iMyanmarHouse.com - Best Property Website for Myanmar
×

ကိုရန္နိုင္ ကိုတခုေလာက္ေမးခ်င္လို႔ပါ..ဟို ဟာ ေလ တည္းခိုခန္းမဟုတ္ဘဲနဲ႔
Section နဲ႔ေနလို႔ရတဲ့အခန္းေတြ ရန္ကုန္ဘယ္နားေတြမွာရွိလဲလို႔ သိခ်င္တာ”…..
ဒီေကာင္ စေမးကတည္းက ဘာကိုဆိုလိုခ်င္တယ္ ဘာအတြက္လဲဆိုတာ
ကြ်န္ေတာ္သိလိုက္ပါတယ္.. ဒါေပမယ့္ သိသိရက္နဲ႔ သူ႔ကိုေမးခြန္းျပန္ထုတ္လိုက္တယ္..
“ ညီေလး ဘာလုပ္ဖို႔ရွိလို႔လဲ” ဆိုေတာ့
“ဒီလိုပါ ကိုရန္နိုင္…. ဟိုတခါ အကို႔ကို ကြ်န္ေတာ္ျပတဲ့ ေကာင္မေလးေလ မွတ္မိလား..
Facebook မွာေတြ႔တဲ့ ေကာင္မေလး” .. အဲ့ ေစာ္ေလးက ကြ်န္ေတာ့္ကိုခိုက္ေနတာ..
အျပင္မွာဆံုတာေတာ့ ေလးငါးခါရွိၿပီ .. သိပ္ေတာ့မလွပါဘူး..
ဘာရယ္မဟုတ္ဘူး ကြ်န္ေတာ္လည္း အေပ်ာ္တြဲေနတာ..
(ဒီေကာင္ ေျပာေနတာေတြကို စိတ္ထဲသိပ္ေတာ့ ဘ၀င္မက်ေတာ့..ဒါေပမယ့္
ေခါင္းပဲညိတ္ျပၿပီး ဆက္နားေထာင္ေနလိုက္တယ္..)
“မေန႔က ခ်ိန္းေတြ႔တဲ့အခ်ိန္ နမ္းၿပီး ဟိုကိုင္ဒီကိုင္လုပ္တာေတာင္ေအးေဆးပဲ
ဒါေပမယ့္ တည္းခိုခန္းသြားဖို႔ ေျပာတာေတာ့ ဘယ္လိုမွ မရဘူးအကို..
သူ႔သိကၡာသူထိန္းတာပဲလား သြားရမွာ ရွက္တာလား လူျမင္မွာေၾကာက္တာလား
ဘယ္လိုလဲေတာ့မသိဘူး ..ေတာ္ေတာ္ေလးေတာ့ လုိက္ေလ်ာပါတယ္”..
Section နဲ႔ေနလို႔ရတဲ့ ရိုးရိုးအခန္းဆိုရင္ အဆင္ေျပမယ္ထင္လို႔ ကိုရန္ႏိုင္..ဒါေၾကာင့္
“…..ေတာ္ေတာ့ ညီေလး…. မင္းဆက္မေျပာနဲ႔ေတာ့”.ကြ်န္ေတာ့္အသံနဲနဲေတာ့ မာသြားတယ္
“မင္း မွားေနၿပီ ညီေလးး..ကိုယ့္ကို ခ်စ္လို႔လိုက္ေလ်ာတဲ့ မိန္းကေလးတစ္ေယာက္ကို
မင္း အဲလိုေတာ့ မလုပ္သင့္ဘူး ညီေလး..ၿပီးေတာ့ မင္း သူ႔ကိုတကယ္ခ်စ္လို႔
မင္းလက္ထပ္မယ့္ မိန္းကေလးဆိုရင္ေတာင္ ငါအဲဒီ တည္းခိုခန္းသြားမယ့္ ကိစၥကို
အဲေလာက္ ေျပာမွာမဟုတ္ဘူး..ခု မင္းကသူ႔ကို အေပ်ာ္တြဲတာ မလုပ္သင့္ပါဘူးကြာ”…
“ကိုရန္ႏိုင္ႀကီးကေတာ့ ေျပာၿပီဗ်ာ..ခုေခတ္ေစာ္ေတြမွာ ဒါေတြက မဆန္းေတာ့ပါဘူးဗ်ာ”:..တဲ့
“မင္းေျပာသလို ငါက ေခတ္ေနာက္က်တာပဲျဖစ္မွာေပါ့..ငါ့ကို လာမတိုင္ပင္နဲ႔ေတာ့..
