iMyanmarHouse.com - Best Property Website for Myanmar
×

လြဲမွားေနတဲ့ က်န္းမာေရးဆိုင္ရာ အယူအဆမ်ား

ကၽြန္ေတာ္တို႔အားလံုးမွာ တစ္ေနရာရာကေန ၾကားသိလာၿပီး က်န္းမာေရးအတြက္ အေထာက္အကူျဖစ္မယ္လို႔ ယူဆၿပီး လုပ္ေဆာင္ေနတဲ့ အက်င့္ေတြရွိပါတယ္။ ဥပမာ ကစီဓာတ္မစားတာ၊ ဗိုက္တာမင္ေဆးေတြ ေန႔တိုင္း ေသာက္သံုးတာလိုမ်ိဳးေတြ ကိုဆိုလိုပါတယ္။ ဒီလိုအေလ့အက်င့္ေတြက အမွန္တကယ္ေရာ က်န္းမာေရးကို ေကာင္းမြန္ေစႏိုင္လို႔လား။ တကယ္ဟုတ္မဟုတ္ဆိုတာကို ေလ့လာၾကည့္ၾကရေအာင္ပါ။

၁။ မတ္တပ္ရပ္အလုပ္လုပ္ျခင္း

မတ္တပ္ရပ္ၿပီး အလုပ္လုပ္တာက ထိုင္ၿပီးအလုပ္လုပ္တာထက္ ဘာမွထူးျခားၿပီး က်န္းမာေရးကို အေထာက္အကူျဖစ္ေစတာမ်ိဳးမရွိပါဘူး။ ဒါ့ေပမယ့္ မတ္တပ္ရပ္ၿပီးအလုပ္လုပ္တာက ကယ္လိုရီေလာင္ကၽြမ္းမႈ ႏႈန္းပိုျမန္တာေၾကာင့္ ၀ိတ္က်ခ်င္တဲ့စိတ္ဆႏၵရွိေနမယ္ဆိုရင္ေတာ့ မတ္တပ္ရပ္ေနပါလို႔ အႀကံျပဳခ်င္ပါတယ္။

၂။ ဘိုထုိင္အကာကြယ္သံုးျခင္း

လူတစ္ခ်ိဳ႕က ဘိုထိုင္အိမ္သာေတြမွာ ထိုင္ရာကေနတဆင့္ ေရာဂါပိုးေတြကူးစက္ခံရမွာကို စိုးရိမ္ၿပီး အကာအကြယ္ေတြသံုးတတ္ၾကပါတယ္။ တကယ္ေတာ့ ကူးစက္တတ္တဲ့ ေရာဂါပိုးေတာ္ေတာ္မ်ားမ်ားဟာ ျပင္ပေလာကမွာ ၾကာရွည္ရွင္သန္ႏိုင္စြမ္းမရွိတဲ့အတြက္ ကူးစက္ႏိုင္ဖို႔က မျဖစ္ႏိုင္ပါဘူး။ ဒါ့အျပင္ ထိခိုက္ ရွနာေတြ မရွိထားဘူးဆိုရင္ေတာ့ သင့္ရဲ႕အေရျပားကလည္း ေရာဂါေတြမကူးစက္ႏိုင္ေအာင္ ကာကြယ္ေပး ထားဦးမွာျဖစ္ပါတယ္။

၃။ ကစီဓာတ္ေရွာင္ျခင္း

ကစီဓာတ္ဟာ သင့္က်န္းမာေရးကို ဆိုး၀ါးစြာ ထိခိုက္ေစတဲ့အေၾကာင္းရင္းတစ္ခုေတာ့ မဟုတ္ပါဘူး။ ဒါ့ေၾကာင့္ တကူးတက ေရွာင္ေနစရာမလိုပါဘူး။

