iMyanmarHouse.com - Best Property Website for Myanmar
×

ကားၾကီးသံုးကား၊ ဗီဒီယို၄ကား ရုိက္ကူးထားၿပီျဖစ္တဲ့ အလင္းေရာင္က ေၾကာ္ျငာ၊ အမ္တီဗီမ်ားအျပင္ ဂီတနဲ႕ပတ္သက္ၿပီး သီခ်င္းဆိုရတာကို ၀ါသနာပါတယ္လို႕သိရပါတယ္။ လက္ရွိမွာ ဂီတနဲ႕ပတ္သက္ၿပီး Oh My Crush ဆိုတဲ့ Solo အယ္လ္ဘမ္တစ္ခု ထြက္ရွိထားကာ ကားရုိက္ပုိင္းနဲ႕ပတ္သက္ၿပီး ထား၀ယ္၊ မဟာထြန္း ထုတ္လုပ္ေရးတို႕နဲ႕စာခ်ဳပ္ခ်ဳပ္ဆိုထားတယ္လို႕သိရပါတယ္။ Oh My Crush အေခြရဲ႕ အမ္တီဗီကိုေတာ့ ေနာက္ႏွစ္စေလာက္မွာ ထြက္ရွိဖို႕ျပင္ဆင္ေနၿပီး ၄ပုဒ္ရုိက္ကူးၿပီးစီး ထားပါတယ္။ ဒါ့အျပင္သူ႕ရဲ႕ပထမဆံုးဇာတ္လမ္းတြဲအေနနဲ႕ MRTV 4 ကရုိက္ကူးထုတ္လႊင့္မဲ့ မေန႕ကျဖစ္သည္ ဇာတ္လမ္းတြဲမွာ ေမာ္လ္ဒယ္တိမ္စိုင္ေနရာက ပါ၀င္သရုပ္ေဆာင္ေနတယ္လို႕သိရတာေၾကာင့္သူနဲ႕ေတြ႕ဆံုခုိက္မွာ ေမးျမန္းျဖစ္သမွ်ကေတာ့

-အခုရုိက္ေနတဲ့ဇာတ္လမ္းတြဲ အေၾကာင္းကို အရင္ေျပာျပေပးပါဦး။

ဟုတ္။ ဒီကားက မေန႕ကျဖစ္သည္တဲ့။ mini series ေလးပါ။ ဒီကားထဲမွာ ကၽြန္ေတာ္တစ္ခါမွသရုပ္မေဆာင္ဖူးေသးတဲ့ ေမာ္လ္ဒယ္ တိမ္စုိင္ေနရာကေနသရုပ္ေဆာင္သြားမွာပါ။ ဒီဇာတ္လမ္းတြဲက သည္းထိပ္ရင္ဖုိဇာတ္လမ္းေလးေပါ့။ ေျပာရရင္ ဒီဇာတ္လမ္းတြဲက ကၽြန္ေတာ့္ရဲ႕ ပထမဆံုးဇာတ္လမ္းတြဲေလးပါ။

-ဗီဒီယိုေတြရုိက္ေနရင္းကေန ဇာတ္လမ္းတြဲကို ဘယ္လိုကဘယ္လိုလက္ခံရုိက္ကူးျဖစ္သြားတာလဲ။

အခုေနာက္ပုိင္းက စီးရီးေတြျမန္မာႏုိင္ငံမွာပိုၿပီး ေခတ္စားလာတယ္။ ၿပီးရင္ ပရိသတ္နဲ႕လဲ အျမဲတမ္းအဆက္အသြယ္ ရွိတယ္လို႕ထင္တယ္။ ဗီဒီယိုေတြလို၊ ရုပ္ရွင္ေတြလို အၾကာၾကီးလဲေစာင့္စရာမလိုဘူး။ ဒီကားဆိုရင္လဲ အခုရုိက္ၿပီးတာနဲ႕ဒီဇင္ဘာမွာ စၿပီးလႊင့္မယ္။ အၾကာၾကီးေစာင့္စရာမလိုဘူးေပါ့။ အဲ့ဒါေၾကာင့္ ဒီဇာတ္လမ္းတြဲေလးကို လက္ခံျဖစ္ခဲ့တယ္။ ကာရိုက္တာကလဲ ေမာ္လ္ဒယ္တစ္ေယာက္ဆိုေတာ့ အရမ္းၾကီး ေခါင္းခဲစရာမလုိဘူး။ ကိုယ့္ရဲ႕ အျပင္က ကာရုိက္တာျဖစ္တဲ့အတြက္ သိပ္ေခါင္းမစားဘူး။ ၿပီးေတာ့ MRTV 4 က Stylist နဲ႕မိတ္ကပ္သမားေတြရွိတဲ့အတြက္ ကုိယ့္ဟာကုိယ္ျပင္ဆင္စရာလဲမလိုဘူး။ ေခါင္းမရႈပ္ရဘူးေပါ့။

