iMyanmarHouse.com - Best Property Website for Myanmar
×

 ေတာင္ကိုရီးယား သ႐ုပ္ ေဆာင္မင္းသား ကင္ဝူဘင္းသည္ အိမ္၌သာ ကာယေလ့က်င့္ခန္း လုပ္ရသည့္အေၾကာင္းရင္းကို KBS2 ႐ုပ္သံလိုင္း၏ ၾသဂုတ္ ၂၇ ရက္ေန႔ Entertainment Weekly အစီအစဥ္အတြက္ အင္တာဗ်ဴးတြင္ ထုတ္ေဖာ္ေျပာၾကားသည္။

ေမာ္ဒယ္ႏွင့္ သ႐ုပ္ေဆာင္ မင္းသား ကင္ဝူဘင္းအေနျဖင့္ ၎၏ ကိုယ္ကာယကို မည္သို႔ ထိန္းသိမ္းေၾကာင္း Entertainme -nt Weekly အစီအစဥ္တင္ဆက္ သူက ေမးျမန္းခဲ့သည္။ ကင္ဝူ ဘင္းက ‘‘ကြၽန္ေတာ္က ပိန္တဲ့ ဘက္မွာပါပါတယ္။ ဒါေပမဲ့ အရင္အခုထက္ပိုပိန္တယ္။ ကြၽန္ေတာ့္ ခႏၶာကိုယ္ရဲ႕ ဇီဝတြင္းျဖစ္ပ်က္မႈ ေျပာင္းလဲမလားဆိုတာ ကြၽန္ ေတာ္ မသိပါဘူး။ အခုခ်ိန္မွာ ကြၽန္ေတာ္ အစားစားတာနဲ႔ ဝိတ္ တက္လာပါတယ္။ စားခ်င္တာ ေတြ စားေနတဲ့အခ်ိန္မွာ ေလ့က်င့္ခန္းလည္း မ်ားမ်ားလုပ္ေပးသင့္တယ္လို႔ ကြၽန္ေတာ္ယူဆပါတယ္’’ဟု ေျပာသည္။

ကင္ဝူဘင္းအေနျဖင့္ ဝမ္း ဗိုက္ႂကြက္သားမ်ားႏွင့္ ပခံုးႂကြက္ သားမ်ားအၾကား မည္သည့္ကို ဦးစားေပးေလ့က်င့္ေၾကာင္း အစီ အစဥ္တင္ဆက္သူက ေမးျမန္းခဲ့ ရာ ကင္ဝူဘင္းက ပခံုးႂကြက္သား မ်ား တက္ေစေရးကို ဦးစားေပး ေလ့က်င့္သည္ဟု ခ်က္ခ်င္းေျဖ ၾကားခဲ့သည္။ ‘‘ကြၽန္ေတာ္ ေလ့ က်င့္ခန္းလုပ္ဖို႔ အားကစားခန္းမ ကို သြားတဲ့အခ်ိန္မွာေတာင္မွ လူ ေတြက ကြၽန္ေတာ့္ပခံုးသားေတြ ကိုပဲ ၾကည့္ၾကတယ္။ အဲဒီလို အၾကည့္ခံရတာက တကယ့္ကို ဝန္ထုပ္ဝန္ပိုး   ျဖစ္ပါတယ္။ ဒါေၾကာင့္ အခု အိမ္မွာပဲ အား ကစားလုပ္ေတာ့တယ္’’ဟု ကင္ဝူ ဘင္းက ေျဖၾကားခဲ့သည္။

ကင္ဝူဘင္းသည္ လက္ရွိ တြင္ Uncontrollably Fond ဒရာ မာဇာတ္လမ္းတြဲ၌ ဆူဇီႏွင့္အတူ ပူးတြဲသ႐ုပ္ေဆာင္လ်က္ရွိသည္။ ဇူလိုင္ ၆ ရက္တြင္ KBS2 ႐ုပ္သံ လိုင္းမွ ထုတ္လႊင့္ျပသေသာ ယင္းဇာတ္လမ္းတြဲကို အပိုင္း၂၀ ထုတ္ လႊင့္ျပသမည္ဟု သိရသည္။

