iMyanmarHouse.com - Best Property Website for Myanmar
×

ေနာက္ေန႔မနက္ကစၿပီး ဆြဲေဆာင္မႈရွိဖို႔နဲ႔ ေရရွည္မွာ႐ုပ္ရည္ၾကည့္ေကာင္းဖို႔အတြက္ ေန႔တိုင္း လုပ္ေဆာင္ သင့္တဲ့ အေလ့အက်င့္ေလးေတြျဖစ္ပါတယ္။

၁။ ကိုယ္လက္လႈပ္ရွားမႈလုပ္ပါ။

မနက္ခင္းပိုင္းမွာ ေခၽြးထြက္ေစတဲ့ ကိုယ္လက္လႈပ္ရွားမႈလုပ္ေဆာင္တာဟာ သင္ကို စိတ္ေရာကိုယ္ပါ က်န္းမာေစမွာျဖစ္ပါတယ္။ ခႏၶာကိုယ္က်စ္လစ္လွပေစ႐ုံသာမက ပူေႏြးတဲ့ကိုယ္ခႏၶာနဲ႔ အန္ဒိုဖင္ဓာတ္ထြက္ ေစတာေၾကာင့္ တစ္ေန႔တာလံုး ရႊင္လန္းတက္ၾကြေနမွာျဖစ္သလို တျဖည္းျဖည္းနဲ႔ အသားအေရၾကည္လင္ လွပလာေစႏိုင္ပါတယ္။ ဒါ့အျပင္ တစ္ေန႔တာၾကံဳေတြ႕ရမယ့္ စိတ္ဖိစီးမႈေတြကိုလည္း အေကာင္းဆံုး ရင္ဆိုင္ႏိုင္မွာပါ။

၂။ အင္အားျပည့္မနက္စာကို သံုးေဆာင္ပါ။

သင့္ခႏၶာကိုယ္က စက္ယႏၱရားတစ္ခုလို႔ ေတြးၾကည့္ပါ။ စြမ္းေဆာင္ရည္ျပည့္၀ဖို႔အတြက္ အေကာင္းစား ေလာင္စာေတြလိုအပ္ပါတယ္။ ဒါ့ေၾကာင့္ သင့္ခႏၶာကိုယ္အတြက္ အင္အားျပည့္ၿဖိဳးေစမယ့္ မနက္စာ စားသံုးေပးဖို႔ လိုအပ္ပါတယ္။ အေကာင္းဆံုးအားျဖည့္မနက္စာေတြကေတာ့ သစ္သီး၀လံ၊ ဒိန္ခ်ဥ္၊ ၾကက္ဥနဲ႔ ဟင္းသီးဟင္းရြက္စတာေတြပဲျဖစ္ပါတယ္။ အလွ်င္လိုတယ္ဆိုရင္ေတာ့ အသီးတစ္ခုခုကို ႏြားႏို႔ ဒါမွမဟုတ္ ေဖ်ာ္ရည္တစ္ခုခုနဲ႔ ေဖ်ာ္ေသာက္သင့္ပါတယ္။

၃။ သြားတိုက္ပါ။

မနက္စာမစားခင္ပဲျဖစ္ျဖစ္၊ စားၿပီးမွပဲျဖစ္ျဖစ္ ခံတြင္းသန္႔ရွင္းေရးအတြက္ သြားတိုက္ဖို႔လိုပါတယ္။ သြားတိုက္တာဟာ ခံတြင္းက်န္းမာေရးအတြက္ အေထာက္အကူျဖစ္ေစ႐ုံသာမက သြားေတြျဖဴေဖြးေတာက္ပၿပီး ယုံၾကည္မႈအျပည့္နဲ႔ ျပံဳးျပႏိုင္ေစမွာပါ။

