iMyanmarHouse.com - Best Property Website for Myanmar
×

ေရာဂါအဆန္းအျပားေတြ ပိုၿပီးႀကံဳေတြ႔လာရတဲ့ ေခတ္ႀကီးထဲမွာ အူမႀကီးကင္ဆာကလည္း သတိထားရမယ့္ ေရာဂါတစ္မ်ိဳးျဖစ္ပါတယ္။ ေမာပန္းလြယ္ျခင္း၊ ကိုယ္အေလးခ်ိန္က်ဆင္းလာျခင္း၊ မစာမေက် ျဖစ္လာျခင္း စတဲ့ လကၡဏာေတြဟာ အူမႀကီးကင္ဆာ အတြက္သတိရထားရမယ့္ လကၡဏာေတြ ျဖစ္ပါတယ္။

အူမႀကီးကင္ဆာ မျဖစ္ေအာင္ ႀကိဳတင္ကာကြယ္ဖို႔အတြက္ နည္းလမ္းေတြကေတာ့ ေအာက္ပါအတုိင္းျဖစ္ပါတယ္။

၁။ အက္စ္ပရင္ေဆး

ဆရာဝန္နဲ႔တုိင္ပင္ၿပီး အက္စပရင္လို ေဆးမ်ိဳးကို စြဲေသာက္ထားသင့္ပါတယ္။ ႏွလံုးေရာဂါမျဖစ္ေအာင္လည္း ကာကြယ္ေပးႏုိင္ပါတယ္။ အူမႀကီးကင္ဆာကာကြယ္ဖို႔ အလြယ္ကူဆံုးနည္းလမ္းျဖစ္ေပမဲ့ ဆရာဝန္နဲ႔ အရင္တုိင္ပင္သင့္ပါတယ္။

၂။ ေဆးလိပ္မေသာက္နဲ႔

ေဆးလိပ္ေသာက္တာေၾကာင့္ ႏွလံုးနဲ႔ ပတ္သက္တဲ့ ေရာဂါေတြ၊ လည္ေခ်ာင္းကင္ဆာေတြပဲ ျဖစ္ႏုိင္တယ္လို႔ သိထားၾကတာပါ။ ေဆးလိပ္ေသာက္သူေတြက မေသာက္သူေတြထက္ အူမႀကီးကင္ဆာ ျဖစ္ႏုိင္ေခ် ၁၈ ရာခိုင္ႏႈန္း ရွိပါတယ္။

၃။ အနီေရာင္ အသားမ်ား

အနီေရာင္ အသားေတြေၾကာင့္လည္း အူမႀကီးကင္ဆာျဖစ္ႏိုင္ပါတယ္။ ဒီအနီေရာင္အသားဟင္းပြဲ ဟင္းပန္ကန္ေပၚကို ေရာက္လာဖို႔ ျဖတ္သန္းလာရတဲ့ အဆင့္ေတြက အူမႀကီးကင္ဆာကို ဖိတ္ေခၚေနသလိုပါပဲ။ ဝက္ေပါက္ေျခာက္၊ ဝက္အူေခ်ာင္း၊ ေဟာ့ေဒါ့၊ စတာမ်ိဳးေတြမစားရင္ အေကာင္းဆံုးပါပဲ။ မစားဘဲ မေနႏုိင္ရင္လည္း တစ္ပတ္ကို အနည္းငယ္ေလာက္ပဲ သတ္မွတ္ၿပီး စားသင့္ပါတယ္။

၄။ ေလွ်ာ့ေသာက္

၂၀၁၁ ခုႏွစ္မွာ ေလ့လာခ်က္အရ ေန႔စဥ္ ဘီယာတစ္ပုလင္း၊ ႏွစ္ပုလင္းေလာက္ ပံုမွန္ေသာက္သူေတြဟာ အူမႀကီးကင္ဆာ

ျဖစ္ႏိုင္ေခ် ၂၁ ရာခိုင္ႏႈန္းပိုမ်ားေနပါတယ္။ ဘီယာမွမဟုတ္ပါဘူး။ အယ္လ္ကိုေဟာ ပါဝင္တဲ့ ေသာက္စရာမွန္သမွ် အူမႀကီးကင္ဆာကို ဖိတ္ေခၚေနတာပါပဲ။ အမ်ားႀကီးမေသာက္ဖို႔လိုသလို ခဏခဏ မေသာက္ဖို႔လည္း အေရးႀကီးပါတယ္။

