iMyanmarHouse.com - Best Property Website for Myanmar
×








Credit: duwun

#Unicode Version

တနင်္ဂနွေနေ့က လော့စ်အန်ဂျလိစ်မြို့အနီးက စားသောက်ဆိုင်မှာ အေရီရာနာဂရန်ဒီနဲ့ ရပ်ပ်ပါ မက်မီလာတို့ နှုတ်ခမ်းချင်းခလုတ်တိုက်နေကြတဲ့ပုံတွေ ထွက်ပေါ်လာပါတယ်။ နှစ်ယောက်သား ချစ်နေကြပြီဆိုတာကို ပုံတွေက သက်သေပြလိုက်သလိုပါပဲ။

မက်မီလာဟာ ၂၀၁၃ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ အေရီရာနာရဲ့ ပွဲဦးထွက်အယ်လ်ဘမ် Yours Truly မှာ သီချင်းတစ်ပုဒ် ပါဝင်ရေးသားခဲ့ပြီး MTV မှာလည်း အေရီရာနာနဲ့အတူ သရုပ်ဆောင်ခဲ့ပါတယ်။ ထိုစဉ်တုန်းက နမ်းခဲ့ကြတဲ့အနမ်းဟာ သရုပ်ဆောင်ရုံသက်သက်ပါပဲ။ ခုတော့ အတည်ဖြစ်သွားကြပါပြီ။

မီလာမတိုင်ခင်က အေရီရာနာနဲ့ အဆိုတော် Big Sean တို့ တွဲခဲ့ကြပါသေးတယ်။ ၂၀၁၄ အောက်တိုဘာမှာ Big Sean နဲ့သတင်းကို အတည်ပြုခဲ့ပြီး ၂၀၁၅ ဧပြီမှာတော့ လမ်းခွဲလိုက်ကြတာဖြစ်ပါတယ်။



Credit: duwun
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top