iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္လံုးမ်က္ခံုးျခယ္သေသာ အမ်ိဳးသမီးမ်ားအေနျဖင့္ အိုင္းလိုင္နာကို မ်က္လံုးအတြင္းထဲအထိ ျခယ္သလ်င္ မ်က္ လံုးထဲ ပိုး၀င္ျခင္း၊ မ်က္စိနာျခင္း၊ အျမင္အာရုေ၀၀ါးျခင္း ကဲ့သို ့ အျမင္အာရံုဆိုင္ရာ ေ၀ဒနာ အေျမာက္အမ်ားကို ခံ စားရနိုင္ေၾကာင္း ကေနဒါနိုင္ငံ သုေတသီမ်ားက ကမၻာတြင္ပထမဆံုးအၾကိမ္ အိုင္းလိုင္နာမ်ားေၾကာင့္ မ်က္လံုး က်န္း မာေရး ထိခိုက္နိုင္ေၾကာင္း သတိေပးခ်က္ ထုတ္ျပန္ထားသည္။

ကေနဒါနုိင္ငံ၊ ၀ါတာလူးတကၠသိုလ္မွ မ်က္ကပ္မွန္အႏၱရယ္ဆိုင္ရာ သုေတသီမ်ားအဖြဲ ့က ေလ့လာေတြ ့ရွိခ်က္အရ အိုင္းလိုင္နာဆြဲျပီးသည့္ေနာက္ ယင္းအမႈန္မ်ားသည္ ေနာက္ထပ္ ၂ နာရီအတြင္း မ်က္ၾကည္လႊာကို ယားယံနာက်င္ ေစျပီး ကာယကံရွင္က မခံမရပ္နိုင္သည့္အဆံုး ပြတ္ဆြဲမိလ်င္ မ်က္ၾကည္လႊာ စုတ္ျပဲသြားနိုင္ေၾကာင္း၊ ထို ့အျပင္ ျပင္ ပ အမႈန္မ်ားကို ကာကြယ္ေပးေသာ မ်က္ၾကည္ရည္ကိုလည္း ခမ္းေျခာက္သြားေစနိုင္ေၾကာင္း၊ အထူးသျဖင့္ မ်က္ ကပ္ မွန္လည္းတပ္၊ အိုင္းလိုင္နာကိုလည္း ခ်ယ္၊ ခ်ယ္သည့္အခါလည္း မ်က္ခြံအတြင္းထဲအထိ ခ်ယ္သသူမ်ားသည္ မ်က္စိစံုလံုးကန္းရန္ အလားအလာ အလြန္မ်ားေၾကာင္း သုေတသီတစ္ဦးက ရွင္းျပသည္။

သုေတသီမ်ားသည္ ခဲတံအိုင္းလိုင္နာကို မ်က္ခြံအတြင္းသားအထိ လိမ္းက်ံျခယ္သေလ့ရွိသူ အမ်ိဳးသမီးမ်ားအား ေစာင့္ၾကည့္ေလ့လာခဲ့ရာ၀ယ္ အိုင္းလိုင္နာမွ အမႈန္မ်ားသည္ ၂ နာရီအတြင္း မ်က္ၾကည္လႊာတစ္ခုလံုးကို ယားယံ ေစသည္ကို ေတြ ့ရွိခဲ့ျပီး အက်ိဳးဆက္အားျဖင့္ အမ်ိဳးသမီးငယ္မ်ားမွာ မ်က္ၾကည္လႊာခမ္းေျခာက္ျခင္း၊ စုတ္ျပဲျခင္း အစရွိသည့္ မ်က္လံုးေ၀ဒနာမ်ားကို ခံစားရနိုင္သည္ကို ေတြ ့ရွိခဲ့ေၾကာင္း သိရသည္။

အိုင္းလိုင္နာကို မ်က္ခြံအတြင္းထဲအထိလိမ္းျပီး ၅ မိနစ္အတြင္းမွာပဲ ျပင္ပအမႈန္ ၃၀ ရာခိုင္ႏွဴန္းေလာက္က မ်က္ ၾကည္လႊာကို စတင္တိုက္ခိုက္ပါတယ္။ အဲဒီကေန မ်က္လံုးတစ္ခုလံုးကို ျပန္ ့ႏွံ ့သြားပါတယ္။ ဒီ အိုင္းလိုင္နာေတြ ထဲမွာ ဖေယာင္း၊ ဆီ၊ ဆီလီကြန္၊ ေကာ္ အစရွိတဲ့ ဓါတုပစၥည္းမ်ိဳးစံု ပါ၀င္ပါတယ္။ တစ္ကယ္ေတာ့ အိုင္းလိုင္နာ ဆို တာ အျပင္ပိုင္းအတြက္ပဲ ျဖစ္ပါတယ္။ အဲဒါကို လွခ်င္အားၾကီးျပီး အတြင္းထဲထိ လိမ္းလိုက္မယ္ဆိုရင္ေတာ့ အခ်ိန္ တို အတြင္း အစားထိုးမရနိုင္တဲ့ မ်က္လံုးဆံုးရွံဳးမႈကို ခံစားရနိုင္ပါတယ္ဟု သုေတသီတစ္ဦး က ေျပာျပသည္။

