iMyanmarHouse.com - Best Property Website for Myanmar
×

ခန္ဓာကိုယ်အလေးချိန်လျှော့ချဖို့၊ ဒါမှမဟုတ် ကျန်းမာရေးနဲ့ ညီညွတ်စွာ နေနိုင်ဖို့အတွက် လေ့ကျင့်ခန်း လုပ်တော့မယ်ဆိုရင် အစပိုင်းမှာ အားသွန်ခွန်စိုက် လုပ်လေ့ရှိကြပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ပျင်းရိလာတတ်ကြပါတယ်။

ဝိတ်လျှော့နေတဲ့သူတွေ အတွက် သတ်မှတ်ထားတဲ့ ကိုယ်အလေးချိန်တစ်ခု ရောက်တဲ့အထိ ကိုယ့်ကိုယ်ကိုယ် အမြဲသတိပေးနေသင့်တဲ့ အချက် (၇) ချက်ရှိပါတယ်။

၁။ ကိုယ့်အတွက်ကိုယ်လုပ်

ဒီလေ့ကျင့်ခန်းတွေဟာ ကိုယ့်အတွက်ကိုယ်လုပ်နေတယ်ဆိုတာ အမြဲသတိရပါ။ အခြားသူတွေ ဘယ်လိုနေနေ ကိုယ့်အတွက် ကိုယ်အရင်စဉ်းစားပါ။

၂။ တစ်ညတည်းနဲ့ အလုပ်မဖြစ်

တစ်ညတည်းနဲ့တော့ ချက်ချင်းကြီး ပေါင် ၅၀ လောက် ကျသွားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ညစဉ်လုပ်မယ်ဆိုရင်တော့ တစ်နေ့ကျလာမှာ သေချာပါတယ်။

၃။ အခြားသူတွေအဖော်မညှိနဲ့

ကိုယ့်ရဲ့ သူငယ်ချင်းတွေ မလုပ်လည်း ကိုယ်လုပ်မှကိုယ်ရမယ်ဆိုတာ တွေးထားသင့်ပါတယ်။ သူများ ဝိတ်တက်လာတာ၊ ဝိတ်ကျသွားတာ ထိုင်ကြည့်မနေဘဲ ကိုယ့်အလုပ်ကိုယ်လုပ်ပါ။

၎။ အခုရပ်လိုက်ရင် ဘယ်တော့မှ ပြန်မစဖြစ်

ဒီတစ်လောတော့ ခဏနားလိုက်ဦးမယ်ဆိုပြီး အတွေးဝင်လာရင်ချက်ခြင်းမောင်းထုတ်ပစ်ပါ။ ခုနားလိုက်ရင် တစ်သက်လုံး နားဖြစ်သွားပါလိမ့်မယ။်

၅။ သံသယဖြစ်စရာမလို

ဒီလိုလုပ်နေလို့ လိုချင်တဲ့ ခန္ဓာကိုယ် ဖြစ်လာပါ့မလားဆိုပြီး ကိုယ့်ကိုယ်ကိုယ် သံသယဖြစ်နေစရာ မလိုပါဘူးး။ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကိုပဲ ရောက်အောင်သွားဖို့ ကြိုးစားပါ။

၆။ ကိုယ့်ပရိသတ်က ကိုယ်ပဲ

ကိုယ့်အတွက် အကြီးမားဆုံးပရိသတ်က ကိုယ်ကိုယ်တိုင်ပါပဲ။ ထာဝရရှိနေမယ့် ပရိသတ်ဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် အမြဲအားပေးပါ။

၇။ မခံချင်စိတ်မွေး

အရင်က ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး အားနည်းချက်ကို လှောင်ခဲ့သူတွေရှိခဲ့ရင်တော့ ဒီအတွေ့အကြုံအတွက် မခံချင်စိတ် မွေးထားလိုက်ပါ။

Credit : Duwun
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top