iMyanmarHouse.com - Best Property Website for Myanmar
×


သံပုယိုသီး


ဆပ်ပြာနဲ့ ဇွန်း

Credit : Trend Myanmar



Unicode Version

အိမ်နောက်ဖေး မီးဖိုချောင် ဝင်ရတဲ့အခါ ကြက်သွန်နွှာ၊ လှီးတာတွေအပြီး ကြက်သွန်အနံ့တွေ လက်မှာ စွဲကျန်ပါလာတာ တော်တော်လေး စိတ်ပျက်စရာကောင်းပါတယ်။ ဒါပေမယ့် အဲ့ဒီစိတ်ပျက်စရာကောင်းတဲ့ အရာတွေကို ဖယ်ရှားပစ်နိုင်မယ့် အင်မတန်ကောင်းမွန်တဲ့ ဒီနည်းလမ်း (၃) ခုကို ပြောပြပေးချင်ပါတယ်။

သံပုယိုုသီး
သံပုယိုသီးက ဘယ်အစားအစာမဆို အရသာဖြည့်စွက်ပေးခြင်းအပြင် အနံ့အသက်တွေကိုလည်း ထိရောက်စွာ ဖယ်ရှားနိုင်ပါတယ်။  သံပုယိုသီးကို ခလယ်ကနေခွဲပြီး လက်ချောင်းတွေပေါ် ပွတ်ပေးပါ။ ပြီးတော့ လက်ကို ရေနွေးနွေးလေးနဲ့ ဆေးကြောသန့်စင်ပေးရုံပါပဲ။ အနံ့အသက်ပျောက်သွားပါလိမ့်မယ်။

ဆော်ဒါနဲ့ ပန်းသီးရှာလကာရည်
လက်ချောင်းတွေကို ပန်းသီးရှာလကာရည်ထဲ စိမ်ပြီး လက်ချောင်းများပေါ် ဆော်ဒါဖြူးပေးပါ။ သေချာ ပွတ်တိုက်ပြီး ရေနဲ့ ဆေးကြောပါ။

ဆပ်ပြာနဲ့ ဇွန်း
လုပ်ဆောင်ရမှာက အမြဲလုပ်နေကျအတိုင်း လက်ကို ဆပ်ပြာတိုက်ပြီး ရေစီးအောက်မှာ ထားပေးရုံပါပဲ။ ဒါပေမယ့် အခုအချိန်မှာ ဇွန်းတစ်ချောင်း အသုံးပြုရပါမယ်။ လက်ကို ဇွန်းနဲ့ ပွတ်တိုက်ပါ။ အနံ့အသက် ပျောက်သွားပါလိမ့်မယ်။


Credit : Trend Myanmar



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top