iMyanmarHouse.com - Best Property Website for Myanmar
×

ေအာင္ျမင္ေပ်ာ္ရႊင္တဲ့ မိသားစုဘ၀ကို ပိုင္ဆိုင္ထားသူကေတာ့ ပရိသတ္အမ်ားရဲ႕ အခ်စ္ကို ယခုထိတုိင္ရရွိေနဆဲ ျဖစ္တဲ့ အကယ္ဒမီ အိျႏၵာေက်ာ္ဇင္ပဲျဖစ္ပါတယ္။ သူမဟာ မၾကာေသးခင္ကမွ Singapore Tourism Board အစီအစဥ္နဲ႕မိသားစုလုိက္ စင္ကာပူကုိ သြားေရာက္လည္ပတ္ခဲ့ကာ ဟိုမွာရွိတဲ့ စင္ကာပူေရာက္ျမန္မာလူမ်ိဳးေတြနဲ႕ေတြ႕ဆံုခဲ့တယ္လို႕လဲသိရပါတယ္။ ဒါ့အျပင္ အႏုပညာနဲ႕ပတ္သက္တဲ့ စီးပြားေရးလုပ္ငန္းအျဖစ္ သုျဒာ ရုပ္ရွင္ထုတ္လုပ္ေရးကုိ လဲ လုပ္ေနၿပီျဖစ္တာေၾကာင့္ အဆိုပါ ထုတ္လုပ္ေရးနဲ႕ပတ္သက္ၿပီး သိလုိသမွ်ကုိ ေမးျမန္းျဖစ္တဲ့အခါ

"ထုတ္လုပ္ေရးနဲ႕ပတ္သက္ၿပီး ပထမဆံုးေျခလွမ္းက Reflection ဆိုတဲ့ ရုပ္ရွင္ကားၾကီးေပါ့။ မခုိင္ၾကီးပါမယ္။ အူ၀ဲရယ္၊ ၀တ္မႈန္ေရႊရည္ရယ္။ ပက္ထရစ္ရွာရယ္ ေပါ့။ ဒါရုိက္တာကေတာ့ အန္ကယ္ေလးပါ။ ကိုယ့္ ထုတ္လုပ္ေရးက ရုိက္မဲ့ ပထမဆံုး ရုပ္ရွင္ကားၾကီးက အဓိကအားျဖင့္ ပရိသတ္ စိတ္၀င္စားရမယ္။ ပရိသတ္ စိတ္၀င္စားႏုိင္မဲ့ အရာမ်ိဳးကုိ ပထမဆံုး စဥ္းစားၾကည့္လိုက္တယ္။ ပံုမွန္လိုမ်ိဳး မင္းသားနဲ႕မင္းသမီး ဇာတ္က်ေတာ့ ရိုးတယ္ေလ။ ဒီကားမွာ မင္းသားမပါဘူး။ ဒါကလဲ စစခ်င္း ထုတ္လုပ္ရုိက္ကူးမဲ့ ဇာတ္ကားမို႕လို႔ သူမ်ားနဲ႕မတူပဲ ဆန္းေနခ်င္တာေၾကာင့္ပါ။ မင္းသားမပါပဲ မင္းသမီးေတြခ်ည္းပဲရုိက္မယ္။ ဒါရုိက္တာအေနနဲ႕အန္ကယ္ေလးကို ရိုက္ခိုင္းတယ္ဆုိတာကလဲ အန္ကယ္ေလးမွာက ဒါရုိက္တာနဲ႕ပတ္သက္တဲ့ အျမင္အာရံုရွိတယ္။ အေရွ႕မွာ ဒါရုိက္တာအေနနဲ႕ အန္ကယ္ေလးနဲ႕လဲရုိက္ဖူးတယ္ဆုိေတာ့ သူ႕ရဲ႕ အရည္အခ်င္းကိုလဲ သိတယ္။ ေနာက္ၿပီး အူ၀ဲလုိခ်င္တဲ့ ဇာတ္ရဲ႕ပံုစံကလဲ အန္ကယ္ေလး ဒါရုိက္တာလုပ္ရုိက္တဲ့အခါရုိက္မဲ့ဇာတ္ေပါ့။ မင္းသားမပါပဲ မင္းသမီးေတြနဲ႕ပဲ အက္ရွင္ပံုစံသြားထားပါတယ္"လုိ႕ သူမက ေျပာျပသြားပါတယ္။

