iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္မႈေရးရာကိစၥေတြမွာ အခက္ေတြ႔ေနရပါသလား။ အဆင္ေျပခ်င္လ်က္နဲ႔ ဘာေၾကာင့္မ်ား အမွားအယြင္းေတြခ်ည္းပဲ ေတြ႕ေနရတာပါလဲ။ ဒါေတြကို သိရွိျပင္ဆင္ႏိုင္ဖုိ႔အတြက္ ခ်စ္မႈေရးရာကိစၥေတြမွာ ကၽြမ္းက်င္ၾကသူေတြရဲ႕ အရည္အေသြး(၁၀)ခုကို စုစည္းေဖာ္ျပလိုက္ပါတယ္။ ဒီအရည္အေသြးေတြ အားလံုးက ေလ့က်င့္ယူလို႔ ရႏိုင္တဲ့အတြက္ အသံုးတည့္မွာေသခ်ာပါတယ္။

၁။ လက္ရွိခ်စ္သူနဲ႔ဆက္ဆံေရးမွာ အတိတ္ကအေၾကာင္းအရာေတြေၾကာင့္ ထိခိုက္မခံတတ္ၾကဘူး။

လမ္းခြဲျပတ္ဆဲမႈေတြက ၾကံဳေတြ႕ရတတ္ပါတယ္။ တစ္ခါတစ္ေလမွာ ဒီအျဖစ္က ခံရခက္ပါတယ္။ ဒါေပမယ့္ ဒီလိုအတိတ္က ဒဏ္ရာေတြက ေရွ႕ေလွ်ာက္သင့္အနာဂတ္ခ်စ္မႈေရးရာကိစၥေတြမွာ သက္ေရာက္မေနဖို႔ အေရးႀကီးပါတယ္။ ေပ်ာ္ရႊင္ေက်နပ္စရာ ခ်စ္သူဘ၀ကို ပိုင္ဆိုင္ထားသူတိုင္းက သူတို႔ရဲ႕အတိတ္က ခ်စ္သူကို လံုး၀လက္လႊတ္ေမ့ေဖ်ာက္ႏိုင္ၾကပါတယ္။ လက္ရွိခ်စ္သူနဲ႔ ဆက္ဆံရာမွာလည္း အရင္ရည္းစားေဟာင္းနဲ႔ ႏႈိင္းယွဥ္ေလ့မရွိသလို မွ်မွ်တတျပဳမူဆက္ဆံတတ္ၾကပါတယ္။

၂။ အေပးအယူမွ်တဖို႔ကို နားလည္သေဘာေပါက္ၾကတယ္။

ခိုင္ျမဲတဲ့ဆက္ဆံေရးတိုင္းမွာ အေပးအယူမွ်တေနဖို႔ လိုအပ္ပါတယ္။ တစ္ေယာက္ေယာက္ကခ်ည္းပဲ ေပးဆပ္ေနရၿပီး အျခားတစ္ေယာက္က အျမဲတမ္းရယူေနတာမ်ိဳးဆိုရင္ အဆင္မေျပႏိုင္ပါဘူး။

၃။ ကိုယ္ပိုင္အခ်ိန္လုိအပ္တယ္ဆိုတာကို သိၾကတယ္။

တစ္ခ်ိဳ႕လူေတြက ခ်စ္သူရည္းစားရၿပီးတဲ့ေနာက္မွာ သူတို႔ရဲ႕သီးျခားျဖစ္တည္မႈ ေပ်ာက္ဆံုးသြားတတ္ပါတယ္။ သူငယ္ခ်င္းေတြနဲ႔ အျပင္သြားတာ၊ မိသားစုနဲ႔အခ်ိန္ျဖဳန္းတာ၊ ၀ါသနာပါတာကို လုပ္ေဆာင္တာေတြ မရွိေတာ့ပါဘူး။ တကယ္ေတာ့ ေပ်ာ္ရႊင္ခိုင္ျမဲတဲ့ဆက္ဆံေရးမွာ အတူတကြရွိေနဖို႔ လိုအပ္သလို သီးျခားကိုယ္ပိုင္ အခ်ိန္ေတြလည္းလိုအပ္ပါတယ္။ ဒါ့ေၾကာင့္ တစ္ေယာက္ခ်င္းစီရဲ႕ စိတ္ေပ်ာ္ရာကို လုပ္ေဆာင္ဖို႔ ထိုက္သင့္တဲ့ လြတ္လပ္ခြင့္ေပးသင့္ပါတယ္။