၄။ Eye Cream သံုးပါ။

သင့္မ်က္လံုးေတြဟာ သိသာထင္ရွားတဲ့ေနရာေတြျဖစ္သလို အိုမင္ရင့္ေရာ္ျခင္းရဲ႕လကၡဏာေတြကို အရင္ဆံုး ေဖာ္ျပမယ့္ ေနရာေတြပဲ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ မနက္ခင္းပိုင္းမွာ Eye Cream တစ္ခုခုကို သံုးၿပီး မ်က္လံုးတစ္၀ိုက္က ႏူးညံ့ေျခာက္ေသြ႕တဲ့အသားအေရကို အစိုဓာတ္ျဖည့္တင္းၿပီး ေခ်ာမြတ္ေစသင့္ပါတယ္။ ဒီလိုနဲ႔ အေရးအေၾကာင္းေတြကို ေလ်ာ့နည္းသြားေစႏိုင္ၿပီး ေနာင္ျဖစ္မယ့္အေရးအေၾကာင္းေတြကိုလည္း သက္သာေႏွာင့္ေႏွးေစမွာျဖစ္ပါတယ္။

(၅) မုတ္ဆိတ္ေတြ ပသိုင္းေမႊးေတြ ရိတ္ပါ။

ေျပာရမယ္ဆိုရင္ အေမႊးအမွ်င္ေတြရိတ္ထားၿပီးကာစ မ်က္ႏွာကို အမ်ိဳးသမီးေတြက ပိုႏွစ္သက္တတ္ၾကပါတယ္။ ဒါ့ေၾကာင့္ မုတ္ဆိတ္ေတြ ပသိုင္းေမႊးေတြရိတ္ဖို႔ အခ်ိန္ေပးသင့္ပါတယ္။ အရမ္းရွည္လြန္းတဲ့ ႏွာေခါင္းေမႊးေတြ၊ နားေမႊးေတြကိုလည္း ဒီအတိုင္းမထားသင့္ေၾကာင္း အၾကံျပဳခ်င္ပါတယ္။

(၆) ဒိုက္အခါ ၁၀၀ ထိုးပါ။

မနက္ခင္းေလ့က်င့္ခန္းလုပ္ၿပီးတဲ့ ေနာက္မွာ အႀကိမ္ (၁၀၀)ေလာက္ ဒိုက္ထိုးေလ့က်င့္တာဟာ အမ်ိဳးသမီးေတြ တမ္းတေလ့ရွိတဲ့ သန္မာေတာင့္တင္းတဲ့ ဗိုက္ၾကြက္သားေတြ လက္ေမာင္းၾကြက္သားေတြကို ရရွိေစမွာပါ။ ဒါတင္မကေသးပါဘူး။ အဓိကၾကြက္သားေတြကို လႈပ္ရွားေစတာေၾကာင့္ တစ္ေန႔တာလံုး ကိုယ္ေနဟန္ထား ၾကည့္ေကာင္းလာမွာျဖစ္သလို အရပ္ပိုရွည္လာတယ္လို႔ထင္ရၿပီး ယံုၾကည္မႈရွိလာမွာျဖစ္ပါတယ္။

(၇) ေန႔လည္စာကို ထုပ္ပိုးသယ္ယူသြားပါ။

ကိုယ့္ေန႔လည္စာကို ကိုယ္တိုင္ျပင္ဆင္တာဟာ အခ်ိန္အနည္းငယ္သာေပးရမွာျဖစ္ၿပီး ဆိုင္မွာ၀ယ္စားတာထက္ က်န္းမာေရးနဲ႔ ပိုညီညြတ္ပါတယ္။ ဒါ့အျပင္ ကိုယ္အေလးခ်ိန္က်ေစမွာျဖစ္သလို ကိုလက္စထေရာပမာဏနဲ႔ ေသြးေပါင္ခ်ိန္ကိုလည္း ရွိသင့္တဲ့အေနအထားမွာ ထိန္းထားႏိုင္မွာျဖစ္တဲ့အတြက္ ႐ုပ္ရည္သြင္ျပင္လည္း ထူးျခားလာမွာျဖစ္ပါတယ္။

(၈) မ်က္ႏွာသစ္ေဆးတစ္ခုခုသံုးပါ။

ေတာက္ပတဲ့ မ်က္ႏွာအသားအေရကိုရရွိဖို႔အတြက္ ေရခ်ိဳးတဲ့အခ်ိန္မွာ သင့္မ်က္ႏွာကို မ်က္ႏွာသစ္ေဆး ေကာင္းေကာင္းသံုးၿပီး ႏွိပ္ေပးသင့္ပါတယ္။ မ်က္ႏွာအသားအေရ မညီညာမႈကို သက္သာေစဖို႔အတြက္ ေရေအးနဲ႔ပဲသစ္ပါလို႔ အၾကံျပဳခ်င္ပါတယ္။