မင္းသားမပါပဲနဲ႕ ရုိက္ကူးျဖစ္တဲ့အေၾကာင္းကိုလည္း သူမက "အခုက ေစ်းကြက္က မင္းသားေစ်းကြက္ျဖစ္ေနတယ္။ ဒါကို အူ၀ဲတုိ႕က မင္းသားမပါပဲရုိက္မယ္ဆုိေတာ့ သတိၱရွိတယ္လို႕ေျပာရမွာေပါ့။ မင္းသမီးေတြၾကီးပဲျဖစ္တဲ့အတြက္ဖက္ရွင္ကို ဦးစားေပးထားသလုိ အက္ရွင္ဘက္ကို သြားထားတယ္။ ဟိုးအရင္တုန္းကေတာ့ မတင့္တို႕ရုိက္ဖူးေပမဲ့ အခုဒီၾကားထဲမွာက အဲ့ဒီလိုပံုစံေလးေတြ မရုိက္တာၾကာၿပီဆိုေတာ့ အဲ့ဒီလိုေလးရုိက္မယ္ဆုိၿပီး စဥ္းစားခဲ့ၾကတယ္။ အခုရုိက္မဲ့ကားမွာ တကယ့္ Stylist ေတြနဲ႕ေသခ်ာဖန္တီးမယ္။ ၾသဂုတ္ ၁၂ ရက္ေန႕မွာ စရုိက္မယ္။ လိုေကးရွင္းအေနနဲ႕က ရန္ကုန္နဲ႕ေနျပည္ေတာ္မွာသြားရုိက္ျဖစ္ပါမယ္။  ဒီဇာတ္ကားမွာက သူတို႕နဲ႕လုိက္ဖက္တဲ့ ကာရိုက္တာေတြအသီးသီးရွိလို႕ေရြးခ်ယ္ျဖစ္ခဲ့တာပါ။ ကိုယ္စလုပ္တဲ့ ပထမဆံုးေျခလွမ္းျဖစ္တဲ့အတြက္ အမ်ားၾကီး အားသြန္ခြန္စိုက္ၾကိဳးစားမယ္။ ဇာတ္လမ္းပိုင္းနဲ႕ပတ္သက္ၿပီးကေတာ့လည္း အူ၀ဲျဖစ္ခ်င္တာဒီလိုပံုစံမ်ိဳးေလးပါဆိုၿပီး ေျပာျပျဖစ္တယ္။ ကိုယ္လိုခ်င္တဲ့ပံုစံကုိ ေျပာျပတဲ့အတုိင္း ဇာတ္ညႊန္းေရးဆရာေတြက ဖန္တီးေပးတယ္။ ခုနကေျပာသလိုေပါ့။ မင္းသားေစ်းကြက္ျဖစ္ေနတဲ့အခ်ိန္မွာ မင္းသမီးေတြနဲ႕ပဲကားၾကီး စရိုက္လိုက္တာက ကိုယ္လုပ္ခ်င္တာတစ္ခုကို သတိၱရွိရွိလုပ္လုိက္တဲ့သေဘာေပါ့။ ေစ်းကြက္အရက ဒီလိုေစ်းကြက္မ်ိဳးမရွိေသးေပမဲ့ အဲ့ဒီထဲကမွ အူ၀ဲကစြန္႕စားၿပီးလုပ္လုိက္တာပါ"တဲ့။