၄။ ဘယ္လိုဆက္သြယ္ေျပာဆိုမလဲသိၾကတယ္။

တစ္ဦးနဲ႔တစ္ဦး ရင္ထဲရွိတဲ့အတိုင္း အျပန္အလွန္ေျပာဆိုဆက္သြယ္ႏိုင္ဖို႔က ထပ္ကာထပ္ကာေလ့က်င့္ဖို႔ လိုအပ္တဲ့ အရည္အခ်င္းတစ္ခုျဖစ္ပါတယ္။ ကိုယ္ပိုင္ခံစားခ်က္ကို ဖြင့္မေျပာရဲသူေတြ၊ ေျပာစရာရွိတာကို ေျပာခ်ဖို႔ မ၀ံ့ရဲသူေတြအတြက္ေတာ့ လြယ္မွာမဟုတ္ပါဘူး။ ခ်စ္သူႏွစ္ဦးၾကားဆက္ဆံေရးမွာ ႏွလံုးသားခ်င္း အျပန္အလွန္နားလည္ႏိုင္ဖိုပအတြက္ မွန္ကန္တဲ့ဆက္ဆံေရးရွိရမွာ ျဖစ္ပါတယ္။

၅။ အခ်စ္ဘာသာစကားကို နားလည္သိရွိၾကပါတယ္။

Gary Chapman ေရးသားတဲ့ အခ်စ္ကို သ႐ုပ္ေဖာ္တဲ့ အခ်က္(၅)ခုဆိုတဲ့ စာအုပ္ကို ဖတ္ၾကည့္သင့္ပါတယ္။ ဒီစာအုပ္ထဲက အဆိုအရ အခ်စ္ကိုေဖာ္ျပတဲ့ ေဖာ္ျပမႈ(၅)ခုရွိပါတယ္။ စကားလံုးေတြဖြဲ႕သီေပးျခင္း၊ ႐ုပ္ပိုင္းဆိုင္ရာထိေတြ႕မႈ၊ ေပ်ာ္ရႊင္ၾကည္ႏူးစရာအခ်ိန္၊ ေက်နပ္စရာအျပဳအမူေတြနဲ႔ အမွတ္တရလက္ေဆာင္ေပးျခင္းတို႔ပဲျဖစ္ပါတယ္။ ဒီေဖာ္ျပမႈေတြကို နားလည္ထားၿပီး မွန္မွန္ကန္ကန္အသံုးခ်တတ္ဖို႔ လိုပါတယ္။

၆။ အျပန္အလွန္ ရယ္ေမာေပ်ာ္ရႊင္ေစတယ္။

ႏွစ္ဦးသားအၾကား ဟန္ေဆာင္မႈေတြ ဖယ္ရွားၿပီး စိတ္ရွိတဲ့အတိုင္း လြတ္လြတ္လပ္လပ္ ရယ္ေမာတတ္ဖို႔ လိုပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ အခ်င္းမ်ားၾကတဲ့အခါမွာ ရယ္စရာတစ္ခုနဲ႔ အဆင္ေျပသြားႏိုင္ပါတယ္။

၇။ အရွိအတိုင္းလက္ခံႏိုင္ၾကတယ္။

သင့္ခ်စ္သူကလည္း လူသားတစ္ေယာက္ျဖစ္တယ္ဆိုတာကို မေမ့ပါနဲ႔။ လူသားတစ္ေယာက္ျဖစ္တဲ့အတြက္ အမွားအယြင္းေတြ၊ အျပစ္ေတြ၊ အားနည္းခ်က္ေတြ ရွိႏိုင္ပါတယ္။ ဒါကို လက္မခံႏိုင္ပဲ ေျခာက္ျပစ္သဲကင္းစင္ဆိုတာမ်ိဳး အမ်ားႀကီးေမွ်ာ္လင့္မေနသင့္ပါဘူး။ အရွိအတိုင္းကို လက္ခံႏိုင္ဖို႔ပဲ လိုတာပါ။

