iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္အေလးခ်ိန္ေလ်ာ့က်ဖို႔ဆုိတာ ဇြဲလံု႔လနဲ႔ ျပဳလုပ္ရတဲ့ အလုပ္တစ္ခုပါ။ ေရရွည္လုပ္ရတဲ့ ကိစၥရပ္ ျဖစ္တာေၾကာင့္ ဒီအခ်က္ေလးေတြကို သတိျပဳသင့္ပါတယ္။

၁။ အစာ အရမ္းေလွ်ာ့စားတာ မလုပ္ပါနဲ႔

ဝိတ္ခ်ဖုိ႔အတြက္ အစာေလွ်ာ့စားတာ လူတုိင္းလုပ္တဲ့ကိစၥ ျဖစ္ေပမဲ့ ေရရွည္လုပ္ႏုိင္ဖုိ႔က အရမ္း ခက္ခဲပါတယ္။ ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်တယ္ဆုိတာ အျမဲတမ္း ဂ႐ုစိုက္ရတဲ့အလုပ္ျဖစ္လို႔ ေရရွည္မျဖစ္ႏုိင္တဲ့ သတ္မွတ္ခ်က္ေတြ မထားဖုိ႔ လိုပါတယ္။

၂။ ျဖစ္ႏုိင္တဲ့ပန္းတုိင္ေတြသာ ခ်မွတ္ပါ

ပန္းတုိင္ေသးေသးေလးေတြ ခ်မွတ္ၿပီး စဖို႔လိုပါတယ္။ မျဖစ္ႏုိင္ႏုိင္တဲ့ ပန္းတုိင္ေတြ သတ္မွတ္ရင္ တစ္ရက္ႏွစ္ရက္အတြင္ သင္ စိတ္ပ်က္သြားပါလိမ့္မယ္။

၃။ လိမ္လည္တဲ့ေန႔ေတြ မရွိပါေစနဲ႔

သတ္မွတ္ထားတဲ့ အစားအစာ၊ သတ္မွတ္ထားတဲ့ အခ်ိန္ေတြကို ခ်ဳိးေဖာက္တာမ်ဳိး မလုပ္သင့္ပါဘူး။ တစ္ခါေလာက္နဲ႔ ဘာမွ မျဖစ္ႏုိင္ဘူးလို႔ ေတြးၿပီး သင့္ရဲ႕သတ္မွတ္ခ်က္ကို ခ်ဳိးေဖာက္လိုက္တာနဲ႔ ေနာက္လည္း လုပ္မိေနပါဦးမယ္။ သင္ဟာ ည ၈ နာရီေက်ာ္ရင္ အစာမစားဘူးလို႔ ဆံုးျဖတ္ထားရင္ လံုးဝမစားမိဖို႔ လိုပါတယ္။

၄။ စိတ္ဖိစီးမႈကို က်န္းမာေရးနဲ႔သင့္ေတာ္တဲ့နည္းနဲ႔ ေျဖရွင္းပါ

စိတ္ဖိစီးမႈေတြမ်ားလို႔ အရက္ေသာက္တာမ်ဳိး မလုပ္ပါနဲ႔။ စိတ္ဖီးစီးလြန္းလို႔ အစားေတြ နင္းကန္ မစားမိပါေစနဲ႔။ ေလ့က်င့္ခန္းလုပ္ျခင္းနဲ႔ စိတ္ဖိစီးမႈကို ေလွ်ာ့ခ်တာ အေကာာင္းဆုံးပါ။

၅။ တစ္ခုခု မလုပ္မီ အခ်ိန္နည္းနည္းယူပါ

ဒါဟာ က်န္းမာေရးနဲ႔ ညီညြတ္တဲ့ အစားအစာ ဟုတ္မဟုတ္ ေသခ်ာစဥ္းစားပါ။ တစ္ခါတေလမွာ အလုပ္မ်ားလြန္းလို႔ ဘာမွမစဥ္းစားႏုိင္ဘဲ စားလိုက္တာ၊ လုပ္လုိက္မိတာမ်ဳိးေတြ ရွိပါတယ္။ ဒါေၾကာင့္ ဘာပဲလုပ္လုပ္ ဘာပဲ စားစား ဝိတ္တက္ေစမယ့္အရာေတြ မလုပ္မိ မစားမိေစဖုိ႔ အခ်ိန္ေလး နည္းနည္းေပးၿပီး စဥ္းစားတဲ့အက်င့္ေလး လုပ္ဖုိ႔လုိပါတယ္။

