iMyanmarHouse.com - Best Property Website for Myanmar
×

အလုပ္ေတြ မနားမေန လုပ္ေနရင္း ခဏခဏ သမ္းေ၀ေနရတာလည္း စိတ္ပ်က္စရာပါ။ ေန႕လည္ေန႕ခင္းေတြ ဟိုလုပ္ ဒီလုပ္နဲ႕ အခ်ိန္ေတြ ကုန္သြားေပမယ့္ တေရးတေမာမွ မအိပ္ျဖစ္သူေတြဟာ က်န္းမာေရးအတြက္သာမက စိတ္အပန္းေျပနည္းတစ္ခုကိုပါ လက္လႊတ္ဆံုးရႈံးလိုက္ရသလုိပါပဲ။ ဒီေတာ့ စိတ္ေတြ ျပန္လည္ရႊင္လန္းလာေအာင္ လုပ္လက္စ အလုပ္ေတြကိုရပ္ျပီး တေရးအိပ္သင့္တဲ့ အေၾကာင္းအရင္း (၅) ခ်က္ကို ေျပာျပရရင္ေတာ့

၁။ သင္ယူႏိုင္စြမ္း နဲ႕ မွတ္ဥာဏ္စြမ္းရည္ ျမင့္မားေစျခင္း

တေရးတေမာအိပ္တတ္တဲ့သူေတြဟာ မွတ္ဥာဏ္ပိုမိုေကာင္းမြန္ၾကေၾကာင္း အထူးေျပာစရာ မလုိေတာ့ပါဘူး။ မနက္ပိုင္း အလုပ္တစ္ခုခုလုပ္ျပီး ေန႕လည္ဘက္ တေရးအိပ္တတ္သူေတြဟာ သူတုိ႕သင္ယူေနတဲ့အရာေတြကို တတ္ေျမာက္လြယ္ပါတယ္တဲ့။ ကိုယ္လက္ေလ့က်င့္ခန္းလုပ္တဲ့သူေတြနဲ႕ အားကစားတစ္ခုခု လုပ္ေနသူေတြလညး္ အဲ့ဒီလို အက်ိဳးေက်းဇူးရရွိတာပါပဲ။

၂။ ခရီးထြက္တဲ့အခါ အခ်ိန္ကြာဟမႈေၾကာင့္ ခံစားရတဲ့ ျပသနာေတြကို ေျဖရွင္းႏိုင္ျခင္း

တေရးတေမာ အိပ္ျခင္းဟာ ခရီးသြားရတာ ႏွစ္ျခိဳက္တဲ့သူေတြအတြက္ေတာ့ လုပ္ကိုလုပ္သင့္တဲ့ အက်င့္ေလးပါ။ တေရးအိပ္လိုက္ျခင္းဟာ တစ္ႏိုင္ငံနဲ႕တစ္ႏိုင္ငံ အခ်ိန္ကြာဟမႈေၾကာင့္ ခံစားရတဲ့ မူးေ၀ျပီး အီလည္လည္ျဖစ္ျခင္းကို ကာကြယ္ျပီးသား ျဖစ္ပါတယ္။

၃။စိတ္ဖိစီးမႈေတြကို ေလ်ာ့ခ်ေပးႏိုင္ျခင္း

တေရးတေမာ အိပ္ျခင္းဟာ သင့္စိတ္ဖိစီးမႈေတြကို ေလ်ာ့ခ်ပစ္ႏိုင္တဲ့ အေကာင္းဆံုးနည္းပါပဲ။ သူက စိတ္ေရာလူကိုယ္ပါ ျပန္လည္လန္းဆန္းလာဖုိ႕ ကူညီေပးႏုိင္ပါတယ္။

၄။ေဒါသျဖစ္တာေတြ၊ ညဘက္အိပ္ေရးပ်က္တာေတြကိုပါ ေန႕ဘက္တေရးအိပ္ျခင္းနဲ႕ ကုစားႏိုင္ျခင္း

သင္ဟာ အလြယ္တကူ ေဒါသထြက္လြယ္တတ္သူဆုိရင္ ေန႕လည္ဘက္ တေရးတေမာအိပ္ဖုိ႕ အၾကံေပးခ်င္ပါတယ္။ ဒါအ့ျပင္ ညဘက္ေတြ အိပ္မေပ်ာ္ဘူးဆုိရင္လည္း ေန႕ဘက္တေရးျပန္အိပ္ဖုိ႕ မေမ့ပါနဲ႕။

၅။အသားအေရ ၾကည္လင္ေစျခင္း

အိပ္ေရး၀တဲ့အခါ လူက လန္းဆန္းၾကည္လင္ေနသလို အသားအေရေတြကလည္း ေျခာက္ေသြ႕မေနေတာ့ပဲ စိုေျပေနတတ္ပါတယ္။ ဒါက ေန႕လည္ဘက္ တေရးအိပ္ျခင္းမွာလည္း ရႏိုင္တဲ့ အက်ိဳးေက်းဇူးေတြထဲက တစ္ခုပါပဲ။

