iMyanmarHouse.com - Best Property Website for Myanmar
×

လူတစ္ေယာက္ေယာက္က သင့္ကို မနက္ပိုင္းမွာ အေစာဆံုး အစားအစာ အျဖစ္ သံပယိုရည္ ေႏြးေႏြးေလး(Warm Lemon Water) ကို ေသာက္သံုးသင့္တယ္လို႔ ေျပာလာခဲ့ရင္ေတာ့ အဲဒါဟာ မမွားပါဘူး။ သံပယို(Lemon) ဟာ အရသာ ရွိသလိုပဲ အာဟာရ ျဖစ္ေစတဲ့ ဓါတ္ေတြလည္း အမ်ားႀကီးပါ၀င္ပါတယ္။ သင္အိပ္ရာ ကႏိုးႏိုးခ်င္းမွာတင္ သံပုယိုရည္ ကို ေသာက္သံုးျခင္းဟာ သင့္ရဲ႕ က်န္းမာေရးအတြက္ ေရရွည္ ေကာင္းမြန္လာေစမွာပါ။

၁။ အစာေခ်ဖ်က္ျခင္းကို ကူညီေပးပါတယ္

သံပယို မွာ သတၱဳဓါတ္ေတြနဲ႔ ဗီတာမင္ေတြမ်ားစြာပါ၀င္တဲ့အတြက္ အစာေခ်ဖ်က္ျခင္းကရတဲ့ အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။ ဒါေၾကာင့္ကၽြမ္းက်င္သူေတြက သံပယိုရည္ေႏြးေႏြးေလးကို မနက္ေစာေစာမွာ ေသာက္တာဟာ အစာအိမ္ရဲ႕ လႈပ္ရွားမႈေတြကို လံႈ႕ေဆာ္ေပးတယ္လို႔ သိရပါတယ္။

၂။ ကိုယ္အေလးခ်ိန္ေလ်ာ့က်ေစပါတယ္

သံပယို နဲ႔ ပ်ားရည္ကို ေႏြးေႏြး ေလး ေဖ်ာ္စပ္ၿပီး မနက္ေစာေစာမွာ ေသာက္သံုးတာဟာ ကိုယ္အေလးခ်ိန္ေလ်ာ့က်ေစဖို႔ နည္းလမ္းေကာင္းပါ။ သံပယိုမွာပါ၀င္တဲ့ ဖိုင္ဘာေတြဟာ အစာအိမ္အတြင္း က ဗိုက္ဆာေစတဲ့ အရည္ေတြကို ဖယ္ရွားေပးတဲ့အတြက္ ကိုယ္အေလးခ်ိန္ေလ်ာ့ခ်လိုသူေတြအတြက္လည္း အသံုး၀င္ပါတယ္။

၃။ အသားအေရ ကိုၾကည္လင္ေစပါတယ္

သံပယိုဟာ ေသြးေၾကာထဲက အဆိပ္အေတာက္ေတြကိုသာ ဖယ္ရွားေပးရံုတင္မကပဲ ေသြးေၾကာဆဲလ္ အသစ္ေတြကို လည္း ဖန္တီးေပးႏိုင္ပါတယ္။ ဒါေၾကာင့္ ပ်ားရည္နဲ႔သာ ေရာစပ္ၿပီးေသာက္သံုးမယ္ဆိုရင္ေတာ့ သင့္အေရျပားေတြကို ထိန္းသိမ္းေပးၿပီး ဘက္တီးရီးယား ေတြကို ကင္းစင္ေစပါတယ္။

၄။ ကိုယ္ခံအား ေကာင္းေစပါတယ္

သံပယိုမွာ ဗီတာမင္ စီ ပါ၀င္တဲ့အတြက္ ခႏၶာကိုယ္ကထုတ္လုပ္တဲ့ ခၽြဲ ၊ သလိပ္ ပမာဏ ကိုေလ်ာ့နည္းသြားေစၿပီး ပိုတက္ဆီယမ္ ပါ၀င္တဲ့အတြက္လည္း အာရံုေၾကာစနစ္နဲ႔ ေသြးဖိအား ထိန္းခ်ဳပ္မႈေတြကို ကူညီေပးႏိုင္ပါတယ္။

၅။ အဆိပ္အေတာက္ေျပေစပါတယ္

အေစာက ေျပာခဲ့သလိုပဲ သံပယိုဟာ အစာေခ်ဖ်က္ျခင္းစနစ္ကို ေကာင္းမြန္ေစတဲ့ အျပင္ သင့္ရဲ႕ ဆီးသြားျခင္းကို လည္း ေကာင္းမြန္ေစႏိုင္ပါတယ္။ သံပယိုမွာပါ၀င္တဲ့ Citric Acid ဟာ အသည္း ကိုလံႈ႔ေဆာင္ေပးႏိုင္တဲ့အတြက္လည္း အဆိပ္အေတာက္ေတြ ကင္းစင္ေစႏိုင္တာျဖစ္တယ္လို႔ သိရပါတယ္။