(၉) ကဖိန္းဓာတ္မွီ၀ဲပါ။

ဘလက္ေကာ္ဖီတို႔ ဂရင္းတီးတို႔ဟာ အိုမင္းရင့္ေရာ္ျခင္းကိုဆန္႔က်င္တဲ့ Antioxidant ဓာတ္ေတြပါ၀င္ပါတဲ့ အတြက္ သင့္ရဲ႕ငယ္ရြယ္ႏုပ်ိဳမႈကို ထိန္းထားႏိုင္မွာျဖစ္ပါတယ္။ ဒါ့အျပင္ အသက္ႀကီးလာရင္ျဖစ္တတ္တဲ့ သတိေမ့ေရာဂါနဲ႔ ကင္ဆာအမ်ိဳးမ်ိဳးကိုလည္း ႀကိဳတင္ကာကြယ္ထားႏိုင္ပါတယ္။ ဒ့ါေၾကာင့္ မနက္ခင္းမွာ သဘာ၀ ေကာ္ဖီတစ္ခြက္ ဒါမွမဟုတ္ Green Tea တစ္ခြက္ေလာက္ေသာက္ရင္ အေကာင္းဆံုးျဖစ္ပါတယ္။

(၁၀) ေရေမႊးရနံ႔တခုတည္းသာ စြဲသံုးပါ။

ေရေမႊးနံ႕ေတြ တစ္မ်ိဳးၿပီးတစ္မ်ိဳးေျပာင္းသံုးေနမယ့္အစား သီးျခားေရေမႊးရနံ႕တစ္ခုတည္းကိုသာ စြဲသံုးသင့္ ပါတယ္။ ဒါမွ သင့္ကို ထိုရနံ႕နဲ႔တြဲၿပီး လူေတြကမွတ္မိေနမွာျဖစ္ပါတယ္။ တစ္ေန႔တာလံုး သင္းပ်ံ႕တဲ့ရနံ႕ေလး စြဲက်န္ေနဖို႔အတြက္ ခ်ိဳင္းသုတ္ေဆး၊ ဆပ္ျပာစတဲ့ အျခားရနံ႕ရွိတဲ့အရာေတြကိုပါ တူညီတဲ့ရနံ႕ျဖစ္ေအာင္ သံုးသင့္ပါတယ္။

Credit:Gentleman Magazine

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

နောက်နေ့မနက်ကစပြီး ဆွဲဆောင်မှုရှိဖို့နဲ့ ရေရှည်မှာရုပ်ရည်ကြည့်ကောင်းဖို့အတွက် နေ့တိုင်း လုပ်ဆောင် သင့်တဲ့ အလေ့အကျင့်လေးတွေဖြစ်ပါတယ်။

၁။ ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။

မနက်ခင်းပိုင်းမှာ ချွေးထွက်စေတဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်ဆောင်တာဟာ သင်ကို စိတ်ရောကိုယ်ပါ ကျန်းမာစေမှာဖြစ်ပါတယ်။ ခန္ဓာကိုယ်ကျစ်လစ်လှပစေရုံသာမက ပူနွေးတဲ့ကိုယ်ခန္ဓာနဲ့ အန်ဒိုဖင်ဓာတ်ထွက် စေတာကြောင့် တစ်နေ့တာလုံး ရွှင်လန်းတက်ကြွနေမှာဖြစ်သလို တဖြည်းဖြည်းနဲ့ အသားအရေကြည်လင် လှပလာစေနိုင်ပါတယ်။ ဒါ့အပြင် တစ်နေ့တာကြုံတွေ့ရမယ့် စိတ်ဖိစီးမှုတွေကိုလည်း အကောင်းဆုံး ရင်ဆိုင်နိုင်မှာပါ။