၄။ သဘာ၀ႏြားႏို႔ကို ေရွာင္ျခင္း

သဘာ၀ႏြားႏို႔ကို မေသာက္ပဲ ဗံဒါေစ့ႏို႔လိုမ်ိဳးတျခားႏို႔ေတြကို ေသာက္တာဟာ အေတာ္ကိုေခတ္စားလာပါတယ္။ တကယ္တမ္းေတာ့ တျခားႏို႔ေတြမွာ ႏြားႏို႔လိုမ်ိဳးအဟာရဓာတ္ေတြ ပါ၀င္ေလ့မရွိပါဘူး။ ဗံဒါေစ့ေတြဟာ ဒီအတိုင္းဆိုရင္ အသားဓာတ္ၾကြယ္၀စြာ ပါ၀င္တတ္ေပမယ့္ ႏို႔လုပ္လိုက္တဲ့အခါမွာေတာ့ မပါသေလာက္ နည္းသြားတတ္ပါတယ္။

၅။ သစ္သီးေတြကို အရည္ညစ္ေသာက္ျခင္း

သစ္သီးေတြကို အရည္ညစ္ေသာက္တာဟာ သူတို႔မွာ ပါ၀င္တဲ့ အမွ်င္ဓာတ္ေတြကိုဖယ္ထုတ္လုိက္တာျဖစ္ၿပီး အခ်ိဳဓာတ္ေတြပဲ က်န္ခဲ့ေစပါတယ္။ ေရရွည္မွာဆိုရင္ေတာ့ သစ္သီးေတြက အသားဓာတ္ကိုမရရွိပဲ ၾကြက္သားေတြ ေသးငယ္လာတတ္ပါတယ္။

၆။ ဗိုက္တာမင္ စီ ေသာက္သံုးျခင္း

ဗိုက္တာမင္ ဓီ ဓာတ္ဟာ ခႏၶာကိုယ္ရဲ႕ ကိုယ္ခံအားစနစ္က်ဆင္မႈကို ျမွင့္တင္ေပးႏိုင္ေပမယ့္ အမ်ားႀကီးေသာက္သံုးမယ္ဆိုရင္ေတာ့ နာမက်န္းျဖစ္ေစႏိုင္ပါတယ္။ အရြယ္ေရာက္ၿပီးသူတစ္ေယာက္ဟာ တစ္ေန႔ကို ဗိုက္တာမင္ စီ ၂၀၀၀ မီလီဂရမ္ေလာက္ပဲ ေသာက္သံုးသင့္ၿပီး ဒီထက္ပိုေသာက္မယ္ဆိုရင္ေတာ့ ၀မ္းသြားတာ၊ မအီမသာျဖစ္တာ၊ ေအာ့အန္တာ၊ ေခါင္းကိုက္တာနဲ႔ အျခားေဘးထြက္ဆိုးက်ိဳးေတြကို ခံစားရေစႏိုင္ပါတယ္။

၇။ ၾကက္ဥကို အကာပဲစားသံုးျခင္း

ကိုလက္စထေရာဓာတ္မ်ားတဲ့ စားစရာေတြစားသံုးတာဟာ က်န္းမာေရးအတြက္မေကာင္းဘူးလို႔ ပညာရွင္ေတြက ေျပာတဲ့အခါမွာ လူေတာ္ေတာ္မ်ားမ်ားက ၾကက္ဥအႏွစ္ကို ကိုလက္စထေရာမ်ားတယ္ ဆိုၿပီး မစားၾကေတာ့ပါဘူး။ တကယ္တမ္းေတာ့ ေန႔စဥ္စားသံုးေနတဲ့ ၾကက္ဥအပါအ၀င္ အစားအေသာက္ေတြထဲမွာ ပါ၀င္တဲ့ ကိုလက္စထေရာဓာတ္ဟာ ေသြးအတြင္းကိုလက္စထေရာအေပၚသက္ေရာက္မႈ မရွိလွပါဘူး။

