iMyanmarHouse.com - Best Property Website for Myanmar
×

အစားအေသာက္ကို အလြန္အမင္း ေလွ်ာ့စရာမလိုဘဲ ကိုယ္အေလးခ်ိန္ ေလ်ာ့က်လိုပါသလား။

အစားအေသာက္ မေလွ်ာ့ဘဲ ၀ိတ္က်ခ်င္သူေတြအတြက္ ဘ၀ေနထိုင္မႈပံုစံတခ်ိဳ႕ ေျပာင္းလဲလိုက္ရံုနဲ႔ အဆင္ေျပသြားေစမယ့္ နည္းလမ္းေကာင္းေတြပါ။

၁။ အိပ္ ေရး၀၀အိပ္ပါ

မီခ်ီဂန္ တကၠသိုလ္ရဲ့ ေလ့လာမႈတစ္ခုအရ တစ္ညမွာ တစ္နာရီ ပိုအိပ္တာနဲ႔ တစ္ႏွစ္ၾကာရင္ ကိုယ္အေလး ခ်ိန္ ၁၄ ေပါင္ က်ဆင္းသြားေၾကာင္း သိရပါတယ္။ အိပ္ေရး၀ျခင္းက ဆာေလာင္စိတ္ကို အထိုက္အ ေလ်ာက္ တားဆီးေပးႏိုင္တာေၾကာင့္ပါ။

၂။ အိမ္မွာ စားပါ

အိမ္မွာခ်က္ထားတဲ့ အစားအစာေတြကို တစ္ပတ္မွာ အနည္းဆံုး ငါးရက္စားသူေတြဟာ ခႏၶာကိုယ္ သြယ္လ်လာတတ္ၾကပါတယ္။ ဒါဟာ ဆိုင္ေတြမွာ ခ်က္ျပဳတ္တဲ့ အစားအေသာက္ အမ်ားစုဟာ က်န္းမာေရးနဲ႔ မညီညြတ္တဲ့ အဆီပါ၀င္မႈ မ်ားလို႔ပါ။

၃။ အစားကို ျဖည္းျဖည္းခ်င္းစားပါ

အစားအေသာက္ တစ္နပ္စားခ်ိန္ကို မိနစ္ ၂၀ ၾကာ အခ်ိန္ေပးပါ။ အစာစားတဲ့အခါ ျဖည္းျဖည္းခ်င္း ေၾကညက္ေအာင္ ၀ါးစားေပးရင္ ခႏၶာကုိယ္က မၾကာခင္မွာပဲ ဗိုက္ျပည့္ေၾကာင္း အခ်က္ျပပါလိမ့္မည္။ အစားအေသာက္ကို အျမန္စားရင္ေတာ့ အခ်က္ျပတာကုိ သတိမထားမိဘဲ အလြန္အကၽြံစားျဖစ္ သြားတတ္ ပါတယ္။

၄။ ဟင္းသီးဟင္းရြက္ မ်ားမ်ားစားပါ

အစာတစ္နပ္စားတိုင္း ဟင္းသီးဟင္းရြက္ သံုးမ်ိဳးပါေအာင္စားပါ။ အစားအေသာက္ကို မ်ားမ်ားစားရမွ ေက်နပ္သူေတြအေနနဲ႔ ဟင္းသီးဟင္းရြက္ကို မ်ားမ်ားစားေပးတာဟာ စိတ္ေက်နပ္မႈ ရေစသလို ကိုယ္ အေလးခ်ိန္လည္း ေလ်ာ့က်ေစပါတယ္။ ဟင္းသီးဟင္းရြက္နဲ႔ အသီးအႏွံထဲမွာ အမွ်င္ဓာတ္နဲ႔ ေရဓာတ္ သာ အဓိကပါျပီး ကယ္လိုရီပါ၀င္မႈ နည္းတာေၾကာင့္ပါ။