-အေရွ႕မွာ ဘန္ေကာက္သြားတာကေရာ ေရွာ့ပင္းပဲလား။ အလုပ္ကိစၥနဲ႕သြားတာလား။

ဘန္ေကာက္သြားတာက ေနာက္ရုိက္မဲ့ကားအတြက္အ၀တ္အစားေတြ ေရွာ့ပင္းထြက္ရံု သက္သက္ပါ။ အရမ္းမၾကာပါဘူး။ တစ္ညအိပ္ပါပဲ။

-ဇာတ္လမ္းတြဲကိုပထမဆံုးရုိက္တာဆိုေတာ့ ဗီဒီယိုနဲ႕ဘယ္လိုကြာျခားတယ္ထင္လဲ။

ဗီဒီယိုကေတာ့တစ္နာရီခြဲစာ အေတာအတြင္းမွာပဲ ပရိသတ္ကုိ အားလံုးသိေအာင္ခ်ျပတယ္။ ဇာတ္လမ္းတြဲက်ေတာ့ အရွည္ကိုမွ ပရိသတ္ကုိတစ္စထက္တစ္စ ဆြဲေခၚသြားေပးႏုိင္တယ္ေပါ့။ ၿပီးေတာ့ ကိုယ့္အတြက္လဲ လုပ္ကြက္ေတြခ်ျပခြင့္ရွိတယ္ေပါ့။

-လက္ရွိမွာ ဘယ္လိုကာရုိက္တာမ်ိဳးကုိေရာ သရုပ္ေဆာင္ခ်င္ေနလဲ။

အျငိမ္လုပ္ရတဲ့ဟာမ်ိဳး၊ တည္တည္ျငိမ္ျငိမ္နဲ႕သရုပ္ေဆာင္ရတဲ့ ကာရုိက္တာမ်ိဳးကုိပိုလုပ္ခ်င္ေနတယ္။

-အစ္ကုိသရုပ္ေဆာင္တဲ့ကားေတာ္ေတာ္မ်ားမ်ားက ခ်မ္းသာတဲ့ ျပည့္စံုတဲ့ကာရုိက္တာေတြမ်ားတယ္ဆုိေတာ့ ဆင္းရဲၿပီးၾကမ္းၾကမ္းတမ္းတမ္းသရုပ္ေဆာင္ရမဲ့ ကာရုိက္တာမ်ိဳးေတြက် အစ္ကိုနဲ႕အဆင္ေျပပါ့မလား။ အခက္အခဲရွိမယ္လို႕ေရာထင္လား။

ဟုတ္တယ္။ ဆင္းရဲတဲ့ကာရိုက္တာမ်ိဳးေတာ့ သိပ္မရုိက္ဖူးေသးဘူး။ ဒါေပမဲ့ ေနာက္တစ္ကားက်ရင္ေတာ့ ဆင္းရဲသားလက္ခံထားတာရွိတယ္။ ဆင္းရဲသား ကာရုိက္တာနဲ႕ကၽြန္ေတာ္နဲ႕မလိုက္မွာေတာ့ စိုးရိမ္မိတယ္။ အ၀တ္အစားဘယ္လိုပဲေျပာင္းေျပာင္း၊ မိတ္ကပ္အညိဳေတြသံုးၿပီး အရမ္းဆင္းရဲတဲ့ ကာရုိက္တာမ်ိဳးကိုဖန္တီးယူရမယ္။ ကုိယ့္ပံုနဲ႕က သဟဇာတျဖစ္ခ်င္မွေတာ့ျဖစ္မယ္။ ဒါေပမဲ့ကုိယ္လဲတစ္ခါမွမရုိက္ဖူးတဲ့အတြက္ နည္းနည္းေတာ့လန္႕တယ္။ ကာရိုက္တာမမိမွာလဲ ကၽြန္ေတာ္ေၾကာက္တယ္။