၈။ နားဖေယာင္းသြင္းျခင္း

နားမွာ ဖေယာင္းတိုင္စိုက္ၿပီး မီးထြန္းထားတာဟာ နားဖာေခ်းေတြကို စင္ၾကယ္ေစၿပီး နားကေနတဆင့္ ေရာဂါကူးစက္မႈကို ကာကြယ္ေပးႏိုင္တယ္လို႔ တခ်ိဳ႕က ယံုၾကည္ၾကပါတယ္။ တကယ္တမ္းေတာ့ ထူးထူးျခားျခား အက်ိဳးသက္ေရာက္မႈမရွိသလို မ်က္ႏွာနဲ႔ နားရြက္၀န္းက်င္မီးေလာင္ခံရႏိုင္ေခ်ေတာင္ ရွိေနပါတယ္။

၉။ လက္သန္႔ေဆးရည္သံုးလြန္းျခင္း

တစ္ေန႔တာမွာ လက္ေဆးသင့္တဲ့အခ်ိန္တိုင္း လက္ကို ပံုမွန္ေဆးေပးမယ္ဆိုရင္ လက္သန္႔ေဆးရည္သံုးဖို႔ မလိုပါဘူး။ ဒါ့အျပင္ လက္သန္႔ေဆးရည္ေတြဟာ ဆပ္ျပာနဲ႔ေဆးသေလာက္လည္း ပိုးမႊားေတြကို ဖယ္ရွား သန္႔စင္ေပးႏိုင္ျခင္း မရွိပါဘူး။

၁၀။ ဗိုက္တာမင္ေဆး၀ါးေတြ ေသာက္သံုးျခင္း

ဗိုက္တာမင္ျဖည့္စြက္ ေဆး၀ါးေတြ ေန႔စဥ္ေသာက္သံုးတာဟာလည္း တကယ္ေတာ့မလိုအပ္လွပါဘူး။ ေန႔စဥ္စား သံုးေနတဲ့ အစားအေသာက္ေတြထဲမွာ ညီညြတ္မွ်တတဲ့ ဗိုက္တာမင္ဓာတ္ေတြပါ၀င္ေအာင္ ခ်င့္ခ်ိန္ စားသံုးမယ္ဆိုရင္ ဗိုက္တာမင္ေဆးေတြ ေသာက္ေနစရာမလိုပါဘူး။

၁၁။ အခ်ိဳမႈန္႕ေရွာင္ျခင္း

အခ်ိဳမႈန္႔ဆိုတာဟာ Monosodium Glutamate လို႔ေခၚတဲ့ ဓာတ္ေပါင္းတစ္မ်ိဳးျဖစ္ၿပီး စားေသာက္ဖြယ္ရာေတြရဲ႕ အရသာပိုမိုေကာင္းမြန္ေအာင္ ထည့္ေလ့ရွိၾကပါတယ္။ အလြန္အကြ်ံစားသံုးမိရင္ေတာ့ ဇက္ေၾကာတက္တာ၊ မိန္းေမာတာမ်ိဳးေတြျဖစ္တတ္ေပမယ့္ အနည္းအက်ဥ္းစားတာကေတာ့ ဘာမွျပႆနာမရွိပါဘူး။

၁၂။ တစ္ေယာက္ေယာက္ႏွာေခ်၊ ေခ်ာင္းဆိုးခ်ိန္မွာ အသက္႐ႈေအာင့္ထားျခင္း

သင့္နားမွာ တစ္စုံတစ္ေယာက္က ပါးစပ္နဲ႔ႏွာေခါင္းကို မဖံုးအုပ္ပဲ ႏွာေခ်မယ္၊ ေခ်ာင္းဆိုးမယ္ဆိုရင္ ဘက္တီးရီးယားေတြဟာ တစ္နာရီကို မိုင္(၅၀)ကေန (၂၀၀)ႏႈန္းေလာက္အထိနဲ႔ ေရြ႕လ်ားလာတတ္ ပါတယ္။ ဒါ့ေၾကာင့္ တစ္ေယာက္ေယာက္ႏွာေခ် ေခ်ာင္းဆိုးလိုက္လို႔ အသက္႐ႈေအာင့္ထားလိုက္႐ုံနဲ႔ ဘက္တီရီးယားေတြ ကို ကာကြယ္ႏိုင္မွာမဟုတ္ပဲ သင့္ရဲ႕ပါးစပ္၊ ႏွာေခါင္းနဲ႔ မ်က္စိေတြဆီကို ေရာက္လာႏိုင္ပါေသးတယ္။

