iMyanmarHouse.com - Best Property Website for Myanmar
×






Credit:7Day Daily




#Unicode Version

တောင်ကိုရီးယား နာမည် ကျော်သရုပ်ဆောင်များဖြစ်သော ဂျွန်ဂျီဟွန်းနှင့် လီမင်ဟိုတို့သည် ၎င်းတို့ ပါဝင်သရုပ်ဆောင်မည့် ကေဒရာမာ ဇာတ်လမ်းတွဲသစ် အတွက် ပါလာအူနိုင်ငံနှင့် စပိန် နိုင်ငံများသို့ သွားရောက်မည်ဖြစ် သည်။

ကိုရီးယားစတားနှစ်ဦးသည် Legend of the Blue Sea ဒရာ မာဇာတ်လမ်းတွဲ ရိုက်ကူးရန်  သြဂုတ်လကုန်တွင် ပါလာအူနိုင်ငံနှင့် စက်တင်ဘာတွင် စပိန်နိုင်ငံသို့ သွားရောက်မည်ဟု သတင်းရင်း မြစ်တစ်ခုက သြဂုတ် ၁၂ ရက်၌ ပြောသည်။

ဒရာမာဇာတ်လမ်းတွဲ ဇာတ် အိမ်တွင် အရောင်အသွေးစုံလင် သော ကမ်းရိုးတန်းများပါဝင်ပြီး ဇာတ်လမ်းတွဲ ခေါင်းစဉ်၌ ပင်လယ်ပြာအကြောင်းပါဝင်၍ သရုပ်ဆောင်နှစ်ဦးသည် ပြည်ပသို့ ရိုက်ကူးရေးသွားရောက်မည် ဖြစ်သည်။

ဇာတ်လမ်းတွဲထုတ်လုပ်သူ များသည် ဇာတ်လမ်း၊ သရုပ် ဆောင်နှင့် ရိုက်ကွင်းနေရာတို့ကို အသေးစိတ်အာရုံစိုက်နေသည် ဟု ယူဆရသည်။ ယင်းဇာတ်လမ်း တွဲတွင် ဂျွန်နီဟွန်းက ဆိုးလ်မြို့သို့ ရောက်လာသော ရေသူမလေး အဖြစ် သရုပ်ဆောင်မည်ဖြစ်ပြီး လီမင်ဟိုက ယင်းရေသူမလေးကို ချစ်ကြိုက်သွားသည့် လူလိမ်တစ် ဦးအဖြစ် သရုပ်ဆောင်မည်ဖြစ် သည်။

'Legend of the Blue Sea' ဒရာမာဇာတ်လမ်းတွဲကို နိုဝင်ဘာ တွင် ထုတ်လွှင့်ပြသမည်ဖြစ် သည်။

Credit:7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top