-ကိုယ့္ကိုလာေပးတဲ့ ဇာတ္ေတြကိုေရာ ဘယ္လိုေရြးခ်ယ္ျဖစ္လဲ။

ကို၀ိုင္းတို႕မၾကည္ျဖဴသွ်င္တို႕ေနာက္ ထား၀ယ္ထုတ္လုပ္ေရးကသူေတြနဲ႕တုိင္ပင္ျဖစ္တယ္။ အားလံုးတုိင္ပင္ၿပီးေရြးခ်ယ္ၾကတာေပါ့။ ဒါေပမဲ့ကၽြန္ေတာ္ ဒုတိယေနရာကေတာ့ မရုိက္ေတာ့ပါဘူး။

-ဂီတပိုင္းနဲ႕ပတ္သက္ၿပီးေတာ့ေရာ ဘာေတြလုပ္ျဖစ္ေနလဲ။

အခုလက္ရွိမွာက Audio အတြက္လဲ သီခ်င္းစုျဖစ္ေနတယ္။ အဓိကေတာ့ ေနာက္ႏွစ္ထဲမွာပဲ ကၽြန္ေတာ့္ရဲ႕ Oh my Crush အမ္တီဗီထြက္ႏုိင္ေအာင္ၾကိဳးစားေနတယ္။ အခုက ဇာတ္လမ္းတြဲလဲ၀င္ေနတဲ့အခါက်ေတာ့ မအားေသးတဲ့အတြက္ ရႈတင္အားၿပီးဆိုတာနဲ႕ အမ္တီဗီအတြက္ အျမန္ဆံုးၿပီးေအာင္ၾကိဳးစားရုိက္ကူးသြားပါမယ္။

-Audio မွာပါတဲ့သီခ်င္းအားလံုးကိုရုိက္မွာလား။ ေလွ်ာ့တာတိုးတာေရာ ရွိဦးမလား။

အားလံုးရုိက္မွာပါ။ ဘာလို႕လဲဆိုေတာ့ ကၽြန္ေတာ့္ကို Audio မွာကတည္းက အားေပးတဲ့ပရိသတ္ေရာ အခုအမ္တီဗီထြက္ဖို႕ေမွ်ာ္ေနတဲ့ ပရိသတ္အတြက္ေရာ ဒီဟာက ျမတ္တာမျမတ္တာ အပထား ၿပီးေတာ့ Link ေတြျပန္႕တာ အပထား ပရိသတ္ကုိ ေကာင္းေကာင္းေလးပဲျပေပးခ်င္တယ္။ မခုိလဲ မခုိခ်င္ဘူး။ ရုိက္တဲ့ဟာေတြဆိုလဲ အခု ၄ပုဒ္ၿပီးသြာၿပီ။ အဲ့ဒီ၄ပုဒ္ စလံုးကိုခုိထားတာမ်ိဳး၊ ဘားခ်ပ္ေလွ်ာ့ထားတာမ်ိဳး မလုပ္ဘူး။ ကၽြန္ေတာ္တစ္ပုဒ္ခ်င္းစီကို အေကာင္းဆံုးရုိက္ေနတယ္။ အဲ့ဒါေၾကာင့္ အခ်ိန္ယူေနရတာေပါ့။ ကၽြန္ေတာ္ကေတာ့ ၇ပုဒ္ေလာက္၀င္ၿပီး သရုပ္ေဆာင္ျဖစ္မယ္။ တျခားသရုပ္ေဆာင္ေတြက အခုလက္ရွိရုိက္ထားတာဆိုရင္ ၀င့္ယမံုလိႈ္င္၊ ခင္၀င့္၀ါ၊ ေအာင္မင္းခန္႕၊ ေမ ၊ သဥၹာႏြယ္၀င္းရွိမယ္။ ဒါရုိက္တာေတြကေတာ့ ကို၀င္းလြင္ထက္၊ မေမဘရဏီ၊ ေနာက္အိပ္မက္ဆံုရာက ထ်န္ေခးလဲ ရုိက္ေပးထားတယ္။ အဲ့ဒါကေတာ့  ရုိက္ၿပီးသေလာက္ေပါ့။ ေနာက္အမ္တီဗီထြက္ရင္ Bonus အေနနဲ႕တစ္ပုဒ္အသစ္ထပ္ထည့္ေပးမယ္။ အဲ့ဒီသီခ်င္းက ကၽြန္ေတာ္ေမျမိဳ႕မွာ ရုိက္ထားတယ္။ ကို၀င္းလြင္ထက္နဲ႕ပါ။ သရုပ္ေဆာင္ကေတာ့ ကၽြန္ေတာ္နဲ႕ေမျမင့္မိုရ္ေပါ့။ အဲ့ဒီသီခ်င္းအသစ္ေလးကုိ အမ္တီဗီရုိက္ရင္ထည့္ေပးမယ္။ အဲ့ဒီတစ္ပုဒ္ထဲကို ငါးဆယ့္ငါးသိန္းအကုန္က်ခံၿပီးရုိက္ထားပါတယ္။