၁၃။ လက္ဆစ္ေတြ မခ်ိဳးျခင္း

လက္ဆစ္ေတြ ခ်ိဳးတာဟာ အေၾကာအဆစ္ေတြကို ထိခိုက္ေစႏို္င္တယ္လို႔ လူေတာ္ေတာ္မ်ားမ်ားက ယုံၾကည္လက္ခံထားၾကပါတယ္။ တကယ္ေတာ့ လက္ဆစ္ခ်ိဳးခ်င္စိတ္ေပၚလာတာဟာ သင့္လက္ေခ်ာင္းေလး ေတြရဲ႕အဆစ္ေတြ ေကာင္းေကာင္းအလုပ္လုပ္ေနတဲ့လကၡဏာသာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ လက္ဆစ္ခ်ိဳးတာက ထိခိုက္စရာအေၾကာင္းမရွိလွပါဘူး။

၁၄။ အဆိပ္ေျဖစားစရာမ်ား စားသံုးျခင္း

သင္အေနနဲ႔ အဆိပ္ခပ္မခံထားရရင္ အဆိပ္ေျဖစရာမလိုပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ အသည္းနဲ႔ ေက်ာက္ကပ္ေတြလိုမ်ိဳး ခႏၶာကုိယ္တြင္း သန္႔စင္ေရးလုပ္ေပးတဲ့ အဂၤါအစိတ္အပိုင္းေတြက တာ၀န္ယူ ေျဖရွင္းေပးေနတာေၾကာင့္ျဖစ္ပါတယ္။

၁၅။ အဆီေလွ်ာ့စားျခင္း

လူအမ်ားစုဟာ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ဖို႔အတြက္ အဆီကိုေရွာင္ရမယ္လို႔ စြဲျမဲစြာယုံၾကည္ေနၾကပါတယ္။ တကယ္ေတာ့ အဆီအားလံုးကိုေရွာင္စရာမလိုပါဘူး။ က်န္းမာေရးအတြက္သင့္ေတာ္တဲ့ အဆီေတြျဖစ္တဲ့ ငါးအဆီ၊ ေျမပဲဆီတို႔ဟာ စားသံုးသင့္တဲ့အဆီေတြပဲျဖစ္ပါတယ္။

၁၆။ ေက်ာမွီစက္ဘီးနင္းေလ့က်င့္ခန္းလုပ္ျခင္း

အားကစားခန္းမေတြမွာ ရွိတတ္တဲ့ ေက်ာမွီစက္ဘီးကို နင္းၿပီးေလ့က်င့္ခန္းလုပ္တာမ်ိဳးကို ဆိုလိုပါတယ္။ သင့္မွာ ပုခံုး၊ ဒူးေခါင္းနဲ႔ တင္ပါးဒဏ္ရာေတြမရွိဘူးဆိုရင္ ရုိးရိုးသာမန္စက္ဘီးနင္းေလ့က်င့္ခန္းမ်ိဳးကိုပဲ လုပ္ေဆာင္သင့္ပါတယ္။ ေက်ာမွီစက္ဘီးနင္းတာက တကယ္မလိုအပ္ပါဘူး။

