iMyanmarHouse.com - Best Property Website for Myanmar
×

ပ်ားရည္ကို ေ႐ွးႏွစ္ေပါင္း ၂၅ဝဝ ေက်ာ္ကပင္ လူသားတို႔သံုးစြဲခဲ့ၾကၿပီး ေဆးဖက္ဝင္အသက္ရွည္ေဆးအျဖစ္ သံုးစြဲခဲ့ၾကသည္။ ဗုဒၶျမတ္စြာဘုရား လက္ထက္ေတာ္ကပင္ နာမက်န္းသူ၊ အသက္ဝါႀကီးသူ၊ ရဟန္းေတာ္မ်ား ကို အားေဆးအျဖစ္ 'စတုမဓူ'ေဖာ္စပ္ သံုးစြဲခဲ့ၾကသည္။ ထုိစတုမဓူတြင္ ပ်ားရည္၊ သကာရည္၊ တင္လဲရည္ႏွင့္ ေထာပတ္တို႔ ပါဝင္သည္။ အခ်ိဳ႕ကလည္း တင္လဲရည္အစား ႏွမ္းဆီထည့္ ၿပီး ေဖာ္စပ္သံုးစြဲခဲ့ၾကသည္။

ပ်ားရည္သည္ အနာက်က္ေစႏိုင္ေသာ သတိၱရိွသျဖင့္ ဒဏ္ရာမ်ားကို ပ်ားရည္ထည့္ၿပီး ပတ္တီးစည္းေပးပါက ေနာက္တစ္ေန႔နံနက္ ပတ္တီးေျဖ လုိက္ေသာအခါ အနာက်က္ေနေၾကာင္း ေတြ႕ရသည္။

ေရွးႏွစ္ေပါင္း ၁ဝဝ ေက်ာ္က သကၠတဘာသာျဖင့္ ေရးသားခဲ့ေသာ 'ေဘသဇၨ မၪၨဴသာ' ေဆးက်မ္းႀကီးကို ဘဂၤလားဆရာေတာ္ႀကီးက ဘာသာ ျပန္ဆိုခဲ့သည္။ ထုိေဆးက်မ္းတြင္ ပ်ားရည္အသံုးဝင္ပံုအမ်ိဳးမ်ိဳးပါရိွရာ ထူးျခားေသာ အသံုးနည္းတစ္မ်ိဳးမွာ ပိန္ေဆးအျဖစ္ သံုးစြဲျခင္းျဖစ္သည္္။

ပ်ားရည္ကို နံနက္အိပ္ရာထခ်ိန္တြင္ ေရေအးျဖင့္ ေရာစပ္ေသာက္ ျခင္းျဖင့္ ပိန္ေသာခႏၶာကိုယ္ျဖစ္ေစႏုိင္သည္ဟု ဆိုသည္။ ႏွစ္လ၊ သံုးလစြဲၿမဲ ၍ ေသာက္ဖို႔ေတာ့လုိမည္ျဖစ္ပါသည္။ လူနာ ၁ဝ ဦးကို ဤနည္းျဖင့္ စမ္းသပ္ေသာက္ေစခဲ့ရာ ကိုလက္စထေရာ ထုိက္သင့္သေလာက္က်သည့္ အျပင္ ပိန္ေသာအသားအေရကို စစ္သြားေစသည္။ ထုိ႔အျပင္ အသားအေရ လည္း လွပစိုျပည္လာသည္ကို ေတြ႕ရသည္။

လူနာတစ္ဦးသည္ အဆီက်ပိန္ခ်င္ေဇာျဖင့္ နံနက္အိပ္ရာထတုိင္း ပ်ားရည္သံုးဇြန္းကို ေရေအးျဖင့္ေရာ၍ ေသာက္ေစခဲ့ရာ ရက္သတၱပတ္ ခန္႔အၾကာတြင္ မိတ္ကဲ့သို႔ အပူဖုမ်ားတစ္ကိုယ္လံုးထြက္လာသျဖင့္ ဆက္ မေသာက္ရဲ ျဖစ္ခဲ့ရသည္။ သတိျပဳရန္မွာ တန္ေဆးလြန္ေဘးျဖစ္သည္။ နည္းလမ္းအမွန္မွာ နံနက္အိပ္ရာထခ်ိန္ မ်က္ႏွာသစ္၊ သြားတိုက္ၿပီးသည္ႏွင့္ ပ်ားရည္ကို ဟင္းစားဇြန္းျဖင့္ တစ္ဇြန္းမွ်ကို ေရတစ္ဖန္ခြက္တြင္ထည့္၍ ေပ်ာ္ဝင္ေအာင္ ဇြန္းျဖင့္ေမႊေဖ်ာ္စပ္ၿပီး ကုန္ေအာင္ေသာက္ရန္ျဖစ္သည္။

ပ်ားရည္သည္ အပူဓာတ္၊ ေၾကညက္ေစေသာဓာတ္ျဖစ္သျဖင့္ မ်ားမ်ား မေသာက္သင့္ပါ။ အဆီက်ပိန္ေစရန္အတြက္ သဘာဝပ်ားရည္က ပို၍ အာနိသင္ရိွသည္။ ႏွစ္သစ္ပ်ားရည္ျဖစ္လွ်င္ ပို၍အဆီက်ေစႏိုင္သည္။ တန္ဖိုးႀကီးၿပီး ေဘးထြက္ဆိုးက်ိဳး႐ိွေသာ အေနာက္တိုင္းေဆးမ်ားေနရာတြင္ အစားထုိးသံုးစြဲျခင္းျဖင့္ ေငြကုန္ေၾကးက်မမ်ားေစဘဲ အဆီက်ပိန္ေစႏုိင္ ေၾကာင္း ေရးသားလုိက္ရေပသည္။