-Offical Off အေနနဲ႕ ဘယ္ရက္ကိုယူျဖစ္လဲ။ အဲ့ဒီေနမွာေရာ ဘာေတြလုပ္ျဖစ္လဲ။

တနလၤာကို နားရက္ယူတယ္။ အဲ့ဒီေန႕တစ္ေနကုန္နားတယ္။ အဲ့ဒီေန႕မွာပဲ Gym လဲ ေဆာ့ျဖစ္တယ္။ ဘာလို႕လဲဆိုေတာ့ အခုေနာက္ပိုင္းက ျမန္မာျပည္က ပရိသတ္ေတာ္ေတာ္မ်ားမ်ားကလဲ ေဘာ္ဒီလွတာမ်ိဳးကို အားေပးလာတယ္။ ၿပီးေတာ့ အင္တာေနရွင္နယ္ပိုင္းက Commercial ေတြကလဲ ၀င္လာၿပီဆုိေတာ့ ေဘာ္ဒီကလဲလိုတယ္ထင္လို႕ေဆာ့ျဖစ္ေနတာပါ။

-အစ္ကုိက မိန္းကေလးပရိသတ္ေတာ္ေတာ္မ်ားမ်ားရဲ႕သေဘာက်ျခင္းကိုခံရတာေတြ႕ရတယ္ေနာ္။

ဟုတ္ကဲ့။ ၀မ္းသာတယ္။ ေပ်ာ္လဲေပ်ာ္တယ္။ ေက်းဇူးလဲအမ်ားၾကီးတင္တယ္။ ဘာလို႕လဲဆိုေတာ့ ကုိယ္ဓာတ္ပံုတစ္ပံုတင္တုိင္းမွာ Like လုပ္ေပးတာ၊ Share ေပးတာ၊ Cmt ေလးေတြေပးတာအစ ကၽြန္ေတာ္ဖတ္ျဖစ္တယ္။ အားလံုးကို Reply မျပန္ႏုိင္ေပမဲ့ ကၽြန္ေတာ္သိတယ္ဆိုတဲ့အေနနဲ႕ Like လုပ္တယ္။ သူတို႕အားေပးလို႕လဲအလင္းေရာင္ဆိုၿပီးလူသိလာတာျဖစ္တဲ့အတြက္ ပရိသတ္ေတြကုိ မေျပာျပတတ္ေအာင္ေက်းဇူးတင္ပါတယ္။

-အျပင္မွာေတြ႕တဲ့အခါမ်ိဳးေတြမွာေရာ သူတို႕ကိုဘယ္လိုဆက္ဆံျဖစ္လဲ။

We Love အလင္းေရာင္ဆိုၿပီး သူတို႕ဖြဲ႕ထားတယ္။ ၿပီးေတာ့ ပြဲရွိတယ္ဆိုရင္ ပြဲမွာကၽြန္ေတာ့္ကိုလာေတြ႕ၾကတယ္။ ဓာတ္ပံုေတြရုိက္ၾကတယ္။ လက္ေဆာင္ေလးေတြေပးၾကတယ္။ ကၽြန္ေတာ့္အေနနဲ႕လဲ ပရိသတ္နဲ႕အႏုပညာရွင္ဆိုတဲ့စိတ္နဲ႕ခြဲျခားၿပီးမေနပါဘူး။

-အစ္ကို႕ပံုကိုေကာင္မေလးေတာ္ေတာ္မ်ားမ်ားက Cover Photo အေနနဲ႕တင္ထားတာမ်ိဳးေတြအေပၚမွာေရာ အစ္ကို႕ရဲ႕စိတ္ခံစားခ်က္ကဘယ္လိုရွိလဲ။