၁၇။ မိုက္ခရိုေ၀့မီးဖို အသံုးမျပဳျခင္း

မိုက္ခရိုေ၀့မီးဖိုေတြအသံုးျပဳၿပီး ခ်က္ျပဳတ္တာဟာ စားစရာေတြထဲက အဟာရဓာတ္ေတြကို ခမ္းေျခာက္သြားေစ တယ္လို႔ ၾကားဖူးၾကပါတယ္။ တကယ္ေတာ့ ဒီအခ်က္က အမွားႀကီးပါ။ မိုက္ခရိုေ၀့ဗ္မီးဖိုေတြဟာ စားစရာေတြထဲ ေမာ္လီက်ဴးေတြကို တုန္ခါေစၿပီး အပူကိုျဖစ္ေစကာ ခ်က္ျပဳတ္ေပးတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အစားအေသာက္ေတြထဲက အဟာရဓာတ္ေတြကို ေပ်ာက္ကြက္သြားေအာင္ မလုပ္ႏိုင္ပါဘူး။ တျခားခ်က္ျပဳတ္တဲ့ နည္းလမ္းေတြနဲ႔ ႏႈိင္းယွဥ္ရင္ အခ်ိန္တုိအတြင္းက်က္သြားေစတာေၾကာင့္ အဟာရဓာတ္ေတြကို ပိုၿပီးေတာ့ေတာင္ ထိန္းသိမ္းေပးထားႏိုင္ပါေသးတယ္။

Credit:Gentleman Magazine
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
လွဲမှားနေတဲ့ ကျန်းမာရေးဆိုင်ရာ အယူအဆများ

ကျွန်တော်တို့အားလုံးမှာ တစ်နေရာရာကနေ ကြားသိလာပြီး ကျန်းမာရေးအတွက် အထောက်အကူဖြစ်မယ်လို့ ယူဆပြီး လုပ်ဆောင်နေတဲ့ အကျင့်တွေရှိပါတယ်။ ဥပမာ ကစီဓာတ်မစားတာ၊ ဗိုက်တာမင်ဆေးတွေ နေ့တိုင်း သောက်သုံးတာလိုမျိုးတွေ ကိုဆိုလိုပါတယ်။ ဒီလိုအလေ့အကျင့်တွေက အမှန်တကယ်ရော ကျန်းမာရေးကို ကောင်းမွန်စေနိုင်လို့လား။ တကယ်ဟုတ်မဟုတ်ဆိုတာကို လေ့လာကြည့်ကြရအောင်ပါ။

၁။ မတ်တပ်ရပ်အလုပ်လုပ်ခြင်း

မတ်တပ်ရပ်ပြီး အလုပ်လုပ်တာက ထိုင်ပြီးအလုပ်လုပ်တာထက် ဘာမှထူးခြားပြီး ကျန်းမာရေးကို အထောက်အကူဖြစ်စေတာမျိုးမရှိပါဘူး။ ဒါ့ပေမယ့် မတ်တပ်ရပ်ပြီးအလုပ်လုပ်တာက ကယ်လိုရီလောင်ကျွမ်းမှု နှုန်းပိုမြန်တာကြောင့် ဝိတ်ကျချင်တဲ့စိတ်ဆန္ဒရှိနေမယ်ဆိုရင်တော့ မတ်တပ်ရပ်နေပါလို့ အကြံပြုချင်ပါတယ်။

၂။ ဘိုထိုင်အကာကွယ်သုံးခြင်း

လူတစ်ချို့က ဘိုထိုင်အိမ်သာတွေမှာ ထိုင်ရာကနေတဆင့် ရောဂါပိုးတွေကူးစက်ခံရမှာကို စိုးရိမ်ပြီး အကာအကွယ်တွေသုံးတတ်ကြပါတယ်။ တကယ်တော့ ကူးစက်တတ်တဲ့ ရောဂါပိုးတော်တော်များများဟာ ပြင်ပလောကမှာ ကြာရှည်ရှင်သန်နိုင်စွမ်းမရှိတဲ့အတွက် ကူးစက်နိုင်ဖို့က မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် ထိခိုက် ရှနာတွေ မရှိထားဘူးဆိုရင်တော့ သင့်ရဲ့အရေပြားကလည်း ရောဂါတွေမကူးစက်နိုင်အောင် ကာကွယ်ပေး ထားဦးမှာဖြစ်ပါတယ်။

၃။ ကစီဓာတ်ရှောင်ခြင်း

ကစီဓာတ်ဟာ သင့်ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေတဲ့အကြောင်းရင်းတစ်ခုတော့ မဟုတ်ပါဘူး။ ဒါ့ကြောင့် တကူးတက ရှောင်နေစရာမလိုပါဘူး။