၈။ အျပစ္လႊဲမခ်တတ္ၾကဘူး။

ဒီကိစၥက ခ်စ္သူစံုတြဲေတြအၾကား ျပႆနာေတြရဲ႕ (၉၀)ရာခိုင္ႏႈန္းေလာက္အထိ ရွိပါတယ္။ တစ္ခါတစ္ေလမွာ သင့္ရဲ႕အမွားကို သင့္ပါတနာရဲ႕အမွားျဖစ္ေအာင္ လႊဲခ်လိုက္တတ္ပါလိမ့္မယ္။ ဒီအခ်က္ကို သင္ကိုယ္တိုင္ေတာင္မွ သတိထားမိမွာမဟုတ္ပါဘူး။ ဘာေၾကာင့္လဲဆိုရင္ သင့္ရဲ႕အတၱက အမွားကို လက္မခံႏိုင္တာေၾကာင့္ျဖစ္ပါတယ္။

၉။ အေကာင္းေတြကိုပဲ ေမွ်ာ္လင့္ထားတတ္ၾကတယ္။

အေကာင္းေတြကို ေမွ်ာ္လင့္ထားရင္ အေကာင္းေတြပဲ ျဖစ္လာမွာေသခ်ာပါတယ္။ ႏွစ္ဦးသားဆက္ဆံေရး ထိခိုက္ပ်က္စီးစရာေတြကိုပဲ ေတြးေနမယ္ဆိုရင္ ထိခိုက္ပ်က္စီးမႈေတြ ေရာက္လာပါလိမ့္မယ္။ ဘာေၾကာင့္လဲဆိုရင္ လူေတြက အခ်ိန္အေတာ္ၾကာေအာင္ စိတ္ထဲမွာယုံၾကည္ထားတဲ့အတိုင္း တကယ္ျဖစ္လာေအာင္ မသိလိုက္မသိဘာသာ လုပ္သြားတတ္ၾကတာေၾကာင့္ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သင္တို႔ ခ်စ္သူႏွစ္ဦးၾကားဆက္ဆံေရးကို ဘယ္လိုျဖစ္ဖို႔ ေမွ်ာ္လင့္ထားလဲဆိုတာက အေရးႀကီးပါတယ္။

၁၀။ သူတို႔က အရမ္းခ်စ္တတ္ၾကတယ္။

အဆံုးသတ္အေနနဲ႔ေျပာရရင္ေတာ့ သူတို႔ကိုယ္သူတို႔ ခ်စ္ၾကသလို ပါတနာကိုလည္း အရမ္းခ်စ္ၾကပါတယ္။ အျခားသူေတြကိုလည္း ခ်စ္ၾကပါတယ္။ ႏွလံုးသားမွာ ဘယ္လိုဟန္ေဆာင္မႈမ်ိဳးမွ မရွိပဲ ပြင့္ပြင့္လင္းလင္းနဲ႔ ခ်စ္ခင္ျမတ္ႏိုးတတ္ၾကပါတယ္။

Credit: Gentleman Magazine


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version


ချစ်မှုရေးရာကိစ္စတွေမှာ အခက်တွေ့နေရပါသလား။ အဆင်ပြေချင်လျက်နဲ့ ဘာကြောင့်များ အမှားအယွင်းတွေချည်းပဲ တွေ့နေရတာပါလဲ။ ဒါတွေကို သိရှိပြင်ဆင်နိုင်ဖို့အတွက် ချစ်မှုရေးရာကိစ္စတွေမှာ ကျွမ်းကျင်ကြသူတွေရဲ့ အရည်အသွေး(၁၀)ခုကို စုစည်းဖော်ပြလိုက်ပါတယ်။ ဒီအရည်အသွေးတွေ အားလုံးက လေ့ကျင့်ယူလို့ ရနိုင်တဲ့အတွက် အသုံးတည့်မှာသေချာပါတယ်။

