iMyanmarHouse.com - Best Property Website for Myanmar
×

လူေတြ ဘာေၾကာင့္ အလိုက္သင့္ မေနတတ္ရတာလဲ

တစ္ခ်ိန္ခ်ိန္မွာေတာ့ အဲဒိေမးခြန္းကို ေမးမိမွာပါ။ တစ္ခါတစ္ေလမွာ တျခားသူႏွစ္ေယာက္ၾကား ျပသနာေလးေတြ ျဖစ္တာကို ၾကည့္ၿပီး ေမးတတ္ၿပီး တစ္ခါတစ္ေလေတာ လုပ္ေဖာ္ကိုင္ဘက္ သူငယ္ခ်င္းေတြနဲ႔ ျပသနာ ျဖစ္ၿပီးရင္ ကိုယ့္ဘာသာျပန္ေမးမိတတ္ပါတယ္။

အလြယ္ျပန္ေျဖရရင္ေတာ့ အလိုက္သင့္ ေနလို႔ မရလို႔ပါ။ အထြန္႔တက္တယ္ဆိုတာ လူ႔သဘာဝ ျဖစ္ၿပီး ေခတ္သစ္လုပ္ငန္းခြင္ဆိုတာကလဲ အထြန္႔တက္စရာ အျမင္ကြဲစရာ ကိစၥေတြ အမ်ားႀကီး႐ွိတဲ့ ေနရာပါ။ အဲဒိၾကားထဲကေန အလုပ္ေတြ ၿပီးေျမာက္ေနတာကိုပဲ အံဩရပါမယ္။

အလိုက္သင့္ေနတတ္တာဟာ ေကာင္းမြန္ၿပီး ဆက္ဆံေရးေျပျပစ္ေစတယ္လို႔ ကြၽန္ေတာ္တို႔အားလံုး လက္ခံယံုၾကည္ထားေပမယ့္ အလိုက္သင့္ မေနသင့္တဲ့ အခါေတြ ႐ွိပါေသးတယ္။ ကြဲျပားတဲ့ အျမင္ေတြကို ေလ့လာၿပီး အလုပ္အကိုင္ ပိုေကာင္းေအာင္ လုပ္ရတဲ့ အခါေတြ ႐ွိပါေသးတယ္။ ဘယ္လို အဆင္ေျပေျပ အလိုက္သင့္ မေနရဘူးလဲ ဆိုတာကို သိဖို႔က လုပ္ငန္းခြင္မွာ အဆင္ေျပဖို႔ အရမ္းအေရးႀကီးပါတယ္။

လူႏွစ္ေယာက္႐ွိရင္ တစ္ေယာက္တစ္မ်ိဳးျမင္ၾကတတ္ပါတယ္။ လူဆယ္ေယာက္ေလာက္ပါတဲ့ ကုမၸဏီ ဘုတ္အဖြဲ႔ေတြမွာဆို အစည္းအေဝးေတြမွာ ေနာက္ဆံုး ဆံုးျဖတ္ခ်က္ ခ်ဖို႔ အျမင္ေတြ အရမ္းကြဲေနမွာပါ။

အဲဒိလို အေျခအေနမ်ိဳးဆိုရင္ လုပ္စရာ ႏွစ္နည္း႐ွိပါတယ္။ ပထမနည္းကေတာ့ အားလံုးရဲ႕ အျမင္ေတြနဲ႔ ကြဲျပားမႈ အရမ္းမ႐ွိတဲ့ ဆံုးျဖတ္ခ်က္တစ္ခုကို Boss က ခ်လိုက္ျခင္းပါ။ အဲဒါက အေကာင္းဆံုး နည္းလမ္းေတာ့ မဟုတ္ပါဘူး။