ငါ အားမေပးဘူး ညီေလး”.. တကယ္ဆိုဒီခ်ာတိတ္ကို ဒီထက္ပိုရွင္းျပခ်င္သည္..
ဒါေပမယ့္ ကိုယ္တိုင္လည္း စိတ္ညစ္ေနတဲ့အခ်ိန္မို႔ ထပ္မေျပာျဖစ္ေတာ့..ခက္သည္…
……
ေန႔ခင္း ထမင္းစားေနတဲ့အခ်ိန္ ဒီေကာင္ဖုန္းထပ္ဆက္လာတယ္..ညေနပိုင္း
ကန္ေတာ္ႀကီးနားက M3 မွာ သီခ်င္းသြားဟဲမယ္ဆိုၿပီး ေျပာလာတယ္…
ဒါနဲ႔ ညေနေရာက္ေတာ့ ကန္ေတာ္ႀကီးဘက္ ဒိုးၾကတာေပါ့….
M3 မေရာက္ခင္ ကန္ေတာ္ႀကီး၀င္ေပါက္နားေရာက္ေတာ့ ဒီေကာင္အတြဲတတြဲကို
လွမ္းၾကည့္ေနတယ္..ကြ်န္ေတာ္ ဒီေကာင္ကို ေမးေငါ့ျပလိုက္တယ္..ဘာလဲေပါ့..
“ ဟာ….ကိုရန္ႏိုင္… အဲဒါ ကြ်န္ေတာ့္ ညီမ တဲ့:.”.. ေျပးသြားဖို႔ျပင္တယ္…
ကြ်န္ေတာ္အျမန္ဆြဲထားလိုက္တယ္…” မင္းဘာသြားလုပ္မွာလဲ”…
ဒီေကာင္မ ပါးသြားရိုက္မယ္..ပထမႏွစ္ပဲရွိေသးလို႔ ရည္းစားမထားနဲ႔
ေျပာထားတာကို..”
ကြ်န္ေတာ္ဒီေကာင္ကို ၿပံဳးၿပီးၾကည့္ေနလိုက္တယ္..
“ဒီေခတ္ႀကီးမွာ ဒါေတြက မဆန္းေတာ့ပါဘူးကြာ”.လို႔ ေျပာလိုက္ေတာ့….
“ ဟာ….ဗ်ာ …..” တဲ့
…” လာစမ္းပါ ညီေလးရာ…. အေအးဆိုင္လိုက္ခဲ့ဆိုၿပီး ဇြတ္ဆြဲေခၚလာတယ္”…..
ဆိုင္ေရာက္ေတာ့ .. “ မင္းအဲေလာက္ျဖစ္မေနပါနဲ႔ကြာ..”ကြ်န္ေတာ္ေသခ်ာ
ေျပာလိုက္တာပါ ..အဲ့စကားကို…
“ အဲဒါ ကြ်န္ေတာ့္ ညီမေလး ဗ်” …
“ ဟိုေကာင္က မင္းညီမ ကို ကန္ေတာ္ႀကီးကေန တည္းခိုခန္းထပ္ေခၚသြားရင္
ဘယ္လိုလုပ္မလဲ” ……..
“ ကိုရန္ႏိုင္ ခင္ဗ်ားး ေတာ္ေတာ့ဗ်ာ………*….”: …..
ကြ်န္ေတာ္ဒီေကာင္ ပုခံုးကိုလွမ္းပုတ္လိုက္တယ္…..
“ ..မင္း ကိုယ္ခ်င္းစာတတ္ၿပီလား …ညီေလး” ….
မင္းအခုက်ေတာ့ ေစာ္ေတြမွာဒါေတြက မဆန္းေတာ့ဘူးလို႔ မေျပာေတာ့ဘူးလား??