Credit : trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အလုပ်တွေ မနားမနေ လုပ်နေရင်း ခဏခဏ သမ်းဝေနေရတာလည်း စိတ်ပျက်စရာပါ။ နေ့လည်နေ့ခင်းတွေ ဟိုလုပ် ဒီလုပ်နဲ့ အချိန်တွေ ကုန်သွားပေမယ့် တရေးတမောမှ မအိပ်ဖြစ်သူတွေဟာ ကျန်းမာရေးအတွက်သာမက စိတ်အပန်းပြေနည်းတစ်ခုကိုပါ လက်လွှတ်ဆုံးရှုံးလိုက်ရသလိုပါပဲ။ ဒီတော့ စိတ်တွေ ပြန်လည်ရွှင်လန်းလာအောင် လုပ်လက်စ အလုပ်တွေကိုရပ်ပြီး တရေးအိပ်သင့်တဲ့ အကြောင်းအရင်း (၅) ချက်ကို ပြောပြရရင်တော့

၁။ သင်ယူနိုင်စွမ်း နဲ့ မှတ်ဉာဏ်စွမ်းရည် မြင့်မားစေခြင်း

တရေးတမောအိပ်တတ်တဲ့သူတွေဟာ မှတ်ဉာဏ်ပိုမိုကောင်းမွန်ကြကြောင်း အထူးပြောစရာ မလိုတော့ပါဘူး။ မနက်ပိုင်း အလုပ်တစ်ခုခုလုပ်ပြီး နေ့လည်ဘက် တရေးအိပ်တတ်သူတွေဟာ သူတို့သင်ယူနေတဲ့အရာတွေကို တတ်မြောက်လွယ်ပါတယ်တဲ့။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တဲ့သူတွေနဲ့ အားကစားတစ်ခုခု လုပ်နေသူတွေလည်း အဲ့ဒီလို အကျိုးကျေးဇူးရရှိတာပါပဲ။

၂။ ခရီးထွက်တဲ့အခါ အချိန်ကွာဟမှုကြောင့် ခံစားရတဲ့ ပြသနာတွေကို ဖြေရှင်းနိုင်ခြင်း

တရေးတမော အိပ်ခြင်းဟာ ခရီးသွားရတာ နှစ်ခြိုက်တဲ့သူတွေအတွက်တော့ လုပ်ကိုလုပ်သင့်တဲ့ အကျင့်လေးပါ။ တရေးအိပ်လိုက်ခြင်းဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အချိန်ကွာဟမှုကြောင့် ခံစားရတဲ့ မူးဝေပြီး အီလည်လည်ဖြစ်ခြင်းကို ကာကွယ်ပြီးသား ဖြစ်ပါတယ်။

၃။စိတ်ဖိစီးမှုတွေကို လျော့ချပေးနိုင်ခြင်း

တရေးတမော အိပ်ခြင်းဟာ သင့်စိတ်ဖိစီးမှုတွေကို လျော့ချပစ်နိုင်တဲ့ အကောင်းဆုံးနည်းပါပဲ။ သူက စိတ်ရောလူကိုယ်ပါ ပြန်လည်လန်းဆန်းလာဖို့ ကူညီပေးနိုင်ပါတယ်။

၄။ဒေါသဖြစ်တာတွေ၊ ညဘက်အိပ်ရေးပျက်တာတွေကိုပါ နေ့ဘက်တရေးအိပ်ခြင်းနဲ့ ကုစားနိုင်ခြင်း

သင်ဟာ အလွယ်တကူ ဒေါသထွက်လွယ်တတ်သူဆိုရင် နေ့လည်ဘက် တရေးတမောအိပ်ဖို့ အကြံပေးချင်ပါတယ်။ ဒါအ့ပြင် ညဘက်တွေ အိပ်မပျော်ဘူးဆိုရင်လည်း နေ့ဘက်တရေးပြန်အိပ်ဖို့ မမေ့ပါနဲ့။

၅။အသားအရေ ကြည်လင်စေခြင်း

အိပ်ရေးဝတဲ့အခါ လူက လန်းဆန်းကြည်လင်နေသလို အသားအရေတွေကလည်း ခြောက်သွေ့မနေတော့ပဲ စိုပြေနေတတ်ပါတယ်။ ဒါက နေ့လည်ဘက် တရေးအိပ်ခြင်းမှာလည်း ရနိုင်တဲ့ အကျိုးကျေးဇူးတွေထဲက တစ်ခုပါပဲ။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top