိင္ေပမဲ့ အႏိုင္ယူတတ္သူဆုိရင္ သင္ တစ္ဘဝလံုး အႏုိင္းခံရၿပီး သင့္ကိုယ္ပိုင္ဘဝ ေပ်ာက္ဆံုးသြားပါလိမ့္မယ္။

၁။ သူ႔အတြက္ဆိုရင္ အားလံုးကို ပစ္ထားခဲ့တယ္

အလုပ္၊ သူငယ္ခ်င္း၊ မိသားစု ဘာပဲျဖစ္ေနေန သူ ေခၚၿပီဆုိတာနဲ႔ အကုန္လံုးကို ပစ္ထားၿပီး သင္ေျပးေတာ့တာပဲ။ အဲဒီလို လုပ္လုပ္လို႔ သင္ဘာေတြ ဆံုး႐ႈံးမယ္ဆုိတာ မေတြးေတာ့ဘူး။ သူက သင့္အတြက္ အေရးႀကီးဆံုးအရာဆုိတာထက္ ပိုေနတယ္။ သူူက သင့္အတြက္အရာရာပဲ။ လူတစ္ေယာက္တည္းအေပၚ ရွိသမွ် အခ်စ္ေတြ အားလံုး ပံုေအာထားတဲ့အတြက္ ခံစားစရာရွိရင္ သင္အရမ္းခံစားရမယ္ဆုိတာ မေမ့သင့္ပါဘူး။

၂။ သင္က သူ႔အတြက္ အျမဲရွိေနေပမဲ့ သူ႔ဘက္ကေတာ့ အဲဒီလို မဟုတ္ဘူး

သင့္အတြက္ သူက အရာရာျဖစ္ေပမဲ့ သူ႔အတြက္ကေတာ့ သင္က အဲဒီလိုု ဟုတ္မေေနဘူး။ သူလိုအပ္ရင္ သင္အျမဲရွိေနတယ္။ သင္လိုအပ္ခ်ိန္က်ေတာ့ သူက အားလပ္မေနဘူး (ဒါမွမဟုတ္) သူရွိမေနဘူး။ ကိုယ္အားကိုးလို႔မရတဲ့ ေယာက္်ားတစ္ေယာက္အတြက္ ဘာလုိ႔ အခ်ိန္ေတြ အမ်ားႀကီးေပးေနတာလဲ။ သင္တုိ႔ရဲ႕ အခ်စ္ေရးမွာ သင္သာလွ်င္ အဓိကမျဖစ္သင့္ဘူး။ တစ္ခါတေလမွာ သင္လည္း မွီတြယ္ဖို႔ ပခံုးတစ္ဖက္ လိုအပ္လိမ့္မယ္။

၃။ သင္ခ်ည္းပဲ စြန္႔လႊတ္အနစ္နာခံေနရတယ္

သင္နဲ႔အတူ ရွိေနဖို႔အတြက္ သူက ဘာကိုမွ (သူ႔အလုပ္၊ သူ႔ဝါသနာ၊ သူ႔သူငယ္ခ်င္းေတြ စသျဖင့္) စြန္႔လႊတ္အနစ္နာခံတာမ်ဳိး မရွိဘူး။ ဒါေပမဲ့ သင္ကေတာ့ သူ႔အတြက္ အရာအားလံုးကို စြန္႔လႊတ္တယ္။ ဆက္ဆံေရးတုိင္မွာ အေပးအယူဆုိတာ ရွိရပါတယ္။ သင္ကခ်ည္း ေပးဆပ္သူျဖစ္ၿပီး ဘာမွ ျပန္မရဘူး။ သူ႔အတြက္ သင့္ရဲ႕ သူငယ္ခ်င္းေတြ ဒါမွမဟုတ္ အလုပ္ကို သင္စြန္႔လႊတ္ခဲ့ရခ်ိန္မွာ သူသာဆုိ သင္လုပ္သလို လုပ္ပါ့မလား စဥ္းစားပါ။

၄။ အျမဲတမ္း ဟုတ္ကဲ့ခ်ည္း သင္ေျပာေနတယ္

သူဘာေတာင္းဆုိဆုိ၊ ဘာေျပာေျပာ သင့္အေျဖက ဟုတ္ကဲ့ခ်ည္းျဖစ္ေနတယ္။ သူ႔အတြက္ သင့္မွာ ဟင့္အင္းဆုိတဲ့ စကားလံုး မရွိဘူး။ အဲဒီလိုအခ်ိန္မွာ သင့္တာဝန္က သူ႔ကို ေပ်ာ္ေအာင္ ထားဖုိ႔လို႔ သူထင္သြားၿပီ။ သင့္ဆံုးျဖတ္ခ်က္ေတြက သင့္ရဲ႕ ကိုယ္ပိုင္ဆံုးျဖတ္ခ်က္ေတြ မဟုတ္္ေတာ့ဘူး။ သူကခ်ည္း သင့္အတြက္ အားလံုးကို ေရြးခ်ယ္ေပးတယ္။ အဲဒါကိုလည္း သင္ကေပ်ာ္ေနတယ္။