Credit: Thithtoolwin

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

လူတစ်ယောက်ယောက်က သင့်ကို မနက်ပိုင်းမှာ အစောဆုံး အစားအစာ အဖြစ် သံပယိုရည် နွေးနွေးလေး(Warm Lemon Water) ကို သောက်သုံးသင့်တယ်လို့ ပြောလာခဲ့ရင်တော့ အဲဒါဟာ မမှားပါဘူး။ သံပယို(Lemon) ဟာ အရသာ ရှိသလိုပဲ အာဟာရ ဖြစ်စေတဲ့ ဓါတ်တွေလည်း အများကြီးပါဝင်ပါတယ်။ သင်အိပ်ရာ ကနိုးနိုးချင်းမှာတင် သံပုယိုရည် ကို သောက်သုံးခြင်းဟာ သင့်ရဲ့ ကျန်းမာရေးအတွက် ရေရှည် ကောင်းမွန်လာစေမှာပါ။

၁။ အစာချေဖျက်ခြင်းကို ကူညီပေးပါတယ်

သံပယို မှာ သတ္တုဓါတ်တွေနဲ့ ဗီတာမင်တွေများစွာပါဝင်တဲ့အတွက် အစာချေဖျက်ခြင်းကရတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့်ကျွမ်းကျင်သူတွေက သံပယိုရည်နွေးနွေးလေးကို မနက်စောစောမှာ သောက်တာဟာ အစာအိမ်ရဲ့ လှုပ်ရှားမှုတွေကို လှုံ့ဆော်ပေးတယ်လို့ သိရပါတယ်။

၂။ ကိုယ်အလေးချိန်လျော့ကျစေပါတယ်

သံပယို နဲ့ ပျားရည်ကို နွေးနွေး လေး ဖျော်စပ်ပြီး မနက်စောစောမှာ သောက်သုံးတာဟာ ကိုယ်အလေးချိန်လျော့ကျစေဖို့ နည်းလမ်းကောင်းပါ။ သံပယိုမှာပါဝင်တဲ့ ဖိုင်ဘာတွေဟာ အစာအိမ်အတွင်း က ဗိုက်ဆာစေတဲ့ အရည်တွေကို ဖယ်ရှားပေးတဲ့အတွက် ကိုယ်အလေးချိန်လျော့ချလိုသူတွေအတွက်လည်း အသုံးဝင်ပါတယ်။

၃။ အသားအရေ ကိုကြည်လင်စေပါတယ်

သံပယိုဟာ သွေးကြောထဲက အဆိပ်အတောက်တွေကိုသာ ဖယ်ရှားပေးရုံတင်မကပဲ သွေးကြောဆဲလ် အသစ်တွေကို လည်း ဖန်တီးပေးနိုင်ပါတယ်။ ဒါကြောင့် ပျားရည်နဲ့သာ ရောစပ်ပြီးသောက်သုံးမယ်ဆိုရင်တော့ သင့်အရေပြားတွေကို ထိန်းသိမ်းပေးပြီး ဘက်တီးရီးယား တွေကို ကင်းစင်စေပါတယ်။

၄။ ကိုယ်ခံအား ကောင်းစေပါတယ်

သံပယိုမှာ ဗီတာမင် စီ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ကထုတ်လုပ်တဲ့ ချွဲ ၊ သလိပ် ပမာဏ ကိုလျော့နည်းသွားစေပြီး ပိုတက်ဆီယမ် ပါဝင်တဲ့အတွက်လည်း အာရုံကြောစနစ်နဲ့ သွေးဖိအား ထိန်းချုပ်မှုတွေကို ကူညီပေးနိုင်ပါတယ်။

၅။ အဆိပ်အတောက်ပြေစေပါတယ်

အစောက ပြောခဲ့သလိုပဲ သံပယိုဟာ အစာချေဖျက်ခြင်းစနစ်ကို ကောင်းမွန်စေတဲ့ အပြင် သင့်ရဲ့ ဆီးသွားခြင်းကို လည်း ကောင်းမွန်စေနိုင်ပါတယ်။ သံပယိုမှာပါဝင်တဲ့ Citric Acid ဟာ အသည်း ကိုလှုံ့ဆောင်ပေးနိုင်တဲ့အတွက်လည်း အဆိပ်အတောက်တွေ ကင်းစင်စေနိုင်တာဖြစ်တယ်လို့ သိရပါတယ်။

Credit: Thithtoolwin


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top