၅။ အဆီေလွ်ာ့

သင့္ရဲ႕ဘီယာဗိုက္ကလည္း အူမႀကီးကင္ဆာ ျဖစ္ပြားမႈနဲ႔ ထိစပ္ေနပါတယ္။ သုေတသီေတြကေတာ့ ဗိုက္ထဲမွာစုေနတဲ့ အဆီပိုေတြေၾကာင့္လို႔ ေျပာပါတယ္။ ဒီေတာ့ ဗိုက္ပူေနၿပီဆိုရင္ ဝိတ္ေလွ်ာ့ဖို႔ သတိရပါ။ အထူးသျဖင့္ အမ်ိဳးသားေတြအတြက္ ဗိုက္ပူတာဟာ အူမႀကီးကင္ဆာ အႏၱရာယ္အခ်က္ေပးသံ ျဖစ္ပါတယ္။

၆။ ေလ့က်င့္ခန္းလုပ္

ေလ့က်င့္ခန္းလုပ္ျခင္းကလည္း အူမႀကီးကင္ဆာ ျဖစ္ပြားမႈကို ၂၅ ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်ေပးႏုိင္ပါတယ္။ ျပင္းျပင္းထန္ထန္ လုပ္စရာမလိုပါဘူး။ ေန႔စဥ္ နာရီဝက္ေလာက္ ခပ္ဖြဖြ ေျပးလိုက္ရင္အဆင္ေျပေနပါၿပီ။

၇။ မ်ိဳး႐ိုးထဲမွာ ေရာဂါျဖစ္သူ ရွိမလား ရွာၾကည့္

မ်ိဳး႐ိုးထဲမွာ ဒီလိုေရာဂါျဖစ္ပြားဖူးသူ ရွိျခင္း၊ မရွိျခင္းကလည္း အေရးႀကီးပါတယ္။ တကယ္လို႔ သင့္ရဲ႕အနီးကပ္ဆံုး မ်ိဳး႐ိုး (ညီအစ္ကိုေမာင္ႏွမ၊ မိဘ၊ ကေလး) ေတြမွာ လကၡဏာ ျပေနၿပီဆိုရင္ သင္အဲဒီအခ်ိန္ကစၿပီး ကာကြယ္ဖို႔ စတင္ႀကိဳးစားရမွာ ျဖစ္ပါတယ္။

Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ရောဂါအဆန်းအပြားတွေ ပိုပြီးကြုံတွေ့လာရတဲ့ ခေတ်ကြီးထဲမှာ အူမကြီးကင်ဆာကလည်း သတိထားရမယ့် ရောဂါတစ်မျိုးဖြစ်ပါတယ်။ မောပန်းလွယ်ခြင်း၊ ကိုယ်အလေးချိန်ကျဆင်းလာခြင်း၊ မစာမကျေ ဖြစ်လာခြင်း စတဲ့ လက္ခဏာတွေဟာ အူမကြီးကင်ဆာ အတွက်သတိရထားရမယ့် လက္ခဏာတွေ ဖြစ်ပါတယ်။

အူမကြီးကင်ဆာ မဖြစ်အောင် ကြိုတင်ကာကွယ်ဖို့အတွက် နည်းလမ်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ အက်စ်ပရင်ဆေး

ဆရာဝန်နဲ့တိုင်ပင်ပြီး အက်စပရင်လို ဆေးမျိုးကို စွဲသောက်ထားသင့်ပါတယ်။ နှလုံးရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ အူမကြီးကင်ဆာကာကွယ်ဖို့ အလွယ်ကူဆုံးနည်းလမ်းဖြစ်ပေမဲ့ ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။

