iMyanmarHouse.com - Best Property Website for Myanmar
×

(၁) ႏွလံုးက်န္းမာေရး ေကာင္းမြန္ေစသည္

ရယ္ေမာျခင္းသည္ ခႏၶာကိုယ္ေသြးလည္ပတ္မႈကို ကာယေလ့က်င့္ခန္း တစ္ခုျပဳလုပ္သကဲ့သုိ႔ အေထာက္အကူျပဳသည္။ ထို႔ေၾကာင့္ ႏွလံုးေသြးေၾကာမ်ားထံ ေသြးစီးဆင္းမႈေကာင္းမြန္ၿပီး ႏွလံုးေဖာက္ျပန္မႈ (heart attack) မျဖစ္ေအာင္ ကာကြယ္ေပးသည္။

(၂) စိတ္က်ေရာဂါသက္သာေစသည္

ရယ္ျခင္းေၾကာင့္ အင္ဒိုဖင္(endorphn)္ေဟာ္မုန္းမ်ား ထြက္လာၿပီး စိတ္ခံစားမႈေကာင္းမြန္ေစေသာေၾကာင့္ စိတ္က်ေရာဂါကို သက္သာေစသည္။

(၃) ခုခံအားေကာင္းမြန္ေစသည္

ရယ္ျခင္းသည္ ဖိစီးမႈေဟာ္မုန္း (stress hormones) မ်ား ေလ်ာ့က်ေစၿပီး T.cell ဟုေခၚသည့္ ခုခံအား ဆဲလ္တစ္မ်ိဳးကို မ်ားျပားလာေစေသာေၾကာင့္ ကိုယ္ခံအားေကာင္းမြန္လာေစသည္။

(၄) နာက်င္မႈသက္သာေစသည္

ရယ္ျခင္းေၾကာင့္ ခႏၶာကိုယ္တြင္း ေဟာ္မုန္းအမ်ားအျပားထြက္ရွိလာၿပီး ယင္းေဟာ္မုန္းမ်ား၏ အာနိသင္ေၾကာင့္ နာက်င္မႈကို ခံႏိုင္ရည္ရွိလာေစသည္။

(၅) မွတ္ဉာဏ္ထက္သန္ေစသည္

ကၽြမ္းက်င္ေသာ၊ အေတြ႕အႀကံဳရင့္က်က္ေသာ ေက်ာင္းဆရာမ်ားသည္ ဟာသေႏွာ၍ စာသင္တတ္ၾကသည္။ စာသင္ၾကားေနစဥ္ ရယ္စရာ အေၾကာင္းအရာ ကေလးမ်ား အခုိက္အတန္႔အားျဖင့္ ေျပာေပးျခင္းသည္ စာသင္သား၏ ဦးေႏွာက္ကို ေကာင္းမြန္စြာ အနားရေစၿပီး မွတ္ဉာဏ္စြမ္းရည္ တိုးတက္ေစသည္။

(၆) ကလီစာမ်ား လႈပ္ရွားသန္မာေစသည္

ရယ္လိုက္သည့္အခါတိုင္း ရင္၀မ္းျခားႂကြက္သား (diaphragm) ၊ ၀မ္းဗိုက္ႂကြက္သား၊ အသက္႐ွဴလုပ္ငန္း ႂကြက္သားမ်ားႏွင့္ မ်က္ႏွာႂကြက္သားမ်ား အလုပ္လုပ္ရသည္။ ထို႔ေၾကာင့္ ႂကြက္သားမ်ား ပိုမိုေပ်ာ့ေပ်ာင္းေစၿပီး ကလီစာမ်ားပါလိုက္လံလႈပ္ရွားရသည့္အတြက္ ေသြးစီးဆင္းမႈေကာင္းမြန္ေစသည္။


Credit : Health Updates Journal


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

(၁) နှလုံးကျန်းမာရေး ကောင်းမွန်စေသည်

ရယ်မောခြင်းသည် ခန္ဓာကိုယ်သွေးလည်ပတ်မှုကို ကာယလေ့ကျင့်ခန်း တစ်ခုပြုလုပ်သကဲ့သို့ အထောက်အကူပြုသည်။ ထို့ကြောင့် နှလုံးသွေးကြောများထံ သွေးစီးဆင်းမှုကောင်းမွန်ပြီး နှလုံးဖောက်ပြန်မှု (heart attack) မဖြစ်အောင် ကာကွယ်ပေးသည်။

(၂) စိတ်ကျရောဂါသက်သာစေသည်

ရယ်ခြင်းကြောင့် အင်ဒိုဖင်(endorphn)်ဟော်မုန်းများ ထွက်လာပြီး စိတ်ခံစားမှုကောင်းမွန်စေသောကြောင့် စိတ်ကျရောဂါကို သက်သာစေသည်။

(၃) ခုခံအားကောင်းမွန်စေသည်

ရယ်ခြင်းသည် ဖိစီးမှုဟော်မုန်း (stress hormones) များ လျော့ကျစေပြီး T.cell ဟုခေါ်သည့် ခုခံအား ဆဲလ်တစ်မျိုးကို များပြားလာစေသောကြောင့် ကိုယ်ခံအားကောင်းမွန်လာစေသည်။

(၄) နာကျင်မှုသက်သာစေသည်

ရယ်ခြင်းကြောင့် ခန္ဓာကိုယ်တွင်း ဟော်မုန်းအများအပြားထွက်ရှိလာပြီး ယင်းဟော်မုန်းများ၏ အာနိသင်ကြောင့် နာကျင်မှုကို ခံနိုင်ရည်ရှိလာစေသည်။

(၅) မှတ်ဉာဏ်ထက်သန်စေသည်

ကျွမ်းကျင်သော၊ အတွေ့အကြုံရင့်ကျက်သော ကျောင်းဆရာများသည် ဟာသနှော၍ စာသင်တတ်ကြသည်။ စာသင်ကြားနေစဉ် ရယ်စရာ အကြောင်းအရာ ကလေးများ အခိုက်အတန့်အားဖြင့် ပြောပေးခြင်းသည် စာသင်သား၏ ဦးနှောက်ကို ကောင်းမွန်စွာ အနားရစေပြီး မှတ်ဉာဏ်စွမ်းရည် တိုးတက်စေသည်။

(၆) ကလီစာများ လှုပ်ရှားသန်မာစေသည်

ရယ်လိုက်သည့်အခါတိုင်း ရင်ဝမ်းခြားကြွက်သား (diaphragm) ၊ ဝမ်းဗိုက်ကြွက်သား၊ အသက်ရှူလုပ်ငန်း ကြွက်သားများနှင့် မျက်နှာကြွက်သားများ အလုပ်လုပ်ရသည်။ ထို့ကြောင့် ကြွက်သားများ ပိုမိုပျော့ပျောင်းစေပြီး ကလီစာများပါလိုက်လံလှုပ်ရှားရသည့်အတွက် သွေးစီးဆင်းမှုကောင်းမွန်စေသည်။


Credit : Health Updates Journal




ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top