iMyanmarHouse.com - Best Property Website for Myanmar
×

ကာမပိုင္ ဇနီးေမာင္ႏွံမ်ားအတြက္ အိမ္ေထာင္ေရးသာယာဖို႔အတြက္ အခ်စ္ကိစၥေတြဟာလည္း အေရးပါတဲ့က႑တစ္ခု ျဖစ္ပါတယ္။ ခ်စ္တင္းေႏွာျခင္းဟာ ခ်စ္ေက်နပ္မႈ အျပင္စိတ္ဖိစီးမႈေလ်ာ့ပါးျခင္း၊ အိပ္ေပ်ာ္ ျခင္းနဲ႔ ကယ္လိုရီေလာင္ကၽြမ္းျခင္းစတဲ့ က်န္းမာေရး အက်ိဳးျပဳမႈေတြလဲရွိေနပါတယ္။ ဒီေဆာင္းပါးမွာေတာ့ က်န္းမာေရး႐ႈေထာင့္အရ ခ်စ္တင္းေႏွာျခင္းက ဘယ္လိုအာနိသင္ေတြရွိသလဲဆိုတာ တင္ျပသြားပါမယ္။

ႏွလံုးက်န္းမာေရးကို ျမႇင့္တင္ေပးႏိုင္ပါတယ္-တစ္ပတ္ကို ႏွစ္ႀကိမ္ အထက္ခ်စ္တင္းေႏွာျခင္းဟာ အမ်ိဳးသားေတြရဲ႕ ႏွလံုးတိုက္ခိုက္မႈဒဏ္ကို ေလ်ာ့ပါးေစႏိုင္ပါတယ္။

နာက်င္မႈကိုသက္သာေစပါတယ္- ခ်စ္တင္းေႏွာခ်ိန္မွာ ငါးဆျမင့္တက္လာတဲ့ oxytocin  ေဟာ္မုန္းဟာ ႂကြက္သားနာက်င္မႈ၊ ေခါင္းကိုက္ျခင္းေတြကို ေလ်ာ့ပါးသက္ သာေစတယ္လို႔ သိရပါတယ္။

ခုခံအားကို တက္ေစပါတယ္- လင္မယားေတြၾကားမွာ ပံုမွန္ခ်စ္တင္းေႏွာျခင္းဟာ ခုခံအားကိုျမႇင္တင္ေပးႏိုင္တဲ့ ပဋိဆန္႔က်င္ IgA ကိုျမင့္တက္ေစ ႏိုင္ပါတယ္။

အိပ္ေပ်ာ္ေစႏိုင္ပါတယ္- စိတ္ဖိစီးမႈကို ေလ်ာ့ပါးေစတဲ့ ေဟာ္မုန္းေတြ ထြက္ရွိၿပီးႂကြက္သားေတြကိုေျပေလ်ာ့ေစတဲ့အတြက္ ခ်စ္တင္းေႏွာအၿပီးမွာ ေကာင္းမြန္စြာ အိပ္ေပ်ာ္ေစႏိုင္ပါတယ္။

က်န္းမာေစႏိုင္ပါတယ္- ခ်စ္တင္းေႏွာေနခ်ိန္မွာ ထြက္တဲ့ ေဟာ္မုန္း dehydorepiandrosterone ဟာ ခုခံအားစနစ္ကို ျမႇင့္တင္ေပးၿပီး ကိုယ္ခႏၶာတစ္႐ႈးေတြကို ပ်က္စီးယိုယြင္းျခင္းကို ထိိန္းသိမ္းေပးပါတယ္။ ႏွလံုးခုန္ျမန္ေစၿပီး အျခားအဂၤါအစိတ္အပိုင္းေတြ၊ ဆဲလ္ေတြကို ေသြးပို႔လႊတ္ႏိုင္မႈ ျမင့္တက္ေစပါတယ္။

ႏုပ်ိဳေစပါတယ္ – တစ္ပတ္မွာ သံုးၾကိမ္ခန္႔ ခ်စ္တင္းေႏွာျခင္းဟာ ႏုပ်ိဳေစတယ္ဆိုတာ ယံုပါသလား။ ခ်စ္တင္းေႏွာ ခ်ိန္မွာထြက္တဲ့ ေရာင္ရမ္းမႈကိုဆန္႔က်င္တဲ့ ေမာ္လီက်ဴးေတြျဖစ္တဲ့ oxytocin နဲ႔ endorphins  ဟာ အေရျပားယိုယြင္းမႈကို ျပဳျပင္ႏိုင္ျခင္း၊ အေရးအေၾကာင္းေတြကို ေလ်ာ့ပါးေစျခင္းစတဲ့အာနိသင္ေတြ ရွိေနပါတယ္။ ဒါ့အျပင္ ေသြးလွည့္ပတ္မႈ ပိုမိုေကာင္းမြန္ျခင္းကလည္း အေရျပားက်န္းမာေရးကို ထိန္းသိမ္းေပးႏိုင္ပါတယ္။