၅။ ေကာက္ႏံွနဲ႔ ျပဳလုပ္ိထားတဲ့ အစာစားပါ

ဆန္လံုးညိဳ ၊ ဘာလိီ၊ အုတ္ဂ်ံဳ၊ အညိဳေရာင္ေပါင္မုန္႔ စတာေတြက ၀ိတ္ေလွ်ာ့လိုသူေတြအတြက္ အသင့္ ေတာ္ဆံုးပါပဲ။ အေၾကာင္းကေတာ့ ေကာက္နွံနဲ႔လုပ္ထားတာေတြက ကယ္လိုရီပါ၀င္မႈနည္းျပီး ခႏၶာကုိယ္ ထဲမွာ ေကာင္းတဲ့ ကိုလက္စ္ထေရာျမင့္တက္ေစပါတယ္။

၆။ ၀က္ေပါင္ေျခာက္ေရွာင္ပါ

နံနက္စာစားရင္ ဆင္းဒ၀စ္ရွ္စားသူမ်ား ၀က္ေပါင္ေျခာက္ မစားပါနဲ႔။ ၀က္ေပါင္ေျခာက္ႏွစ္ေခ်ာင္းမွာ ကယ္ လိုရီ ၁၀၀ ေလာက္ပါတဲ့အတြက္ တစ္ႏွစ္ၾကာရင္ ၁၀ေပါင္ တက္ႏိုင္ပါတယ္။ ဟမ္ဘာဂါ စားတဲ့အခါလည္း ဟင္းသီးဟင္းရြက္ပါတာ ေရြးစားပါ။

၇။ သၾကားမစားရ

အခ်ိဳရည္အစား ေရေျပာင္းေသာက္ရင္ သၾကား လက္ဖက္စားဇြန္း တစ္ဇြန္းေလာက္ ေရွာင္ရာေရာက္ပါ တယ္။ သၾကားဟာ ကိုယ္အေလးခ်ိန္ တက္တဲ့အျပင္ စိတ္ပါ ညိႈးႏြမ္းေစပါတယ္။

၈။ အယ္လ္ကိုေဟာပမာဏ ကန္႔သတ္ပါ

အရက္ပါတဲ့ လူမႈေရး၀ိုင္းေတြ သြားရင္ ေကာ့ေတး၊ ဘီယာ၊ ၀ိုင္ ၊ အရက္ စတာေတြကို လက္လွမ္းမယ့္ အစား ေရကိုအရင္ေသာက္လိုက္ပါ။ အရက္ေသာက္မိတဲ့အခါ အရက္ေၾကာင့္ ကယ္လိုရီ ရွိတဲ့အျပင္ အာဟာရတန္ဖိုးနည္းတာေတြကိုပါ မဆင္ျခင္ဘဲ စားမိေစႏိုင္ပါတယ္။

၉။ လက္ဖက္စိမ္း လက္ဖက္ရည္ ေသာက္ပါ

အဲ့ဒါေသာက္တာဟာ နည္းလမ္းေကာငး္ပါ။ ခႏၶာကုိယ္ကယ္လိုရီ ေလာင္ကၽြမ္းေစတ့ဲအျပင္ ဇီ၀ရုပ္ ျဖစ္ပ်က္ မႈ အားေကာင္းေစပါတယ္။ လက္ဖက္စိမ္းလက္ဖက္ရည္ အနည္းငယ္ ေသာက္ရင္ေတာင္ စိတ္ လန္းဆန္း ေစႏိုင္ပါတယ္။

၁၀။ ေယာဂက်င့္ပါ

ေယာဂက်င့္တဲ့ အမ်ိဳးသမီးေတြဟာ မက်င့္သူေတြထက္ အေလးခ်ိန္နည္းေၾကာင္း အေမရိကန္ အာဟာရ အဖြဲ႕အစည္းက ဆိုပါတယ္။ အေၾကာင္းက ေယာဂက်င့္သူေတြဟာ အစားကို အလြန္စားတတ္တဲ့ အက်င့္ မရွိၾကလို႔ပါ။ စိတ္တည္ျငိမ္ေအးခ်မ္းေနတဲ့အတြက္ အစားအေသာက္ကိုလည္ သင့္တင့္တဲ့ ပမာဏသာ စားေလ့ရွိတယ္လို႔ သုေတသီေတြက ဆိုပါတယ္။

