iMyanmarHouse.com - Best Property Website for Myanmar
×

ေရေမႊးေတြကို လူေတြက ကုန္သြားတဲ့အထိသုံးတတ္ၾကျပီး မေကာင္းေတာ့လုိ႔ လႊင့္ပစ္သင့္တဲ့ပစၥည္းတစ္ခုျဖစ္သြားတတ္တယ္လုိ႔ ဘယ္တုန္းကမွ မထင္ခဲ့ပါဘူး။ တကယ္ေတာ့ ေရေမႊးက အခ်ိန္တစ္ခုၾကာျပီးေနာက္မွာ သုံးဖို႔မေကာင္းေတာ့တာမ်ဳိး ျဖစ္တတ္ပါတယ္။

ေယဘုယ်အားျဖင့္ ကိုယ့္ရဲ႕ေရေမႊးကို ဝယ္ျပီးလို႔ ၅ ႏွစ္ေလာက္အၾကာမွာ အေရာင္ သို႔မဟုတ္ အန႔ံေျပာင္းလဲမႈရွိမရွိကို စစ္ေဆးရပါမယ္။ ဝယ္တုန္းကလုိ မဟုတ္ေတာ့ဘဲ အေရာင္ သို႔မဟုတ္ အနံ႔တစ္ခုခုေျပာင္းလဲေနျပီဆုိရင္ အဲ့ဒီေရေမႊးက လုံးဝမေကာင္းေတာ့ပါဘူး။ ေရေမႊးပညာရွင္ Will Yin က ေရေမႊးတစ္ခုရဲ႕ အနံ႔အေျပာင္းအလဲက ေရေမႊးအမ်ဳိးအစားေပၚမူတည္ပါတယ္လို႔ ဆုိပါတယ္။

ေရေမႊးတစ္ခုရဲ႕အနံ႔က ထုတ္လုပ္တဲ့ စနစ္အရ ေျပာင္းလဲတတ္တာပါ။ လူေတြဖန္တီးတဲ့ ဓာတုပစၥည္းနဲ႔လုပ္ထားတဲ့ေရေမႊးေတြက အနံံ႔အၾကာၾကီးပုိခံပါတယ္။ ဒါေပမဲ့ သဘာဝပစၥည္းေတြကေနထုတ္လုပ္ထားခဲ့ရင္ ျမန္ျမန္ပိုျပီး ရနံ႔ျပယ္တတ္ပါတယ္။ ဒါေၾကာင့္ ေမႊးရနံ႔ရွိေသးလားဆုိတာကို ရွဴရႈိက္ၾကည့္ဖို႔ အေရးၾကီးပါတယ္။ သဘာဝအဆီအႏွစ္ေတြကေနထုတ္လုပ္ထားတဲ့ ေရေမႊးနဲ႔ ဓာတုပစၥည္းေတြကေန ထုတ္လုပ္ထားတဲ့ ပစၥည္းေတြရဲ႕ ကြာျခားခ်က္က ဓာတုအေမႊးန႔ံနဲ႔လုပ္ထားတဲ့ေရေမႊးေတြက အနံ႔ေျပာင္းလဲမႈမရွိဘဲ အခ်ိန္အၾကာၾကီးပိုခံတာပဲျဖစ္ပါတယ္။

သဘာဝပစၥည္းေတြနဲ႔လုပ္ထားတဲ့ ေရေမႊးကေတာ့ ရာသီဥတု၊ ပါဝင္ပစၥည္းေတြရဲ႕ ေပါက္ပြားမႈေတြေၾကာင့္ ရနံ႔အနည္းငယ္ကြဲလြဲမႈရွိတတ္ပါတယ္။ ေရေမႊးရဲ႕သက္တမ္းကုိ ပိုျပီးၾကာရွည္ခံေစခ်င္တယ္ဆုိရင္ ေနေရာင္တုိက္ရိုက္မထိႏုိင္တဲ့ ေအးျမျပီးအရိပ္က်တဲ့ေနရာမွာထားသင့္ပါတယ္လုိ႔ Yin ကဆုိပါတယ္။ ေနာက္ထပ္ေရေမႊးပညာရွင္တစ္ဦးျဖစ္တဲ့ Marie Claire က ေရေမႊးကုိ လတ္ဆတ္ျပီး အခ်ိန္ၾကာၾကာ အေမႊးနံ႔မပ်ယ္ေစခ်င္ဘူးဆုိရင္ ေရခဲေသတၱာထဲမွာထားရင္ အေကာင္းဆုံးလို႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာၾကားခဲ့ပါတယ္။

