iMyanmarHouse.com - Best Property Website for Myanmar
×

 ေပါ့ပ္ၾကယ္ပြင့္ ေတလာဆြစ္ဖ္၏ ေမာင္ျဖစ္သူ ေအာ္စတင္ဆြစ္ဖ္သည္ မၾကာမီထုတ္လႊင့္ျပသမည့္ နည္းပညာ လ်ွိဳ႕၀ွက္သည္းဖိုရုပ္ရွင္ကား “ I.T”  ရုပ္ရွင္နမူနာတြင္ မင္းသား ပရင့္စ္ဘေရာ့စ္နန္ႏွင့္အတူ ပြဲဦးထြက္ ပါ၀င္သရုပ္ေဆာင္ခဲ့သည္။

အဆိုပါရုပ္ရွင္ကားတြင္ ပရင့္စ္ဘေရာ့စ္နန္သည္ စီးပြားေရးလုပ္ငန္းရွင္တစ္ဦး၏ အိုင္တီအၾကံေပးျဖစ္သူ မိုက္ခ္အျဖစ္ပါ၀င္သရုပ္ေဆာင္သြားမည္ျဖစ္သည္။ဟက္ကာမ်ားသည္ မိုက္၏ေနအိမ္ရွိ အခန္းတိုင္းကို ေစာင့္ၾကည့္ေနျပီး ၎ပိုင္ နည္းပညာကိရိယာမ်ား ၊ ေလယာဥ္မ်ား ႏွင့္ ကင္မရာဖုန္းမ်ားကို ထိန္းခ်ဳပ္ထားသည္။

ေအာ္စတင္သည္  ယင္းရုပ္ရွင္ကားတြင္ “ Lance” အျဖစ္ပါ၀င္သရုပ္ေဆာင္သြားမည္ျဖစ္သည္။ ရုပ္ရွင္နမူနာကားတြင္ ေအာ္စတင္ကို  မင္းသမီး စေကာ့၏မ်က္ႏွာခ်င္းဆိုင္တြင္ ရပ္ကာ  ဖုန္းကိုင္ထားသည္ကို ေတြ႔ရသည္။

 “ ကၽြန္မေမာင္ေလး  ရုပ္ရွင္ကားမွာ ပထမဆံုးအၾကိမ္ သရုပ္ေဆာင္ေနပါတယ္။ ကၽြန္မ ဂုဏ္ယူမိပါတယ္”ဟု ေတလာက  ေအာ္စတင္ကားေမာင္းေနေသာ ဓာတ္ပံုႏွင့္အတူ  အင္စတာဂရမ္တြင္ ေရးသားေဖာ္ျပခဲ့သည္။

အဆိုပါရုပ္ရွင္ကားသည္ အိုင္တီအၾကံေပးအျဖစ္မွ ဟက္ကာအျဖစ္ ေျပာင္းလဲသြားသူတစ္ဦးသည္ ခ်မ္းသာၾကြယ္၀ေသာ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးျဖစ္လာျပီး ၎၏အိမ္ေထာင္သည္ဘ၀ကို စိတ္ကုန္လာခ်ိန္ သမီးျဖစ္သူကို အေယာင္ျပကာ မိသားစု၊ စီးပြားေရး ႏွင့္ ဘ၀ကို ျခိမ္းေျခာက္ခံရျခင္းေၾကာင့္ ၎၏ဘ၀ေျဗာင္းဆန္သြားသည့္အေၾကာင္းကို ပံုေဖာ္ရိုက္ကူးသြားမည္ျဖစ္သည္။

နည္းပညာလ်ိွဳ႕၀ွက္သည္းဖိုရုပ္ရွင္ကား “ I.T” ကို စက္တင္ဘာလ ၂၃ရက္တြင္ ရုပ္ရုင္ရံုမ်ား၌ ျပသသြားမည္ျဖစ္ျပီး ဗီဒီယိုအျဖစ္ ထုတ္ေ၀သြားမည္ျဖစ္သည္။

Credit : Mizzima

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

 ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်ဖ်၏ မောင်ဖြစ်သူ အော်စတင်ဆွစ်ဖ်သည် မကြာမီထုတ်လွှင့်ပြသမည့် နည်းပညာ လျှို့ဝှက်သည်းဖိုရုပ်ရှင်ကား “ I.T”  ရုပ်ရှင်နမူနာတွင် မင်းသား ပရင့်စ်ဘရော့စ်နန်နှင့်အတူ ပွဲဦးထွက် ပါဝင်သရုပ်ဆောင်ခဲ့သည်။

အဆိုပါရုပ်ရှင်ကားတွင် ပရင့်စ်ဘရော့စ်နန်သည် စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ အိုင်တီအကြံပေးဖြစ်သူ မိုက်ခ်အဖြစ်ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်သည်။ဟက်ကာများသည် မိုက်၏နေအိမ်ရှိ အခန်းတိုင်းကို စောင့်ကြည့်နေပြီး ၎င်းပိုင် နည်းပညာကိရိယာများ ၊ လေယာဉ်များ နှင့် ကင်မရာဖုန်းများကို ထိန်းချုပ်ထားသည်။

အော်စတင်သည်  ယင်းရုပ်ရှင်ကားတွင် “ Lance” အဖြစ်ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်သည်။ ရုပ်ရှင်နမူနာကားတွင် အော်စတင်ကို  မင်းသမီး စကော့၏မျက်နှာချင်းဆိုင်တွင် ရပ်ကာ  ဖုန်းကိုင်ထားသည်ကို တွေ့ရသည်။

 “ ကျွန်မမောင်လေး  ရုပ်ရှင်ကားမှာ ပထမဆုံးအကြိမ် သရုပ်ဆောင်နေပါတယ်။ ကျွန်မ ဂုဏ်ယူမိပါတယ်”ဟု တေလာက  အော်စတင်ကားမောင်းနေသော ဓာတ်ပုံနှင့်အတူ  အင်စတာဂရမ်တွင် ရေးသားဖော်ပြခဲ့သည်။

အဆိုပါရုပ်ရှင်ကားသည် အိုင်တီအကြံပေးအဖြစ်မှ ဟက်ကာအဖြစ် ပြောင်းလဲသွားသူတစ်ဦးသည် ချမ်းသာကြွယ်ဝသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်လာပြီး ၎င်း၏အိမ်ထောင်သည်ဘဝကို စိတ်ကုန်လာချိန် သမီးဖြစ်သူကို အယောင်ပြကာ မိသားစု၊ စီးပွားရေး နှင့် ဘဝကို ခြိမ်းခြောက်ခံရခြင်းကြောင့် ၎င်း၏ဘဝဗြောင်းဆန်သွားသည့်အကြောင်းကို ပုံဖော်ရိုက်ကူးသွားမည်ဖြစ်သည်။

နည်းပညာလျှို့ဝှက်သည်းဖိုရုပ်ရှင်ကား “ I.T” ကို စက်တင်ဘာလ ၂၃ရက်တွင် ရုပ်ရုင်ရုံများ၌ ပြသသွားမည်ဖြစ်ပြီး ဗီဒီယိုအဖြစ် ထုတ်ဝေသွားမည်ဖြစ်သည်။

Credit : Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top