Credit:Lashio News Diary
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မျက်လုံးမျက်ခုံးခြယ်သသော အမျိုးသမီးများအနေဖြင့် အိုင်းလိုင်နာကို မျက်လုံးအတွင်းထဲအထိ ခြယ်သလျင် မျက် လုံးထဲ ပိုးဝင်ခြင်း၊ မျက်စိနာခြင်း၊ အမြင်အာရုေ၀ဝါးခြင်း ကဲ့သို့ အမြင်အာရုံဆိုင်ရာ ဝေဒနာ အမြောက်အများကို ခံ စားရနိုင်ကြောင်း ကနေဒါနိုင်ငံ သုတေသီများက ကမ္ဘာတွင်ပထမဆုံးအကြိမ် အိုင်းလိုင်နာများကြောင့် မျက်လုံး ကျန်း မာရေး ထိခိုက်နိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။

ကနေဒါနိုင်ငံ၊ ဝါတာလူးတက္ကသိုလ်မှ မျက်ကပ်မှန်အန္တရယ်ဆိုင်ရာ သုတေသီများအဖွဲ့က လေ့လာတွေ့ရှိချက်အရ အိုင်းလိုင်နာဆွဲပြီးသည့်နောက် ယင်းအမှုန်များသည် နောက်ထပ် ၂ နာရီအတွင်း မျက်ကြည်လွှာကို ယားယံနာကျင် စေပြီး ကာယကံရှင်က မခံမရပ်နိုင်သည့်အဆုံး ပွတ်ဆွဲမိလျင် မျက်ကြည်လွှာ စုတ်ပြဲသွားနိုင်ကြောင်း၊ ထို့အပြင် ပြင် ပ အမှုန်များကို ကာကွယ်ပေးသော မျက်ကြည်ရည်ကိုလည်း ခမ်းခြောက်သွားစေနိုင်ကြောင်း၊ အထူးသဖြင့် မျက် ကပ် မှန်လည်းတပ်၊ အိုင်းလိုင်နာကိုလည်း ချယ်၊ ချယ်သည့်အခါလည်း မျက်ခွံအတွင်းထဲအထိ ချယ်သသူများသည် မျက်စိစုံလုံးကန်းရန် အလားအလာ အလွန်များကြောင်း သုတေသီတစ်ဦးက ရှင်းပြသည်။

သုတေသီများသည် ခဲတံအိုင်းလိုင်နာကို မျက်ခွံအတွင်းသားအထိ လိမ်းကျံခြယ်သလေ့ရှိသူ အမျိုးသမီးများအား စောင့်ကြည့်လေ့လာခဲ့ရာဝယ် အိုင်းလိုင်နာမှ အမှုန်များသည် ၂ နာရီအတွင်း မျက်ကြည်လွှာတစ်ခုလုံးကို ယားယံ စေသည်ကို တွေ့ရှိခဲ့ပြီး အကျိုးဆက်အားဖြင့် အမျိုးသမီးငယ်များမှာ မျက်ကြည်လွှာခမ်းခြောက်ခြင်း၊ စုတ်ပြဲခြင်း အစရှိသည့် မျက်လုံးဝေဒနာများကို ခံစားရနိုင်သည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

အိုင်းလိုင်နာကို မျက်ခွံအတွင်းထဲအထိလိမ်းပြီး ၅ မိနစ်အတွင်းမှာပဲ ပြင်ပအမှုန် ၃၀ ရာခိုင်နှူန်းလောက်က မျက် ကြည်လွှာကို စတင်တိုက်ခိုက်ပါတယ်။ အဲဒီကနေ မျက်လုံးတစ်ခုလုံးကို ပြန့်နှံ့သွားပါတယ်။ ဒီ အိုင်းလိုင်နာတွေ ထဲမှာ ဖယောင်း၊ ဆီ၊ ဆီလီကွန်၊ ကော် အစရှိတဲ့ ဓါတုပစ္စည်းမျိုးစုံ ပါဝင်ပါတယ်။ တစ်ကယ်တော့ အိုင်းလိုင်နာ ဆို တာ အပြင်ပိုင်းအတွက်ပဲ ဖြစ်ပါတယ်။ အဲဒါကို လှချင်အားကြီးပြီး အတွင်းထဲထိ လိမ်းလိုက်မယ်ဆိုရင်တော့ အချိန် တို အတွင်း အစားထိုးမရနိုင်တဲ့ မျက်လုံးဆုံးရှုံးမှုကို ခံစားရနိုင်ပါတယ်ဟု သုတေသီတစ်ဦး က ပြောပြသည်။

Credit:Lashio News Diary
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top