Credit:Health Updates Journal

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကာမပိုင် ဇနီးမောင်နှံများအတွက် အိမ်ထောင်ရေးသာယာဖို့အတွက် အချစ်ကိစ္စတွေဟာလည်း အရေးပါတဲ့ကဏ္ဍတစ်ခု ဖြစ်ပါတယ်။ ချစ်တင်းနှောခြင်းဟာ ချစ်ကျေနပ်မှု အပြင်စိတ်ဖိစီးမှုလျော့ပါးခြင်း၊ အိပ်ပျော် ခြင်းနဲ့ ကယ်လိုရီလောင်ကျွမ်းခြင်းစတဲ့ ကျန်းမာရေး အကျိုးပြုမှုတွေလဲရှိနေပါတယ်။ ဒီဆောင်းပါးမှာတော့ ကျန်းမာရေးရှုထောင့်အရ ချစ်တင်းနှောခြင်းက ဘယ်လိုအာနိသင်တွေရှိသလဲဆိုတာ တင်ပြသွားပါမယ်။

နှလုံးကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါတယ်-တစ်ပတ်ကို နှစ်ကြိမ် အထက်ချစ်တင်းနှောခြင်းဟာ အမျိုးသားတွေရဲ့ နှလုံးတိုက်ခိုက်မှုဒဏ်ကို လျော့ပါးစေနိုင်ပါတယ်။

နာကျင်မှုကိုသက်သာစေပါတယ်- ချစ်တင်းနှောချိန်မှာ ငါးဆမြင့်တက်လာတဲ့ oxytocin  ဟော်မုန်းဟာ ကြွက်သားနာကျင်မှု၊ ခေါင်းကိုက်ခြင်းတွေကို လျော့ပါးသက် သာစေတယ်လို့ သိရပါတယ်။

ခုခံအားကို တက်စေပါတယ်- လင်မယားတွေကြားမှာ ပုံမှန်ချစ်တင်းနှောခြင်းဟာ ခုခံအားကိုမြှင်တင်ပေးနိုင်တဲ့ ပဋိဆန့်ကျင် IgA ကိုမြင့်တက်စေ နိုင်ပါတယ်။

အိပ်ပျော်စေနိုင်ပါတယ်- စိတ်ဖိစီးမှုကို လျော့ပါးစေတဲ့ ဟော်မုန်းတွေ ထွက်ရှိပြီးကြွက်သားတွေကိုပြေလျော့စေတဲ့အတွက် ချစ်တင်းနှောအပြီးမှာ ကောင်းမွန်စွာ အိပ်ပျော်စေနိုင်ပါတယ်။

ကျန်းမာစေနိုင်ပါတယ်- ချစ်တင်းနှောနေချိန်မှာ ထွက်တဲ့ ဟော်မုန်း dehydorepiandrosterone ဟာ ခုခံအားစနစ်ကို မြှင့်တင်ပေးပြီး ကိုယ်ခန္ဓာတစ်ရှုးတွေကို ပျက်စီးယိုယွင်းခြင်းကို ထိန်းသိမ်းပေးပါတယ်။ နှလုံးခုန်မြန်စေပြီး အခြားအင်္ဂါအစိတ်အပိုင်းတွေ၊ ဆဲလ်တွေကို သွေးပို့လွှတ်နိုင်မှု မြင့်တက်စေပါတယ်။

နုပျိုစေပါတယ် – တစ်ပတ်မှာ သုံးကြိမ်ခန့် ချစ်တင်းနှောခြင်းဟာ နုပျိုစေတယ်ဆိုတာ ယုံပါသလား။ ချစ်တင်းနှော ချိန်မှာထွက်တဲ့ ရောင်ရမ်းမှုကိုဆန့်ကျင်တဲ့ မော်လီကျူးတွေဖြစ်တဲ့ oxytocin နဲ့ endorphins  ဟာ အရေပြားယိုယွင်းမှုကို ပြုပြင်နိုင်ခြင်း၊ အရေးအကြောင်းတွေကို လျော့ပါးစေခြင်းစတဲ့အာနိသင်တွေ ရှိနေပါတယ်။ ဒါ့အပြင် သွေးလှည့်ပတ်မှု ပိုမိုကောင်းမွန်ခြင်းကလည်း အရေပြားကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ပါတယ်။


Credit:Health Updates Journal


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top