iMyanmarHouse.com - Best Property Website for Myanmar
×

 ေယာက္်ားေလးေတြ နားဝင္ေအာင္..
ေယာက္်ားေလးေတြရဲ႕ ပင္ကုိသေဘာက စိတ္အရမ္းမရွည္တတ္သလို နားပူလည္း မခံႏုိင္ပါဘူး။ ကုိယ္က ပူပူဆူဆူေျပာမိရင္၊ စိတ္ထဲမွာ ထင့္ေနတဲ့အတုိင္း ရစ္မိရင္ သူဟာ ဘယ္ေတာ့မွ ကုိယ့္ခံစားခ်က္နဲ႔ ကုိယ္ေျပာခ်င္တဲ့အေၾကာင္းအရာကုိ နားလည္သေဘာေပါက္ေတာ့မွာ
မဟုတ္ပါဘူး။ ဒါဆုိရင္ အခ်ိန္ေတြၾကာလာတဲ့အခါမွာ ကုိယ္တုိ႔ႏွစ္ေယာက္ၾကားမွာ နားလည္မႈေတြ လြဲလာႏုိင္ပါတယ္။
(၁) အခ်ိန္မွန္ျဖစ္ပါေစ
စိတ္ရႈပ္ေနတဲ့အခ်ိန္၊ စိတ္ပံုမွန္မဟုတ္တဲ့အခ်ိန္မွာ ကုိယ္ေျပာခ်င္တာကို မေျပာမိဖို႔ လိုပါတယ္။ ကုိယ္ ေျပာခ်င္တဲ့စကားကို ကုိယ္ခံစားခ်က္အေလ်ာက္ ဖြင့္ထုတ္ေပါက္ကြဲမယ္ဆုိရင္ သူလည္းနားပူ၊ ကုိယ္ ေျပာခ်င္တာလည္း နားထဲမေရာက္ ျဖစ္ႏုိင္ပါတယ္။
(၂) ေအးေအးေဆးေဆးေျပာပါ
ေယာက္်ားေလးအမ်ားစုက နားပူတာကို မခံနုိင္ပါဘူး။ ဒါေလးကို သတိထားသင့္ပါတယ္။ ေအးေအးေဆးေဆးေျပာမယ္ဆုိရင္ အနည္းဆံုးေတာ့
သူ႔ကို ေကာင္းေကာင္းမြန္မြန္ေျပာခြင့္ရမွာျဖစ္ျပီး သူ႔ဘက္ကလည္း ကုိယ့္ကုိ နားလည္ႏုိင္ေခ် ရွိပါတယ္။
(၃) သူ႔ကုိလည္း ေျပာခြင့္ေပးပါ
မိန္းကေလးေတြရဲ႕ အမွားက ကုိယ္ေျပာခ်င္တာကုိပဲ ဖိေျပာတတ္တာပါ။ သူ႔ကုိလည္း ေျပာခြင့္ေပးလုိက္ပါ။ ဒါဆုိ သူ႔ဘက္က အေၾကာင္းျပခ်က္ေတြနဲ႔ အေျခအေနေတြကုိ ကုိယ့္ဘက္က နားလည္ႏုိင္ေခ် ရွိလာႏုိင္မွာပါ။
(၄) နားလည္မႈယူပါ