၁။ လက်ရှိချစ်သူနဲ့ဆက်ဆံရေးမှာ အတိတ်ကအကြောင်းအရာတွေကြောင့် ထိခိုက်မခံတတ်ကြဘူး။

လမ်းခွဲပြတ်ဆဲမှုတွေက ကြုံတွေ့ရတတ်ပါတယ်။ တစ်ခါတစ်လေမှာ ဒီအဖြစ်က ခံရခက်ပါတယ်။ ဒါပေမယ့် ဒီလိုအတိတ်က ဒဏ်ရာတွေက ရှေ့လျှောက်သင့်အနာဂတ်ချစ်မှုရေးရာကိစ္စတွေမှာ သက်ရောက်မနေဖို့ အရေးကြီးပါတယ်။ ပျော်ရွှင်ကျေနပ်စရာ ချစ်သူဘဝကို ပိုင်ဆိုင်ထားသူတိုင်းက သူတို့ရဲ့အတိတ်က ချစ်သူကို လုံးဝလက်လွှတ်မေ့ဖျောက်နိုင်ကြပါတယ်။ လက်ရှိချစ်သူနဲ့ ဆက်ဆံရာမှာလည်း အရင်ရည်းစားဟောင်းနဲ့ နှိုင်းယှဉ်လေ့မရှိသလို မျှမျှတတပြုမူဆက်ဆံတတ်ကြပါတယ်။

၂။ အပေးအယူမျှတဖို့ကို နားလည်သဘောပေါက်ကြတယ်။

ခိုင်မြဲတဲ့ဆက်ဆံရေးတိုင်းမှာ အပေးအယူမျှတနေဖို့ လိုအပ်ပါတယ်။ တစ်ယောက်ယောက်ကချည်းပဲ ပေးဆပ်နေရပြီး အခြားတစ်ယောက်က အမြဲတမ်းရယူနေတာမျိုးဆိုရင် အဆင်မပြေနိုင်ပါဘူး။

၃။ ကိုယ်ပိုင်အချိန်လိုအပ်တယ်ဆိုတာကို သိကြတယ်။

တစ်ချို့လူတွေက ချစ်သူရည်းစားရပြီးတဲ့နောက်မှာ သူတို့ရဲ့သီးခြားဖြစ်တည်မှု ပျောက်ဆုံးသွားတတ်ပါတယ်။ သူငယ်ချင်းတွေနဲ့ အပြင်သွားတာ၊ မိသားစုနဲ့အချိန်ဖြုန်းတာ၊ ဝါသနာပါတာကို လုပ်ဆောင်တာတွေ မရှိတော့ပါဘူး။ တကယ်တော့ ပျော်ရွှင်ခိုင်မြဲတဲ့ဆက်ဆံရေးမှာ အတူတကွရှိနေဖို့ လိုအပ်သလို သီးခြားကိုယ်ပိုင် အချိန်တွေလည်းလိုအပ်ပါတယ်။ ဒါ့ကြောင့် တစ်ယောက်ချင်းစီရဲ့ စိတ်ပျော်ရာကို လုပ်ဆောင်ဖို့ ထိုက်သင့်တဲ့ လွတ်လပ်ခွင့်ပေးသင့်ပါတယ်။

၄။ ဘယ်လိုဆက်သွယ်ပြောဆိုမလဲသိကြတယ်။

တစ်ဦးနဲ့တစ်ဦး ရင်ထဲရှိတဲ့အတိုင်း အပြန်အလှန်ပြောဆိုဆက်သွယ်နိုင်ဖို့က ထပ်ကာထပ်ကာလေ့ကျင့်ဖို့ လိုအပ်တဲ့ အရည်အချင်းတစ်ခုဖြစ်ပါတယ်။ ကိုယ်ပိုင်ခံစားချက်ကို ဖွင့်မပြောရဲသူတွေ၊ ပြောစရာရှိတာကို ပြောချဖို့ မဝံ့ရဲသူတွေအတွက်တော့ လွယ်မှာမဟုတ်ပါဘူး။ ချစ်သူနှစ်ဦးကြားဆက်ဆံရေးမှာ နှလုံးသားချင်း အပြန်အလှန်နားလည်နိုင်ဖိုပအတွက် မှန်ကန်တဲ့ဆက်ဆံရေးရှိရမှာ ဖြစ်ပါတယ်။

၅။ အချစ်ဘာသာစကားကို နားလည်သိရှိကြပါတယ်။

Gary Chapman ရေးသားတဲ့ အချစ်ကို သရုပ်ဖော်တဲ့ အချက်(၅)ခုဆိုတဲ့ စာအုပ်ကို ဖတ်ကြည့်သင့်ပါတယ်။ ဒီစာအုပ်ထဲက အဆိုအရ အချစ်ကိုဖော်ပြတဲ့ ဖော်ပြမှု(၅)ခုရှိပါတယ်။ စကားလုံးတွေဖွဲ့သီပေးခြင်း၊ ရုပ်ပိုင်းဆိုင်ရာထိတွေ့မှု၊ ပျော်ရွှင်ကြည်နူးစရာအချိန်၊ ကျေနပ်စရာအပြုအမူတွေနဲ့ အမှတ်တရလက်ဆောင်ပေးခြင်းတို့ပဲဖြစ်ပါတယ်။ ဒီဖော်ပြမှုတွေကို နားလည်ထားပြီး မှန်မှန်ကန်ကန်အသုံးချတတ်ဖို့ လိုပါတယ်။