Credit: 7 Day Daily
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version

  တောင်ကိုရီးယား သရုပ် ဆောင်မင်းသား ကင်ဝူဘင်းသည် အိမ်၌သာ ကာယလေ့ကျင့်ခန်း လုပ်ရသည့်အကြောင်းရင်းကို KBS2 ရုပ်သံလိုင်း၏ သြဂုတ် ၂၇ ရက်နေ့ Entertainment Weekly အစီအစဉ်အတွက် အင်တာဗျူးတွင် ထုတ်ဖော်ပြောကြားသည်။

မော်ဒယ်နှင့် သရုပ်ဆောင် မင်းသား ကင်ဝူဘင်းအနေဖြင့် ၎င်း၏ ကိုယ်ကာယကို မည်သို့ ထိန်းသိမ်းကြောင်း Entertainme -nt Weekly အစီအစဉ်တင်ဆက် သူက မေးမြန်းခဲ့သည်။ ကင်ဝူ ဘင်းက ‘‘ကျွန်တော်က ပိန်တဲ့ ဘက်မှာပါပါတယ်။ ဒါပေမဲ့ အရင်အခုထက်ပိုပိန်တယ်။ ကျွန်တော့် ခန္ဓာကိုယ်ရဲ့ ဇီဝတွင်းဖြစ်ပျက်မှု ပြောင်းလဲမလားဆိုတာ ကျွန် တော် မသိပါဘူး။ အခုချိန်မှာ ကျွန်တော် အစားစားတာနဲ့ ဝိတ် တက်လာပါတယ်။ စားချင်တာ တွေ စားနေတဲ့အချိန်မှာ လေ့ကျင့်ခန်းလည်း များများလုပ်ပေးသင့်တယ်လို့ ကျွန်တော်ယူဆပါတယ်’’ဟု ပြောသည်။

ကင်ဝူဘင်းအနေဖြင့် ဝမ်း ဗိုက်ကြွက်သားများနှင့် ပခုံးကြွက် သားများအကြား မည်သည့်ကို ဦးစားပေးလေ့ကျင့်ကြောင်း အစီ အစဉ်တင်ဆက်သူက မေးမြန်းခဲ့ ရာ ကင်ဝူဘင်းက ပခုံးကြွက်သား များ တက်စေရေးကို ဦးစားပေး လေ့ကျင့်သည်ဟု ချက်ချင်းဖြေ ကြားခဲ့သည်။ ‘‘ကျွန်တော် လေ့ ကျင့်ခန်းလုပ်ဖို့ အားကစားခန်းမ ကို သွားတဲ့အချိန်မှာတောင်မှ လူ တွေက ကျွန်တော့်ပခုံးသားတွေ ကိုပဲ ကြည့်ကြတယ်။ အဲဒီလို အကြည့်ခံရတာက တကယ့်ကို ဝန်ထုပ်ဝန်ပိုး   ဖြစ်ပါတယ်။ ဒါကြောင့် အခု အိမ်မှာပဲ အား ကစားလုပ်တော့တယ်’’ဟု ကင်ဝူ ဘင်းက ဖြေကြားခဲ့သည်။

ကင်ဝူဘင်းသည် လက်ရှိ တွင် Uncontrollably Fond ဒရာ မာဇာတ်လမ်းတွဲ၌ ဆူဇီနှင့်အတူ ပူးတွဲသရုပ်ဆောင်လျက်ရှိသည်။ ဇူလိုင် ၆ ရက်တွင် KBS2 ရုပ်သံ လိုင်းမှ ထုတ်လွှင့်ပြသသော ယင်းဇာတ်လမ်းတွဲကို အပိုင်း၂၀ ထုတ် လွှင့်ပြသမည်ဟု သိရသည်။

Credit: 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top