ငါ မင္းကို မနက္ကတည္းက ရွင္းျပခ်င္ခဲ့တာ..ငါ့ကို စိတ္မဆိုးပါနဲ႔..
မင္းကို ကိုယ္ခ်င္းစာတတ္ေအာင္ ငါဒီစကားေတြကို ေသခ်ာေျပာလိုက္တာ…
“မင္းလည္း ဘြဲ႕ရပညာတတ္တစ္ေယာက္ပဲ ဒီေလာက္ဆိုမင္းလည္းနားလည္မွာပါ”…
အေအးဆိုင္မွာ ဒီေကာင္ငူငူႀကီးထိုင္ၿပီး ေခါင္းကိုတဇတ္ဇတ္ျငိမ့္ေနတယ္..ၿပီးေတာ့
ဆတ္ကနဲထလာၿပီး ကြ်န္ေတာ့္လက္ေမာင္းကို မနာေအာင္ လာထိုးတယ္….
“ကိုရန္ႏုိင္ႀကီး ခင္ဗ်ားးေျပာတတ္လိုက္တာဗ်ာ..” တဲ့..ၾကည့္လိုက္ေတာ့
ဒီေကာင္ မ်က္ရည္၀ိုင္းေနတယ္..ၿပီးေတာ့ ၿပံဳးၿပီး ကြ်န္ေတာ့္ကို ေျပာတယ္…
“ ကြ်န္ေတာ္ နားလည္ပါၿပီဗ်ာ… ကိုယ္ခ်င္းစာတတ္ပါၿပီဗ်ာ ….” တဲ့
ကြ်န္ေတာ္ဒီေကာင့္ လက္ေမာင္းကို ျပန္ထိုးလိုက္တယ္….
“ အဲ လို မွ ေပါ့ ကြာ”……………..
…………………………………………………..
(ဒီခ်ာတိတ္ကို ရွင္းျပသလို ခုေခတ္ ညီေလး၊ညီမေလးေတြကို ရွင္းျပခ်င္မိသည္..
ညီေလးေတြကို ကိုယ္ခ်င္းစာတတ္ေစခ်င္သည္..ညီမေလးေတြ ကိုယ့္ကိုကိုယ္
တန္ဖိုးထားတတ္ေစခ်င္သည္.(ကိုယ္က တန္ဖိုးရွိေအာင္ေနမွ သူမ်ားကလည္း
ကိုယ့္ကိုတန္ဖိုးထားမယ္)ဆိုတဲ့ စကားလည္းရွိပါသည္..) ..(တန္ဖိုးရွိ တန္ဖိုးသိတဲ့
လူငယ္မ်ား ျဖစ္ၾကပါေစ)


Credit:ရိုးႏိုင္စံ(ခ) ကိုရန္ႏိုင္

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကိုရန်နိုင် ကိုတခုလောက်မေးချင်လို့ပါ..ဟို ဟာ လေ တည်းခိုခန်းမဟုတ်ဘဲနဲ့
Section နဲ့နေလို့ရတဲ့အခန်းတွေ ရန်ကုန်ဘယ်နားတွေမှာရှိလဲလို့ သိချင်တာ”…..
ဒီကောင် စမေးကတည်းက ဘာကိုဆိုလိုချင်တယ် ဘာအတွက်လဲဆိုတာ
ကျွန်တော်သိလိုက်ပါတယ်.. ဒါပေမယ့် သိသိရက်နဲ့ သူ့ကိုမေးခွန်းပြန်ထုတ်လိုက်တယ်..
“ ညီလေး ဘာလုပ်ဖို့ရှိလို့လဲ” ဆိုတော့
“ဒီလိုပါ ကိုရန်နိုင်…. ဟိုတခါ အကို့ကို ကျွန်တော်ပြတဲ့ ကောင်မလေးလေ မှတ်မိလား..
Facebook မှာတွေ့တဲ့ ကောင်မလေး” .. အဲ့ စော်လေးက ကျွန်တော့်ကိုခိုက်နေတာ..
အပြင်မှာဆုံတာတော့ လေးငါးခါရှိပြီ .. သိပ်တော့မလှပါဘူး..
ဘာရယ်မဟုတ်ဘူး ကျွန်တော်လည်း အပျော်တွဲနေတာ..
