iMyanmarHouse.com - Best Property Website for Myanmar
×

အကယ္၍ လူမ်ား က်န္းမာေရးႏွင့္ညီေသာ ကိုယ္အေလးခ်ိန္ ကို ထိန္းသိမ္းၿပီး အရက္မေသာက္ပါက အစာလမ္းေၾကာင္း ကင္ ဆာေရာဂါျဖစ္ပြားမႈ သံုးပံုတစ္ပံု ေလ်ာ့က်သြားႏုိင္ေၾကာင္း ကင္ဆာ ေရာဂါပညာရွင္မ်ားက ေျပာသည္။

အရက္ေသာက္ျခင္းႏွင့္ ကိုယ္အေလးခ်ိန္ ပုိမ်ားေနျခင္း ေၾကာင့္ အစာလမ္းေၾကာင္းကင္ဆာႏွစ္မ်ိဳး ျဖစ္ႏုိင္ေျခ
 ျမင့္မားလာႏုိင္ေၾကာင္း ေလ့လာမႈအသစ္တစ္ခုက သတိေပးသည္။ကင္ဆာေရာဂါျဖစ္ပြားႏိုင္သည့္ အႏၲရာယ္မ်ားကို ေလွ်ာ့ခ်ရန္ လူေနမႈဘ၀ပံုစံမ်ား ေျပာင္းလဲရန္ အေရးႀကီးေၾကာင္း ယခုေလ့လာ မႈက ေဖာ္ျပသည္။

အ၀လြန္ျခင္းေၾကာင့္ ကင္ဆာေရာဂါ ၁၁ မ်ိဳး ျဖစ္ႏိုင္သည့္ အႏၲရာယ္ျမင့္မားၿပီး အရက္ေသာက္ျခင္းေၾကာင့္ ကင္ဆာေရာဂါ ေျခာက္မ်ိဳးျဖစ္ႏိုင္သည့္ အႏၲရာယ္ရွိေၾကာင္း အေမရိကန္ကင္ဆာ သုေတသနအဖဲြ႕ AICR မွ အာဟာရပညာရွင္ အဲလစ္ဘန္ဒါက ေျပာ သည္။

ခႏၶာကိုယ္ၫႊန္းကိန္း BM၊ ငါးမွတ္ပိုမ်ားလာပါက အစာလမ္း ေၾကာင္းကင္ဆာ ျဖစ္ပြားႏိုင္သည့္အႏၲရာယ္ ၄၈ ရာခိုင္ႏႈန္း ပုိမ်ား လာေၾကာင္း သုေတသီမ်ားက ေလ့လာေတြ႕ရွိခဲ့သည္။

တစ္ေန႔လွ်င္ အရက္ ၁၀ ဂရမ္ ေန႔စဥ္ေသာက္သံုးသူမ်ားသည္ အစာလမ္းေၾကာင္းကင္ဆာ ျဖစ္ပြားႏိုင္သည့္အႏၲရာယ္ ၂၅ ရာခိုင္ ႏႈန္း ပိုမ်ားေၾကာင္း သုေတသီမ်ားက ေျပာသည္။

အရက္ ၁၀ ဂရမ္သည္ ၀ိုင္ (သို႔မဟုတ္) ဘီယာတစ္ခြက္ႏွင့္ ညီမွ်သည္။

ထို႔ျပင္ အရက္ေသာက္ျခင္းေၾကာင့္ ကိုယ္အေလးခ်ိန္ ျမင့္တက္ လာႏိုင္ၿပီး ကိုယ္အေလးခ်ိန္ျမင့္တက္ေနမႈကို အရက္ေသာက္ျခင္း က ပို၍ ဆိုးရြားလာေစႏုိင္သည္။

