iMyanmarHouse.com - Best Property Website for Myanmar
×
၁။ စိတ်အေးအေးထားပါ
၎။ အာဃာတ တွေ မထားပါနဲ့
Credit: Trend Myanmar
ပို့သပေးပါတယ်။
#Unicode Version
ချစ်သူချင်းပြတ်ကြ၊ ကွဲကြတာ ပြသနာကို ပြေလည်အောင် မဖြေရှင်းကြလို့ပဲ ဖြစ်ပါတယ်။ အကြီးနဲ့အကျယ် ရန်ဖြစ်စကားများပြီးနောက် ဒီအချစ်ရေးဟာ ပျက်စီးသွားပြီလို့ ခံယူထားကြတာကြောင့် ပြန်ပတ်သက်ဖို့ ခက်ခဲနေတတ်ပါတယ်။ ဒါကြောင့် ဒီဆက်ဆံရေးအေးစက်မှုကို ဘယ်လို လျှော့နည်းစေပြီး ချစ်ချင်းမေတ္တာ ပြန်လည် သက်ဝင်လာစေမလဲဆိုတာ စိတ်ဝင်စားစရာအချက်ပါ။ ပြသနာပြေလည်စေရေး အောက်ပါဆောင်ရွက်ပုံအဆင့်ဆင့်တွေ လိုက်နာပါက ရန်ဖြစ်စကားများမှုကနေ ပြန်လည်သင့်မြတ်ဖို့ မခဲယဉ်းပါဘူး။
၁။ စိတ်အေးအေးထားပါ
စကားများရန်ဖြစ်မှု အရှိန်သတ်စေပြီး သင်နဲ့ သင့်လက်တွဲဖော်နှစ်ဦးစလုံး စိတ်မလျှော့မချင်း စောင့်ပါ။ မဆိုင်းမတွပြန်လည်တုံ့ပြန်ပြောမှုတွေရဲ့သားကောင် အဖြစ်မခံပါနဲ့။ မနားတမ်း တုံ့ပြန်ငြင်းခုံမှုနောက်ပိုင်း နောင်တတွေ ရစေပါလိမ့်မယ်။ ဒါကြောင့် စိတ်လျှော့၊ သက်တောင့်သက်သာနေပြီး အပြန်အလှန်စကားပြောဆိုမှု ခေတ္တရပ်ပါ။
၂။ အပြုသဘော စကားပြောဆိုပါ
ရန်ဖြစ်တဲ့အကြောင်းပဲ စကားပြန်ပြန်ဟဖို့ မကြိုးစားပါနဲ့။ စကားကို မှန်ကန်စွာ ပြောဆိုပါ။ သင့်ထင်မြင်ယူဆချက်အမြင်ကို နောက်မှ ပြန်ပြောနိုင်ပါတယ်။ နောက်ပြီး သင့်လက်တွဲဖော်ဘက်က အမြင်ကို နားထောင်ပြီး စိတ်ခံစားချက်နဲ့ သဘောထားအမြင်တွေ စာနာနားလည်မှု ထားပါ။
၃။ ကိုယ့်အမှားလို့ ယူဆပါက ရိုးသားစွာ ဝန်ချက်တောင်းပန်သင့်ပါတယ်
ဒါက ရိုးသားဖြူစင်တဲ့ ဝန်ချတောင်းပန်ခြင်းဖြင့် ဆက်ဆံမှုကို ပြန်လည်ပြုပြင်နည်းတစ်နည်းတစ်ခု ဖြစ်ပါတယ်။ ရိုးရိုးသားသား ဝန်ချတောင်ပန်းဖို့ အလွန်တရာအရေးကြီးပါတယ်။
၄။ အာဃာတ တွေ မထားပါနဲ့
ဒါက အချစ်ရေးဆက်ဆံမှု ပြုပြင်ရေး အထောက်အကူ လုံးဝမဖြစ်စေမှာမို့ ရန်ဖြစ်စကားများပြီးနေက် အာဃာတတွေ မထားပါနဲ့။ စာနာစိတ်ထားပါ သို့မဟုတ် ချစ်ပြအလိုလိုက်တာတွေ လုပ်နိုင်ပါတယ်။
၅။ သင် ဘယ်လောက် ဂရုစိုက်ချစ်ခင်သလဲဆို ပြသပါ
သင် သူ/သူမကို ဘယ်လောက်ဂရုစိုက်ခင်တွယ်ကြောင်း ဖော်ပြသင့်ပါတယ်။ ပွေ့ဖက်၊ ထိတွေ့ပြီး မျက်လုံးချင်းဆုံအောင် ကြိုးစားပါ။ စကား ပေါ့ပေါ့ပါးပါး ပြောဆိုပါ။ သင့်လက်တွဲဖော်အတွက် ဘယ်လောက်ဂရုစိုက်ပေးကြောင်း ပြပါက ပိုမိုကြီးမားတဲ့ပြသနာတွေ ပြေလည်စေနိုင်ပါတယ်။
၆။ အံ့အားသင့်အောင်လုပ်ပြပြီး လက်တွဲဖော်ကို ပျော်ရွှင်အောင်လုပ်ပါ
လက်ဆောင်လေး တစ်ခုခုပေးခြင်း သို့မဟုတ် မမေ့နိုင်စရာနေ့တစ်ခုုခု စီစဉ်ဆောင်ရွက်ခြင်းဖြင့် အံ့အားသင့်စရာတွေ လုပ်ပြပြီး ပျော်ရွှင်အောင်လုပ်ပါ။ အကျိုးရှိတဲ့အချိန်တွေ ကုန်ဆုံးစေခြင်းက စိတ်ကုန်မှုတွေ အမှန်တကယ် ဖြေရှင်းပေးပါတယ်။
Credit: Trend Myanmar
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top