iMyanmarHouse.com - Best Property Website for Myanmar
×

အတန္းထဲမွာ လူေတြစံုစံုညီညီ ရွိေနတဲ့အခ်ိန္ ကိုယ့္ဗိုက္က တဂြီဂြီထျမည္ျပီး ေဘးနားက လူေတြပါ သတိျပဳမိသြားတဲ့အခါ နည္းနည္းေတာ့ ရွက္ကိုးရွက္ကန္း ျဖစ္သြားႏိုင္ပါတယ္။ အတန္းထဲေရာက္ေနေတာ့ ဘာမွလည္း လုပ္လုိ႕မရဘူး။ အနီးအနားမွာလည္း ဘာစားစရာမွမရွိဘူး။ ဒီလိုအျဖစ္အပ်က္မ်ိဳး လူၾကားထဲ ခဏခဏကို ၾကံဳဖူးၾကပါတယ္။

ဒါေပမယ့္ ဗိုက္ထဲက အသံေတြ တဂြီဂြီျမည္ျပီဆုိတာနဲ႕ ဒါဟာ ဗိုက္ဆာေနတဲ့ သေကၤတပဲလို႕ မွတ္ယူလို႕ေတာ့မရပါဘူး။ ဒါဟာ အစာေျခစနစ္ရဲ႕ ပံုမွန္လုပ္ေဆာင္မႈတစ္ခု ျဖစ္တတ္ပါတယ္။ ဗိုက္ဆာတဲ့အခါ ဗိုက္ထဲက အသံျမည္တယ္ဆုိတာ ငယ္ငယ္ကတည္းက အားလံုးစိတ္ထဲစြဲေနတဲ့အရာပါ။ တကယ္ေတာ့ ဗိုက္ထဲက အစာေတြ၊ အေရေတြ ေရာျပြန္းျပီး အစာေျခတဲ့အခါ အသံထြက္လာတတ္ပါတယ္။ ဒီေတာ့ အဲ့ဒီလို အသံေတြထြက္လာတဲ့အထိ အစာေျခေနရတဲ့အခါ ကိုယ္ဘာေတြစားထားလုိ႕ ခုလိုအစာေျခတုိင္း ဗိုက္ထဲက တဂြီဂြီျမည္ရသလဲဆုိတဲ့ ေမးခြန္းျဖစ္ေပၚလာပါတယ္။ သင္စားလုိက္တဲ့ အစားအစာေၾကာင္း ျပန္စဥ္းစားၾကည့္ရေအာင္။

အစားအစာတြအမ်ားၾကီး မစားပါနဲ႕။

တစ္ခ်ိန္တညး္မွာ အစားအစာေတြ အသားကုန္စားလိုက္တဲ့အခါ၊ အစာေျခစနစ္က မနားတမ္းကို အလုုပ္လုပ္ရျပီေလ။ ဒီေတာ့ ခုနေျပာသလို အသံေတြ တဂြီဂြီ တဂြမ္ဂြမ္ထြက္လာတာ အထူးအဆန္းမဟုတ္ေတာ့ပါဘူး။

ေျဖးေျဖးခ်င္းစားပါ၊ ေသခ်ာ၀ါးပါ။

အစားအစာကို ေသခ်ာမ၀ါးပဲ ျမန္ျမန္ဆန္ဆန္ စားျခင္းအားျဖင့္ ေလေတြကိုပါ မ်ိဳခ်မိသလို ျဖစ္သြားတတ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ဗိုက္ထဲကေန အသံေတြထြက္လာေတာ့တာပါပဲ။ ဒါဟာ ခုနေျပာသလို ဗိုက္ထဲက ေလေတြေၾကာင့္ ၾကားလိုက္ရတဲ့ အသံေတြပါ။

ဂတ္စ္ေတြ ျဖစ္သြားေစတဲ့ အစားအစာေတြေရွာင္ပါ။

ဂတ္စ္ျဖစ္သြားေစတဲ့ ခ်ိစ္ေတြ၊ ႏို႕၊ ပဲ၊ ဆုိဒါနဲ႕ fast food ေတြေၾကာင့္ သင့္ဗိုက္ဟာ အသံေတြ စြတ္ျမည္ေနတာမ်ိဳး ျဖစ္ေပၚပါလိမ့္မယ္။

လမ္းေလ်ွာက္ပါ။

လမ္းေလ်ွာက္ေပးျခင္း နဲ႕ ေလ့က်င့္ခန္းလုပ္ေပးျခင္းဟာ သင့္အစာေျခစနစ္အတြက္လည္း အမ်ားၾကီး အေထာက္အကူျပဳတာေၾကာင့္ ခုနေျပာသြားတဲ့ ျပသနာေတြကို ေျဖရွင္ေပးႏိုင္ပါတယ္။