ေနာက္ဆံုး ကုိယ္ေျပာခ်င္တာေတြ သူသေဘာေပါက္ျပီဆုိရင္ေတာ့ ႏွစ္ဦးၾကား နားလည္မႈယူႏုိင္မွာ ျဖစ္ပါတယ္။
မိန္းကေလးေတြ နားဝင္ေအာင္..
မိန္းကေလးတစ္ေယာက္ရဲ႕ ပင္ကုိသေဘာကေတာ့ ေၾကာက္စိတ္ရွိပါတယ္။ ဒါ့ေၾကာင့္ သူတုိ႔ကုိ ေဒါသအေလ်ာက္ ေျပာမိတဲ့အခါ သူတုိ႔ရဲ႕ မသိစိတ္က ေၾကာက္ရြံ႕သြားပါတယ္။ ဒီလုိအေျခအေနမွာေတာ့ တစ္ခ်ိဳ႕မိန္းကေလးေတြက ေဒါသနဲ႔ ျပန္တံုျပန္တတ္ျပီး
တစ္ခ်ိဳ႕မိန္းကေလးေတြကေတာ့ စိတ္နာသြားတာမ်ိဳး ျဖစ္တတ္ပါတယ္။
(၁) သူ႔ကုိ နားလည္ေအာင္ အရင္ၾကိဳးစားပါ
မိန္းကေလးေတြရဲ႕ စိတ္အေျခအေနဟာ ခန္႔မွန္းရခက္ပါတယ္။ အရင္ဆံုး သူဘာျဖစ္ေနလဲဆုိတာကို နားလည္ႏုိင္ရင္ ကုိယ္ေျပာခ်င္တဲ့ အေၾကာင္းအရာကို ေျပာဖို႔ အေျခအေနပုိေကာင္းမွာပါ။
(၂) ကုိယ္ဆုိလုိခ်င္တာကို ရွင္းျပပါ
ကုိယ္ ေျပာခ်င္တဲ့ အေၾကာင္းအရာကို ေသခ်ာေျပာႏုိင္ဖို႔ လုိပါတယ္။ ဒီအေျခအေနမွာ ကုိယ့္ဘက္က ေယာက္်ားတစ္ေယာက္တန္မယ့္ သေဘာထားေသးတာေတြ၊ ေယာက္်ားမဆန္တဲ့စကားေတြ ေျပာတာေတြကို ဆင္ျခင္ႏုိင္ရပါမယ္။
(၃) ေခ်ာ့ေျပာပါ
စိတ္ဆုိးစရာ ကိစၥျဖစ္ေနရင္ေတာင္ ေဒါသမထြက္ပါနဲ႔။ မိန္းကေလးေတြက ေခ်ာ့ေျပာရင္ နားဝင္လက္ခံတတ္ပါတယ္။ အဓိကက ကုိယ့္ေဒါသေတြကို ေဖာက္ထြက္ဖို႔လား၊ သူ ကုိယ့္စကားနားေထာင္ဖို႔လားဆုိတာ ကြဲျပားပါေစ။
(၄) နားလည္မႈယူပါ
ေနာက္ဆံုးအဆင့္မွာေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ၾကား နားလည္မႈယူျပီး ေအးခ်မ္းတဲ့အခ်စ္ေရးတစ္ခုကို တည္ေဆာက္ႏုိင္ပါတယ္။