ဟိုးအရင္ကပရိသတ္ေတြက မငး္သားတစ္ေယာက္ကိုၾကိဳက္ရင္ အဲ့ဒီမင္းသားမွ အဲ့ဒီမင္းသားပဲ။ တျခားဘယ္သူ႕မွကို ေျပာင္းမၾကိဳက္ေတာ့ဘူး။ အခုေနာက္ပိုင္းက်ေတာ့ ပရိသတ္ေတြကေျပာင္းသြားၿပီ။ ဒီလူတစ္ေယာက္ကို သိပ္ၿပီးလက္မခံႏုိင္ေတာ့ရင္ေနာက္သရုပ္ေဆာင္တစ္ေယာက္ကိုေျပာင္းၾကိဳက္တာမ်ိဳးရွိတယ္။ ပရိသတ္ေတြအတြက္ေရြးခ်ယ္စရာလဲ မ်ားသြားတယ္။ ဒါေပမဲ့ကၽြန္ေတာ့္ကိုပဲ တစ္စိုက္မတ္မတ္အားေပးလာတဲ့ ပရိသတ္ေတြကိုေတာ့ ရင္ထဲကေနလိႈက္လိႈက္လွဲလွဲကိုေက်းဇူးတင္ပါတယ္။ ပရိုဖုိင္တို႕၊ ကာဗာပံုတို႕ကိုကၽြန္ေတာ္ပံုတင္ထားတဲ့ပရိသတ္ေတြကုိလဲ အရမ္းကုိေက်းဇူးတင္ပါတယ္လို႕ပဲေျပာခ်င္ပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ကားကြီးသုံးကား၊ ဗီဒီယို၄ကား ရိုက်ကူးထားပြီဖြစ်တဲ့ အလင်းရောင်က ကြော်ငြာ၊ အမ်တီဗီများအပြင် ဂီတနဲ့ပတ်သက်ပြီး သီချင်းဆိုရတာကို ဝါသနာပါတယ်လို့သိရပါတယ်။ လက်ရှိမှာ ဂီတနဲ့ပတ်သက်ပြီး Oh My Crush ဆိုတဲ့ Solo အယ်လ်ဘမ်တစ်ခု ထွက်ရှိထားကာ ကားရိုက်ပိုင်းနဲ့ပတ်သက်ပြီး ထားဝယ်၊ မဟာထွန်း ထုတ်လုပ်ရေးတို့နဲ့စာချုပ်ချုပ်ဆိုထားတယ်လို့သိရပါတယ်။ Oh My Crush အခွေရဲ့ အမ်တီဗီကိုတော့ နောက်နှစ်စလောက်မှာ ထွက်ရှိဖို့ပြင်ဆင်နေပြီး ၄ပုဒ်ရိုက်ကူးပြီးစီး ထားပါတယ်။ ဒါ့အပြင်သူ့ရဲ့ပထမဆုံးဇာတ်လမ်းတွဲအနေနဲ့ MRTV 4 ကရိုက်ကူးထုတ်လွှင့်မဲ့ မနေ့ကဖြစ်သည် ဇာတ်လမ်းတွဲမှာ မော်လ်ဒယ်တိမ်စိုင်နေရာက ပါဝင်သရုပ်ဆောင်နေတယ်လို့သိရတာကြောင့်သူနဲ့တွေ့ဆုံခိုက်မှာ မေးမြန်းဖြစ်သမျှကတော့

-အခုရိုက်နေတဲ့ဇာတ်လမ်းတွဲ အကြောင်းကို အရင်ပြောပြပေးပါဦး။

ဟုတ်။ ဒီကားက မနေ့ကဖြစ်သည်တဲ့။ mini series လေးပါ။ ဒီကားထဲမှာ ကျွန်တော်တစ်ခါမှသရုပ်မဆောင်ဖူးသေးတဲ့ မော်လ်ဒယ် တိမ်စိုင်နေရာကနေသရုပ်ဆောင်သွားမှာပါ။ ဒီဇာတ်လမ်းတွဲက သည်းထိပ်ရင်ဖိုဇာတ်လမ်းလေးပေါ့။ ပြောရရင် ဒီဇာတ်လမ်းတွဲက ကျွန်တော့်ရဲ့ ပထမဆုံးဇာတ်လမ်းတွဲလေးပါ။