၅။ ကိုယ့္ရဲ႕ယံုၾကည္မႈေတြကို စြန္႔လႊတ္လုိက္တယ္

သင္ လုပ္မိမယ္လုိ႔ တစ္ခါမွ မေတြးဖူးတာေတြ သင္လုပ္ေနရတယ္။ သူငယ္ခ်င္းေတြနဲ႔ ေလွ်ာက္လည္တဲ့ ညေတြဆုိတာ သင့္မွာ မရွိေတာ့ဘူး။ သူဘာလုပ္လုပ္ သင္ခြင့္လႊတ္ေပးတယ္။ သင့္မွာေတာ့ သူသေဘာမတူရင္ ဘာမွ လုပ္ခြင့္မရွိဘူး။ အရင္က သင္မဟုတ္ေတာ့ဘဲ သူ ျဖစ္ေစခ်င္တဲ့ မိန္းကေလးပဲ သင္ျဖစ္ေနေတာ့တယ္။ သင့္ဘဝက သိပ္ကို ဆုိးရြားလြန္းတာ သင္သတိထားမိရဲ႕လား။

၆။ သင့္လိုအပ္ခ်က္ေတြထက္ သူ႔လိုအပ္ခ်က္ေတြကိုသာ အဓိကထားတယ္

သင့္ကိုယ္သင္ ခ်စ္ဖို႔ေတာင္ သင္ေမ့ေနတယ္။ သူ႔ကို ခ်စ္ဖို႔ပဲ သင္ အာ႐ံု အရမ္းထားလြန္းတဲ့အတြက္ သင့္လိုအပ္ခ်က္ေတြကို ေမ့ေနတယ္။ သူ႔လိုအပ္ခ်က္ေတြက အျမဲတမ္း ပထမဦးစားေပးျဖစ္ၿပီး သင့္အတြက္က အျမဲ ဒုတိယေနရာပဲ။ သူက သင့္ကို အဲဒီအတုိင္းျဖစ္ေစခ်င္တာ ဆုိရင္ေတာ့ သူက သင့္ကို ခ်စ္တာမဟုတ္ဘဲ သူ႔ကို သင္က ခ်စ္ေနလုိ႔သာ သင့္ကို ခ်စ္ျခင္းျဖစ္တယ္။

၇။ သူဘာလုပ္လုပ္ သင္က ခြင့္လႊတ္ၿပီးသား ျဖစ္ေနတယ္္

သူ လုပ္သမွ် ခြင့္လႊတ္မေပးႏုိင္တာ သင့္မွာ ဘာမွမရွိဘူး။ သူႀကိဳက္သလိုလုပ္ သင္ ခြင့္လႊတ္ဖို႔ အဆင္သင့္ျဖစ္ေနတယ္။ ခ်စ္သူရဲ႕ အဓိပၸာယ္မဲ့ လုပ္ရပ္ေတြကို အျမဲတမ္း ကာဗာေပးေနတဲ့ မိန္းကေလးျဖစ္ေနၿပီဆုိရင္ေတာ့ သင့္အေျခအေနက အေတာ္ကို ဆိုးရြားေနပါၿပီ။

၈။ သူ႔ကို မိဘလို သင္ဘာလုပ္လုပ္ ခြင့္ေတာင္းေနရတယ္

သင့္သူငယ္ခ်င္းေတြနဲ႔ အျပင္ထြက္ဖို႔ သင့္ခ်စ္သူရဲ႕ ခြင့္ျပဳခ်က္ ေတာင္းေနစရာ မလုိပါဘူး။ သင္ဘယ္မွာရွိေနတယ္ဆုိတာ မိနစ္မလပ္ စကၠန္႔မလပ္ သူသိေနဖုိ႔ မလိုဘူး။ သူက သင့္အုပ္ထိန္းသူ မဟုတ္ဘူး။ ဒါေပမဲ့ အဲဒီအခြင့္အေရးကို သင္ကိုယ္တုိင္ သူ႔ကို ေပးထားတယ္။ သူ႔ကို အရင္မေျပာဘဲ သင္ဘာမွ မလုပ္ရဲဘူး၊ မလုပ္ႏုိင္ဘူး ျဖစ္ေနတယ္။ သင္ဟာ သင့္အတြက္ အသက္ရွင္ရသူမဟုတ္ဘဲ တျခားသူတစ္ေယာက္အတြက္ အသက္ရွင္ရသူ ျဖစ္ေနၿပီ။

Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သူ့ကိုချစ်လို့ သူ့အတွက် ဘာမဆို လုပ်ပေးဖို့ သင်အဆင်သင့်ဖြစ်နေတာ ဆိုပေမဲ့ အဲဒါဟာ ပြဿနာ တစ်ခု ဖြစ်နေနိုင်ပါတယ်။ သင့်အချစ်ကို နားလည်တန်ဖိုးထားတတ်တဲ့သူဆိုရင် အဆင်ပြေနိုင်ပေမဲ့ အနိုင်ယူတတ်သူဆိုရင် သင် တစ်ဘဝလုံး အနိုင်းခံရပြီး သင့်ကိုယ်ပိုင်ဘဝ ပျောက်ဆုံးသွားပါလိမ့်မယ်။

၁။ သူ့အတွက်ဆိုရင် အားလုံးကို ပစ်ထားခဲ့တယ်

အလုပ်၊ သူငယ်ချင်း၊ မိသားစု ဘာပဲဖြစ်နေနေ သူ ခေါ်ပြီဆိုတာနဲ့ အကုန်လုံးကို ပစ်ထားပြီး သင်ပြေးတော့တာပဲ။ အဲဒီလို လုပ်လုပ်လို့ သင်ဘာတွေ ဆုံးရှုံးမယ်ဆိုတာ မတွေးတော့ဘူး။ သူက သင့်အတွက် အရေးကြီးဆုံးအရာဆိုတာထက် ပိုနေတယ်။ သူူက သင့်အတွက်အရာရာပဲ။ လူတစ်ယောက်တည်းအပေါ် ရှိသမျှ အချစ်တွေ အားလုံး ပုံအောထားတဲ့အတွက် ခံစားစရာရှိရင် သင်အရမ်းခံစားရမယ်ဆိုတာ မမေ့သင့်ပါဘူး။

၂။ သင်က သူ့အတွက် အမြဲရှိနေပေမဲ့ သူ့ဘက်ကတော့ အဲဒီလို မဟုတ်ဘူး

သင့်အတွက် သူက အရာရာဖြစ်ပေမဲ့ သူ့အတွက်ကတော့ သင်က အဲဒီလိုု ဟုတ်မေနေဘူး။ သူလိုအပ်ရင် သင်အမြဲရှိနေတယ်။ သင်လိုအပ်ချိန်ကျတော့ သူက အားလပ်မနေဘူး (ဒါမှမဟုတ်) သူရှိမနေဘူး။ ကိုယ်အားကိုးလို့မရတဲ့ ယောက်ျားတစ်ယောက်အတွက် ဘာလို့ အချိန်တွေ အများကြီးပေးနေတာလဲ။ သင်တို့ရဲ့ အချစ်ရေးမှာ သင်သာလျှင် အဓိကမဖြစ်သင့်ဘူး။ တစ်ခါတလေမှာ သင်လည်း မှီတွယ်ဖို့ ပခုံးတစ်ဖက် လိုအပ်လိမ့်မယ်။

၃။ သင်ချည်းပဲ စွန့်လွှတ်အနစ်နာခံနေရတယ်

သင်နဲ့အတူ ရှိနေဖို့အတွက် သူက ဘာကိုမှ (သူ့အလုပ်၊ သူ့ဝါသနာ၊ သူ့သူငယ်ချင်းတွေ စသဖြင့်) စွန့်လွှတ်အနစ်နာခံတာမျိုး မရှိဘူး။ ဒါပေမဲ့ သင်ကတော့ သူ့အတွက် အရာအားလုံးကို စွန့်လွှတ်တယ်။ ဆက်ဆံရေးတိုင်မှာ အပေးအယူဆိုတာ ရှိရပါတယ်။ သင်ကချည်း ပေးဆပ်သူဖြစ်ပြီး ဘာမှ ပြန်မရဘူး။ သူ့အတွက် သင့်ရဲ့ သူငယ်ချင်းတွေ ဒါမှမဟုတ် အလုပ်ကို သင်စွန့်လွှတ်ခဲ့ရချိန်မှာ သူသာဆို သင်လုပ်သလို လုပ်ပါ့မလား စဉ်းစားပါ။

