iMyanmarHouse.com - Best Property Website for Myanmar
×

ငါ့အတြက္ အလိုအပ္ဆံုးက မင္းလို႕ ေျပာဖူးၾကမွာပါ။ ဒါ့အျပင္ ကိုယ့္ခ်စ္သူရည္းစားေတြ၊ သူငယ္ခ်င္းေတြအေပၚမွာလည္း ေမ်ွာ္လင့္ခ်က္ေတြ အမ်ားၾကီး စုျပံဳထားဖူးၾကပါလိမ့္မယ္။ သူတုိ႕ေတြက အတတ္ႏိုင္ဆံုး ကိုယ့္အေပၚေကာင္းေပးၾကသလို ကိုယ္နာက်င္ရမယ့္အရာေတြလည္း မလုပ္တတ္ၾကပါဘူး။ ဒါေပမယ့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ကိုယ္ေမ်ွာ္လင့္ထားသလို အေျခအေနေတြ ျဖစ္မလာေတာ့ဘူးဆိုတာနဲ႕ ကိုယ့္စိတ္ထဲ မေက်နပ္တာေတြ စတင္ခံစားလာရပါလိမ့္မယ္။ ဒီေတာ့ ေျပာခ်င္တာက သင္ဟာ သင့္ရဲ႕ ေပ်ာ္ရႊင္မႈကို တျခားလူလက္ထဲ ေပးလိုက္ျပီဆိုတာနဲ႕ ဒါက ျပန္ရရွိဖုိ႕ဆုိတာ မျဖစ္ႏို္င္ပါဘူး။ သင့္ေပ်ာ္ရႊင္မႈအတြက္ သင့္မွာသာ တာ၀န္ရွိတာပါ။

ကိုယ့္ကိုကိုယ္ ေပ်ာ္ရႊင္ေအာင္လုုပ္ဖုိ႕ ဘယ္ေလာက္ခက္ခဲ့သလဲဆုိတာမ်ိဳး ေတြးၾကည့္ပါ။ တစ္ခါတစ္ေလ တစ္ေန႕လံုး တစ္ခ်က္မွ မရယ္ေမာျဖစ္ပဲ အိပ္ယာထဲလဲေနတဲ့ ေန႕ေတြလည္း သင္ပိုင္ဆုိင္ဖူးပါလိမ့္မယ္။ ကိုယ္တုိင္ေတာင္ မစြမ္းေဆာင္ႏိုင္တဲ့ အခ်ိဳ႕အရာေတြအတြက္ အျခားတစ္ေယာက္ေယာက္ကို သြားေမ်ွာ္လင့္တာဟာ မုိက္ရူးရဲဆန္တာပါပဲ။ ဥပမာ သင္သေဘာက်ေနတဲ့ ေကာင္ေလးတစ္ေယာက္နဲ႕ ဖုန္းနံပါတ္ေလးေတြ ခ်ိန္းယူလာခဲ့ျပီးျပီ။ အဲ့ဒီေနာက္မွာ သင္က အဲ့ဒီေကာင္ေလး စာတုိေလး ဘယ္အခ်ိန္ပို႕မလဲဆုိျပီး ေမ်ွာ္လင့္ေနမိမယ္။ သူက မပို႕တဲ့အခါ သင့္စိတ္ေတြ ရႈပ္ေထြးမယ္၊ စိတ္ညစ္သြားမယ္။ တစ္ခါတစ္ေလေတာင္ ေရရြတ္မိေသတးယ္။ ငါဒီေန႕ေလး အဓိပၸါယ္ရွိသြားဖုိ႕ နင့္ဘက္က စာေလးတစ္ေစာင္ပို႕လိုက္ေတာ့ ဘာျဖစ္မွာမုိ႕လုိ႕လဲဆိုျပီးေတာ့ေလ။

ဒါမွားပါတယ္။ တကယ္ေတာ့ ဘယ္သူကမွ အျခားလူတစ္ေယာက္အတြက္ တာ၀န္မရွိပါဘူး။ သင့္ေဘးက ငါးႏွစ္ေလာက္တြဲလာတဲ့ သင့္ရည္းစားကလည္း ဒီလိုပဲ၊ ခုမွဆံုတဲ့ တစ္စံုတစ္ေယာက္ကလည္း ထုိ႕အတူပါပဲ။ သင့္စိတ္ထဲမွာ ထည့္ထားရမွာက ငါ့အတြက္ ငါ့သာ တာ၀န္ရွိတယ္ဆုိတာပါပဲ။ စဥ္းစားၾကည့္ပါ။ ခုန ေျပာသလို မၾကာေသးခင္က ဆံုတဲ့ေကာင္ေလးကလည္း သင့္ကိုမျဖစ္မေန စာတုိပို႕ဖုိ႕ သူ႕အတြက္ လိုအပ္ခ်င္မွ လုိအပ္မွာေပါ့။ သင့္အေမကလည္း သင့္အလုပ္အကိုင္နဲ႕ ပတ္သက္ျပီး ပံ့ပိုးေပးခ်င္မွ ပံ့ပိုးေပးလိမ့္မယ္။ သင့္အထက္အရာရွိကလည္း သင့္ကို ေန႕တုိင္း မင္းဘယ္ေလာက္ ေတာ္လာေၾကာင္း ခ်ီးမြမ္းႏိုင္ဖုိ႕ မလြယ္ဘူးေလ။