Credit :Ternd Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ရေမွှေးတွေကို လူတွေက ကုန်သွားတဲ့အထိသုံးတတ်ကြပြီး မကောင်းတော့လို့ လွှင့်ပစ်သင့်တဲ့ပစ္စည်းတစ်ခုဖြစ်သွားတတ်တယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး။ တကယ်တော့ ရေမွှေးက အချိန်တစ်ခုကြာပြီးနောက်မှာ သုံးဖို့မကောင်းတော့တာမျိုး ဖြစ်တတ်ပါတယ်။

ယေဘုယျအားဖြင့် ကိုယ့်ရဲ့ရေမွှေးကို ဝယ်ပြီးလို့ ၅ နှစ်လောက်အကြာမှာ အရောင် သို့မဟုတ် အနံ့ပြောင်းလဲမှုရှိမရှိကို စစ်ဆေးရပါမယ်။ ဝယ်တုန်းကလို မဟုတ်တော့ဘဲ အရောင် သို့မဟုတ် အနံ့တစ်ခုခုပြောင်းလဲနေပြီဆိုရင် အဲ့ဒီရေမွှေးက လုံးဝမကောင်းတော့ပါဘူး။ ရေမွှေးပညာရှင် Will Yin က ရေမွှေးတစ်ခုရဲ့ အနံ့အပြောင်းအလဲက ရေမွှေးအမျိုးအစားပေါ်မူတည်ပါတယ်လို့ ဆိုပါတယ်။

ရေမွှေးတစ်ခုရဲ့အနံ့က ထုတ်လုပ်တဲ့ စနစ်အရ ပြောင်းလဲတတ်တာပါ။ လူတွေဖန်တီးတဲ့ ဓာတုပစ္စည်းနဲ့လုပ်ထားတဲ့ရေမွှေးတွေက အနံံ့အကြာကြီးပိုခံပါတယ်။ ဒါပေမဲ့ သဘာဝပစ္စည်းတွေကနေထုတ်လုပ်ထားခဲ့ရင် မြန်မြန်ပိုပြီး ရနံ့ပြယ်တတ်ပါတယ်။ ဒါကြောင့် မွှေးရနံ့ရှိသေးလားဆိုတာကို ရှူရှိုက်ကြည့်ဖို့ အရေးကြီးပါတယ်။ သဘာဝအဆီအနှစ်တွေကနေထုတ်လုပ်ထားတဲ့ ရေမွှေးနဲ့ ဓာတုပစ္စည်းတွေကနေ ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေရဲ့ ကွာခြားချက်က ဓာတုအမွှေးနံ့နဲ့လုပ်ထားတဲ့ရေမွှေးတွေက အနံ့ပြောင်းလဲမှုမရှိဘဲ အချိန်အကြာကြီးပိုခံတာပဲဖြစ်ပါတယ်။

သဘာဝပစ္စည်းတွေနဲ့လုပ်ထားတဲ့ ရေမွှေးကတော့ ရာသီဥတု၊ ပါဝင်ပစ္စည်းတွေရဲ့ ပေါက်ပွားမှုတွေကြောင့် ရနံ့အနည်းငယ်ကွဲလွဲမှုရှိတတ်ပါတယ်။ ရေမွှေးရဲ့သက်တမ်းကို ပိုပြီးကြာရှည်ခံစေချင်တယ်ဆိုရင် နေရောင်တိုက်ရိုက်မထိနိုင်တဲ့ အေးမြပြီးအရိပ်ကျတဲ့နေရာမှာထားသင့်ပါတယ်လို့ Yin ကဆိုပါတယ်။ နောက်ထပ်ရေမွှေးပညာရှင်တစ်ဦးဖြစ်တဲ့ Marie Claire က ရေမွှေးကို လတ်ဆတ်ပြီး အချိန်ကြာကြာ အမွှေးနံ့မပျယ်စေချင်ဘူးဆိုရင် ရေခဲသေတ္တာထဲမှာထားရင် အကောင်းဆုံးလို့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

Credit :Ternd Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top