-ဗီဒီယိုတွေရိုက်နေရင်းကနေ ဇာတ်လမ်းတွဲကို ဘယ်လိုကဘယ်လိုလက်ခံရိုက်ကူးဖြစ်သွားတာလဲ။

အခုနောက်ပိုင်းက စီးရီးတွေမြန်မာနိုင်ငံမှာပိုပြီး ခေတ်စားလာတယ်။ ပြီးရင် ပရိသတ်နဲ့လဲ အမြဲတမ်းအဆက်အသွယ် ရှိတယ်လို့ထင်တယ်။ ဗီဒီယိုတွေလို၊ ရုပ်ရှင်တွေလို အကြာကြီးလဲစောင့်စရာမလိုဘူး။ ဒီကားဆိုရင်လဲ အခုရိုက်ပြီးတာနဲ့ဒီဇင်ဘာမှာ စပြီးလွှင့်မယ်။ အကြာကြီးစောင့်စရာမလိုဘူးပေါ့။ အဲ့ဒါကြောင့် ဒီဇာတ်လမ်းတွဲလေးကို လက်ခံဖြစ်ခဲ့တယ်။ ကာရိုက်တာကလဲ မော်လ်ဒယ်တစ်ယောက်ဆိုတော့ အရမ်းကြီး ခေါင်းခဲစရာမလိုဘူး။ ကိုယ့်ရဲ့ အပြင်က ကာရိုက်တာဖြစ်တဲ့အတွက် သိပ်ခေါင်းမစားဘူး။ ပြီးတော့ MRTV 4 က Stylist နဲ့မိတ်ကပ်သမားတွေရှိတဲ့အတွက် ကိုယ့်ဟာကိုယ်ပြင်ဆင်စရာလဲမလိုဘူး။ ခေါင်းမရှုပ်ရဘူးပေါ့။

-အရှေ့မှာ ဘန်ကောက်သွားတာကရော ရှော့ပင်းပဲလား။ အလုပ်ကိစ္စနဲ့သွားတာလား။

ဘန်ကောက်သွားတာက နောက်ရိုက်မဲ့ကားအတွက်အဝတ်အစားတွေ ရှော့ပင်းထွက်ရုံ သက်သက်ပါ။ အရမ်းမကြာပါဘူး။ တစ်ညအိပ်ပါပဲ။

-ဇာတ်လမ်းတွဲကိုပထမဆုံးရိုက်တာဆိုတော့ ဗီဒီယိုနဲ့ဘယ်လိုကွာခြားတယ်ထင်လဲ။

ဗီဒီယိုကတော့တစ်နာရီခွဲစာ အတောအတွင်းမှာပဲ ပရိသတ်ကို အားလုံးသိအောင်ချပြတယ်။ ဇာတ်လမ်းတွဲကျတော့ အရှည်ကိုမှ ပရိသတ်ကိုတစ်စထက်တစ်စ ဆွဲခေါ်သွားပေးနိုင်တယ်ပေါ့။ ပြီးတော့ ကိုယ့်အတွက်လဲ လုပ်ကွက်တွေချပြခွင့်ရှိတယ်ပေါ့။

-လက်ရှိမှာ ဘယ်လိုကာရိုက်တာမျိုးကိုရော သရုပ်ဆောင်ချင်နေလဲ။

အငြိမ်လုပ်ရတဲ့ဟာမျိုး၊ တည်တည်ငြိမ်ငြိမ်နဲ့သရုပ်ဆောင်ရတဲ့ ကာရိုက်တာမျိုးကိုပိုလုပ်ချင်နေတယ်။

-အစ်ကိုသရုပ်ဆောင်တဲ့ကားတော်တော်များများက ချမ်းသာတဲ့ ပြည့်စုံတဲ့ကာရိုက်တာတွေများတယ်ဆိုတော့ ဆင်းရဲပြီးကြမ်းကြမ်းတမ်းတမ်းသရုပ်ဆောင်ရမဲ့ ကာရိုက်တာမျိုးတွေကျ အစ်ကိုနဲ့အဆင်ပြေပါ့မလား။ အခက်အခဲရှိမယ်လို့ရောထင်လား။

ဟုတ်တယ်။ ဆင်းရဲတဲ့ကာရိုက်တာမျိုးတော့ သိပ်မရိုက်ဖူးသေးဘူး။ ဒါပေမဲ့ နောက်တစ်ကားကျရင်တော့ ဆင်းရဲသားလက်ခံထားတာရှိတယ်။ ဆင်းရဲသား ကာရိုက်တာနဲ့ကျွန်တော်နဲ့မလိုက်မှာတော့ စိုးရိမ်မိတယ်။ အဝတ်အစားဘယ်လိုပဲပြောင်းပြောင်း၊ မိတ်ကပ်အညိုတွေသုံးပြီး အရမ်းဆင်းရဲတဲ့ ကာရိုက်တာမျိုးကိုဖန်တီးယူရမယ်။ ကိုယ့်ပုံနဲ့က သဟဇာတဖြစ်ချင်မှတော့ဖြစ်မယ်။ ဒါပေမဲ့ကိုယ်လဲတစ်ခါမှမရိုက်ဖူးတဲ့အတွက် နည်းနည်းတော့လန့်တယ်။ ကာရိုက်တာမမိမှာလဲ ကျွန်တော်ကြောက်တယ်။