၄။ သဘာဝနွားနို့ကို ရှောင်ခြင်း

သဘာဝနွားနို့ကို မသောက်ပဲ ဗံဒါစေ့နို့လိုမျိုးတခြားနို့တွေကို သောက်တာဟာ အတော်ကိုခေတ်စားလာပါတယ်။ တကယ်တမ်းတော့ တခြားနို့တွေမှာ နွားနို့လိုမျိုးအဟာရဓာတ်တွေ ပါဝင်လေ့မရှိပါဘူး။ ဗံဒါစေ့တွေဟာ ဒီအတိုင်းဆိုရင် အသားဓာတ်ကြွယ်ဝစွာ ပါဝင်တတ်ပေမယ့် နို့လုပ်လိုက်တဲ့အခါမှာတော့ မပါသလောက် နည်းသွားတတ်ပါတယ်။

၅။ သစ်သီးတွေကို အရည်ညစ်သောက်ခြင်း

သစ်သီးတွေကို အရည်ညစ်သောက်တာဟာ သူတို့မှာ ပါဝင်တဲ့ အမျှင်ဓာတ်တွေကိုဖယ်ထုတ်လိုက်တာဖြစ်ပြီး အချိုဓာတ်တွေပဲ ကျန်ခဲ့စေပါတယ်။ ရေရှည်မှာဆိုရင်တော့ သစ်သီးတွေက အသားဓာတ်ကိုမရရှိပဲ ကြွက်သားတွေ သေးငယ်လာတတ်ပါတယ်။

၆။ ဗိုက်တာမင် စီ သောက်သုံးခြင်း

ဗိုက်တာမင် ဓီ ဓာတ်ဟာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကျဆင်မှုကို မြှင့်တင်ပေးနိုင်ပေမယ့် အများကြီးသောက်သုံးမယ်ဆိုရင်တော့ နာမကျန်းဖြစ်စေနိုင်ပါတယ်။ အရွယ်ရောက်ပြီးသူတစ်ယောက်ဟာ တစ်နေ့ကို ဗိုက်တာမင် စီ ၂၀၀၀ မီလီဂရမ်လောက်ပဲ သောက်သုံးသင့်ပြီး ဒီထက်ပိုသောက်မယ်ဆိုရင်တော့ ဝမ်းသွားတာ၊ မအီမသာဖြစ်တာ၊ အော့အန်တာ၊ ခေါင်းကိုက်တာနဲ့ အခြားဘေးထွက်ဆိုးကျိုးတွေကို ခံစားရစေနိုင်ပါတယ်။

၇။ ကြက်ဥကို အကာပဲစားသုံးခြင်း

ကိုလက်စထရောဓာတ်များတဲ့ စားစရာတွေစားသုံးတာဟာ ကျန်းမာရေးအတွက်မကောင်းဘူးလို့ ပညာရှင်တွေက ပြောတဲ့အခါမှာ လူတော်တော်များများက ကြက်ဥအနှစ်ကို ကိုလက်စထရောများတယ် ဆိုပြီး မစားကြတော့ပါဘူး။ တကယ်တမ်းတော့ နေ့စဉ်စားသုံးနေတဲ့ ကြက်ဥအပါအဝင် အစားအသောက်တွေထဲမှာ ပါဝင်တဲ့ ကိုလက်စထရောဓာတ်ဟာ သွေးအတွင်းကိုလက်စထရောအပေါ်သက်ရောက်မှု မရှိလှပါဘူး။

၈။ နားဖယောင်းသွင်းခြင်း

နားမှာ ဖယောင်းတိုင်စိုက်ပြီး မီးထွန်းထားတာဟာ နားဖာချေးတွေကို စင်ကြယ်စေပြီး နားကနေတဆင့် ရောဂါကူးစက်မှုကို ကာကွယ်ပေးနိုင်တယ်လို့ တချို့က ယုံကြည်ကြပါတယ်။ တကယ်တမ်းတော့ ထူးထူးခြားခြား အကျိုးသက်ရောက်မှုမရှိသလို မျက်နှာနဲ့ နားရွက်ဝန်းကျင်မီးလောင်ခံရနိုင်ချေတောင် ရှိနေပါတယ်။