ပိုၿပီးေကာင္းမြန္တဲ့ ဒုတိယ နည္းလမ္းကေတာ့ အရင္ဆံုး ဘယ္သူ႔အျမင္ကိုမွ ဖိႏွိပ္ပစ္လိုက္ျခင္း မ႐ွိေစရပဲ အစည္းအေဝးမွာ ပါဝင္သူအားလံုး အဆင္ေျပေျပ ဝင္ေရာက္ ေဆြးေႏြး ျငင္းခံုလို႔ရတဲ့ အေျခအေနတစ္ခုကို Boss က တည္ေဆာက္လိုက္ျခင္းပါ။

    ၁. တရားမ်ွတမႈ ႐ွိပါ

ဆံုးျဖတ္ရမယ့္ ကိစၥကိုပဲ အေလးထားၿပီး မဆိုင္တဲ့ အေၾကာင္းအရာေတြ ဝင္မလာပါေစနဲ႔။ ကိုယ္ေရးကိုယ္တာေတြ မပါပါေစနဲ႔။ တိုက္ခိုက္ေဝဖန္ရမွာက ျပသနာကို ျဖစ္ၿပီး လူပုဂၢိဳလ္ကို တိုက္ခိုက္ေဝဖန္စရာ မလိုပါဘူး။ တျခားသူေတြကိုလဲ ကိုယ္ေရးကိုယ္တာ ပါမလာေအာင္ ထိန္းညႇိေပးပါ။

    ၂. ပြင့္လင္းျမင္သာမႈနဲ႔ ႐ိုးေျဖာင့္မႈတို႔ ႐ွိပါေစ

အဲဒါက ေသာ့ခ်က္ပါပဲ။ သင့္ရဲ႕ အျမင္မွာ တစ္ကိုယ္ေကာင္းဆန္မႈေတြ၊ အိတ္ထဲ ထည့္လိုမႈေတြ၊ ကိုယ္ေရးကိုယ္တာ ရလိုမႈေတြ မပါသင့္ပါဘူး။ အားလံုးကို လြတ္လပ္စြာ ေဝဖန္ခြင့္ ေပးထားရပါမယ္။ ဒီ အစည္းအေဝးလုပ္ရတဲ့ ရည္ရြယ္ခ်က္က ကုမၸဏီအတြက္ဆိုတာ မွတ္ထားပါ။ အားလံုးကိုလဲ သိပါေစ။

    ၃. ဆံုးျဖတ္ခ်က္ ႐ွင္း႐ွင္းလင္းလင္း ခ်ပါ

အစည္းအေဝးဟာ ေနာက္ဆံုးမွာ ဆံုးျဖတ္ခ်က္တစ္ခု ထြက္လာမွာပါ။ အားလံုးသေဘာတူစရာ မလိုပါဘူး။ သင့္တာဝန္က စားပြဲေပၚမွာ ကိစၥအားလံုး ေတာ္ေတာ္႐ွင္းၿပီး လူေတာ္ေတာ္မ်ားမ်ား ေထာက္ခံလာတဲ့အထိ ဆံုးျဖတ္ခ်က္ကို တြန္းပို႔ေပးရမွာပါ။

    ၄. ဆံုးျဖတ္ခ်က္ကို အျပည့္အဝ ပံ့ပိုးေပးပါ

အစည္းအေဝးၿပီးရင္ ဆံုးျဖတ္ခ်က္ကို မေက်နပ္သူေတြက အဲဒီဆံုးျဖတ္ခ်က္အတိုင္း လိုက္ပါေဆာင္ရြက္ဖို႔ ဝန္ေလးေနတတ္ၿပီး အလုပ္မွာ ေလးကန္ဖင့္ႏြဲ႔ေနတတ္ပါတယ္။ သေဘာမတူသူေတြက သူတို႔ရဲ႕ အျမင္ကို ေဘးခ်ိတ္ထားၿပီး ခ်မွတ္လိုက္တဲ့ ဆံုးျဖတ္ခ်က္အတိုင္း ကုမၸဏီအတြက္ အစြမ္း႐ွိသ၍ ေဆာင္ရြက္ေပးရမွာပါ။

