iMyanmarHouse.com - Best Property Website for Myanmar
×

သဘာ၀ အလွအပ ေရးရာ ကၽြမ္းက်င္ပညာရွင္မ်ားရဲ႕ အဆုိအရ ပ်ားရည္မွာ ဘက္တီးရီးယားပုိးေတြကို ေသေစႏုိင္တဲ့ အစြမ္းနဲ႔ အုိမင္းရင့္ေရာ္မႈကို တားေပးႏုိင္တဲ့ ဓာတ္တိုးဆန္႔က်င္ ပစၥည္းေတြပါ၀င္္ပါတယ္။ ဒါေၾကာင့္ အဖုိးအခမမ်ားတဲ့ မိမိအိမ္တြင္းမွာပဲ ျပဳလုပ္ႏုိ္္င္တဲ့ အစြမ္းထက္ အသားအေရထိန္းပစၥည္းတစ္မ်ဳိးအလုိရွိတယ္ဆုိရင္ေတာ့ ပ်ားရည္ကို ညႊန္းရမွာ ျဖစ္ပါတယ္။

ပ်ားရည္ရဲ႔ ဂုဏ္သတၱိေတြကေတာ့ -

၀က္ျခံေပ်ာက္ကင္းေစျခင္း။   ။ပ်ားရည္က သဘာ၀ ပုိးသတ္ေဆးျဖစ္ျပီး ၀က္ျခံျဖစ္ပြားမႈအတြက္ ကာကြယ္ဖို႔ေရာ ၊ကုသဖုိ႔ေရာ သုံးလုိ႔ရပါတယ္။ အုိမင္းရင့္ေရာ္မႈကုိကာကြယ္ေပးျခင္း ။    ။ဓာတ္တုိးဆန္႔က်င္ပစၥည္းအမ်ား အျပားပါ၀င္တဲ့အတြက္ အရြယ္တင္ႏုပ်ဳိေစပါတယ္။

အသားအေရကုိ ၀င္းလက္ေတာက္ပေစျခင္း။  ။ေရဓာတ္ကို ျဖည့္ဆည္းေပးႏုိင္တဲ့ အတြက္ အသားအေရကို ေခ်ာေမြ႔နႈးညံ့ေစျပီး ၾကည္လင္ေတာက္ပေစႏုိ္င္ပါတယ္။

အစက္အေပ်ာက္မ်ားကို ဖယ္ရွားေပးျခင္း။     ။ေခၽြးေပါက္ေတြကုိ ပြင့္ေစတဲ့အတြက္ အေရျပားကုိ သန္႔ရွင္းေစႏုိင္ပါတယ္။

ပ်ားရည္နဲ႔ မ်က္ႏွာေပါင္းတင္ျခင္း

ပ်ားရည္ကို အနည္းငယ္စိုစြတ္ေနတဲ့ မ်က္ႏွာေပၚမွာ ပါးပါးေလးလိမ္းျပီး နာရီ၀က္ေလာက္ထားလုိက္ပါ။ ျပီးရင္ေရေႏြးေႏြးေလးနဲ႔ ေဆးခ်လုိက္တဲ့အခါမွာ ႏူးညံ့ေတာက္ပေနတဲ့ အသားအေရကို ရရွိမွာ ျဖစ္ပါတယ္။

အစက္အေပ်ာက္ ဖယ္ရွားျခင္း

ညအိပ္ရာ မ၀င္ခင္ ပ်ားရည္နဲ႔ လက္ဖက္စိ္မ္းဆီ နည္းနည္းကိုေရာျပီး မ်က္ႏွာေပၚမွာလိမ္းပါ။ မနက္နုိးလာတဲ့ အခါမွာ အစက္အေပ်ာက္ကင္းေနတဲ့ မ်က္ႏွာကို ရရွိမွာ ျဖစ္ပါတယ္။

ပ်ားရည္နဲ႔ ေရခ်ဳိးျခင္း

ရာသီဥတု အေျပာင္းအလဲေၾကာင့္ အသားအေရကို ထိန္းသိမ္းခ်င္တယ္ဆုိရင္ ပ်ားရည္ႏွစ္ခြက္စာထည့္ျပီးေရခ်ိဳးပါ။ ျပီးရင္ ၁၅ မိနစ္ခန္႔ေရစိမ္ျပီး ခႏၶာကုိယ္က ဆဲလ္ေသေတြ ဖယ္ရွားဖို႔ မုန္႔ဖုတ္ေဆာ္ဒါအနည္းငယ္ထည့္ ျပီးခ်ဳိးလုိက္ရင္ ေပါ့ပါး ၾကည္လင္ေနတဲ့ အသားအေရကုိရရွိမွာ ျဖစ္ပါတယ္။

သန္႔စင္ေစျခင္း

ႏူးညံ့တဲ့ မ်က္လုံးနားတ၀ုိ္က္ကို သန္႔စင္ေစဖုိ႔ အသုံးမျပဳသင့္ေပမဲ့ ကိုယ္ႏွစ္သက္တဲ့ သဘာသ အပင္က ရတဲ့ အဆီတစ္မ်ဳိးနဲ႔ တြဲျပီးအသုံးျပဳရင္ မိတ္ကပ္ေတြကို ဖ်က္တဲ့ အေကာင္းဆုံး မိတ္ကပ္ ဖ်က္ေဆးကို ရရွိမွာျဖစ္ပါတယ္။အုန္းဆီ နဲ႔ ဂ်ဳိဂ်ဳိးဘားအဆီတို႔နဲ႔ ေရာျပီးသုံးရင္ မ်က္ႏွာေပၚက မိတ္ကပ္ေတြကို ပိုျပီးအလြယ္တကူခၽြတ္ႏုိ္င္မွာ ျဖစ္ပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

