iMyanmarHouse.com - Best Property Website for Myanmar
×

ေဆာင္းရာသီတြင္ အေအးဒဏ္ကို ခ်င္းစိမ္းေရေႏြးၾကမ္းတစ္ခြက္ ေသာက္ျခင္းကဲ့သို႔ မည္သည့္အရာကမွ အႏုိင္ယူႏုိင္မည္မဟုတ္ေပ။ခ်င္းစိမ္းတြင္ ဗီတာမင္စီ၊ မဂၢနီစီယမ္ႏွင့္ အျခားသတၱဳဓာတ္မ်ားပါဝင္ၿပီး ခ်င္းစိမ္းအျမစ္မွာ က်န္းမာေရးအတြက္ လြန္စြာအက်ိဳးရွိသည္။
ခ်င္းစိမ္းေရေႏြးၾကမ္းေဖ်ာ္ၿပီးသည္ႏွင့္ င႐ုတ္ေကာင္း၊ ပ်ားရည္ (သို႔မဟုတ္) သံပရာသီးတုိ႔ကို ခ်င္းစိမ္းအရသာဖံုးလႊြမ္းသြားေစရန္ ထည့္ေသာက္ႏုိင္သည္။ ခ်င္းစိမ္းေရေႏြးၾကမ္းေသာက္ျခင္းေၾကာင့္ရရွိႏုိင္မည့္ က်န္းမာေရးအက်ိဳးေက်းဇူးရွစ္မ်ိဳးကိုေဖာ္ျပေပးလုိက္ပါသည္။

မူးေမာ္ျခင္းကို သက္သာေစႏုိင္

ခရီးမသြားမီ ခ်င္းေရေႏြးၾကမ္းတစ္ခြက္ေသာက္သံုးျခင္းက ကိုယ္လက္မအီမသာျဖစ္ျခင္းႏွင့္ ဆက္ႏႊယ္သည့္မူးေမာ္ေအာ့အန္ျခင္းတုိ႔ကို ကာကြယ္ေပးႏုိင္သည္။ မူးေမာ္ျခင္းပထမဆံုးလကၡဏာျပလာစဥ္တြင္လည္း သက္သာေစရန္ ခ်င္းစိမ္းေရေႏြးၾကမ္းတစ္ခြက္ ေသာက္သံုးႏိုင္သည္။

အစာအိမ္ အစာေခ်ဖ်က္မႈကို တုိးတက္ေစႏုိင္

အစာေခ်ဖ်က္မႈကို တုိးတက္ေစရန္ အသံုးဝင္ၿပီး အစာအိမ္၏ အစာစုပ္ယူမႈကိုအားေကာင္းေစသည္။ အစားအေသာက္မ်ားစြာ စားေသာက္ၿပီးေနာက္ ခ်င္းစိမ္းေရေႏြးၾကမ္းေသာက္ပါက အစာျမန္ျမန္ေၾကေစသည္။

ကိုယ္ခႏၶာေရာင္ရမ္းမႈကို ေလ်ာ့က်ေစႏိုင္

ႂကြက္သားမ်ားႏွင့္ ကိုယ္လက္အဆစ္မ်ား ျပႆနာအတြက္ အိမ္ တြင္ကုသရန္ အထူးေကာင္းမြန္သည့္ ခ်င္းစိမ္းေရေႏြးၾကမ္းတြင္ ကိုယ္ လက္ေရာင္ရမ္းမႈကို ကာကြယ္ႏုိင္ေသာ ပစၥည္းမ်ားပါဝင္သည္။

ရာသီလာခ်ိန္ မသက္မသာခံစားရျခင္းမ်ားကို သက္သာေစႏိုင္

ခ်င္းစိမ္းေရေႏြးၾကမ္းက အမ်ိဳးသမီးမ်ား ရာသီေသြးဆင္းခ်ိန္နာ က်င္ေသာ ေဝဒနာမ်ားကို သက္သာေစႏိုင္သည္။ ခ်င္းစိမ္းေရေႏြးၾကမ္း ေႏြးေႏြးထဲတြင္ မ်က္ႏွာသုတ္ပဝါတစ္ထည္ထည့္စိမ္ၿပီး ဝမ္းဗိုက္ေအာက္ပိုင္းကို ကပ္ေပးပါက ႂကြက္သားမ်ားကို ေျပေလ်ာ့ေစၿပီးနာက်င္မႈေဝဒနာကို သက္သာေစရန္ ကူညီပါလိမ့္မည္။  တစ္ခ်ိန္တည္းမွာပင္ ခ်င္းစိမ္းေရေႏြးၾကမ္းတစ္ခြက္ေသာက္သံုးပါ။