၂။ ဆေးလိပ်မသောက်နဲ့

ဆေးလိပ်သောက်တာကြောင့် နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေ၊ လည်ချောင်းကင်ဆာတွေပဲ ဖြစ်နိုင်တယ်လို့ သိထားကြတာပါ။ ဆေးလိပ်သောက်သူတွေက မသောက်သူတွေထက် အူမကြီးကင်ဆာ ဖြစ်နိုင်ချေ ၁၈ ရာခိုင်နှုန်း ရှိပါတယ်။

၃။ အနီရောင် အသားများ

အနီရောင် အသားတွေကြောင့်လည်း အူမကြီးကင်ဆာဖြစ်နိုင်ပါတယ်။ ဒီအနီရောင်အသားဟင်းပွဲ ဟင်းပန်ကန်ပေါ်ကို ရောက်လာဖို့ ဖြတ်သန်းလာရတဲ့ အဆင့်တွေက အူမကြီးကင်ဆာကို ဖိတ်ခေါ်နေသလိုပါပဲ။ ဝက်ပေါက်ခြောက်၊ ဝက်အူချောင်း၊ ဟော့ဒေါ့၊ စတာမျိုးတွေမစားရင် အကောင်းဆုံးပါပဲ။ မစားဘဲ မနေနိုင်ရင်လည်း တစ်ပတ်ကို အနည်းငယ်လောက်ပဲ သတ်မှတ်ပြီး စားသင့်ပါတယ်။

၄။ လျှော့သောက်

၂၀၁၁ ခုနှစ်မှာ လေ့လာချက်အရ နေ့စဉ် ဘီယာတစ်ပုလင်း၊ နှစ်ပုလင်းလောက် ပုံမှန်သောက်သူတွေဟာ အူမကြီးကင်ဆာ

ဖြစ်နိုင်ချေ ၂၁ ရာခိုင်နှုန်းပိုများနေပါတယ်။ ဘီယာမှမဟုတ်ပါဘူး။ အယ်လ်ကိုဟော ပါဝင်တဲ့ သောက်စရာမှန်သမျှ အူမကြီးကင်ဆာကို ဖိတ်ခေါ်နေတာပါပဲ။ အများကြီးမသောက်ဖို့လိုသလို ခဏခဏ မသောက်ဖို့လည်း အရေးကြီးပါတယ်။

၅။ အဆီလျှော့

သင့်ရဲ့ဘီယာဗိုက်ကလည်း အူမကြီးကင်ဆာ ဖြစ်ပွားမှုနဲ့ ထိစပ်နေပါတယ်။ သုတေသီတွေကတော့ ဗိုက်ထဲမှာစုနေတဲ့ အဆီပိုတွေကြောင့်လို့ ပြောပါတယ်။ ဒီတော့ ဗိုက်ပူနေပြီဆိုရင် ဝိတ်လျှော့ဖို့ သတိရပါ။ အထူးသဖြင့် အမျိုးသားတွေအတွက် ဗိုက်ပူတာဟာ အူမကြီးကင်ဆာ အန္တရာယ်အချက်ပေးသံ ဖြစ်ပါတယ်။

၆။ လေ့ကျင့်ခန်းလုပ်

လေ့ကျင့်ခန်းလုပ်ခြင်းကလည်း အူမကြီးကင်ဆာ ဖြစ်ပွားမှုကို ၂၅ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။ ပြင်းပြင်းထန်ထန် လုပ်စရာမလိုပါဘူး။ နေ့စဉ် နာရီဝက်လောက် ခပ်ဖွဖွ ပြေးလိုက်ရင်အဆင်ပြေနေပါပြီ။

၇။ မျိုးရိုးထဲမှာ ရောဂါဖြစ်သူ ရှိမလား ရှာကြည့်

မျိုးရိုးထဲမှာ ဒီလိုရောဂါဖြစ်ပွားဖူးသူ ရှိခြင်း၊ မရှိခြင်းကလည်း အရေးကြီးပါတယ်။ တကယ်လို့ သင့်ရဲ့အနီးကပ်ဆုံး မျိုးရိုး (ညီအစ်ကိုမောင်နှမ၊ မိဘ၊ ကလေး) တွေမှာ လက္ခဏာ ပြနေပြီဆိုရင် သင်အဲဒီအချိန်ကစပြီး ကာကွယ်ဖို့ စတင်ကြိုးစားရမှာ ဖြစ်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top