Credit: duwun


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version


ကိုယ်အလေးချိန်လျော့ကျဖို့ဆိုတာ ဇွဲလုံ့လနဲ့ ပြုလုပ်ရတဲ့ အလုပ်တစ်ခုပါ။ ရေရှည်လုပ်ရတဲ့ကိစ္စရပ် ဖြစ်တာကြောင့် ဒီအချက်လေးတွေကို သတိပြုသင့်ပါတယ်။

၁။ အစာ အရမ်းလျှော့စားတာ မလုပ်ပါနဲ့

ဝိတ်ချဖို့အတွက် အစာလျှော့စားတာ လူတိုင်းလုပ်တဲ့ကိစ္စ ဖြစ်ပေမဲ့ ရေရှည်လုပ်နိုင်ဖို့က အရမ်း ခက်ခဲပါတယ်။ ကိုယ်အလေးချိန် လျှော့ချတယ်ဆိုတာ အမြဲတမ်း ဂရုစိုက်ရတဲ့အလုပ်ဖြစ်လို့ ရေရှည်မဖြစ်နိုင်တဲ့ သတ်မှတ်ချက်တွေ မထားဖို့ လိုပါတယ်။

၂။ ဖြစ်နိုင်တဲ့ပန်းတိုင်တွေသာ ချမှတ်ပါ

ပန်းတိုင်သေးသေးလေးတွေ ချမှတ်ပြီး စဖို့လိုပါတယ်။ မဖြစ်နိုင်နိုင်တဲ့ ပန်းတိုင်တွေ သတ်မှတ်ရင် တစ်ရက်နှစ်ရက်အတွင် သင် စိတ်ပျက်သွားပါလိမ့်မယ်။

၃။ လိမ်လည်တဲ့နေ့တွေ မရှိပါစေနဲ့

သတ်မှတ်ထားတဲ့ အစားအစာ၊ သတ်မှတ်ထားတဲ့ အချိန်တွေကို ချိုးဖောက်တာမျိုး မလုပ်သင့်ပါဘူး။ တစ်ခါလောက်နဲ့ ဘာမှ မဖြစ်နိုင်ဘူးလို့ တွေးပြီး သင့်ရဲ့သတ်မှတ်ချက်ကို ချိုးဖောက်လိုက်တာနဲ့ နောက်လည်း လုပ်မိနေပါဦးမယ်။ သင်ဟာ ည ၈ နာရီကျော်ရင် အစာမစားဘူးလို့ ဆုံးဖြတ်ထားရင် လုံးဝမစားမိဖို့ လိုပါတယ်။

၄။ စိတ်ဖိစီးမှုကို ကျန်းမာရေးနဲ့သင့်တော်တဲ့နည်းနဲ့ ဖြေရှင်းပါ

စိတ်ဖိစီးမှုတွေများလို့ အရက်သောက်တာမျိုး မလုပ်ပါနဲ့။ စိတ်ဖီးစီးလွန်းလို့ အစားတွေ နင်းကန် မစားမိပါစေနဲ့။ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ စိတ်ဖိစီးမှုကို လျှော့ချတာ အကောာင်းဆုံးပါ။

၅။ တစ်ခုခု မလုပ်မီ အချိန်နည်းနည်းယူပါ

ဒါဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ ဟုတ်မဟုတ် သေချာစဉ်းစားပါ။ တစ်ခါတလေမှာ အလုပ်များလွန်းလို့ ဘာမှမစဉ်းစားနိုင်ဘဲ စားလိုက်တာ၊ လုပ်လိုက်မိတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် ဘာပဲလုပ်လုပ် ဘာပဲ စားစား ဝိတ်တက်စေမယ့်အရာတွေ မလုပ်မိ မစားမိစေဖို့ အချိန်လေး နည်းနည်းပေးပြီး စဉ်းစားတဲ့အကျင့်လေး လုပ်ဖို့လိုပါတယ်။

Credit: duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top