iMyanmarHouse.com - Best Property Website for Myanmar
×

သင့္ရဲ ႔ လက္တြဲေဖာ္ဟာ သင့္ကို တစ္ညလံုး အိပ္ေမာက်ေစခဲ့တယ္(လိင္ပိုင္းဆိုင္ရာမဟုတ္) ဆိုရင္ေတာ့ အဲဒါဟာ သင္တို႔ အခ်စ္ေရးရဲ ႔ အရည္အေသြးတစ္ခုလို႔ ဆိုႏိုင္မွာ ျဖစ္ပါတယ္။ လူမႈ စိတ္ပညာ နဲ႔ ပုဂၢိဳလ္ေရး သိပံၸ ဆိုတဲ့ စာေစာင္တစ္ခုမွာ ပံုႏွိပ္ေဖာ္ျပခဲ့တဲ့ ေလ့လာမႈတစ္ခုဟာ လူတစ္ေယာက္ရဲ ႔ ညဘက္အိပ္ေမာက်မႈ ဟာ သူ႔အခ်စ္ေရးမွာ ဘယ္ေလာက္လံုၿခံဳၿပီးေပ်ာ္ရႊင္ရတယ္ဆိုတဲ့ ဆက္စပ္ေနမႈတစ္ခုကို ရွာေဖြေတြ႔ရွိခဲ့ပါတယ္။

တူရကီႏိုင္ငံမွာရွိတဲ့ Middle East Technical University က လူမႈ စိတ္ပညာေဗဒ ကၽြမ္းက်င္သူတစ္ေယာက္ျဖစ္တဲ့ Dr.Selcuk နဲ႔ သုေတသီအခ်ိဳ႕ဟာ အသက္ ၃၅ ႏွစ္မွ ၈၆ ႏွစ္ၾကား လက္ထပ္ၿပီး(သို႔) အတူေနထိုင္ေနတဲ့ အရြယ္ေရာက္ၿပီးသူ ၆၉၈ ေယာက္ ကို စစ္တမ္းေကာက္ယူၿပီး သူတုိ႔ရဲ ႔ လက္တြဲေဖာ္နဲ႔ဆက္ဆံမႈအေျခအေနမ်ား ၊ စိတ္ဖိစီးမႈနဲ႔ ေသာကမ်ားေနမႈ လကၡဏာမ်ား ၊ အိပ္စက္မႈဆိုင္ရာ အခက္အခဲမ်ားအားလံုးကို ေစာင့္ၾကည့္ေလ့လာခဲ့ပါတယ္။

ဒါ့အျပင္ အဲဒီ ေလ့လာခံရသူေတြထဲက ၂၁၉ ေယာက္ကိုေတာ့ တစ္ပတ္တိတိ လႈပ္ရွားမႈ ေျခရာခံစက္မ်ား လက္ေကာက္၀တ္မ်ား ၀တ္ဆင္ေစတာ ေန႔ေရာညပါ ၇ရက္လံုးေလ့လာခဲ့ျပန္ပါတယ္။ "ကၽြန္ေတာ္တို႔ရဲ ႔ ရွာေဖြေတြ႔ရွိမႈက ျပသခဲ့တာကေတာ့ လက္တြဲေဖာ္နဲ႔အဆင္ေျပတဲ့ သူေတြဟာ ေသာကနဲ႔ စိတ္ဖိစီးမႈ ပမာဏနည္းပါးၾကတာ ေတြ႔ရသလို သူတို႔ရဲ ႔ အိပ္စက္မႈ အရည္အေသြးဟာလည္း ပိုမို ေကာင္းမြန္တာကိုေတြ႔ရပါတယ္။ အေကာင္းဆံုး အိပ္စက္နည္းဆိုတာကေတာ့ အေႏွာင့္အယွက္ကင္းတဲ့ အိပ္ေမာက်မႈမ်ိဳးျဖစ္ၿပီး အဲဒီလို အိပ္စက္ျခင္းဟာ က်န္းမာေရး ဆိုးရြားစြာ ထိခိုက္ေစမႈေတြကေန ကာကြယ္ေပးႏိုင္ပါတယ္။ အဲဒီလို အိပ္စက္ျခင္းမ်ိဳး ရရွိဖို႔အတြက္ေတာ့ လံုၿခံဳတဲ့ စိတ္ခံစားခ်က္မ်ိဳးနဲ႔ အတူ အိပ္စက္ႏိုင္ဖို႔လိုပါတယ္" လို႔ Dr.Selcuk က ဆိုပါတယ္။

လက္တြဲေဖာ္နဲ႔ အဆင္ေျပေနျခင္းဟာ ကၽြႏ္ုပ္တို႔ကို ေသာကေတြ ၊ စိတ္ဖိစီးမႈေတြ ၊ အာရံုေထြျပားမႈေတြ ေလ်ာ့က်သြားေစႏိုင္တဲ့ အထိေရာက္ဆံုးနည္းလမ္းျဖစ္တယ္လို႔လည္း Dr.Selcuk က ဆိုပါတယ္။ ဒါ့အျပင္ သုေတသီေတြအားလံုးလက္ခံထခဲ့တာကေတာ့ အဆင္ေျပေျပေနထိုင္တတ္တဲ့ လက္တြဲေဖာ္တစ္ေယာက္ရွိျခင္းဟာ ေကာင္းမြန္တဲ့ အိပ္စက္မႈကို ျဖစ္ေပၚေစၿပီး တစ္သက္လံုးစာအတြက္ က်န္းမာ အသက္ရွည္တဲ့ ဘ၀ကို ပိုင္ဆိုင္ေစႏိုင္တယ္လို႔လည္း ေဆြးေႏြးေျပာျပခဲ့ပါေသးတယ္။

