iMyanmarHouse.com - Best Property Website for Myanmar
×





Credit : thithtoolwin



#Unicode Version

စိတ်ပိုင်းစိတ်ရာကုထုံးဆေးတွေကို ကိုယ်ဝန်ဆောင်စဉ် အစောပိုင်းကာလတွေမှာ သောက်သုံးတာက မွေးဖွားရာမှာ ချို့တဲ့တာ အဆင်မပြေတာတွေ ဖြစ်စေတဲ့နှုန်းကို သိသိသာသာ တိုးစေတာမျိုး မတွေ့ရဘူးဆိုတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။

တကယ်တော့ ဖြစ်နိုင်ရင် ကိုယ်ဝန်ဆောင်စဉ်ကာလတွေမှာ ဘာဆေးမှ မသောက်သုံးတာက အကောင်းဆုံးပါပဲ။ဒါပေမယ့် ကိုယ်ဝန်ဆောင်မိခင်မှာ စိတ်ကစဥ့်ကလျားရောဂါ ဒါမှမဟုတ် စိတ်ကျရောဂါ ခံစားနေရတယ်ဆိုရင်တော့ ကုထုံးအတွက် ဆေးတွေ သောက်ရမှာ အမှန်ပါပဲ။

ဒါဆိုရင် သန္ဓေသားဖွံ့ဖြိုးမှုအတွက် စိတ်ချရပါ့မလား?

ဒါကြောင့် ကိုယ်ဝန်ဆောင် ၁.၃ သန်းကို လေ့လာကြည့်တဲ့အခါမှာ သုံးနေကျ စိတ်ကုထုံးဆေးတွေနဲ့ အသစ်ထုတ်လုပ်တဲ့ ဆေးတွေက သန္ဓေသားအပေါ်သက်ရောက်မှု အနည်းငယ်သာရှိတာကို တွေ့ရှိခဲ့ပါတယ်။
စိတ်ကုထုံးဆေးတွေ သောက်သုံးတဲ့ မိခင်တွေနဲ့ ကျန်းမာတဲ့မိခင်တွေ တွေ့ကြုံရတဲ့ သန္ဓေသားဖွံ့ဖြိုးမှုတွေ ၊ မွေးဖွားစဉ် ကြုံတွေ့ရမယ့် အခက်အခဲတွေက ကွာခြားတာ သိပ်မရှိပေမယ့် ဆေးသောက်ရမယ်ဆိုရင်တော့ ကျွမ်ကျင်တဲ့ ဆရာဝန်တွေရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာဖို့ လိုအပ်ပါတယ်။

Credit : thithtoolwin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top