iMyanmarHouse.com - Best Property Website for Myanmar
×
ပို့သပေးပါတယ်။
#Unicode Version
 ပျော်ရွှင်တဲ့ ဇနီးသည် ကြောင့် ပျော်ရွှင်ရတဲ့ ဘဝသက်တမ်းကို ရရှိမှာပိုင်ဆိုင်နိုင်မှာပါတဲ့။ ပျော်ရွှင်ရတဲ့အိမ် ထောင်ရေးတစ်ခုရဲ့အရိုးစင်းဆုံး လျှို့ဝှက်ချက် တစ်ခုကို ပြပါဆိုရင် မိမိအိမ်သူဇနီးသည်တွေကို ပျော်အောင်ထား ပေးလိုက်ရုံပါပဲ။
မီချီဂန်က Rutgers တက္ကသိုလ်ရဲ့ လေ့လာရှာဖွေမှု အသစ်တစ်ရပ် အရ အိမ်ထောင်ရေးတစ်ခုရဲ့ စိတ်ခံစားမှုအလုံးစုံတိုင်းနဲ့ ဆက်နွယ် မှုတိုင်းက အိမ်သူဇနီးသည်တွေအပေါ်မှာ တိုက်ရိုက်သက်ဆိုင်မှု ရှိ နေတယ်လို့ သိရပါတယ်။ ဇနီးသည်တွေစိတ်ပျော်ရွှင်မယ်ဆိုရင် အိမ်ထောင်ဦးစီး ခင်ပွန်းသည်တွေလည်း ပျော်ရွှင်ရမယ်။ ဇနီးသည် တွေ စိတ်သောက ရောက်၊ မပျော်ရွှင်ဘူးဆိုရင် ခင်ပွန်းဖြစ်သူတွေ လည်း ပျော်ရွှင်ရမှာမဟုတ်ပါဘူးတဲ့။
အိမ်ထောင်သည် ၃၉၄ တွဲရဲ့ လေ့လာမှုမှာဆိုရင် ဇနီးသည်အမျိုးသ မီးတွေက အိမ်ထောင်မှုနဲ့ မိသားစုမှာအကြီးမားဆုံး တာဝန်ကိုထမ်း ဆောင်ထားရုံသာမက မိသားစုရဲ့ဆက်ဆံရေးတွေအားလုံးကို စီမံ ကွပ်ရသူတွေပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ အိမ်ထောင်ရေးနဲ့ မိသား စုဝင်တွေမှာဖြစ်ပေါ်နေတဲ့ စိတ်ခံစားချက်တွေအားလုံးက သူမရဲ့ စိတ်ခံစားချက်နဲ့ ပတ်သက်ဆက်နွယ်နေပါတယ်။
Credit: ဖိုးသူတော် (www.phothutaw.com)
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top