iMyanmarHouse.com - Best Property Website for Myanmar
×

သင္ဟာ ကိုယ္အေလးခ်ိန္ ေလ်ာ့က်ေစဖို႔ ႀကိဳးစားေနတဲ့ လူတစ္ေယာက္ပဲ ဆိုပါစုိ႔။ လစဥ္ေၾကး မ်ားမ်ား ေပးသြင္းမွ ေလ့က်င့္ခန္း လုပ္လို႔ရမယ့္ အားကစားခန္းမ ကိုသြားမွပဲ ကိုယ္အေလးခ်ိန္ေလ်ာ့က်လိမ့္မယ္လို႔ေတာ့ မထင္လိုက္ပါနဲ႔။ သင့္ရဲ႕ ေန႔စဥ္ဘ၀မွာတင္ပဲ ကိုယ္အေလးခ်ိန္ေလ်ာ့က်ေစဖို႔အတြက္ လုပ္ေဆာင္ႏိုင္မယ့္ အရာေတြရွိပါတယ္။ အဲဒါေတြကေတာ့

၁။ သင့္ရဲ႕ေန႔စဥ္ဘ၀မွာ လႈပ္ရွားမႈ မ်ားမ်ား လုပ္ပါ

ဆိုလိုခ်င္တာက သင့္ရဲ႕ေန႔စဥ္ဘ၀မွာ လႈပ္ရွားမႈ မရွိတဲ့ အခ်ိ္န္ေတြမွာ လႈပ္ရွားမႈလုပ္ဖို႔ပါ။ ဥပမာ - တကၠစီ ငွားစီးမယ့္ အစား တတ္ႏိုင္သေလာက္ လမ္းေလွ်ာက္ေပးတာမ်ိဳး ျပဳလုပ္ေပးပါ။

၂။ အားကစားခန္းမ မွာ လုပ္ရတဲ့ ေလ့က်င့္ခန္းတစ္ခ်ိဳ႕ကို အိမ္မွာလုပ္ပါ

ဒိုက္ထိုးတာမ်ိဳးပဲျဖစ္ေစ ၊ အေၾကာေလ်ာ့တာမ်ိဳးပဲ ျဖစ္ေစ ၊ အေလးမ တာမ်ိဳးပဲျဖစ္ေစ ေရခ်ိဳးခါနီးမွာ နာရီ၀က္ ေလာက္ လုပ္ေပးလိုက္ရံုနဲ႔ အားကစားခန္းမမွာ ေလ့က်င့္ခန္း လုပ္သလို ထိေရာက္မႈမ်ိဳးကို ရႏိုင္ပါတယ္။

၃။ ေခြးေတြနဲ႔ေဆာ့ပါ

အိမ္ေမြးေခြးရွိသူေတြအတြက္ အဆင္ေျပမယ့္နည္းလမ္းပါ။ ေခြဒေတြနဲ႔ ေဆာ့ေပးျခင္းအားျဖင့္ အေျပးေလ့က်င့္မႈ တစ္ခုလိုပဲ ေခၽြးထြက္ေစႏိုင္ပါတယ္။

၄။ အားကစား လုပ္ပါ

ေဘာလံုး ကန္တာပဲ ျဖစ္ေစ ၊ ဘတ္စကတ္ေဘာ ကစားတာပဲ ျဖစ္ေစ ၊ ေရကူးတာပဲျဖစ္ေစ အားကစား လုပ္ေပးျခင္းဟာ အခ်ိန္အနည္းငယ္အတြင္း ထိထိေရာက္ေရာက္ ကိုယ္အေလးခ်ိန္ က်သြားေစႏိုင္ပါတယ္။

၅။ သစ္သီး ေတြကို မၾကာခဏစားေပးပါ

ကိုယ္အေလးခ်ိန္ေလ်ာ့က်ေစဖို႔အတြက္ အစားအေသာက္ကို ဂရုစိုက္ဖို႔လိုပါတယ္။ သင္ ဘယ္အစားအစာ ေတြက ဘယ္လို အာနိသင္ရွိတယ္ဆိုတာကို သုေတသနေတြမွာ အရင္ ေလ့လာပါ။ ၿပီးရင္ေတာ့ သင့္ေတာ္မယ့္ အသီးအႏွံ အုပ္စု ေတြကို ေရြးခ်ယ္စားသံုးေပးသင့္ပါတယ္။

၆။ ေရမ်ားမ်ားေသာက္ပါ

ကိုယ္အေလးခ်ိန္ေလ်ာ့က်ေစဖို႔ အေျခခံ အက်ဆံုးနည္းလမ္းကေတာ့ ေရေသာက္ဖို႔ပါ။ ကဖိန္းဓါတ္မွီ၀ဲ ျခင္းကိုေတာ့ ရပ္နားထားလိုက္ပါ။ ေရကိုသာ ဖိ ေသာက္ပါ။ ေရအဆာ မခံပါနဲ႔။ သတ္မွတ္ထားတဲ့ ပမာဏ ျပည့္ေအာင္ေန႔စဥ္ ပံုမွန္ ေရမ်ားမ်ား ေသာက္ပါ။