(ဒီကောင် ပြောနေတာတွေကို စိတ်ထဲသိပ်တော့ ဘဝင်မကျတော့..ဒါပေမယ့်
ခေါင်းပဲညိတ်ပြပြီး ဆက်နားထောင်နေလိုက်တယ်..)
“မနေ့က ချိန်းတွေ့တဲ့အချိန် နမ်းပြီး ဟိုကိုင်ဒီကိုင်လုပ်တာတောင်အေးဆေးပဲ
ဒါပေမယ့် တည်းခိုခန်းသွားဖို့ ပြောတာတော့ ဘယ်လိုမှ မရဘူးအကို..
သူ့သိက္ခာသူထိန်းတာပဲလား သွားရမှာ ရှက်တာလား လူမြင်မှာကြောက်တာလား
ဘယ်လိုလဲတော့မသိဘူး ..တော်တော်လေးတော့ လိုက်လျောပါတယ်”..
Section နဲ့နေလို့ရတဲ့ ရိုးရိုးအခန်းဆိုရင် အဆင်ပြေမယ်ထင်လို့ ကိုရန်နိုင်..ဒါကြောင့်
“…..တော်တော့ ညီလေး…. မင်းဆက်မပြောနဲ့တော့”.ကျွန်တော့်အသံနဲနဲတော့ မာသွားတယ်
“မင်း မှားနေပြီ ညီလေးး..ကိုယ့်ကို ချစ်လို့လိုက်လျောတဲ့ မိန်းကလေးတစ်ယောက်ကို
မင်း အဲလိုတော့ မလုပ်သင့်ဘူး ညီလေး..ပြီးတော့ မင်း သူ့ကိုတကယ်ချစ်လို့
မင်းလက်ထပ်မယ့် မိန်းကလေးဆိုရင်တောင် ငါအဲဒီ တည်းခိုခန်းသွားမယ့် ကိစ္စကို
အဲလောက် ပြောမှာမဟုတ်ဘူး..ခု မင်းကသူ့ကို အပျော်တွဲတာ မလုပ်သင့်ပါဘူးကွာ”…
“ကိုရန်နိုင်ကြီးကတော့ ပြောပြီဗျာ..ခုခေတ်စော်တွေမှာ ဒါတွေက မဆန်းတော့ပါဘူးဗျာ”:..တဲ့
“မင်းပြောသလို ငါက ခေတ်နောက်ကျတာပဲဖြစ်မှာပေါ့..ငါ့ကို လာမတိုင်ပင်နဲ့တော့..
ငါ အားမပေးဘူး ညီလေး”.. တကယ်ဆိုဒီချာတိတ်ကို ဒီထက်ပိုရှင်းပြချင်သည်..
ဒါပေမယ့် ကိုယ်တိုင်လည်း စိတ်ညစ်နေတဲ့အချိန်မို့ ထပ်မပြောဖြစ်တော့..ခက်သည်…
……
နေ့ခင်း ထမင်းစားနေတဲ့အချိန် ဒီကောင်ဖုန်းထပ်ဆက်လာတယ်..ညနေပိုင်း
ကန်တော်ကြီးနားက M3 မှာ သီချင်းသွားဟဲမယ်ဆိုပြီး ပြောလာတယ်…
ဒါနဲ့ ညနေရောက်တော့ ကန်တော်ကြီးဘက် ဒိုးကြတာပေါ့….
M3 မရောက်ခင် ကန်တော်ကြီးဝင်ပေါက်နားရောက်တော့ ဒီကောင်အတွဲတတွဲကို
လှမ်းကြည့်နေတယ်..ကျွန်တော် ဒီကောင်ကို မေးငေါ့ပြလိုက်တယ်..ဘာလဲပေါ့..
“ ဟာ….ကိုရန်နိုင်… အဲဒါ ကျွန်တော့် ညီမ တဲ့:.”.. ပြေးသွားဖို့ပြင်တယ်…
ကျွန်တော်အမြန်ဆွဲထားလိုက်တယ်…” မင်းဘာသွားလုပ်မှာလဲ”…
ဒီကောင်မ ပါးသွားရိုက်မယ်..ပထမနှစ်ပဲရှိသေးလို့ ရည်းစားမထားနဲ့
ပြောထားတာကို..”