၁၁။ သၾကားမပါေသာပီေက၀ါးပါ

အဲ့ဒါဟာ သြားေရစာ စားခ်င္စိတ္ နည္းေစပါတယ္။ တီဗီြၾကည့္ရင္း အင္တာနက္သံုးရင္း ညစာစားပါက သြားေရစာစားခ်င္စိတ္ ျပင္းျပႏိုင္ပါတယ္။ သၾကားမပါတဲ့ အနံ႔ေမႊးတဲ့ ပီေက ၀ါးေပးရင္ အျခားသြား ေရစာေတြ စားခ်င္စိတ္ ေလ်ာ့ ႏုိင္ပါတယ္။

၁၂။ တစ္ေန႔ ကယ္လိုရီ ၁၀၀ ေလာင္ကၽြမ္းေအာင္ လုပ္ပါ

အစားမေလွ်ာ့ဘဲ တစ္ႏွစ္ ကုိယ္အေလးခ်ိန္ ၁၀ေပါင္ က်ခ်င္ရင္ တစ္ေန႔ ကယ္လိုရီ ၁၀၀ က်ဖို႔ မိနစ္ ၂၀ ၾကာ တစ္မိုင္ လမ္းေလွ်ာက္ျခင္း၊ မိနစ္ ၂၀ ၾကာ ဥယ်ာဥ္စိုက္ပ်ိဳးျခင္း၊ မိနစ္ ၃၀ ၾကာ အိမ္သန္႔ွရွင္းေရး လုပ္ျခင္း၊ ၁၀ မိနစ္ၾကာ လမ္းအျမန္ေလွ်ာက္ျခင္း စတဲ့ လႈပ္ရွားမႈမိ်ဳး လုပ္ေပးပါ။

၁၃။ အသားမပါတဲ့ အာဟာရ မၾကာခဏစားပါ

သားသတ္လြတ္စားတာဟာ ကိုယ္အေလးခ်ိန္ သြယ္လ်ေစတယ္လို႔ Web MD သုေတသနအရ သိရပါ တယ္။ ပွ်မ္းမွ် သားသတ္လြတ္စားသူေတြဟာ အသားစားသူေတြထက္ ၂၀% အေလးခ်ိန္ ေလ်ာ့တတ္ တယ္။ ပဲနီေလးစြပ္ျပဳတ္ ၊ ပဲအမ်ိဳးမ်ိဳးပါတဲ့ ဟင္းလ်ာေတြဟာ အမွ်င္ဓာတ္ပါျပီး အာဟာရဓာတ္ရေစကာ သြယ္လ်က်န္းမာေစပါတယ္။


Credit:Today Myanmar


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version


အစားအသောက်ကို အလွန်အမင်း လျှော့စရာမလိုဘဲ ကိုယ်အလေးချိန် လျော့ကျလိုပါသလား။

အစားအသောက် မလျှော့ဘဲ ဝိတ်ကျချင်သူတွေအတွက် ဘဝနေထိုင်မှုပုံစံတချို့ ပြောင်းလဲလိုက်ရုံနဲ့ အဆင်ပြေသွားစေမယ့် နည်းလမ်းကောင်းတွေပါ။

၁။ အိပ် ရေး၀၀အိပ်ပါ

မီချီဂန် တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ခုအရ တစ်ညမှာ တစ်နာရီ ပိုအိပ်တာနဲ့ တစ်နှစ်ကြာရင် ကိုယ်အလေး ချိန် ၁၄ ပေါင် ကျဆင်းသွားကြောင်း သိရပါတယ်။ အိပ်ရေးဝခြင်းက ဆာလောင်စိတ်ကို အထိုက်အ လျောက် တားဆီးပေးနိုင်တာကြောင့်ပါ။