Credit : trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

သင့်ရဲ့ လက်တွဲဖော်ဟာ သင့်ကို တစ်ညလုံး အိပ်မောကျစေခဲ့တယ်(လိင်ပိုင်းဆိုင်ရာမဟုတ်) ဆိုရင်တော့ အဲဒါဟာ သင်တို့ အချစ်ရေးရဲ့ အရည်အသွေးတစ်ခုလို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။ လူမှု စိတ်ပညာ နဲ့ ပုဂ္ဂိုလ်ရေး သိပ္ပံ ဆိုတဲ့ စာစောင်တစ်ခုမှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ လေ့လာမှုတစ်ခုဟာ လူတစ်ယောက်ရဲ့ ညဘက်အိပ်မောကျမှု ဟာ သူ့အချစ်ရေးမှာ ဘယ်လောက်လုံခြုံပြီးပျော်ရွှင်ရတယ်ဆိုတဲ့ ဆက်စပ်နေမှုတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

တူရကီနိုင်ငံမှာရှိတဲ့ Middle East Technical University က လူမှု စိတ်ပညာဗေဒ ကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့ Dr.Selcuk နဲ့ သုတေသီအချို့ဟာ အသက် ၃၅ နှစ်မှ ၈၆ နှစ်ကြား လက်ထပ်ပြီး(သို့) အတူနေထိုင်နေတဲ့ အရွယ်ရောက်ပြီးသူ ၆၉၈ ယောက် ကို စစ်တမ်းကောက်ယူပြီး သူတို့ရဲ့ လက်တွဲဖော်နဲ့ဆက်ဆံမှုအခြေအနေများ ၊ စိတ်ဖိစီးမှုနဲ့ သောကများနေမှု လက္ခဏာများ ၊ အိပ်စက်မှုဆိုင်ရာ အခက်အခဲများအားလုံးကို စောင့်ကြည့်လေ့လာခဲ့ပါတယ်။

ဒါ့အပြင် အဲဒီ လေ့လာခံရသူတွေထဲက ၂၁၉ ယောက်ကိုတော့ တစ်ပတ်တိတိ လှုပ်ရှားမှု ခြေရာခံစက်များ လက်ကောက်ဝတ်များ ဝတ်ဆင်စေတာ နေ့ရောညပါ ၇ရက်လုံးလေ့လာခဲ့ပြန်ပါတယ်။ "ကျွန်တော်တို့ရဲ့ ရှာဖွေတွေ့ရှိမှုက ပြသခဲ့တာကတော့ လက်တွဲဖော်နဲ့အဆင်ပြေတဲ့ သူတွေဟာ သောကနဲ့ စိတ်ဖိစီးမှု ပမာဏနည်းပါးကြတာ တွေ့ရသလို သူတို့ရဲ့ အိပ်စက်မှု အရည်အသွေးဟာလည်း ပိုမို ကောင်းမွန်တာကိုတွေ့ရပါတယ်။ အကောင်းဆုံး အိပ်စက်နည်းဆိုတာကတော့ အနှောင့်အယှက်ကင်းတဲ့ အိပ်မောကျမှုမျိုးဖြစ်ပြီး အဲဒီလို အိပ်စက်ခြင်းဟာ ကျန်းမာရေး ဆိုးရွားစွာ ထိခိုက်စေမှုတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ အဲဒီလို အိပ်စက်ခြင်းမျိုး ရရှိဖို့အတွက်တော့ လုံခြုံတဲ့ စိတ်ခံစားချက်မျိုးနဲ့ အတူ အိပ်စက်နိုင်ဖို့လိုပါတယ်" လို့ Dr.Selcuk က ဆိုပါတယ်။

လက်တွဲဖော်နဲ့ အဆင်ပြေနေခြင်းဟာ ကျွန်ုပ်တို့ကို သောကတွေ ၊ စိတ်ဖိစီးမှုတွေ ၊ အာရုံထွေပြားမှုတွေ လျော့ကျသွားစေနိုင်တဲ့ အထိရောက်ဆုံးနည်းလမ်းဖြစ်တယ်လို့လည်း Dr.Selcuk က ဆိုပါတယ်။ ဒါ့အပြင် သုတေသီတွေအားလုံးလက်ခံထခဲ့တာကတော့ အဆင်ပြေပြေနေထိုင်တတ်တဲ့ လက်တွဲဖော်တစ်ယောက်ရှိခြင်းဟာ ကောင်းမွန်တဲ့ အိပ်စက်မှုကို ဖြစ်ပေါ်စေပြီး တစ်သက်လုံးစာအတွက် ကျန်းမာ အသက်ရှည်တဲ့ ဘဝကို ပိုင်ဆိုင်စေနိုင်တယ်လို့လည်း ဆွေးနွေးပြောပြခဲ့ပါသေးတယ်။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top