iMyanmarHouse.com - Best Property Website for Myanmar
×

အေမရိကန္ ႏိုင္ငံ လူဝီစီယားနားျပည္နယ္၌ မိုးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ပြား၍ အနည္းဆံုး လူ ၁၁ ဦးေသဆံုးခဲ့ ၿပီးေနာက္ အဆိုေတာ္ ေတလာ ဆြစ္ဖ္က လူဝီစီးယားနား ေရေဘး သင့္ျပည္သူမ်ားအတြက္ ကန္ေဒၚ လာတစ္သန္း လွဴဒါန္းမည္ဟု ေၾကညာခဲ့သည္။

လူဝီစီယားနားျပည္နယ္၌ ေရႀကီးေရလွ်ံမႈမ်ားေၾကာင့္ အိုး အိမ္မ်ားကို စြန္႔ခြာထြက္ေျပးခဲ့ရ သည့္ ေဒသခံမ်ားကိုၾကည့္၍ စိတ္မေကာင္းျဖစ္ရသည္ဟု အေမရိကန္အဆိုေတာ္ ေတလာ ဆြစ္ဖ္က ေအပီသတင္းအားေျပာ သည္။အသက္ (၂၆)ႏွစ္အရြယ္ရွိ ေတလာဆြစ္ဖ္က ၿပီးခဲ့သည့္ႏွစ္အတြင္း လူဝီစီယားနားျပည္နယ္ သို႔ သြားေရာက္၍ ေဖ်ာ္ေျဖပြဲျပဳ လုပ္စဥ္ ေဒသခံပရိသတ္မ်ားက ၎ကို ေႏြးေထြးစြာ ႀကိဳဆိုခဲ့ရာ ေမြးရပ္ေျမေရာက္ေနသကဲ့သို႔ ခံစားခဲ့ရသည္ဟု ေအပီသတင္း အား ေျပာသည္။

အျခားေသာပုဂၢိဳလ္မ်ား အေနျဖင့္လည္း လက္ရွိတြင္ ေရ ေဘးဒုကၡႀကံဳေနေသာ လူဝီစီ ယားနား ေဒသခံမ်ားကို ကူညီၾက ရန္ႏွင့္ ၎တို႔အတြက္ ဆုေတာင္း ေမတၱာပို႔သေပးရန္ တိုက္တြန္း ေၾကာင္း ေတလာဆြစ္ဖ္က ေျပာ သည္။

လူဝီစီယားနားျပည္နယ္၌ ေရႀကီးမႈသည္ ျပည္နယ္သမုိင္း တြင္ အဆုိးရြားဆံုးျဖစ္ရပ္တစ္ခု ျဖစ္ၿပီး ယင္းေရႀကီးမႈ၌ အနည္းဆံုး လူေနအိမ္ ၄၀,၀၀၀ ပ်က္စီးခဲ့ သည္။

Credit: 7 Day Daily

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အမေရိကန် နိုင်ငံ လူဝီစီယားနားပြည်နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွား၍ အနည်းဆုံး လူ ၁၁ ဦးသေဆုံးခဲ့ ပြီးနောက် အဆိုတော် တေလာ ဆွစ်ဖ်က လူဝီစီးယားနား ရေဘေး သင့်ပြည်သူများအတွက် ကန်ဒေါ် လာတစ်သန်း လှူဒါန်းမည်ဟု ကြေညာခဲ့သည်။

လူဝီစီယားနားပြည်နယ်၌ ရေကြီးရေလျှံမှုများကြောင့် အိုး အိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရ သည့် ဒေသခံများကိုကြည့်၍ စိတ်မကောင်းဖြစ်ရသည်ဟု အမေရိကန်အဆိုတော် တေလာ ဆွစ်ဖ်က အေပီသတင်းအားပြော သည်။အသက် (၂၆)နှစ်အရွယ်ရှိ တေလာဆွစ်ဖ်က ပြီးခဲ့သည့်နှစ်အတွင်း လူဝီစီယားနားပြည်နယ် သို့ သွားရောက်၍ ဖျော်ဖြေပွဲပြု လုပ်စဉ် ဒေသခံပရိသတ်များက ၎င်းကို နွေးထွေးစွာ ကြိုဆိုခဲ့ရာ မွေးရပ်မြေရောက်နေသကဲ့သို့ ခံစားခဲ့ရသည်ဟု အေပီသတင်း အား ပြောသည်။

အခြားသောပုဂ္ဂိုလ်များ အနေဖြင့်လည်း လက်ရှိတွင် ရေ ဘေးဒုက္ခကြုံနေသော လူဝီစီ ယားနား ဒေသခံများကို ကူညီကြ ရန်နှင့် ၎င်းတို့အတွက် ဆုတောင်း မေတ္တာပို့သပေးရန် တိုက်တွန်း ကြောင်း တေလာဆွစ်ဖ်က ပြော သည်။

လူဝီစီယားနားပြည်နယ်၌ ရေကြီးမှုသည် ပြည်နယ်သမိုင်း တွင် အဆိုးရွားဆုံးဖြစ်ရပ်တစ်ခု ဖြစ်ပြီး ယင်းရေကြီးမှု၌ အနည်းဆုံး လူနေအိမ် ၄၀,၀၀၀ ပျက်စီးခဲ့ သည်။

Credit: 7 Day Daily



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top