၉။ လက်သန့်ဆေးရည်သုံးလွန်းခြင်း

တစ်နေ့တာမှာ လက်ဆေးသင့်တဲ့အချိန်တိုင်း လက်ကို ပုံမှန်ဆေးပေးမယ်ဆိုရင် လက်သန့်ဆေးရည်သုံးဖို့ မလိုပါဘူး။ ဒါ့အပြင် လက်သန့်ဆေးရည်တွေဟာ ဆပ်ပြာနဲ့ဆေးသလောက်လည်း ပိုးမွှားတွေကို ဖယ်ရှား သန့်စင်ပေးနိုင်ခြင်း မရှိပါဘူး။

၁၀။ ဗိုက်တာမင်ဆေးဝါးတွေ သောက်သုံးခြင်း

ဗိုက်တာမင်ဖြည့်စွက် ဆေးဝါးတွေ နေ့စဉ်သောက်သုံးတာဟာလည်း တကယ်တော့မလိုအပ်လှပါဘူး။ နေ့စဉ်စား သုံးနေတဲ့ အစားအသောက်တွေထဲမှာ ညီညွတ်မျှတတဲ့ ဗိုက်တာမင်ဓာတ်တွေပါဝင်အောင် ချင့်ချိန် စားသုံးမယ်ဆိုရင် ဗိုက်တာမင်ဆေးတွေ သောက်နေစရာမလိုပါဘူး။

၁၁။ အချိုမှုန့်ရှောင်ခြင်း

အချိုမှုန့်ဆိုတာဟာ Monosodium Glutamate လို့ခေါ်တဲ့ ဓာတ်ပေါင်းတစ်မျိုးဖြစ်ပြီး စားသောက်ဖွယ်ရာတွေရဲ့ အရသာပိုမိုကောင်းမွန်အောင် ထည့်လေ့ရှိကြပါတယ်။ အလွန်အကျွံစားသုံးမိရင်တော့ ဇက်ကြောတက်တာ၊ မိန်းမောတာမျိုးတွေဖြစ်တတ်ပေမယ့် အနည်းအကျဉ်းစားတာကတော့ ဘာမှပြဿနာမရှိပါဘူး။

၁၂။ တစ်ယောက်ယောက်နှာချေ၊ ချောင်းဆိုးချိန်မှာ အသက်ရှုအောင့်ထားခြင်း

သင့်နားမှာ တစ်စုံတစ်ယောက်က ပါးစပ်နဲ့နှာခေါင်းကို မဖုံးအုပ်ပဲ နှာချေမယ်၊ ချောင်းဆိုးမယ်ဆိုရင် ဘက်တီးရီးယားတွေဟာ တစ်နာရီကို မိုင်(၅၀)ကနေ (၂၀၀)နှုန်းလောက်အထိနဲ့ ရွေ့လျားလာတတ် ပါတယ်။ ဒါ့ကြောင့် တစ်ယောက်ယောက်နှာချေ ချောင်းဆိုးလိုက်လို့ အသက်ရှုအောင့်ထားလိုက်ရုံနဲ့ ဘက်တီရီးယားတွေ ကို ကာကွယ်နိုင်မှာမဟုတ်ပဲ သင့်ရဲ့ပါးစပ်၊ နှာခေါင်းနဲ့ မျက်စိတွေဆီကို ရောက်လာနိုင်ပါသေးတယ်။