Credit:7day daily
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဆောင်းရာသီတွင် အအေးဒဏ်ကို ချင်းစိမ်းရေနွေးကြမ်းတစ်ခွက် သောက်ခြင်းကဲ့သို့ မည်သည့်အရာကမှ အနိုင်ယူနိုင်မည်မဟုတ်ပေ။ချင်းစိမ်းတွင် ဗီတာမင်စီ၊ မဂ္ဂနီစီယမ်နှင့် အခြားသတ္တုဓာတ်များပါဝင်ပြီး ချင်းစိမ်းအမြစ်မှာ ကျန်းမာရေးအတွက် လွန်စွာအကျိုးရှိသည်။
ချင်းစိမ်းရေနွေးကြမ်းဖျော်ပြီးသည်နှင့် ငရုတ်ကောင်း၊ ပျားရည် (သို့မဟုတ်) သံပရာသီးတို့ကို ချင်းစိမ်းအရသာဖုံးလွှွမ်းသွားစေရန် ထည့်သောက်နိုင်သည်။ ချင်းစိမ်းရေနွေးကြမ်းသောက်ခြင်းကြောင့်ရရှိနိုင်မည့် ကျန်းမာရေးအကျိုးကျေးဇူးရှစ်မျိုးကိုဖော်ပြပေးလိုက်ပါသည်။

မူးမော်ခြင်းကို သက်သာစေနိုင်

ခရီးမသွားမီ ချင်းရေနွေးကြမ်းတစ်ခွက်သောက်သုံးခြင်းက ကိုယ်လက်မအီမသာဖြစ်ခြင်းနှင့် ဆက်နွှယ်သည့်မူးမော်အော့အန်ခြင်းတို့ကို ကာကွယ်ပေးနိုင်သည်။ မူးမော်ခြင်းပထမဆုံးလက္ခဏာပြလာစဉ်တွင်လည်း သက်သာစေရန် ချင်းစိမ်းရေနွေးကြမ်းတစ်ခွက် သောက်သုံးနိုင်သည်။

အစာအိမ် အစာချေဖျက်မှုကို တိုးတက်စေနိုင်

အစာချေဖျက်မှုကို တိုးတက်စေရန် အသုံးဝင်ပြီး အစာအိမ်၏ အစာစုပ်ယူမှုကိုအားကောင်းစေသည်။ အစားအသောက်များစွာ စားသောက်ပြီးနောက် ချင်းစိမ်းရေနွေးကြမ်းသောက်ပါက အစာမြန်မြန်ကြေစေသည်။

ကိုယ်ခန္ဓာရောင်ရမ်းမှုကို လျော့ကျစေနိုင်

ကြွက်သားများနှင့် ကိုယ်လက်အဆစ်များ ပြဿနာအတွက် အိမ် တွင်ကုသရန် အထူးကောင်းမွန်သည့် ချင်းစိမ်းရေနွေးကြမ်းတွင် ကိုယ် လက်ရောင်ရမ်းမှုကို ကာကွယ်နိုင်သော ပစ္စည်းများပါဝင်သည်။

ရာသီလာချိန် မသက်မသာခံစားရခြင်းများကို သက်သာစေနိုင်

ချင်းစိမ်းရေနွေးကြမ်းက အမျိုးသမီးများ ရာသီသွေးဆင်းချိန်နာ ကျင်သော ဝေဒနာများကို သက်သာစေနိုင်သည်။ ချင်းစိမ်းရေနွေးကြမ်း နွေးနွေးထဲတွင် မျက်နှာသုတ်ပဝါတစ်ထည်ထည့်စိမ်ပြီး ဝမ်းဗိုက်အောက်ပိုင်းကို ကပ်ပေးပါက ကြွက်သားများကို ပြေလျော့စေပြီးနာကျင်မှုဝေဒနာကို သက်သာစေရန် ကူညီပါလိမ့်မည်။  တစ်ချိန်တည်းမှာပင် ချင်းစိမ်းရေနွေးကြမ်းတစ်ခွက်သောက်သုံးပါ။

Credit:7day daily
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top