၂။ အိမ်မှာ စားပါ

အိမ်မှာချက်ထားတဲ့ အစားအစာတွေကို တစ်ပတ်မှာ အနည်းဆုံး ငါးရက်စားသူတွေဟာ ခန္ဓာကိုယ် သွယ်လျလာတတ်ကြပါတယ်။ ဒါဟာ ဆိုင်တွေမှာ ချက်ပြုတ်တဲ့ အစားအသောက် အများစုဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီပါဝင်မှု များလို့ပါ။

၃။ အစားကို ဖြည်းဖြည်းချင်းစားပါ

အစားအသောက် တစ်နပ်စားချိန်ကို မိနစ် ၂၀ ကြာ အချိန်ပေးပါ။ အစာစားတဲ့အခါ ဖြည်းဖြည်းချင်း ကြေညက်အောင် ဝါးစားပေးရင် ခန္ဓာကိုယ်က မကြာခင်မှာပဲ ဗိုက်ပြည့်ကြောင်း အချက်ပြပါလိမ့်မည်။ အစားအသောက်ကို အမြန်စားရင်တော့ အချက်ပြတာကို သတိမထားမိဘဲ အလွန်အကျွံစားဖြစ် သွားတတ် ပါတယ်။

၄။ ဟင်းသီးဟင်းရွက် များများစားပါ

အစာတစ်နပ်စားတိုင်း ဟင်းသီးဟင်းရွက် သုံးမျိုးပါအောင်စားပါ။ အစားအသောက်ကို များများစားရမှ ကျေနပ်သူတွေအနေနဲ့ ဟင်းသီးဟင်းရွက်ကို များများစားပေးတာဟာ စိတ်ကျေနပ်မှု ရစေသလို ကိုယ် အလေးချိန်လည်း လျော့ကျစေပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံထဲမှာ အမျှင်ဓာတ်နဲ့ ရေဓာတ် သာ အဓိကပါပြီး ကယ်လိုရီပါဝင်မှု နည်းတာကြောင့်ပါ။

၅။ ကောက်နံှနဲ့ ပြုလုပိထားတဲ့ အစာစားပါ

ဆန်လုံးညို ၊ ဘာလီ၊ အုတ်ဂျုံ၊ အညိုရောင်ပေါင်မုန့် စတာတွေက ဝိတ်လျှော့လိုသူတွေအတွက် အသင့် တော်ဆုံးပါပဲ။ အကြောင်းကတော့ ကောက်နှံနဲ့လုပ်ထားတာတွေက ကယ်လိုရီပါဝင်မှုနည်းပြီး ခန္ဓာကိုယ် ထဲမှာ ကောင်းတဲ့ ကိုလက်စ်ထရောမြင့်တက်စေပါတယ်။

၆။ ဝက်ပေါင်ခြောက်ရှောင်ပါ

နံနက်စာစားရင် ဆင်းဒဝစ်ရှ်စားသူများ ဝက်ပေါင်ခြောက် မစားပါနဲ့။ ဝက်ပေါင်ခြောက်နှစ်ချောင်းမှာ ကယ် လိုရီ ၁၀၀ လောက်ပါတဲ့အတွက် တစ်နှစ်ကြာရင် ၁၀ပေါင် တက်နိုင်ပါတယ်။ ဟမ်ဘာဂါ စားတဲ့အခါလည်း ဟင်းသီးဟင်းရွက်ပါတာ ရွေးစားပါ။

၇။ သကြားမစားရ

အချိုရည်အစား ရေပြောင်းသောက်ရင် သကြား လက်ဖက်စားဇွန်း တစ်ဇွန်းလောက် ရှောင်ရာရောက်ပါ တယ်။ သကြားဟာ ကိုယ်အလေးချိန် တက်တဲ့အပြင် စိတ်ပါ ညှိုးနွမ်းစေပါတယ်။

၈။ အယ်လ်ကိုဟောပမာဏ ကန့်သတ်ပါ

အရက်ပါတဲ့ လူမှုရေးဝိုင်းတွေ သွားရင် ကော့တေး၊ ဘီယာ၊ ဝိုင် ၊ အရက် စတာတွေကို လက်လှမ်းမယ့် အစား ရေကိုအရင်သောက်လိုက်ပါ။ အရက်သောက်မိတဲ့အခါ အရက်ကြောင့် ကယ်လိုရီ ရှိတဲ့အပြင် အာဟာရတန်ဖိုးနည်းတာတွေကိုပါ မဆင်ခြင်ဘဲ စားမိစေနိုင်ပါတယ်။