-ကိုယ့်ကိုလာပေးတဲ့ ဇာတ်တွေကိုရော ဘယ်လိုရွေးချယ်ဖြစ်လဲ။

ကိုဝိုင်းတို့မကြည်ဖြူသျှင်တို့နောက် ထားဝယ်ထုတ်လုပ်ရေးကသူတွေနဲ့တိုင်ပင်ဖြစ်တယ်။ အားလုံးတိုင်ပင်ပြီးရွေးချယ်ကြတာပေါ့။ ဒါပေမဲ့ကျွန်တော် ဒုတိယနေရာကတော့ မရိုက်တော့ပါဘူး။

-ဂီတပိုင်းနဲ့ပတ်သက်ပြီးတော့ရော ဘာတွေလုပ်ဖြစ်နေလဲ။

အခုလက်ရှိမှာက Audio အတွက်လဲ သီချင်းစုဖြစ်နေတယ်။ အဓိကတော့ နောက်နှစ်ထဲမှာပဲ ကျွန်တော့်ရဲ့ Oh my Crush အမ်တီဗီထွက်နိုင်အောင်ကြိုးစားနေတယ်။ အခုက ဇာတ်လမ်းတွဲလဲဝင်နေတဲ့အခါကျတော့ မအားသေးတဲ့အတွက် ရှုတင်အားပြီးဆိုတာနဲ့ အမ်တီဗီအတွက် အမြန်ဆုံးပြီးအောင်ကြိုးစားရိုက်ကူးသွားပါမယ်။

-Audio မှာပါတဲ့သီချင်းအားလုံးကိုရိုက်မှာလား။ လျှော့တာတိုးတာရော ရှိဦးမလား။

အားလုံးရိုက်မှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော့်ကို Audio မှာကတည်းက အားပေးတဲ့ပရိသတ်ရော အခုအမ်တီဗီထွက်ဖို့မျှော်နေတဲ့ ပရိသတ်အတွက်ရော ဒီဟာက မြတ်တာမမြတ်တာ အပထား ပြီးတော့ Link တွေပြန့်တာ အပထား ပရိသတ်ကို ကောင်းကောင်းလေးပဲပြပေးချင်တယ်။ မခိုလဲ မခိုချင်ဘူး။ ရိုက်တဲ့ဟာတွေဆိုလဲ အခု ၄ပုဒ်ပြီးသွာပြီ။ အဲ့ဒီ၄ပုဒ် စလုံးကိုခိုထားတာမျိုး၊ ဘားချပ်လျှော့ထားတာမျိုး မလုပ်ဘူး။ ကျွန်တော်တစ်ပုဒ်ချင်းစီကို အကောင်းဆုံးရိုက်နေတယ်။ အဲ့ဒါကြောင့် အချိန်ယူနေရတာပေါ့။ ကျွန်တော်ကတော့ ၇ပုဒ်လောက်ဝင်ပြီး သရုပ်ဆောင်ဖြစ်မယ်။ တခြားသရုပ်ဆောင်တွေက အခုလက်ရှိရိုက်ထားတာဆိုရင် ဝင့်ယမုံလှိုင်၊ ခင်ဝင့်ဝါ၊ အောင်မင်းခန့်၊ မေ ၊ သဉ္ဖာနွယ်ဝင်းရှိမယ်။ ဒါရိုက်တာတွေကတော့ ကိုဝင်းလွင်ထက်၊ မမေဘရဏီ၊ နောက်အိပ်မက်ဆုံရာက ထျန်ခေးလဲ ရိုက်ပေးထားတယ်။ အဲ့ဒါကတော့  ရိုက်ပြီးသလောက်ပေါ့။ နောက်အမ်တီဗီထွက်ရင် Bonus အနေနဲ့တစ်ပုဒ်အသစ်ထပ်ထည့်ပေးမယ်။ အဲ့ဒီသီချင်းက ကျွန်တော်မေမြို့မှာ ရိုက်ထားတယ်။ ကိုဝင်းလွင်ထက်နဲ့ပါ။ သရုပ်ဆောင်ကတော့ ကျွန်တော်နဲ့မေမြင့်မိုရ်ပေါ့။ အဲ့ဒီသီချင်းအသစ်လေးကို အမ်တီဗီရိုက်ရင်ထည့်ပေးမယ်။ အဲ့ဒီတစ်ပုဒ်ထဲကို ငါးဆယ့်ငါးသိန်းအကုန်ကျခံပြီးရိုက်ထားပါတယ်။