သို႔ေသာ္ ယင္းအႏၲရာယ္မ်ား ေလွ်ာ့ခ်ႏုိင္သည့္ အရက္ေသာက္ သံုးမႈကို ကန္႔သတ္ၿပီး အသီးအရြက္ႏွင့္ အျခားအပင္ထြက္ အစား အစာမ်ားစားကာ ကိုယ္လက္လႈပ္ရွားမႈပံုမွန္လုပ္ၿပီး ကိုယ္အေလး ခ်ိန္ထိန္းျခင္းျဖင့္ ယင္းအႏၲရာယ္မ်ားကို ကာကြယ္ႏုိင္သည္ဟု သု ေတသီမ်ားက ေျပာသည္။

Credit: 7 Day Daily

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

 အကယ်၍ လူများ ကျန်းမာရေးနှင့်ညီသော ကိုယ်အလေးချိန် ကို ထိန်းသိမ်းပြီး အရက်မသောက်ပါက အစာလမ်းကြောင်း ကင် ဆာရောဂါဖြစ်ပွားမှု သုံးပုံတစ်ပုံ လျော့ကျသွားနိုင်ကြောင်း ကင်ဆာ ရောဂါပညာရှင်များက ပြောသည်။

အရက်သောက်ခြင်းနှင့် ကိုယ်အလေးချိန် ပိုများနေခြင်း ကြောင့် အစာလမ်းကြောင်းကင်ဆာနှစ်မျိုး ဖြစ်နိုင်ခြေ

 မြင့်မားလာနိုင်ကြောင်း လေ့လာမှုအသစ်တစ်ခုက သတိပေးသည်။ကင်ဆာရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ်များကို လျှော့ချရန် လူနေမှုဘဝပုံစံများ ပြောင်းလဲရန် အရေးကြီးကြောင်း ယခုလေ့လာ မှုက ဖော်ပြသည်။

အဝလွန်ခြင်းကြောင့် ကင်ဆာရောဂါ ၁၁ မျိုး ဖြစ်နိုင်သည့် အန္တရာယ်မြင့်မားပြီး အရက်သောက်ခြင်းကြောင့် ကင်ဆာရောဂါ ခြောက်မျိုးဖြစ်နိုင်သည့် အန္တရာယ်ရှိကြောင်း အမေရိကန်ကင်ဆာ သုတေသနအဖွဲ့ AICR မှ အာဟာရပညာရှင် အဲလစ်ဘန်ဒါက ပြော သည်။

ခန္ဓာကိုယ်ညွှန်းကိန်း BM၊ ငါးမှတ်ပိုများလာပါက အစာလမ်း ကြောင်းကင်ဆာ ဖြစ်ပွားနိုင်သည့်အန္တရာယ် ၄၈ ရာခိုင်နှုန်း ပိုများ လာကြောင်း သုတေသီများက လေ့လာတွေ့ရှိခဲ့သည်။

တစ်နေ့လျှင် အရက် ၁၀ ဂရမ် နေ့စဉ်သောက်သုံးသူများသည် အစာလမ်းကြောင်းကင်ဆာ ဖြစ်ပွားနိုင်သည့်အန္တရာယ် ၂၅ ရာခိုင် နှုန်း ပိုများကြောင်း သုတေသီများက ပြောသည်။

အရက် ၁၀ ဂရမ်သည် ဝိုင် (သို့မဟုတ်) ဘီယာတစ်ခွက်နှင့် ညီမျှသည်။

ထို့ပြင် အရက်သောက်ခြင်းကြောင့် ကိုယ်အလေးချိန် မြင့်တက် လာနိုင်ပြီး ကိုယ်အလေးချိန်မြင့်တက်နေမှုကို အရက်သောက်ခြင်း က ပို၍ ဆိုးရွားလာစေနိုင်သည်။

သို့သော် ယင်းအန္တရာယ်များ လျှော့ချနိုင်သည့် အရက်သောက် သုံးမှုကို ကန့်သတ်ပြီး အသီးအရွက်နှင့် အခြားအပင်ထွက် အစား အစာများစားကာ ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ပြီး ကိုယ်အလေး ချိန်ထိန်းခြင်းဖြင့် ယင်းအန္တရာယ်များကို ကာကွယ်နိုင်သည်ဟု သု တေသီများက ပြောသည်။

Credit: 7 Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top