ကျွန်တော်ဒီကောင်ကို ပြုံးပြီးကြည့်နေလိုက်တယ်..
“ဒီခေတ်ကြီးမှာ ဒါတွေက မဆန်းတော့ပါဘူးကွာ”.လို့ ပြောလိုက်တော့….
“ ဟာ….ဗျာ …..” တဲ့
…” လာစမ်းပါ ညီလေးရာ…. အအေးဆိုင်လိုက်ခဲ့ဆိုပြီး ဇွတ်ဆွဲခေါ်လာတယ်”…..
ဆိုင်ရောက်တော့ .. “ မင်းအဲလောက်ဖြစ်မနေပါနဲ့ကွာ..”ကျွန်တော်သေချာ
ပြောလိုက်တာပါ ..အဲ့စကားကို…
“ အဲဒါ ကျွန်တော့် ညီမလေး ဗျ” …
“ ဟိုကောင်က မင်းညီမ ကို ကန်တော်ကြီးကနေ တည်းခိုခန်းထပ်ခေါ်သွားရင်
ဘယ်လိုလုပ်မလဲ” ……..
“ ကိုရန်နိုင် ခင်ဗျားး တော်တော့ဗျာ………*….”: …..
ကျွန်တော်ဒီကောင် ပုခုံးကိုလှမ်းပုတ်လိုက်တယ်…..
“ ..မင်း ကိုယ်ချင်းစာတတ်ပြီလား …ညီလေး” ….
မင်းအခုကျတော့ စော်တွေမှာဒါတွေက မဆန်းတော့ဘူးလို့ မပြောတော့ဘူးလား??
ငါ မင်းကို မနက်ကတည်းက ရှင်းပြချင်ခဲ့တာ..ငါ့ကို စိတ်မဆိုးပါနဲ့..
မင်းကို ကိုယ်ချင်းစာတတ်အောင် ငါဒီစကားတွေကို သေချာပြောလိုက်တာ…
“မင်းလည်း ဘွဲ့ရပညာတတ်တစ်ယောက်ပဲ ဒီလောက်ဆိုမင်းလည်းနားလည်မှာပါ”…
အအေးဆိုင်မှာ ဒီကောင်ငူငူကြီးထိုင်ပြီး ခေါင်းကိုတဇတ်ဇတ်ငြိမ့်နေတယ်..ပြီးတော့
ဆတ်ကနဲထလာပြီး ကျွန်တော့်လက်မောင်းကို မနာအောင် လာထိုးတယ်….
“ကိုရန်နိုင်ကြီး ခင်ဗျားးပြောတတ်လိုက်တာဗျာ..” တဲ့..ကြည့်လိုက်တော့
ဒီကောင် မျက်ရည်ဝိုင်းနေတယ်..ပြီးတော့ ပြုံးပြီး ကျွန်တော့်ကို ပြောတယ်…
“ ကျွန်တော် နားလည်ပါပြီဗျာ… ကိုယ်ချင်းစာတတ်ပါပြီဗျာ ….” တဲ့
ကျွန်တော်ဒီကောင့် လက်မောင်းကို ပြန်ထိုးလိုက်တယ်….
“ အဲ လို မှ ပေါ့ ကွာ”……………..
…………………………………………………..
(ဒီချာတိတ်ကို ရှင်းပြသလို ခုခေတ် ညီလေး၊ညီမလေးတွေကို ရှင်းပြချင်မိသည်..
ညီလေးတွေကို ကိုယ်ချင်းစာတတ်စေချင်သည်..ညီမလေးတွေ ကိုယ့်ကိုကိုယ်
တန်ဖိုးထားတတ်စေချင်သည်.(ကိုယ်က တန်ဖိုးရှိအောင်နေမှ သူများကလည်း
ကိုယ့်ကိုတန်ဖိုးထားမယ်)ဆိုတဲ့ စကားလည်းရှိပါသည်..) ..(တန်ဖိုးရှိ တန်ဖိုးသိတဲ့
လူငယ်များ ဖြစ်ကြပါစေ)


Credit:ရိုးနိုင်စံ(ခ) ကိုရန်နိုင်



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top