ဒီေတာ့ ဒါေတြကို လိုက္ခံစားျပီး ကိုယ့္ကိုုကိုယ္ ၀မ္းနည္းေအာင္လုပ္ေနဖုိ႕ လုိုလို႕လား။ စိတ္ကို လြတ္လြပ္လပ္လပ္ထားပါ။ တျခားလူေတြ သင့္ကို ေပ်ာ္ေအာင္လုပ္ေပးဖုိ႕၊ မထင္မွတ္ထားတဲ့အရာေတြနဲ႕ suprise လုပ္ေပးဖုိ႕ ေစာင့္ဆုိင္းေနတာမ်ိဳးေတြ ရပ္လုိက္ပါ။ တျခားလူေတြ ကိုယ့္ကို နားလည္လာေအာင္ အတင္းၾကိဳးစားေနတာ၊ လက္ခံလာေအာင္ ၾကိဳးစားေနတာမ်ိဳးေတြကိုလည္း ဆက္လုပ္ဖုိ႕ မလိုေတာ့ပါဘူး။

ကုိယ့္ေပ်ာ္ရႊင္မႈဟာ ကိုယ္တုိင္လုပ္ေဆာင္မွသာရတယ္ဆုိတာကို ယံုၾကည္ထားပါ။ ၾကံဳေတြ႕လာရတဲ့ အဆိုးအေကာင္း၊ အနိမ့္အျမင့္အားလံုးကို လက္ခံျပီး ရင္ဆုိင္ေက်ာ္ျဖတ္ပါ။ အားလံုးကို ျမန္ျမန္ဆန္ဆန္ ခြင့္လႊတ္ေပးတတ္၊ ေမ့ပစ္တတ္ျပီး ကိုယ့္ဘ၀အေျခအေနကိုသာ ပိုအာရံုစိုက္ဖုိ႕ လိုပါတယ္။ သင့္ဘ၀ကို ထိန္းခ်ဳပ္ျခင္းဆိုတာ မလိုအပ္တဲ့အရာေတြအားလံုးကို သင့္ဘ၀ထဲက ထြက္သြားခြင့္ေပးလိုက္တာမ်ိဳးပါ။ ဘာေတြျဖစ္ေနျဖစ္ေန ကိုယ့္အတြက္ ကိုယ္ရွိေနတယ္ဆုိတာကို မေမ့ပါနဲ႕။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ငါ့အတွက် အလိုအပ်ဆုံးက မင်းလို့ ပြောဖူးကြမှာပါ။ ဒါ့အပြင် ကိုယ့်ချစ်သူရည်းစားတွေ၊ သူငယ်ချင်းတွေအပေါ်မှာလည်း မျှော်လင့်ချက်တွေ အများကြီး စုပြုံထားဖူးကြပါလိမ့်မယ်။ သူတို့တွေက အတတ်နိုင်ဆုံး ကိုယ့်အပေါ်ကောင်းပေးကြသလို ကိုယ်နာကျင်ရမယ့်အရာတွေလည်း မလုပ်တတ်ကြပါဘူး။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ကိုယ်မျှော်လင့်ထားသလို အခြေအနေတွေ ဖြစ်မလာတော့ဘူးဆိုတာနဲ့ ကိုယ့်စိတ်ထဲ မကျေနပ်တာတွေ စတင်ခံစားလာရပါလိမ့်မယ်။ ဒီတော့ ပြောချင်တာက သင်ဟာ သင့်ရဲ့ ပျော်ရွှင်မှုကို တခြားလူလက်ထဲ ပေးလိုက်ပြီဆိုတာနဲ့ ဒါက ပြန်ရရှိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သင့်ပျော်ရွှင်မှုအတွက် သင့်မှာသာ တာဝန်ရှိတာပါ။

