iMyanmarHouse.com - Best Property Website for Myanmar
×








Credit : Duwun

ပို့သပေးပါတယ်။


Unicode Version

ချစ်သူရည်းစားထားတယ်ဆိုတာ ဘဝလက်တွဲဖော်ရွေးဖို့ စမ်းသပ်မှုတစ်ခုလိုပါပဲ။

လူနှစ်ယောက် ပေါင်းစည်းလို့ရနိုင်မလားဆိုတာ သိရဖို့ နှစ်ယောက်အတူ ညစာစားတယ်၊ ရုပ်ရှင်ကြည့်တယ်၊ စကားပြောကြည့်တယ်။ အဲဒီလူနဲ့ လပေါင်းများစွာ ဒါမှမဟုတ် နှစ်နဲ့ချီ အချိန်တွေ ကုန်ဆုံးပြီးတဲ့နောက် ထိုလူနဲ့ ဘဝတစ်သက်တာ လက်တွဲလို့ရနိုင် မရနိုင် သိရှိလာပါလိမ့်မယ်။

ချစ်သူရည်းစားထားတဲ့အခါ သင်သိထားသင့်တဲ့ အရေးကြီးဆုံးအချက်က သင့်စိတ်ခံစားချက်က အဓိက ဆိုတာပါပဲ။

လူတိုင်းမှာ ထူးခြားတဲ့စရိုက်တွေနဲ့ ပြစ်ချက်တွေ ရှိကြပါတယ်။ သင့်ရဲ့ချစ်သူက သင့်ရဲ့ စရိုက်တွေနဲ့ ပြစ်ချက်တွေအားလုံးကို ကျေကျေနပ်နပ် လက်ခံနိုင်သူဖြစ်သင့်သလို သင်ကိုယ်တိုင်ကလည်း သူ့ရဲ့ စရိုက်တွေနဲ့ အားနည်းချက်တွေကို လက်ခံနိုင်ဖို့ လိုပါတယ်။

လူတစ်ယောက်နဲ့အတူနေဖို့ သင့်ရဲ့စိတ်တွေကို ကန့်သတ်ချုပ်တည်းပြီး သူ့အလိုကျ နေပေးရမယ်ဆိုရင်တော့ ဒါဟာ လုံးဝကိုမှားယွင်းနေပါတယ်။

သင့်ရဲ့ ကိုယ်ပိုင်စတိုင်ကို နှစ်သက်သဘောကျပြီး သင့်ရဲ့ ရူးသွပ်မှုတွေနဲ့ ကြောင်တောင်တောင်နိုင်လှတဲ့ အပြုအမူတွေကို သဘောကျမယ့်သူမတွေ့မချင်း လက်မလျှော့ပါနဲ့။

တကယ်လို့ သင့်မှာ အဲဒီလို ချစ်သူမျိုးရှိနေပြီးသားဆိုရင်တော့ သူ့ကို ဘယ်တော့မှ လက်မလွှတ်ပါနဲ့။

Credit : Duwun



 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top