Credit : trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အတန်းထဲမှာ လူတွေစုံစံညီညီ ရှိနေတဲ့အချိန် ကိုယ့်ဗိုက်က တဂွီဂွီထမြည်ပြီး ဘေးနားက လူတွေပါ သတိပြုမိသွားတဲ့အခါ နည်းနည်းတော့ ရှက်ကိုးရှက်ကန်း ဖြစ်သွားနိုင်ပါတယ်။ အတန်းထဲရောက်နေတော့ ဘာမှလည်း လုပ်လို့မရဘူး။ အနီးအနားမှာလည်း ဘာစားစရာမှမရှိဘူး။ ဒီလိုအဖြစ်အပျက်မျိုး လူကြားထဲ ခဏခဏကို ကြုံဖူးကြပါတယ်။

ဒါပေမယ့် ဗိုက်ထဲက အသံတွေ တဂွီဂွီမြည်ပြီဆိုတာနဲ့ ဒါဟာ ဗိုက်ဆာနေတဲ့ သငေ်္ကတပဲလို့ မှတ်ယူလို့တော့မရပါဘူး။ ဒါဟာ အစာခြေစနစ်ရဲ့ ပုံမှန်လုပ်ဆောင်မှုတစ်ခု ဖြစ်တတ်ပါတယ်။ ဗိုက်ဆာတဲ့အခါ ဗိုက်ထဲက အသံမြည်တယ်ဆိုတာ ငယ်ငယ်ကတည်းက အားလုံးစိတ်ထဲစွဲနေတဲ့အရာပါ။ တကယ်တော့ ဗိုက်ထဲက အစာတွေ၊ အရေတွေ ရောပြွန်းပြီး အစာခြေတဲ့အခါ အသံထွက်လာတတ်ပါတယ်။ ဒီတော့ အဲ့ဒီလို အသံတွေထွက်လာတဲ့အထိ အစာခြေနေရတဲ့အခါ ကိုယ်ဘာတွေစားထားလို့ ခုလိုအစာခြေတိုင်း ဗိုက်ထဲက တဂွီဂွီမြည်ရသလဲဆိုတဲ့ မေးခွန်းဖြစ်ပေါ်လာပါတယ်။ သင်စားလိုက်တဲ့ အစားအစာကြောင်း ပြန်စဉ်းစားကြည့်ရအောင်။

အစားအစာတွအများကြီး မစားပါနဲ့။

တစ်ချိန်တည်းမှာ အစားအစာတွေ အသားကုန်စားလိုက်တဲ့အခါ၊ အစာခြေစနစ်က မနားတမ်းကို အလုုပ်လုပ်ရပြီလေ။ ဒီတော့ ခုနပြောသလို အသံတွေ တဂွီဂွီ တဂွမ်ဂွမ်ထွက်လာတာ အထူးအဆန်းမဟုတ်တော့ပါဘူး။

ဖြေးဖြေးချင်းစားပါ၊ သေချာဝါးပါ။

အစားအစာကို သေချာမဝါးပဲ မြန်မြန်ဆန်ဆန် စားခြင်းအားဖြင့် လေတွေကိုပါ မျိုချမိသလို ဖြစ်သွားတတ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ဗိုက်ထဲကနေ အသံတွေထွက်လာတော့တာပါပဲ။ ဒါဟာ ခုနပြောသလို ဗိုက်ထဲက လေတွေကြောင့် ကြားလိုက်ရတဲ့ အသံတွေပါ။

ဂတ်စ်တွေ ဖြစ်သွားစေတဲ့ အစားအစာတွေရှောင်ပါ။

ဂတ်စ်ဖြစ်သွားစေတဲ့ ချိစ်တွေ၊ နို့၊ ပဲ၊ ဆိုဒါနဲ့ fast food တွေကြောင့် သင့်ဗိုက်ဟာ အသံတွေ စွတ်မြည်နေတာမျိုး ဖြစ်ပေါ်ပါလိမ့်မယ်။

လမ်းလျှောက်ပါ။

လမ်းလျှောက်ပေးခြင်း နဲ့ လေ့ကျင့်ခန်းလုပ်ပေးခြင်းဟာ သင့်အစာခြေစနစ်အတွက်လည်း အများကြီး အထောက်အကူပြုတာကြောင့် ခုနပြောသွားတဲ့ ပြသနာတွေကို ဖြေရှင်ပေးနိုင်ပါတယ်။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top