ကိုယ့်ကိုကိုယ် ပျော်ရွှင်အောင်လုုပ်ဖို့ ဘယ်လောက်ခက်ခဲ့သလဲဆိုတာမျိုး တွေးကြည့်ပါ။ တစ်ခါတစ်လေ တစ်နေ့လုံး တစ်ချက်မှ မရယ်မောဖြစ်ပဲ အိပ်ယာထဲလဲနေတဲ့ နေ့တွေလည်း သင်ပိုင်ဆိုင်ဖူးပါလိမ့်မယ်။ ကိုယ်တိုင်တောင် မစွမ်းဆောင်နိုင်တဲ့ အချို့အရာတွေအတွက် အခြားတစ်ယောက်ယောက်ကို သွားမျှော်လင့်တာဟာ မိုက်ရူးရဲဆန်တာပါပဲ။ ဥပမာ သင်သဘောကျနေတဲ့ ကောင်လေးတစ်ယောက်နဲ့ ဖုန်းနံပါတ်လေးတွေ ချိန်းယူလာခဲ့ပြီးပြီ။ အဲ့ဒီနောက်မှာ သင်က အဲ့ဒီကောင်လေး စာတိုလေး ဘယ်အချိန်ပို့မလဲဆိုပြီး မျှော်လင့်နေမိမယ်။ သူက မပို့တဲ့အခါ သင့်စိတ်တွေ ရှုပ်ထွေးမယ်၊ စိတ်ညစ်သွားမယ်။ တစ်ခါတစ်လေတောင် ရေရွတ်မိသေတးယ်။ ငါဒီနေ့လေး အဓိပ္ပါယ်ရှိသွားဖို့ နင့်ဘက်က စာလေးတစ်စောင်ပို့လိုက်တော့ ဘာဖြစ်မှာမို့လို့လဲဆိုပြီးတော့လေ။

ဒါမှားပါတယ်။ တကယ်တော့ ဘယ်သူကမှ အခြားလူတစ်ယောက်အတွက် တာဝန်မရှိပါဘူး။ သင့်ဘေးက ငါးနှစ်လောက်တွဲလာတဲ့ သင့်ရည်းစားကလည်း ဒီလိုပဲ၊ ခုမှဆုံတဲ့ တစ်စုံတစ်ယောက်ကလည်း ထို့အတူပါပဲ။ သင့်စိတ်ထဲမှာ ထည့်ထားရမှာက ငါ့အတွက် ငါ့သာ တာဝန်ရှိတယ်ဆိုတာပါပဲ။ စဉ်းစားကြည့်ပါ။ ခုန ပြောသလို မကြာသေးခင်က ဆုံတဲ့ကောင်လေးကလည်း သင့်ကိုမဖြစ်မနေ စာတိုပို့ဖို့ သူ့အတွက် လိုအပ်ချင်မှ လိုအပ်မှာပေါ့။ သင့်အမေကလည်း သင့်အလုပ်အကိုင်နဲ့ ပတ်သက်ပြီး ပံ့ပိုးပေးချင်မှ ပံ့ပိုးပေးလိမ့်မယ်။ သင့်အထက်အရာရှိကလည်း သင့်ကို နေ့တိုင်း မင်းဘယ်လောက် တော်လာကြောင်း ချီးမွမ်းနိုင်ဖို့ မလွယ်ဘူးလေ။

ဒီတော့ ဒါတွေကို လိုက်ခံစားပြီး ကိုယ့်ကိုုကိုယ် ဝမ်းနည်းအောင်လုပ်နေဖို့ လိုလို့လား။ စိတ်ကို လွတ်လွပ်လပ်လပ်ထားပါ။ တခြားလူတွေ သင့်ကို ပျော်အောင်လုပ်ပေးဖို့၊ မထင်မှတ်ထားတဲ့အရာတွေနဲ့ suprise လုပ်ပေးဖို့ စောင့်ဆိုင်းနေတာမျိုးတွေ ရပ်လိုက်ပါ။ တခြားလူတွေ ကိုယ့်ကို နားလည်လာအောင် အတင်းကြိုးစားနေတာ၊ လက်ခံလာအောင် ကြိုးစားနေတာမျိုးတွေကိုလည်း ဆက်လုပ်ဖို့ မလိုတော့ပါဘူး။

ကိုယ့်ပျော်ရွှင်မှုဟာ ကိုယ်တိုင်လုပ်ဆောင်မှသာရတယ်ဆိုတာကို ယုံကြည်ထားပါ။ ကြုံတွေ့လာရတဲ့ အဆိုးအကောင်း၊ အနိမ့်အမြင့်အားလုံးကို လက်ခံပြီး ရင်ဆိုင်ကျော်ဖြတ်ပါ။ အားလုံးကို မြန်မြန်ဆန်ဆန် ခွင့်လွှတ်ပေးတတ်၊ မေ့ပစ်တတ်ပြီး ကိုယ့်ဘဝအခြေအနေကိုသာ ပိုအာရုံစိုက်ဖို့ လိုပါတယ်။ သင့်ဘဝကို ထိန်းချုပ်ခြင်းဆိုတာ မလိုအပ်တဲ့အရာတွေအားလုံးကို သင့်ဘဝထဲက ထွက်သွားခွင့်ပေးလိုက်တာမျိုးပါ။ ဘာတွေဖြစ်နေဖြစ်နေ ကိုယ့်အတွက် ကိုယ်ရှိနေတယ်ဆိုတာကို မမေ့ပါနဲ့။


Credit : Trend Myanmar



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top