အေရွ႕မွာ သြားေရာက္လည္ပတ္ခဲ့တဲ့ စင္ကာပူခရီးစဥ္နဲ႕ပတ္သက္ၿပီးေတာ့လဲ "စင္ကာပူကိုသြားျဖစ္တာက Singapore Tourism Board ကစီစဥ္ေပးလို႕ပါ။ အဲ့ဒီကိုေရာက္ေတာ့ သူတို႕စီစဥ္ေပးမႈနဲ႕ Hello From  Singapore ဓာတ္ပံုျပိဳင္ပြဲမွာ အႏုိင္ရခဲ့တဲ့ စင္ကာပူေရာက္ျမန္မာ ပရိသတ္ေတြနဲ႕လဲ Gardens by the bay ဥယ်ာဥ္မွာ ေတြ႕ဆံုျဖစ္တယ္။ အမွတ္တရဓာတ္ပံုေလးေတြ ရုိက္ျဖစ္တယ္။ ေနာက္ၿပီးညစာလဲ အတူတူစားျဖစ္ခဲ့တယ္။ အရမ္းကိုေပ်ာ္ဖုိ႕ေကာင္းပါတယ္။ ျမန္မာျပည္မွာဆုိရင္ေတာင္ေတြ႕ျဖစ္ဖို႕သိပ္မလြယ္ဘူးေလ။ ဒီမွာက ဒီလိုေလးေအးေအးေဆးေဆးေတြ႕ရတယ္ဆိုေတာ့ သူတုိ႕လဲေပ်ာ္တယ္။ ကိုယ္လဲေပ်ာ္တယ္ေပါ့။ ေနာက္ၿပီး အဲ့ဒီက အထင္ကရေနရာေတြျဖစ္တဲ့ Kidzania , Universal Studio တို႕ကိုသြားေရာက္လည္ပတ္ျဖစ္တယ္။ မိသားစုအလွဓာတ္ပံုေလးေတြရုိက္ျဖစ္ပါတယ္"လုိ႕ သူမက ဖြင့္ဟသြားပါတယ္။

လက္ရွိွမွာ အိျႏၵာေက်ာ္ဇင္က ဒါရုိက္တာခင္ေစာမ်ိဳးရုိက္ကူးတဲ့ ၀ုန္းပစ္လိုက္မယ္ ဆိုတဲ့ ဇာတ္ကားၾကီးမွာ ပါ၀င္သရုပ္ေဆာင္ေနၿပီး ၾသဂုတ္လ ၁၂ ရက္ေန႕မွာေတာ့ သူမတို႕ တုိက္က စတင္ရုိက္ကူးမဲ့ မင္းသမီးေလးေယာက္ အားျပဳိင္ၾကမဲ့ Reflection ဆိုတဲ့ ဇာတ္ကားၾကီးမွာ ေမႏုိင္းဆိုတဲ့ ကာရုိက္တာေနရာကေန ရုိက္ကူးသြားဖို႕ရွိေၾကာင္း သူမကေျပာျပေပးခဲ့ပါတယ္။ 

Credit: Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version


အောင်မြင်ပျော်ရွှင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူကတော့ ပရိသတ်အများရဲ့ အချစ်ကို ယခုထိတိုင်ရရှိနေဆဲ ဖြစ်တဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်ပဲဖြစ်ပါတယ်။ သူမဟာ မကြာသေးခင်ကမှ Singapore Tourism Board အစီအစဉ်နဲ့မိသားစုလိုက် စင်ကာပူကို သွားရောက်လည်ပတ်ခဲ့ကာ ဟိုမှာရှိတဲ့ စင်ကာပူရောက်မြန်မာလူမျိုးတွေနဲ့တွေ့ဆုံခဲ့တယ်လို့လဲသိရပါတယ်။ ဒါ့အပြင် အနုပညာနဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းအဖြစ် သုဒြာ ရုပ်ရှင်ထုတ်လုပ်ရေးကို လဲ လုပ်နေပြီဖြစ်တာကြောင့် အဆိုပါ ထုတ်လုပ်ရေးနဲ့ပတ်သက်ပြီး သိလိုသမျှကို မေးမြန်းဖြစ်တဲ့အခါ