၂။ အင်အားပြည့်မနက်စာကို သုံးဆောင်ပါ။

သင့်ခန္ဓာကိုယ်က စက်ယန္တရားတစ်ခုလို့ တွေးကြည့်ပါ။ စွမ်းဆောင်ရည်ပြည့်ဝဖို့အတွက် အကောင်းစား လောင်စာတွေလိုအပ်ပါတယ်။ ဒါ့ကြောင့် သင့်ခန္ဓာကိုယ်အတွက် အင်အားပြည့်ဖြိုးစေမယ့် မနက်စာ စားသုံးပေးဖို့ လိုအပ်ပါတယ်။ အကောင်းဆုံးအားဖြည့်မနက်စာတွေကတော့ သစ်သီးဝလံ၊ ဒိန်ချဉ်၊ ကြက်ဥနဲ့ ဟင်းသီးဟင်းရွက်စတာတွေပဲဖြစ်ပါတယ်။ အလျှင်လိုတယ်ဆိုရင်တော့ အသီးတစ်ခုခုကို နွားနို့ ဒါမှမဟုတ် ဖျော်ရည်တစ်ခုခုနဲ့ ဖျော်သောက်သင့်ပါတယ်။

၃။ သွားတိုက်ပါ။

မနက်စာမစားခင်ပဲဖြစ်ဖြစ်၊ စားပြီးမှပဲဖြစ်ဖြစ် ခံတွင်းသန့်ရှင်းရေးအတွက် သွားတိုက်ဖို့လိုပါတယ်။ သွားတိုက်တာဟာ ခံတွင်းကျန်းမာရေးအတွက် အထောက်အကူဖြစ်စေရုံသာမက သွားတွေဖြူဖွေးတောက်ပပြီး ယုံကြည်မှုအပြည့်နဲ့ ပြုံးပြနိုင်စေမှာပါ။

၄။ Eye Cream သုံးပါ။

သင့်မျက်လုံးတွေဟာ သိသာထင်ရှားတဲ့နေရာတွေဖြစ်သလို အိုမင်ရင့်ရော်ခြင်းရဲ့လက္ခဏာတွေကို အရင်ဆုံး ဖော်ပြမယ့် နေရာတွေပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် မနက်ခင်းပိုင်းမှာ Eye Cream တစ်ခုခုကို သုံးပြီး မျက်လုံးတစ်ဝိုက်က နူးညံ့ခြောက်သွေ့တဲ့အသားအရေကို အစိုဓာတ်ဖြည့်တင်းပြီး ချောမွတ်စေသင့်ပါတယ်။ ဒီလိုနဲ့ အရေးအကြောင်းတွေကို လျော့နည်းသွားစေနိုင်ပြီး နောင်ဖြစ်မယ့်အရေးအကြောင်းတွေကိုလည်း သက်သာနှောင့်နှေးစေမှာဖြစ်ပါတယ်။

(၅) မုတ်ဆိတ်တွေ ပသိုင်းမွှေးတွေ ရိတ်ပါ။

ပြောရမယ်ဆိုရင် အမွှေးအမျှင်တွေရိတ်ထားပြီးကာစ မျက်နှာကို အမျိုးသမီးတွေက ပိုနှစ်သက်တတ်ကြပါတယ်။ ဒါ့ကြောင့် မုတ်ဆိတ်တွေ ပသိုင်းမွှေးတွေရိတ်ဖို့ အချိန်ပေးသင့်ပါတယ်။ အရမ်းရှည်လွန်းတဲ့ နှာခေါင်းမွှေးတွေ၊ နားမွှေးတွေကိုလည်း ဒီအတိုင်းမထားသင့်ကြောင်း အကြံပြုချင်ပါတယ်။