၉။ လက်ဖက်စိမ်း လက်ဖက်ရည် သောက်ပါ

အဲ့ဒါသောက်တာဟာ နည်းလမ်းကောင်းပါ။ ခန္ဓာကိုယ်ကယ်လိုရီ လောင်ကျွမ်းစေတဲ့အပြင် ဇီဝရုပ် ဖြစ်ပျက် မှု အားကောင်းစေပါတယ်။ လက်ဖက်စိမ်းလက်ဖက်ရည် အနည်းငယ် သောက်ရင်တောင် စိတ် လန်းဆန်း စေနိုင်ပါတယ်။

၁၀။ ယောဂကျင့်ပါ

ယောဂကျင့်တဲ့ အမျိုးသမီးတွေဟာ မကျင့်သူတွေထက် အလေးချိန်နည်းကြောင်း အမေရိကန် အာဟာရ အဖွဲ့အစည်းက ဆိုပါတယ်။ အကြောင်းက ယောဂကျင့်သူတွေဟာ အစားကို အလွန်စားတတ်တဲ့ အကျင့် မရှိကြလို့ပါ။ စိတ်တည်ငြိမ်အေးချမ်းနေတဲ့အတွက် အစားအသောက်ကိုလည် သင့်တင့်တဲ့ ပမာဏသာ စားလေ့ရှိတယ်လို့ သုတေသီတွေက ဆိုပါတယ်။

၁၁။ သကြားမပါသောပီကေဝါးပါ

အဲ့ဒါဟာ သွားရေစာ စားချင်စိတ် နည်းစေပါတယ်။ တီဗွီကြည့်ရင်း အင်တာနက်သုံးရင်း ညစာစားပါက သွားရေစာစားချင်စိတ် ပြင်းပြနိုင်ပါတယ်။ သကြားမပါတဲ့ အနံ့မွှေးတဲ့ ပီကေ ဝါးပေးရင် အခြားသွား ရေစာတွေ စားချင်စိတ် လျော့ နိုင်ပါတယ်။

၁၂။ တစ်နေ့ ကယ်လိုရီ ၁၀၀ လောင်ကျွမ်းအောင် လုပ်ပါ

အစားမလျှော့ဘဲ တစ်နှစ် ကိုယ်အလေးချိန် ၁၀ပေါင် ကျချင်ရင် တစ်နေ့ ကယ်လိုရီ ၁၀၀ ကျဖို့ မိနစ် ၂၀ ကြာ တစ်မိုင် လမ်းလျှောက်ခြင်း၊ မိနစ် ၂၀ ကြာ ဥယျာဉ်စိုက်ပျိုးခြင်း၊ မိနစ် ၃၀ ကြာ အိမ်သန့်ှရှင်းရေး လုပ်ခြင်း၊ ၁၀ မိနစ်ကြာ လမ်းအမြန်လျှောက်ခြင်း စတဲ့ လှုပ်ရှားမှုမျိုး လုပ်ပေးပါ။

၁၃။ အသားမပါတဲ့ အာဟာရ မကြာခဏစားပါ

သားသတ်လွတ်စားတာဟာ ကိုယ်အလေးချိန် သွယ်လျစေတယ်လို့ Web MD သုတေသနအရ သိရပါ တယ်။ ပျှမ်းမျှ သားသတ်လွတ်စားသူတွေဟာ အသားစားသူတွေထက် ၂၀% အလေးချိန် လျော့တတ် တယ်။ ပဲနီလေးစွပ်ပြုတ် ၊ ပဲအမျိုးမျိုးပါတဲ့ ဟင်းလျာတွေဟာ အမျှင်ဓာတ်ပါပြီး အာဟာရဓာတ်ရစေကာ သွယ်လျကျန်းမာစေပါတယ်။


Credit:Today Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top