ဒီအခ်က္ေလးခ်က္ဟာ လံုးဝျပီးျပည့္စံုေနတာ မဟုတ္ေပမယ့္ ဆံုးျဖတ္ခ်က္ခ်ရမွာ ေတာ္ေတာ္ အဆင္ေျပသြားမွာပါ။ သင္ အဲဒိအခ်က္ေတြေပၚမွာ ယံုၾကည္မႈ႐ွိရမွာျဖစ္ၿပီး လံုးဝ လိုက္နာရမွာ ျဖစ္ပါတယ္။

Credit:Gentleman Magazine
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
လူတွေ ဘာကြောင့် အလိုက်သင့် မနေတတ်ရတာလဲ

တစ်ချိန်ချိန်မှာတော့ အဲဒိမေးခွန်းကို မေးမိမှာပါ။ တစ်ခါတစ်လေမှာ တခြားသူနှစ်ယောက်ကြား ပြသနာလေးတွေ ဖြစ်တာကို ကြည့်ပြီး မေးတတ်ပြီး တစ်ခါတစ်လေတော လုပ်ဖော်ကိုင်ဘက် သူငယ်ချင်းတွေနဲ့ ပြသနာ ဖြစ်ပြီးရင် ကိုယ့်ဘာသာပြန်မေးမိတတ်ပါတယ်။

အလွယ်ပြန်ဖြေရရင်တော့ အလိုက်သင့် နေလို့ မရလို့ပါ။ အထွန့်တက်တယ်ဆိုတာ လူ့သဘာဝ ဖြစ်ပြီး ခေတ်သစ်လုပ်ငန်းခွင်ဆိုတာကလဲ အထွန့်တက်စရာ အမြင်ကွဲစရာ ကိစ္စတွေ အများကြီးရှိတဲ့ နေရာပါ။ အဲဒိကြားထဲကနေ အလုပ်တွေ ပြီးမြောက်နေတာကိုပဲ အံဩရပါမယ်။

အလိုက်သင့်နေတတ်တာဟာ ကောင်းမွန်ပြီး ဆက်ဆံရေးပြေပြစ်စေတယ်လို့ ကျွန်တော်တို့အားလုံး လက်ခံယုံကြည်ထားပေမယ့် အလိုက်သင့် မနေသင့်တဲ့ အခါတွေ ရှိပါသေးတယ်။ ကွဲပြားတဲ့ အမြင်တွေကို လေ့လာပြီး အလုပ်အကိုင် ပိုကောင်းအောင် လုပ်ရတဲ့ အခါတွေ ရှိပါသေးတယ်။ ဘယ်လို အဆင်ပြေပြေ အလိုက်သင့် မနေရဘူးလဲ ဆိုတာကို သိဖို့က လုပ်ငန်းခွင်မှာ အဆင်ပြေဖို့ အရမ်းအရေးကြီးပါတယ်။

လူနှစ်ယောက်ရှိရင် တစ်ယောက်တစ်မျိုးမြင်ကြတတ်ပါတယ်။ လူဆယ်ယောက်လောက်ပါတဲ့ ကုမ္ပဏီ ဘုတ်အဖွဲ့တွေမှာဆို အစည်းအဝေးတွေမှာ နောက်ဆုံး ဆုံးဖြတ်ချက် ချဖို့ အမြင်တွေ အရမ်းကွဲနေမှာပါ။

အဲဒိလို အခြေအနေမျိုးဆိုရင် လုပ်စရာ နှစ်နည်းရှိပါတယ်။ ပထမနည်းကတော့ အားလုံးရဲ့ အမြင်တွေနဲ့ ကွဲပြားမှု အရမ်းမရှိတဲ့ ဆုံးဖြတ်ချက်တစ်ခုကို Boss က ချလိုက်ခြင်းပါ။ အဲဒါက အကောင်းဆုံး နည်းလမ်းတော့ မဟုတ်ပါဘူး။

ပိုပြီးကောင်းမွန်တဲ့ ဒုတိယ နည်းလမ်းကတော့ အရင်ဆုံး ဘယ်သူ့အမြင်ကိုမှ ဖိနှိပ်ပစ်လိုက်ခြင်း မရှိစေရပဲ အစည်းအဝေးမှာ ပါဝင်သူအားလုံး အဆင်ပြေပြေ ဝင်ရောက် ဆွေးနွေး ငြင်းခုံလို့ရတဲ့ အခြေအနေတစ်ခုကို Boss က တည်ဆောက်လိုက်ခြင်းပါ။