၆။ အပြန်အလှန် ရယ်မောပျော်ရွှင်စေတယ်။

နှစ်ဦးသားအကြား ဟန်ဆောင်မှုတွေ ဖယ်ရှားပြီး စိတ်ရှိတဲ့အတိုင်း လွတ်လွတ်လပ်လပ် ရယ်မောတတ်ဖို့ လိုပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အချင်းများကြတဲ့အခါမှာ ရယ်စရာတစ်ခုနဲ့ အဆင်ပြေသွားနိုင်ပါတယ်။

၇။ အရှိအတိုင်းလက်ခံနိုင်ကြတယ်။

သင့်ချစ်သူကလည်း လူသားတစ်ယောက်ဖြစ်တယ်ဆိုတာကို မမေ့ပါနဲ့။ လူသားတစ်ယောက်ဖြစ်တဲ့အတွက် အမှားအယွင်းတွေ၊ အပြစ်တွေ၊ အားနည်းချက်တွေ ရှိနိုင်ပါတယ်။ ဒါကို လက်မခံနိုင်ပဲ ခြောက်ပြစ်သဲကင်းစင်ဆိုတာမျိုး အများကြီးမျှော်လင့်မနေသင့်ပါဘူး။ အရှိအတိုင်းကို လက်ခံနိုင်ဖို့ပဲ လိုတာပါ။

၈။ အပြစ်လွှဲမချတတ်ကြဘူး။

ဒီကိစ္စက ချစ်သူစုံတွဲတွေအကြား ပြဿနာတွေရဲ့ (၉၀)ရာခိုင်နှုန်းလောက်အထိ ရှိပါတယ်။ တစ်ခါတစ်လေမှာ သင့်ရဲ့အမှားကို သင့်ပါတနာရဲ့အမှားဖြစ်အောင် လွှဲချလိုက်တတ်ပါလိမ့်မယ်။ ဒီအချက်ကို သင်ကိုယ်တိုင်တောင်မှ သတိထားမိမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် သင့်ရဲ့အတ္တက အမှားကို လက်မခံနိုင်တာကြောင့်ဖြစ်ပါတယ်။

၉။ အကောင်းတွေကိုပဲ မျှော်လင့်ထားတတ်ကြတယ်။

အကောင်းတွေကို မျှော်လင့်ထားရင် အကောင်းတွေပဲ ဖြစ်လာမှာသေချာပါတယ်။ နှစ်ဦးသားဆက်ဆံရေး ထိခိုက်ပျက်စီးစရာတွေကိုပဲ တွေးနေမယ်ဆိုရင် ထိခိုက်ပျက်စီးမှုတွေ ရောက်လာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် လူတွေက အချိန်အတော်ကြာအောင် စိတ်ထဲမှာယုံကြည်ထားတဲ့အတိုင်း တကယ်ဖြစ်လာအောင် မသိလိုက်မသိဘာသာ လုပ်သွားတတ်ကြတာကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် သင်တို့ ချစ်သူနှစ်ဦးကြားဆက်ဆံရေးကို ဘယ်လိုဖြစ်ဖို့ မျှော်လင့်ထားလဲဆိုတာက အရေးကြီးပါတယ်။

၁၀။ သူတို့က အရမ်းချစ်တတ်ကြတယ်။

အဆုံးသတ်အနေနဲ့ပြောရရင်တော့ သူတို့ကိုယ်သူတို့ ချစ်ကြသလို ပါတနာကိုလည်း အရမ်းချစ်ကြပါတယ်။ အခြားသူတွေကိုလည်း ချစ်ကြပါတယ်။ နှလုံးသားမှာ ဘယ်လိုဟန်ဆောင်မှုမျိုးမှ မရှိပဲ ပွင့်ပွင့်လင်းလင်းနဲ့ ချစ်ခင်မြတ်နိုးတတ်ကြပါတယ်။

Credit: Gentleman Magazine

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top