-Offical Off အနေနဲ့ ဘယ်ရက်ကိုယူဖြစ်လဲ။ အဲ့ဒီနေမှာရော ဘာတွေလုပ်ဖြစ်လဲ။

တနင်္လာကို နားရက်ယူတယ်။ အဲ့ဒီနေ့တစ်နေကုန်နားတယ်။ အဲ့ဒီနေ့မှာပဲ Gym လဲ ဆော့ဖြစ်တယ်။ ဘာလို့လဲဆိုတော့ အခုနောက်ပိုင်းက မြန်မာပြည်က ပရိသတ်တော်တော်များများကလဲ ဘော်ဒီလှတာမျိုးကို အားပေးလာတယ်။ ပြီးတော့ အင်တာနေရှင်နယ်ပိုင်းက Commercial တွေကလဲ ဝင်လာပြီဆိုတော့ ဘော်ဒီကလဲလိုတယ်ထင်လို့ဆော့ဖြစ်နေတာပါ။

-အစ်ကိုက မိန်းကလေးပရိသတ်တော်တော်များများရဲ့သဘောကျခြင်းကိုခံရတာတွေ့ရတယ်နော်။

ဟုတ်ကဲ့။ ဝမ်းသာတယ်။ ပျော်လဲပျော်တယ်။ ကျေးဇူးလဲအများကြီးတင်တယ်။ ဘာလို့လဲဆိုတော့ ကိုယ်ဓာတ်ပုံတစ်ပုံတင်တိုင်းမှာ Like လုပ်ပေးတာ၊ Share ပေးတာ၊ Cmt လေးတွေပေးတာအစ ကျွန်တော်ဖတ်ဖြစ်တယ်။ အားလုံးကို Reply မပြန်နိုင်ပေမဲ့ ကျွန်တော်သိတယ်ဆိုတဲ့အနေနဲ့ Like လုပ်တယ်။ သူတို့အားပေးလို့လဲအလင်းရောင်ဆိုပြီးလူသိလာတာဖြစ်တဲ့အတွက် ပရိသတ်တွေကို မပြောပြတတ်အောင်ကျေးဇူးတင်ပါတယ်။

-အပြင်မှာတွေ့တဲ့အခါမျိုးတွေမှာရော သူတို့ကိုဘယ်လိုဆက်ဆံဖြစ်လဲ။

We Love အလင်းရောင်ဆိုပြီး သူတို့ဖွဲ့ထားတယ်။ ပြီးတော့ ပွဲရှိတယ်ဆိုရင် ပွဲမှာကျွန်တော့်ကိုလာတွေ့ကြတယ်။ ဓာတ်ပုံတွေရိုက်ကြတယ်။ လက်ဆောင်လေးတွေပေးကြတယ်။ ကျွန်တော့်အနေနဲ့လဲ ပရိသတ်နဲ့အနုပညာရှင်ဆိုတဲ့စိတ်နဲ့ခွဲခြားပြီးမနေပါဘူး။

-အစ်ကို့ပုံကိုကောင်မလေးတော်တော်များများက Cover Photo အနေနဲ့တင်ထားတာမျိုးတွေအပေါ်မှာရော အစ်ကို့ရဲ့စိတ်ခံစားချက်ကဘယ်လိုရှိလဲ။

ဟိုးအရင်ကပရိသတ်တွေက မင်းသားတစ်ယောက်ကိုကြိုက်ရင် အဲ့ဒီမင်းသားမှ အဲ့ဒီမင်းသားပဲ။ တခြားဘယ်သူ့မှကို ပြောင်းမကြိုက်တော့ဘူး။ အခုနောက်ပိုင်းကျတော့ ပရိသတ်တွေကပြောင်းသွားပြီ။ ဒီလူတစ်ယောက်ကို သိပ်ပြီးလက်မခံနိုင်တော့ရင်နောက်သရုပ်ဆောင်တစ်ယောက်ကိုပြောင်းကြိုက်တာမျိုးရှိတယ်။ ပရိသတ်တွေအတွက်ရွေးချယ်စရာလဲ များသွားတယ်။ ဒါပေမဲ့ကျွန်တော့်ကိုပဲ တစ်စိုက်မတ်မတ်အားပေးလာတဲ့ ပရိသတ်တွေကိုတော့ ရင်ထဲကနေလှိုက်လှိုက်လှဲလှဲကိုကျေးဇူးတင်ပါတယ်။ ပရိုဖိုင်တို့၊ ကာဗာပုံတို့ကိုကျွန်တော်ပုံတင်ထားတဲ့ပရိသတ်တွေကိုလဲ အရမ်းကိုကျေးဇူးတင်ပါတယ်လို့ပဲပြောချင်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top