သဘာ၀ အလှအပ ရေးရာ ကျွမ်းကျင်ပညာရှင်များရဲ့ အဆိုအရ ပျားရည်မှာ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်တဲ့ အစွမ်းနဲ့ အိုမင်းရင့်ရော်မှုကို တားပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေပါဝင်ပါတယ်။ ဒါကြောင့် အဖိုးအခမများတဲ့ မိမိအိမ်တွင်းမှာပဲ ပြုလုပ်နို်င်တဲ့ အစွမ်းထေက် အသားအရေထိန်းပစ္စည်းတစ်မျိုးအလိုရှိတယ်ဆိုရင်တော့ ပျားရည်ကို ညွှန်းရမှာ ဖြစ်ပါတယ်။

ပျားရည်ရဲ့ ဂုဏ်သတ္တိတွေကတော့ -

ဝက်ခြံပျောက်ကင်းစေခြင်း။   ။ပျားရည်က သဘာ၀ ပိုးသတ်ဆေးဖြစ်ပြီး ဝက်ခြံဖြစ်ပွားမှုအတွက် ကာကွယ်ဖို့ရော ၊ကုသဖို့ရော သုံးလို့ရပါတယ်။ အိုမင်းရင့်ရော်မှုကိုကာကွယ်ပေးခြင်း ။    ။ဓာတ်တိုးဆန့်ကျင်ပစ္စည်းအများ အပြားပါဝင်တဲ့အတွက် အရွယ်တင်နုပျိုစေပါတယ်။

အသားအရေကို ဝင်းလက်တောက်ပစေခြင်း။  ။ရေဓာတ်ကို ဖြည့်ဆည်းပေးနိုင်တဲ့ အတွက် အသားအရေကို ချောမွေ့နှုးညံ့စေပြီး ကြည်လင်တောက်ပစေနိုင်ပါတယ်။

အစက်အပျောက်များကို ဖယ်ရှားပေးခြင်း။     ။ချွေးပေါက်တွေကို ပွင့်စေတဲ့အတွက် အရေပြားကို သန့်ရှင်းစေနိုင်ပါတယ်။

ပျားရည်နဲ့ မျက်နှာပေါင်းတင်ခြင်း

ပျားရည်ကို အနည်းငယ်စိုစွတ်နေတဲ့ မျက်နှာပေါ်မှာ ပါးပါးလေးလိမ်းပြီး နာရီဝက်လောက်ထားလိုက်ပါ။ ပြီးရင်ရေနွေးနွေးလေးနဲ့ ဆေးချလိုက်တဲ့အခါမှာ နူးညံ့တောက်ပနေတဲ့ အသားအရေကို ရရှိမှာ ဖြစ်ပါတယ်။

အစက်အပျောက် ဖယ်ရှားခြင်း

ညအိပ်ရာ မဝင်ခင် ပျားရည်နဲ့ လက်ဖက်စိမ်းဆီ နည်းနည်းကိုရောပြီး မျက်နှာပေါ်မှာလိမ်းပါ။ မနက်နိုးလာတဲ့ အခါမှာ အစက်အပျောက်ကင်းနေတဲ့ မျက်နှာကို ရရှိမှာ ဖြစ်ပါတယ်။

ပျားရည်နဲ့ ရေချိုးခြင်း

ရာသီဥတု အပြောင်းအလဲကြောင့် အသားအရေကို ထိန်းသိမ်းချင်တယ်ဆိုရင် ပျားရည်နှစ်ခွက်စာထည့်ပြီးရေချိုးပါ။ ပြီးရင် ၁၅ မိနစ်ခန့်ရေစိမ်ပြီး ခန္ဓာကိုယ်က ဆဲလ်သေတွေ ဖယ်ရှားဖို့ မုန့်ဖုတ်ဆော်ဒါအနည်းငယ်ထည့် ပြီးချိုးလိုက်ရင် ပေါ့ပါး ကြည်လင်နေတဲ့ အသားအရေကိုရရှိမှာ ဖြစ်ပါတယ်။

သန့်စင်စေခြင်း

နူးညံ့တဲ့ မျက်လုံးနားတဝိုက်ကို သန့်စင်စေဖို့ အသုံးမပြုသင့်ပေမဲ့ ကိုယ်နှစ်သက်တဲ့ သဘာသ အပင်က ရတဲ့ အဆီတစ်မျိုးနဲ့ တွဲပြီးအသုံးပြုရင် မိတ်ကပ်တွေကို ဖျက်တဲ့ အကောင်းဆုံး မိတ်ကပ် ဖျက်ဆေးကို ရရှိမှာဖြစ်ပါတယ်။အုန်းဆီ နဲ့ ဂျိုဂျိုးဘားအဆီတို့နဲ့ ရောပြီးသုံးရင် မျက်နှာပေါ်က မိတ်ကပ်တွေကို ပိုပြီးအလွယ်တကူချွတ်နိုင်မှာ ဖြစ်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top