"ထုတ်လုပ်ရေးနဲ့ပတ်သက်ပြီး ပထမဆုံးခြေလှမ်းက Reflection ဆိုတဲ့ ရုပ်ရှင်ကားကြီးပေါ့။ မခိုင်ကြီးပါမယ်။ အူဝဲရယ်၊ ဝတ်မှုန်ရွှေရည်ရယ်။ ပက်ထရစ်ရှာရယ် ပေါ့။ ဒါရိုက်တာကတော့ အန်ကယ်လေးပါ။ ကိုယ့် ထုတ်လုပ်ရေးက ရိုက်မဲ့ ပထမဆုံး ရုပ်ရှင်ကားကြီးက အဓိကအားဖြင့် ပရိသတ် စိတ်ဝင်စားရမယ်။ ပရိသတ် စိတ်ဝင်စားနိုင်မဲ့ အရာမျိုးကို ပထမဆုံး စဉ်းစားကြည့်လိုက်တယ်။ ပုံမှန်လိုမျိုး မင်းသားနဲ့မင်းသမီး ဇာတ်ကျတော့ ရိုးတယ်လေ။ ဒီကားမှာ မင်းသားမပါဘူး။ ဒါကလဲ စစချင်း ထုတ်လုပ်ရိုက်ကူးမဲ့ ဇာတ်ကားမို့လို့ သူများနဲ့မတူပဲ ဆန်းနေချင်တာကြောင့်ပါ။ မင်းသားမပါပဲ မင်းသမီးတွေချည်းပဲရိုက်မယ်။ ဒါရိုက်တာအနေနဲ့အန်ကယ်လေးကို ရိုက်ခိုင်းတယ်ဆိုတာကလဲ အန်ကယ်လေးမှာက ဒါရိုက်တာနဲ့ပတ်သက်တဲ့ အမြင်အာရုံရှိတယ်။ အရှေ့မှာ ဒါရိုက်တာအနေနဲ့ အန်ကယ်လေးနဲ့လဲရိုက်ဖူးတယ်ဆိုတော့ သူ့ရဲ့ အရည်အချင်းကိုလဲ သိတယ်။ နောက်ပြီး အူဝဲလိုချင်တဲ့ ဇာတ်ရဲ့ပုံစံကလဲ အန်ကယ်လေး ဒါရိုက်တာလုပ်ရိုက်တဲ့အခါရိုက်မဲ့ဇာတ်ပေါ့။ မင်းသားမပါပဲ မင်းသမီးတွေနဲ့ပဲ အက်ရှင်ပုံစံသွားထားပါတယ်"လို့ သူမက ပြောပြသွားပါတယ်။

မင်းသားမပါပဲနဲ့ ရိုက်ကူးဖြစ်တဲ့အကြောင်းကိုလည်း သူမက "အခုက ဈေးကွက်က မင်းသားဈေးကွက်ဖြစ်နေတယ်။ ဒါကို အူဝဲတို့က မင်းသားမပါပဲရိုက်မယ်ဆိုတော့ သတ္တိရှိတယ်လို့ပြောရမှာပေါ့။ မင်းသမီးတွေကြီးပဲဖြစ်တဲ့အတွက်ဖက်ရှင်ကို ဦးစားပေးထားသလို အက်ရှင်ဘက်ကို သွားထားတယ်။ ဟိုးအရင်တုန်းကတော့ မတင့်တို့ရိုက်ဖူးပေမဲ့ အခုဒီကြားထဲမှာက အဲ့ဒီလိုပုံစံလေးတွေ မရိုက်တာကြာပြီဆိုတော့ အဲ့ဒီလိုလေးရိုက်မယ်ဆိုပြီး စဉ်းစားခဲ့ကြတယ်။ အခုရိုက်မဲ့ကားမှာ တကယ့် Stylist တွေနဲ့သေချာဖန်တီးမယ်။ သြဂုတ် ၁၂ ရက်နေ့မှာ စရိုက်မယ်။ လိုကေးရှင်းအနေနဲ့က ရန်ကုန်နဲ့နေပြည်တော်မှာသွားရိုက်ဖြစ်ပါမယ်။  ဒီဇာတ်ကားမှာက သူတို့နဲ့လိုက်ဖက်တဲ့ ကာရိုက်တာတွေအသီးသီးရှိလို့ရွေးချယ်ဖြစ်ခဲ့တာပါ။ ကိုယ်စလုပ်တဲ့ ပထမဆုံးခြေလှမ်းဖြစ်တဲ့အတွက် အများကြီး အားသွန်ခွန်စိုက်ကြိုးစားမယ်။ ဇာတ်လမ်းပိုင်းနဲ့ပတ်သက်ပြီးကတော့လည်း အူဝဲဖြစ်ချင်တာဒီလိုပုံစံမျိုးလေးပါဆိုပြီး ပြောပြဖြစ်တယ်။ ကိုယ်လိုချင်တဲ့ပုံစံကို ပြောပြတဲ့အတိုင်း ဇာတ်ညွှန်းရေးဆရာတွေက ဖန်တီးပေးတယ်။ ခုနကပြောသလိုပေါ့။ မင်းသားဈေးကွက်ဖြစ်နေတဲ့အချိန်မှာ မင်းသမီးတွေနဲ့ပဲကားကြီး စရိုက်လိုက်တာက ကိုယ်လုပ်ချင်တာတစ်ခုကို သတ္တိရှိရှိလုပ်လိုက်တဲ့သဘောပေါ့။ ဈေးကွက်အရက ဒီလိုဈေးကွက်မျိုးမရှိသေးပေမဲ့ အဲ့ဒီထဲကမှ အူဝဲကစွန့်စားပြီးလုပ်လိုက်တာပါ"တဲ့။

