iMyanmarHouse.com - Best Property Website for Myanmar
×





Credit: duwun



Unicode Version

သူမနဲ့ ဂျက်စတင်ဘီဘာတို့ရဲ့ ကွဲလိုက်ဆက်လိုက် ဇာတ်လ်းက သူမရဲ့ အလုပ်ကို လွှမ်းမိုးခဲ့တယ်လို့ ဆယ်လီနာက ဆိုခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် အဆိုတော် မင်းသမီးလေးဟာ Vogue Australia မဂ္ဂဇင်းအတွက် မျက်နှာဖုံး ဓာတ်ပုံ ရိုက်ပေးရင်း သူမရဲ့ ကိုယ်ရေးကိုယ်တာကိစ္စက လူပြောအများဆုံး ဖြစ်နေတဲ့အတွက် အနုပညာလောကမှာ အောင်မြင်ဖို့ ခက်ခဲခဲ့တယ်လို့ ဆိုပါတယ်။

"အလုံးစုံ ဘယ်သူမှ တကယ်မသိပါဘူး။ သူတို့တွေ ထင်ရာမြင်ရာပြောနေကြတာပဲ ရှိတယ်။ ကိုယ်လိုချင်တာ လုပ်လိုပေမဲ့ တခြားကိစ္စတစ်ခုက ကိုယ်လုပ်မယ့်အလုပ်ကို လွှမ်းမိုးလာတဲ့အခါ ကျွန်မအပေါ် လူတွေ အလေးအနက်ထားဖို့ လုပ်ရတာ ပိုခက်ခဲတယ်" လို့ သူမက ဆိုပါတယ်။

ဒါပေမဲ့ ဂျက်စတင်ဘီဘာနဲ့ ၂၀၁၁ ကနေ ၂၀၁၅ အတွင်း ပြတ်လိုက် ဆက်လိုက်နဲ့ ခက်ခဲကြမ်းတမ်းတဲ့ အချစ်ရေး ရှိနေခဲ့ပေမဲ့ အခုတော့ ကိုယ်ရေးကိုယ်တာထက် အလုပ်ကို ပိုအာရုံထားနေပြီလို့ ဆယ်လီနာက ပြောခဲ့ပါတယ်။


Credit: duwun



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top