    ၁. တရားမျှတမှု ရှိပါ

ဆုံးဖြတ်ရမယ့် ကိစ္စကိုပဲ အလေးထားပြီး မဆိုင်တဲ့ အကြောင်းအရာတွေ ဝင်မလာပါစေနဲ့။ ကိုယ်ရေးကိုယ်တာတွေ မပါပါစေနဲ့။ တိုက်ခိုက်ဝေဖန်ရမှာက ပြသနာကို ဖြစ်ပြီး လူပုဂ္ဂိုလ်ကို တိုက်ခိုက်ဝေဖန်စရာ မလိုပါဘူး။ တခြားသူတွေကိုလဲ ကိုယ်ရေးကိုယ်တာ ပါမလာအောင် ထိန်းညှိပေးပါ။

    ၂. ပွင့်လင်းမြင်သာမှုနဲ့ ရိုးဖြောင့်မှုတို့ ရှိပါစေ

အဲဒါက သော့ချက်ပါပဲ။ သင့်ရဲ့ အမြင်မှာ တစ်ကိုယ်ကောင်းဆန်မှုတွေ၊ အိတ်ထဲ ထည့်လိုမှုတွေ၊ ကိုယ်ရေးကိုယ်တာ ရလိုမှုတွေ မပါသင့်ပါဘူး။ အားလုံးကို လွတ်လပ်စွာ ဝေဖန်ခွင့် ပေးထားရပါမယ်။ ဒီ အစည်းအဝေးလုပ်ရတဲ့ ရည်ရွယ်ချက်က ကုမ္ပဏီအတွက်ဆိုတာ မှတ်ထားပါ။ အားလုံးကိုလဲ သိပါစေ။

    ၃. ဆုံးဖြတ်ချက် ရှင်းရှင်းလင်းလင်း ချပါ

အစည်းအဝေးဟာ နောက်ဆုံးမှာ ဆုံးဖြတ်ချက်တစ်ခု ထွက်လာမှာပါ။ အားလုံးသဘောတူစရာ မလိုပါဘူး။ သင့်တာဝန်က စားပွဲပေါ်မှာ ကိစ္စအားလုံး တော်တော်ရှင်းပြီး လူတော်တော်များများ ထောက်ခံလာတဲ့အထိ ဆုံးဖြတ်ချက်ကို တွန်းပို့ပေးရမှာပါ။

    ၄. ဆုံးဖြတ်ချက်ကို အပြည့်အဝ ပံ့ပိုးပေးပါ

အစည်းအဝေးပြီးရင် ဆုံးဖြတ်ချက်ကို မကျေနပ်သူတွေက အဲဒီဆုံးဖြတ်ချက်အတိုင်း လိုက်ပါဆောင်ရွက်ဖို့ ဝန်လေးနေတတ်ပြီး အလုပ်မှာ လေးကန်ဖင့်နွဲ့နေတတ်ပါတယ်။ သဘောမတူသူတွေက သူတို့ရဲ့ အမြင်ကို ဘေးချိတ်ထားပြီး ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်အတိုင်း ကုမ္ပဏီအတွက် အစွမ်းရှိသ၍ ဆောင်ရွက်ပေးရမှာပါ။

ဒီအချက်လေးချက်ဟာ လုံးဝပြီးပြည့်စုံနေတာ မဟုတ်ပေမယ့် ဆုံးဖြတ်ချက်ချရမှာ တော်တော် အဆင်ပြေသွားမှာပါ။ သင် အဲဒိအချက်တွေပေါ်မှာ ယုံကြည်မှုရှိရမှာဖြစ်ပြီး လုံးဝ လိုက်နာရမှာ ဖြစ်ပါတယ်။



Credit:Gentleman Magazine

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top