iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္ႏွာေပၚကဝက္ျခံံေတြဟာ ဘယ္သူမွမလိုခ်င္တဲ့အရာေတြပါ။ ကိုယ့္ရဲ႕မ်က္ႏွာလွလွေလးကို ဝက္ျခံေတြက ဖံုးကြယ္ထားတာကို မႀကိဳက္ဘူးဆုိရင္ အိမ္မွာပဲအလြယ္တူ ေျဖ႐ွင္းလိုက္လို႔ရပါတယ္။ လိုအပ္တာေတြကေတာ့ သၾကား၊ လက္ဖက္ေျခာက္အိတ္၊ ပန္းသီးဗီနီဂါနဲ႔ ပ်ားရည္တုိ႔ပဲျဖစ္ပါတယ္။

၁။ ခြက္တစ္ခုထဲကို ပန္းသီးဗီနီဂါ လက္ဖက္စားဇြန္း ၁ ဇြန္း ထည့္ပါ။

၂။ လက္ဖက္ေျခာက္အိတ္ေလးကို ေရေအးနဲ႔စိမ္ထားၿပီး အေအးခံထားပါ။ လက္ဖက္စားဇြန္း ၂ ဇြန္းစာကို ခြက္ထဲထပ္ထည့္ပါ။

၃။ သၾကား လက္ဖက္စားဇြန္း ၅ ဇြန္း ေလာင္းထည့္ပါ။ အရမ္းက်ဲေနေသးတယ္ဆုိရင္ေတာ့ သၾကားနည္းနည္းပိုထည့္လို႔ရပါတယ္။

၄။ ေနာက္ဆံုးမွာ ပ်ားရည္ လက္ဖက္စားဇြန္း ၁ ဇြန္း ထပ္ထည့္လိုက္ပါ။

ခြက္ထဲမွာထည့္ထားတာေတြကို သမေအာင္ေမႊေပးၿပီးရင္ ေပါင္းတင္ဖုိ႔ အသင့္ျဖစ္ပါၿပီ။ ဂြမ္းေလးနဲ႔ယူၿပီး မ်က္ႏွာေပၚကို ၁ မိနစ္ခန္႔ အသာအယာ ပြတ္လိမ္းေပးပါ။ စက္ဝိုင္းပံုစံပြတ္လိမ္းေပးရမွာ ျဖစ္ပါတယ္။ ဒီလိုဆုိရင္ မ်က္ႏွာေပၚက ဆဲလ္ေသေတြကို ဖယ္႐ွားႏိုင္မွာပါ။ ၿပီးရင္ ၁၀ မိနစ္ ဆက္ထားၿပီးမွ ေရနဲ႔မ်က္ႏွာျပန္သစ္လိုက္ရံုပါပဲ။ တစ္ပတ္ကို ၂ ႀကိမ္ ပံုမွန္လုပ္ေပး႐ံုနဲ႔ ဝက္ျခံေတြ သိသိသာသာေလ်ာ့သြားၿပီး ၾကည္လင္ဝင္းပတဲ့မ်က္ႏွာေလးကို ေငြကုန္ေၾကးက်မမ်ားဘဲ ရ႐ွိပိုင္ဆိုင္ႏိုင္မွာျဖစ္ပါတယ္။

Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

မျက်နှာပေါ်ကဝက်ခြံံတွေဟာ ဘယ်သူမှမလိုချင်တဲ့အရာတွေပါ။ ကိုယ့်ရဲ့မျက်နှာလှလှလေးကို ဝက်ခြံတွေက ဖုံးကွယ်ထားတာကို မကြိုက်ဘူးဆိုရင် အိမ်မှာပဲအလွယ်တူ ဖြေရှင်းလိုက်လို့ရပါတယ်။ လိုအပ်တာတွေကတော့ သကြား၊ လက်ဖက်ခြောက်အိတ်၊ ပန်းသီးဗီနီဂါနဲ့ ပျားရည်တို့ပဲဖြစ်ပါတယ်။

၁။ ခွက်တစ်ခုထဲကို ပန်းသီးဗီနီဂါ လက်ဖက်စားဇွန်း ၁ ဇွန်း ထည့်ပါ။

၂။ လက်ဖက်ခြောက်အိတ်လေးကို ရေအေးနဲ့စိမ်ထားပြီး အအေးခံထားပါ။ လက်ဖက်စားဇွန်း ၂ ဇွန်းစာကို ခွက်ထဲထပ်ထည့်ပါ။

၃။ သကြား လက်ဖက်စားဇွန်း ၅ ဇွန်း လောင်းထည့်ပါ။ အရမ်းကျဲနေသေးတယ်ဆိုရင်တော့ သကြားနည်းနည်းပိုထည့်လို့ရပါတယ်။

၄။ နောက်ဆုံးမှာ ပျားရည် လက်ဖက်စားဇွန်း ၁ ဇွန်း ထပ်ထည့်လိုက်ပါ။

ခွက်ထဲမှာထည့်ထားတာတွေကို သမအောင်မွှေပေးပြီးရင် ပေါင်းတင်ဖို့ အသင့်ဖြစ်ပါပြီ။ ဂွမ်းလေးနဲ့ယူပြီး မျက်နှာပေါ်ကို ၁ မိနစ်ခန့် အသာအယာ ပွတ်လိမ်းပေးပါ။ စက်ဝိုင်းပုံစံပွတ်လိမ်းပေးရမှာ ဖြစ်ပါတယ်။ ဒီလိုဆိုရင် မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားနိုင်မှာပါ။ ပြီးရင် ၁၀ မိနစ် ဆက်ထားပြီးမှ ရေနဲ့မျက်နှာပြန်သစ်လိုက်ရုံပါပဲ။ တစ်ပတ်ကို ၂ ကြိမ် ပုံမှန်လုပ်ပေးရုံနဲ့ ဝက်ခြံတွေ သိသိသာသာလျော့သွားပြီး ကြည်လင်ဝင်းပတဲ့မျက်နှာလေးကို ငွေကုန်ကြေးကျမများဘဲ ရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top