၄။ အမြဲတမ်း ဟုတ်ကဲ့ချည်း သင်ပြောနေတယ်

သူဘာတောင်းဆိုဆို၊ ဘာပြောပြော သင့်အဖြေက ဟုတ်ကဲ့ချည်းဖြစ်နေတယ်။ သူ့အတွက် သင့်မှာ ဟင့်အင်းဆိုတဲ့ စကားလုံး မရှိဘူး။ အဲဒီလိုအချိန်မှာ သင့်တာဝန်က သူ့ကို ပျော်အောင် ထားဖို့လို့ သူထင်သွားပြီ။ သင့်ဆုံးဖြတ်ချက်တွေက သင့်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ မဟုတ်တော့ဘူး။ သူကချည်း သင့်အတွက် အားလုံးကို ရွေးချယ်ပေးတယ်။ အဲဒါကိုလည်း သင်ကပျော်နေတယ်။

၅။ ကိုယ့်ရဲ့ယုံကြည်မှုတွေကို စွန့်လွှတ်လိုက်တယ်

သင် လုပ်မိမယ်လို့ တစ်ခါမှ မတွေးဖူးတာတွေ သင်လုပ်နေရတယ်။ သူငယ်ချင်းတွေနဲ့ လျှောက်လည်တဲ့ ညတွေဆိုတာ သင့်မှာ မရှိတော့ဘူး။ သူဘာလုပ်လုပ် သင်ခွင့်လွှတ်ပေးတယ်။ သင့်မှာတော့ သူသဘောမတူရင် ဘာမှ လုပ်ခွင့်မရှိဘူး။ အရင်က သင်မဟုတ်တော့ဘဲ သူ ဖြစ်စေချင်တဲ့ မိန်းကလေးပဲ သင်ဖြစ်နေတော့တယ်။ သင့်ဘဝက သိပ်ကို ဆိုးရွားလွန်းတာ သင်သတိထားမိရဲ့လား။

၆။ သင့်လိုအပ်ချက်တွေထက် သူ့လိုအပ်ချက်တွေကိုသာ အဓိကထားတယ်

သင့်ကိုယ်သင် ချစ်ဖို့တောင် သင်မေ့နေတယ်။ သူ့ကို ချစ်ဖို့ပဲ သင် အာရုံ အရမ်းထားလွန်းတဲ့အတွက် သင့်လိုအပ်ချက်တွေကို မေ့နေတယ်။ သူ့လိုအပ်ချက်တွေက အမြဲတမ်း ပထမဦးစားပေးဖြစ်ပြီး သင့်အတွက်က အမြဲ ဒုတိယနေရာပဲ။ သူက သင့်ကို အဲဒီအတိုင်းဖြစ်စေချင်တာ ဆိုရင်တော့ သူက သင့်ကို ချစ်တာမဟုတ်ဘဲ သူ့ကို သင်က ချစ်နေလို့သာ သင့်ကို ချစ်ခြင်းဖြစ်တယ်။

၇။ သူဘာလုပ်လုပ် သင်က ခွင့်လွှတ်ပြီးသား ဖြစ်နေတယ်

သူ လုပ်သမျှ ခွင့်လွှတ်မပေးနိုင်တာ သင့်မှာ ဘာမှမရှိဘူး။ သူကြိုက်သလိုလုပ် သင် ခွင့်လွှတ်ဖို့ အဆင်သင့်ဖြစ်နေတယ်။ ချစ်သူရဲ့ အဓိပ္ပာယ်မဲ့ လုပ်ရပ်တွေကို အမြဲတမ်း ကာဗာပေးနေတဲ့ မိန်းကလေးဖြစ်နေပြီဆိုရင်တော့ သင့်အခြေအနေက အတော်ကို ဆိုးရွားနေပါပြီ။

၈။ သူ့ကို မိဘလို သင်ဘာလုပ်လုပ် ခွင့်တောင်းနေရတယ်

သင့်သူငယ်ချင်းတွေနဲ့ အပြင်ထွက်ဖို့ သင့်ချစ်သူရဲ့ ခွင့်ပြုချက် တောင်းနေစရာ မလိုပါဘူး။ သင်ဘယ်မှာရှိနေတယ်ဆိုတာ မိနစ်မလပ် စက္ကန့်မလပ် သူသိနေဖို့ မလိုဘူး။ သူက သင့်အုပ်ထိန်းသူ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီအခွင့်အရေးကို သင်ကိုယ်တိုင် သူ့ကို ပေးထားတယ်။ သူ့ကို အရင်မပြောဘဲ သင်ဘာမှ မလုပ်ရဲဘူး၊ မလုပ်နိုင်ဘူး ဖြစ်နေတယ်။ သင်ဟာ သင့်အတွက် အသက်ရှင်ရသူမဟုတ်ဘဲ တခြားသူတစ်ယောက်အတွက် အသက်ရှင်ရသူ ဖြစ်နေပြီ။

Credit : Duwun



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top