Credit:Thithtoolwin

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

သင်ဟာ ကိုယ်အလေးချိန် လျော့ကျစေဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်ပဲ ဆိုပါစို့။ လစဉ်ကြေး များများ ပေးသွင်းမှ လေ့ကျင့်ခန်း လုပ်လို့ရမယ့် အားကစားခန်းမ ကိုသွားမှပဲ ကိုယ်အလေးချိန်လျော့ကျလိမ့်မယ်လို့တော့ မထင်လိုက်ပါနဲ့။ သင့်ရဲ့ နေ့စဉ်ဘဝမှာတင်ပဲ ကိုယ်အလေးချိန်လျော့ကျစေဖို့အတွက် လုပ်ဆောင်နိုင်မယ့် အရာတွေရှိပါတယ်။ အဲဒါတွေကတော့

၁။ သင့်ရဲ့နေ့စဉ်ဘဝမှာ လှုပ်ရှားမှု များများ လုပ်ပါ

ဆိုလိုချင်တာက သင့်ရဲ့နေ့စဉ်ဘဝမှာ လှုပ်ရှားမှု မရှိတဲ့ အချိန်တွေမှာ လှုပ်ရှားမှုလုပ်ဖို့ပါ။ ဥပမာ - တက္ကစီ ငှားစီးမယ့် အစား တတ်နိုင်သလောက် လမ်းလျှောက်ပေးတာမျိုး ပြုလုပ်ပေးပါ။

၂။ အားကစားခန်းမ မှာ လုပ်ရတဲ့ လေ့ကျင့်ခန်းတစ်ချို့ကို အိမ်မှာလုပ်ပါ

ဒိုက်ထိုးတာမျိုးပဲဖြစ်စေ ၊ အကြောလျော့တာမျိုးပဲ ဖြစ်စေ ၊ အလေးမ တာမျိုးပဲဖြစ်စေ ရေချိုးခါနီးမှာ နာရီဝက် လောက် လုပ်ပေးလိုက်ရုံနဲ့ အားကစားခန်းမမှာ လေ့ကျင့်ခန်း လုပ်သလို ထိရောက်မှုမျိုးကို ရနိုင်ပါတယ်။

၃။ ခွေးတွေနဲ့ဆော့ပါ

အိမ်မွေးခွေးရှိသူတွေအတွက် အဆင်ပြေမယ့်နည်းလမ်းပါ။ ခွေဒတွေနဲ့ ဆော့ပေးခြင်းအားဖြင့် အပြေးလေ့ကျင့်မှု တစ်ခုလိုပဲ ချွေးထွက်စေနိုင်ပါတယ်။

၄။ အားကစား လုပ်ပါ

ဘောလုံး ကန်တာပဲ ဖြစ်စေ ၊ ဘတ်စကတ်ဘော ကစားတာပဲ ဖြစ်စေ ၊ ရေကူးတာပဲဖြစ်စေ အားကစား လုပ်ပေးခြင်းဟာ အချိန်အနည်းငယ်အတွင်း ထိထိရောက်ရောက် ကိုယ်အလေးချိန် ကျသွားစေနိုင်ပါတယ်။

၅။ သစ်သီး တွေကို မကြာခဏစားပေးပါ

ကိုယ်အလေးချိန်လျော့ကျစေဖို့အတွက် အစားအသောက်ကို ဂရုစိုက်ဖို့လိုပါတယ်။ သင် ဘယ်အစားအစာ တွေက ဘယ်လို အာနိသင်ရှိတယ်ဆိုတာကို သုတေသနတွေမှာ အရင် လေ့လာပါ။ ပြီးရင်တော့ သင့်တော်မယ့် အသီးအနှံ အုပ်စု တွေကို ရွေးချယ်စားသုံးပေးသင့်ပါတယ်။

၆။ ရေများများသောက်ပါ

ကိုယ်အလေးချိန်လျော့ကျစေဖို့ အခြေခံ အကျဆုံးနည်းလမ်းကတော့ ရေသောက်ဖို့ပါ။ ကဖိန်းဓါတ်မှီဝဲ ခြင်းကိုတော့ ရပ်နားထားလိုက်ပါ။ ရေကိုသာ ဖိ သောက်ပါ။ ရေအဆာ မခံပါနဲ့။ သတ်မှတ်ထားတဲ့ ပမာဏ ပြည့်အောင်နေ့စဉ် ပုံမှန် ရေများများ သောက်ပါ။

Credit:Thithtoolwin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top