Credit:Focus Youth

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version

 ယောက်ျားလေးတွေ နားဝင်အောင်..
ယောက်ျားလေးတွေရဲ့ ပင်ကိုသဘောက စိတ်အရမ်းမရှည်တတ်သလို နားပူလည်း မခံနိုင်ပါဘူး။ ကိုယ်က ပူပူဆူဆူပြောမိရင်၊ စိတ်ထဲမှာ ထင့်နေတဲ့အတိုင်း ရစ်မိရင် သူဟာ ဘယ်တော့မှ ကိုယ့်ခံစားချက်နဲ့ ကိုယ်ပြောချင်တဲ့အကြောင်းအရာကို နားလည်သဘောပေါက်တော့မှာ
မဟုတ်ပါဘူး။ ဒါဆိုရင် အချိန်တွေကြာလာတဲ့အခါမှာ ကိုယ်တို့နှစ်ယောက်ကြားမှာ နားလည်မှုတွေ လွဲလာနိုင်ပါတယ်။
(၁) အချိန်မှန်ဖြစ်ပါစေ
စိတ်ရှုပ်နေတဲ့အချိန်၊ စိတ်ပုံမှန်မဟုတ်တဲ့အချိန်မှာ ကိုယ်ပြောချင်တာကို မပြောမိဖို့ လိုပါတယ်။ ကိုယ် ပြောချင်တဲ့စကားကို ကိုယ်ခံစားချက်အလျောက် ဖွင့်ထုတ်ပေါက်ကွဲမယ်ဆိုရင် သူလည်းနားပူ၊ ကိုယ် ပြောချင်တာလည်း နားထဲမရောက် ဖြစ်နိုင်ပါတယ်။
(၂) အေးအေးဆေးဆေးပြောပါ
ယောက်ျားလေးအများစုက နားပူတာကို မခံနိုင်ပါဘူး။ ဒါလေးကို သတိထားသင့်ပါတယ်။ အေးအေးဆေးဆေးပြောမယ်ဆိုရင် အနည်းဆုံးတော့
သူ့ကို ကောင်းကောင်းမွန်မွန်ပြောခွင့်ရမှာဖြစ်ပြီး သူ့ဘက်ကလည်း ကိုယ့်ကို နားလည်နိုင်ချေ ရှိပါတယ်။
(၃) သူ့ကိုလည်း ပြောခွင့်ပေးပါ
မိန်းကလေးတွေရဲ့ အမှားက ကိုယ်ပြောချင်တာကိုပဲ ဖိပြောတတ်တာပါ။ သူ့ကိုလည်း ပြောခွင့်ပေးလိုက်ပါ။ ဒါဆို သူ့ဘက်က အကြောင်းပြချက်တွေနဲ့ အခြေအနေတွေကို ကိုယ့်ဘက်က နားလည်နိုင်ချေ ရှိလာနိုင်မှာပါ။
(၄) နားလည်မှုယူပါ
နောက်ဆုံး ကိုယ်ပြောချင်တာတွေ သူသဘောပေါက်ပြီဆိုရင်တော့ နှစ်ဦးကြား နားလည်မှုယူနိုင်မှာ ဖြစ်ပါတယ်။
မိန်းကလေးတွေ နားဝင်အောင်..
မိန်းကလေးတစ်ယောက်ရဲ့ ပင်ကိုသဘောကတော့ ကြောက်စိတ်ရှိပါတယ်။ ဒါ့ကြောင့် သူတို့ကို ဒေါသအလျောက် ပြောမိတဲ့အခါ သူတို့ရဲ့ မသိစိတ်က ကြောက်ရွံ့သွားပါတယ်။ ဒီလိုအခြေအနေမှာတော့ တစ်ချို့မိန်းကလေးတွေက ဒေါသနဲ့ ပြန်တုံပြန်တတ်ပြီး
တစ်ချို့မိန်းကလေးတွေကတော့ စိတ်နာသွားတာမျိုး ဖြစ်တတ်ပါတယ်။
(၁) သူ့ကို နားလည်အောင် အရင်ကြိုးစားပါ
မိန်းကလေးတွေရဲ့ စိတ်အခြေအနေဟာ ခန့်မှန်းရခက်ပါတယ်။ အရင်ဆုံး သူဘာဖြစ်နေလဲဆိုတာကို နားလည်နိုင်ရင် ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို ပြောဖို့ အခြေအနေပိုကောင်းမှာပါ။
(၂) ကိုယ်ဆိုလိုချင်တာကို ရှင်းပြပါ
ကိုယ် ပြောချင်တဲ့ အကြောင်းအရာကို သေချာပြောနိုင်ဖို့ လိုပါတယ်။ ဒီအခြေအနေမှာ ကိုယ့်ဘက်က ယောက်ျားတစ်ယောက်တန်မယ့် သဘောထားသေးတာတွေ၊ ယောက်ျားမဆန်တဲ့စကားတွေ ပြောတာတွေကို ဆင်ခြင်နိုင်ရပါမယ်။
(၃) ချော့ပြောပါ
စိတ်ဆိုးစရာ ကိစ္စဖြစ်နေရင်တောင် ဒေါသမထွက်ပါနဲ့။ မိန်းကလေးတွေက ချော့ပြောရင် နားဝင်လက်ခံတတ်ပါတယ်။ အဓိကက ကိုယ့်ဒေါသတွေကို ဖောက်ထွက်ဖို့လား၊ သူ ကိုယ့်စကားနားထောင်ဖို့လားဆိုတာ ကွဲပြားပါစေ။
(၄) နားလည်မှုယူပါ
နောက်ဆုံးအဆင့်မှာတော့ တစ်ယောက်နဲ့တစ်ယောက်ကြား နားလည်မှုယူပြီး အေးချမ်းတဲ့အချစ်ရေးတစ်ခုကို တည်ဆောက်နိုင်ပါတယ်။


Credit:Focus Youth

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top