၁၃။ လက်ဆစ်တွေ မချိုးခြင်း

လက်ဆစ်တွေ ချိုးတာဟာ အကြောအဆစ်တွေကို ထိခိုက်စေနိုင်တယ်လို့ လူတော်တော်များများက ယုံကြည်လက်ခံထားကြပါတယ်။ တကယ်တော့ လက်ဆစ်ချိုးချင်စိတ်ပေါ်လာတာဟာ သင့်လက်ချောင်းလေး တွေရဲ့အဆစ်တွေ ကောင်းကောင်းအလုပ်လုပ်နေတဲ့လက္ခဏာသာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လက်ဆစ်ချိုးတာက ထိခိုက်စရာအကြောင်းမရှိလှပါဘူး။

၁၄။ အဆိပ်ဖြေစားစရာများ စားသုံးခြင်း

သင်အနေနဲ့ အဆိပ်ခပ်မခံထားရရင် အဆိပ်ဖြေစရာမလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ အသည်းနဲ့ ကျောက်ကပ်တွေလိုမျိုး ခန္ဓာကိုယ်တွင်း သန့်စင်ရေးလုပ်ပေးတဲ့ အင်္ဂါအစိတ်အပိုင်းတွေက တာဝန်ယူ ဖြေရှင်းပေးနေတာကြောင့်ဖြစ်ပါတယ်။

၁၅။ အဆီလျှော့စားခြင်း

လူအများစုဟာ ကိုယ်အလေးချိန်လျှော့ချဖို့အတွက် အဆီကိုရှောင်ရမယ်လို့ စွဲမြဲစွာယုံကြည်နေကြပါတယ်။ တကယ်တော့ အဆီအားလုံးကိုရှောင်စရာမလိုပါဘူး။ ကျန်းမာရေးအတွက်သင့်တော်တဲ့ အဆီတွေဖြစ်တဲ့ ငါးအဆီ၊ မြေပဲဆီတို့ဟာ စားသုံးသင့်တဲ့အဆီတွေပဲဖြစ်ပါတယ်။

၁၆။ ကျောမှီစက်ဘီးနင်းလေ့ကျင့်ခန်းလုပ်ခြင်း

အားကစားခန်းမတွေမှာ ရှိတတ်တဲ့ ကျောမှီစက်ဘီးကို နင်းပြီးလေ့ကျင့်ခန်းလုပ်တာမျိုးကို ဆိုလိုပါတယ်။ သင့်မှာ ပုခုံး၊ ဒူးခေါင်းနဲ့ တင်ပါးဒဏ်ရာတွေမရှိဘူးဆိုရင် ရိုးရိုးသာမန်စက်ဘီးနင်းလေ့ကျင့်ခန်းမျိုးကိုပဲ လုပ်ဆောင်သင့်ပါတယ်။ ကျောမှီစက်ဘီးနင်းတာက တကယ်မလိုအပ်ပါဘူး။

၁၇။ မိုက်ခရိုဝေ့မီးဖို အသုံးမပြုခြင်း

မိုက်ခရိုဝေ့မီးဖိုတွေအသုံးပြုပြီး ချက်ပြုတ်တာဟာ စားစရာတွေထဲက အဟာရဓာတ်တွေကို ခမ်းခြောက်သွားစေ တယ်လို့ ကြားဖူးကြပါတယ်။ တကယ်တော့ ဒီအချက်က အမှားကြီးပါ။ မိုက်ခရိုဝေ့ဗ်မီးဖိုတွေဟာ စားစရာတွေထဲ မော်လီကျူးတွေကို တုန်ခါစေပြီး အပူကိုဖြစ်စေကာ ချက်ပြုတ်ပေးတာဖြစ်ပါတယ်။ ဒါ့ကြောင့် အစားအသောက်တွေထဲက အဟာရဓာတ်တွေကို ပျောက်ကွက်သွားအောင် မလုပ်နိုင်ပါဘူး။ တခြားချက်ပြုတ်တဲ့ နည်းလမ်းတွေနဲ့ နှိုင်းယှဉ်ရင် အချိန်တိုအတွင်းကျက်သွားစေတာကြောင့် အဟာရဓာတ်တွေကို ပိုပြီးတော့တောင် ထိန်းသိမ်းပေးထားနိုင်ပါသေးတယ်။



Credit:Gentleman Magazine

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top