အရှေ့မှာ သွားရောက်လည်ပတ်ခဲ့တဲ့ စင်ကာပူခရီးစဉ်နဲ့ပတ်သက်ပြီးတော့လဲ "စင်ကာပူကိုသွားဖြစ်တာက Singapore Tourism Board ကစီစဉ်ပေးလို့ပါ။ အဲ့ဒီကိုရောက်တော့ သူတို့စီစဉ်ပေးမှုနဲ့ Hello From  Singapore ဓာတ်ပုံပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ စင်ကာပူရောက်မြန်မာ ပရိသတ်တွေနဲ့လဲ Gardens by the bay ဥယျာဉ်မှာ တွေ့ဆုံဖြစ်တယ်။ အမှတ်တရဓာတ်ပုံလေးတွေ ရိုက်ဖြစ်တယ်။ နောက်ပြီးညစာလဲ အတူတူစားဖြစ်ခဲ့တယ်။ အရမ်းကိုပျော်ဖို့ကောင်းပါတယ်။ မြန်မာပြည်မှာဆိုရင်တောင်တွေ့ဖြစ်ဖို့သိပ်မလွယ်ဘူးလေ။ ဒီမှာက ဒီလိုလေးအေးအေးဆေးဆေးတွေ့ရတယ်ဆိုတော့ သူတို့လဲပျော်တယ်။ ကိုယ်လဲပျော်တယ်ပေါ့။ နောက်ပြီး အဲ့ဒီက အထင်ကရနေရာတွေဖြစ်တဲ့ Kidzania , Universal Studio တို့ကိုသွားရောက်လည်ပတ်ဖြစ်တယ်။ မိသားစုအလှဓာတ်ပုံလေးတွေရိုက်ဖြစ်ပါတယ်"လို့ သူမက ဖွင့်ဟသွားပါတယ်။

လက်ရှှိမှာ အိန္ဒြာကျော်ဇင်က ဒါရိုက်တာခင်စောမျိုးရိုက်ကူးတဲ့ ဝုန်းပစ်လိုက်မယ် ဆိုတဲ့ ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေပြီး သြဂုတ်လ ၁၂ ရက်နေ့မှာတော့ သူမတို့ တိုက်က စတင်ရိုက်ကူးမဲ့ မင်းသမီးလေးယောက် အားပြိုင်ကြမဲ့ Reflection ဆိုတဲ့ ဇာတ်ကားကြီးမှာ မေနိုင်းဆိုတဲ့ ကာရိုက်တာနေရာကနေ ရိုက်ကူးသွားဖို့ရှိကြောင်း သူမကပြောပြပေးခဲ့ပါတယ်။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top