iMyanmarHouse.com - Best Property Website for Myanmar
×

ဆယ္ေက်ာ္သက္ အမ်ိဳးသမီးအခ်ိဳ႕မွာ ေလဝင္ေလထြက္မေကာင္းတဲ့ အဝတ္အစားေတြ အဝတ္မ်ားရာက အေရျပားမိႈေရာဂါတစ္မ်ိဳးျဖစ္တဲ့ ေပြးေပါက္တာေတြ အျဖစ္မ်ားလာတယ္လို႔ အေရျပားအထူးကုဆရာဝန္ၾကီး ပါေမာကၡေဒါက္တာခိုင္ခိုင္ေဇာ္က ေျပာထားေၾကာင္း 7Day Daily ရဲ႕ သတင္းတစ္ရပ္မွာ ေဖာ္ျပပါတယ္။

 ရာသီဥတုနဲ႔ မကိုက္တဲ့ ဂ်င္းေဘာင္းဘီအရွည္နဲ႔ အသားကပ္ေဘာင္းဘီေတြေၾကာင့္ ေလဝင္ေလထြက္မရွိဘဲ ခႏၶာကိုယ္ကေခၽြးနဲ႔ ပူေႏြးစိုစြတ္ျပီး အခုလိုျဖစ္လာတာလို႔ ဆုိပါတယ္။ ၁၆၊ ၁၇ အရြယ္မိန္းကေလးေတြမွာ ျဖစ္ေနၾကျပီး ရာသီဥတုကပူ၊ ေခၽြးကထြက္ျပီး ေလဝင္ေလထြက္မေကာင္းတဲ့အခါ မိႈပိုးက ပိုေပါက္လြယ္တယ္လို႔ ေဒါက္တာခိုင္ခုိင္ေဇာ္က ေျပာပါတယ္။

အေရျပားလိမ္းေဆးေတြကိုလည္း အလြယ္တကူဝယ္ယူမလိမ္းသင့္ဘဲ အခ်ိဳ႕ေဆးေတြက စတီးရိြဳက္ပါတာေၾကာင့္ အေရျပားရိတာေတြ၊ ျပဲတာေတြ ျဖစ္ႏုိင္တယ္လို႔ ဆုိပါတယ္။

Credit: 7Day Daily

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ဆယ်ကျော်သက် အမျိုးသမီးအချို့မှာ လေဝင်လေထွက်မကောင်းတဲ့ အဝတ်အစားတွေ အဝတ်များရာက အရေပြားမှိုရောဂါတစ်မျိုးဖြစ်တဲ့ ပွေးပေါက်တာတွေ အဖြစ်များလာတယ်လို့ အရေပြားအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာခိုင်ခိုင်ဇော်က ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

 ရာသီဥတုနဲ့ မကိုက်တဲ့ ဂျင်းဘောင်းဘီအရှည်နဲ့ အသားကပ်ဘောင်းဘီတွေကြောင့် လေဝင်လေထွက်မရှိဘဲ ခန္ဓာကိုယ်ကချွေးနဲ့ ပူနွေးစိုစွတ်ပြီး အခုလိုဖြစ်လာတာလို့ ဆိုပါတယ်။ ၁၆၊ ၁၇ အရွယ်မိန်းကလေးတွေမှာ ဖြစ်နေကြပြီး ရာသီဥတုကပူ၊ ချွေးကထွက်ပြီး လေဝင်လေထွက်မကောင်းတဲ့အခါ မှိုပိုးက ပိုပေါက်လွယ်တယ်လို့ ဒေါက်တာခိုင်ခိုင်ဇော်က ပြောပါတယ်။

အရေပြားလိမ်းဆေးတွေကိုလည်း အလွယ်တကူဝယ်ယူမလိမ်းသင့်ဘဲ အချို့ဆေးတွေက စတီးရွိုက်ပါတာကြောင့် အရေပြားရိတာတွေ၊ ပြဲတာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

Credit: 7Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top