Credit:Myanmaalinn


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ပျားရည်ကို ရှေးနှစ်ပေါင်း ၂၅ဝဝ ကျော်ကပင် လူသားတို့သုံးစွဲခဲ့ကြပြီး ဆေးဖက်ဝင်အသက်ရှည်ဆေးအဖြစ် သုံးစွဲခဲ့ကြသည်။ ဗုဒ္ဓမြတ်စွာဘုရား လက်ထက်တော်ကပင် နာမကျန်းသူ၊ အသက်ဝါကြီးသူ၊ ရဟန်းတော်များ ကို အားဆေးအဖြစ် 'စတုမဓူ'ဖော်စပ် သုံးစွဲခဲ့ကြသည်။ ထိုစတုမဓူတွင် ပျားရည်၊ သကာရည်၊ တင်လဲရည်နှင့် ထောပတ်တို့ ပါဝင်သည်။ အချို့ကလည်း တင်လဲရည်အစား နှမ်းဆီထည့် ပြီး ဖော်စပ်သုံးစွဲခဲ့ကြသည်။

ပျားရည်သည် အနာကျက်စေနိုင်သော သတ္တိရှိသဖြင့် ဒဏ်ရာများကို ပျားရည်ထည့်ပြီး ပတ်တီးစည်းပေးပါက နောက်တစ်နေ့နံနက် ပတ်တီးဖြေ လိုက်သောအခါ အနာကျက်နေကြောင်း တွေ့ရသည်။

ရှေးနှစ်ပေါင်း ၁ဝဝ ကျော်က သက္ကတဘာသာဖြင့် ရေးသားခဲ့သော 'ဘေသဇ္ဇ မဉ္ဇူသာ' ဆေးကျမ်းကြီးကို ဘင်္ဂလားဆရာတော်ကြီးက ဘာသာ ပြန်ဆိုခဲ့သည်။ ထိုဆေးကျမ်းတွင် ပျားရည်အသုံးဝင်ပုံအမျိုးမျိုးပါရှိရာ ထူးခြားသော အသုံးနည်းတစ်မျိုးမှာ ပိန်ဆေးအဖြစ် သုံးစွဲခြင်းဖြစ်သည်။

ပျားရည်ကို နံနက်အိပ်ရာထချိန်တွင် ရေအေးဖြင့် ရောစပ်သောက် ခြင်းဖြင့် ပိန်သောခန္ဓာကိုယ်ဖြစ်စေနိုင်သည်ဟု ဆိုသည်။ နှစ်လ၊ သုံးလစွဲမြဲ ၍ သောက်ဖို့တော့လိုမည်ဖြစ်ပါသည်။ လူနာ ၁ဝ ဦးကို ဤနည်းဖြင့် စမ်းသပ်သောက်စေခဲ့ရာ ကိုလက်စထရော ထိုက်သင့်သလောက်ကျသည့် အပြင် ပိန်သောအသားအရေကို စစ်သွားစေသည်။ ထို့အပြင် အသားအရေ လည်း လှပစိုပြည်လာသည်ကို တွေ့ရသည်။

လူနာတစ်ဦးသည် အဆီကျပိန်ချင်ဇောဖြင့် နံနက်အိပ်ရာထတိုင်း ပျားရည်သုံးဇွန်းကို ရေအေးဖြင့်ရော၍ သောက်စေခဲ့ရာ ရက်သတ္တပတ် ခန့်အကြာတွင် မိတ်ကဲ့သို့ အပူဖုများတစ်ကိုယ်လုံးထွက်လာသဖြင့် ဆက် မသောက်ရဲ ဖြစ်ခဲ့ရသည်။ သတိပြုရန်မှာ တန်ဆေးလွန်ဘေးဖြစ်သည်။ နည်းလမ်းအမှန်မှာ နံနက်အိပ်ရာထချိန် မျက်နှာသစ်၊ သွားတိုက်ပြီးသည်နှင့် ပျားရည်ကို ဟင်းစားဇွန်းဖြင့် တစ်ဇွန်းမျှကို ရေတစ်ဖန်ခွက်တွင်ထည့်၍ ပျော်ဝင်အောင် ဇွန်းဖြင့်မွှေဖျော်စပ်ပြီး ကုန်အောင်သောက်ရန်ဖြစ်သည်။

ပျားရည်သည် အပူဓာတ်၊ ကြေညက်စေသောဓာတ်ဖြစ်သဖြင့် များများ မသောက်သင့်ပါ။ အဆီကျပိန်စေရန်အတွက် သဘာဝပျားရည်က ပို၍ အာနိသင်ရှိသည်။ နှစ်သစ်ပျားရည်ဖြစ်လျှင် ပို၍အဆီကျစေနိုင်သည်။ တန်ဖိုးကြီးပြီး ဘေးထွက်ဆိုးကျိုးရှိသော အနောက်တိုင်းဆေးများနေရာတွင် အစားထိုးသုံးစွဲခြင်းဖြင့် ငွေကုန်ကြေးကျမများစေဘဲ အဆီကျပိန်စေနိုင် ကြောင်း ရေးသားလိုက်ရပေသည်။


Credit:Myanmaalinn


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top