(၆) ဒိုက်အခါ ၁၀၀ ထိုးပါ။

မနက်ခင်းလေ့ကျင့်ခန်းလုပ်ပြီးတဲ့ နောက်မှာ အကြိမ် (၁၀၀)လောက် ဒိုက်ထိုးလေ့ကျင့်တာဟာ အမျိုးသမီးတွေ တမ်းတလေ့ရှိတဲ့ သန်မာတောင့်တင်းတဲ့ ဗိုက်ကြွက်သားတွေ လက်မောင်းကြွက်သားတွေကို ရရှိစေမှာပါ။ ဒါတင်မကသေးပါဘူး။ အဓိကကြွက်သားတွေကို လှုပ်ရှားစေတာကြောင့် တစ်နေ့တာလုံး ကိုယ်နေဟန်ထား ကြည့်ကောင်းလာမှာဖြစ်သလို အရပ်ပိုရှည်လာတယ်လို့ထင်ရပြီး ယုံကြည်မှုရှိလာမှာဖြစ်ပါတယ်။

(၇) နေ့လည်စာကို ထုပ်ပိုးသယ်ယူသွားပါ။

ကိုယ့်နေ့လည်စာကို ကိုယ်တိုင်ပြင်ဆင်တာဟာ အချိန်အနည်းငယ်သာပေးရမှာဖြစ်ပြီး ဆိုင်မှာဝယ်စားတာထက် ကျန်းမာရေးနဲ့ ပိုညီညွတ်ပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန်ကျစေမှာဖြစ်သလို ကိုလက်စထရောပမာဏနဲ့ သွေးပေါင်ချိန်ကိုလည်း ရှိသင့်တဲ့အနေအထားမှာ ထိန်းထားနိုင်မှာဖြစ်တဲ့အတွက် ရုပ်ရည်သွင်ပြင်လည်း ထူးခြားလာမှာဖြစ်ပါတယ်။

(၈) မျက်နှာသစ်ဆေးတစ်ခုခုသုံးပါ။

တောက်ပတဲ့ မျက်နှာအသားအရေကိုရရှိဖို့အတွက် ရေချိုးတဲ့အချိန်မှာ သင့်မျက်နှာကို မျက်နှာသစ်ဆေး ကောင်းကောင်းသုံးပြီး နှိပ်ပေးသင့်ပါတယ်။ မျက်နှာအသားအရေ မညီညာမှုကို သက်သာစေဖို့အတွက် ရေအေးနဲ့ပဲသစ်ပါလို့ အကြံပြုချင်ပါတယ်။

(၉) ကဖိန်းဓာတ်မှီဝဲပါ။

ဘလက်ကော်ဖီတို့ ဂရင်းတီးတို့ဟာ အိုမင်းရင့်ရော်ခြင်းကိုဆန့်ကျင်တဲ့ Antioxidant ဓာတ်တွေပါဝင်ပါတဲ့ အတွက် သင့်ရဲ့ငယ်ရွယ်နုပျိုမှုကို ထိန်းထားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အသက်ကြီးလာရင်ဖြစ်တတ်တဲ့ သတိမေ့ရောဂါနဲ့ ကင်ဆာအမျိုးမျိုးကိုလည်း ကြိုတင်ကာကွယ်ထားနိုင်ပါတယ်။ ဒ့ါကြောင့် မနက်ခင်းမှာ သဘာ၀ ကော်ဖီတစ်ခွက် ဒါမှမဟုတ် Green Tea တစ်ခွက်လောက်သောက်ရင် အကောင်းဆုံးဖြစ်ပါတယ်။

(၁၀) ရေမွှေးရနံ့တခုတည်းသာ စွဲသုံးပါ။

ရေမွှေးနံ့တွေ တစ်မျိုးပြီးတစ်မျိုးပြောင်းသုံးနေမယ့်အစား သီးခြားရေမွှေးရနံ့တစ်ခုတည်းကိုသာ စွဲသုံးသင့် ပါတယ်။ ဒါမှ သင့်ကို ထိုရနံ့နဲ့တွဲပြီး လူတွေကမှတ်မိနေမှာဖြစ်ပါတယ်။ တစ်နေ့တာလုံး သင်းပျံ့တဲ့ရနံ့လေး စွဲကျန်နေဖို့အတွက် ချိုင်းသုတ်ဆေး၊ ဆပ်ပြာစတဲ့ အခြားရနံ့ရှိတဲ့အရာတွေကိုပါ တူညီတဲ့ရနံ့ဖြစ်အောင် သုံးသင့်ပါတယ်။

Credit:Gentleman Magazine

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top