iMyanmarHouse.com - Best Property Website for Myanmar
×

၁။ကိုယ္႔အတြက္ အမွတ္တမဲ႔ဆိုေပမဲ႔
သူ႔ကို ထိခိုက္ႏိုင္ပါတယ္။

အမ်ိဳးသမီးျဖစ္ျဖစ္၊ အမ်ိဳးသားျဖစ္ျဖစ္
တျခားေသာ ေခ်ာေမာလွပတဲ႔ ဆန္႔က်င္ဘက္လိင္ကို အမွတ္တမဲ႔ေတြ႔မိတဲ႔အခါမ်ိဳးမွာ
တစ္ခါတေလ ေငးေမာၾကည္႔မိတာ သဘာဝျဖစ္ပါတယ္။
(လိုခ်င္တပ္မက္လို႔ေတာ႔မဟုတ္ပါ၊ အလွပတစ္ခုကိုခံစားၾကည္႔ယံုသာျဖစ္ပါတယ္)

ဒါေပမဲ႔… ကိုယ္႔ခ်စ္သူနဲ႔ အတူရွိေနတဲ႔အခါမ်ိဳးမွာေတာ႔ အတက္ႏိုင္ဆံုး တစ္ပါးကိုၾကည္႔ေနတဲ႔ အၾကည္႔ေတြကိုထိန္းခ်ဳပ္ပါ။
တစ္ပါးသူေတြရဲ႕ အထင္ျမင္ေသးမွဳကိုခံရသလို
ေဘးနားက ကိုယ္႔ခ်စ္သူကိုလည္း မထီမဲ႔ျမင္ျပဳရာက်ပါတယ္။

Facebook စ တဲ႔ လူမွဳကြန္ယက္ေတြမွာလည္း
ဆန္႔က်င္ဘက္လိင္တစ္ဦးဦးရဲ႕ ပို႔စ္တစ္ခုေအာက္မွာ ခင္မင္ရင္းႏွီးလို႔ စ,ေႏွာက္ ေရးသားလို႔ရေပမဲ႔ ရိုးသားမွဳနဲ႔ကင္းကြာျပီး အေရွ႕ေနာက္မလြတ္ဘဲအမ်ိဳးမ်ိဳးေတြးစရာျဖစ္ႏိုင္တဲ႔
Comment မ်ိဳးေတြေတာ႔ မေရးသင္႔ပါ။

၂။ သင္႔အတြက္ရည္ညႊန္းတဲ႔အရာေတြက
ဟာသ လား၊ အေလးနက္လား ေသခ်ာခြဲျခားပါ

ခ်စ္သူႏွစ္ဦး အတူဆံုၾကတဲ႔အခါ…
စ,ေႏွာက္ျပီး ေျပာလိုက္တာရွိသလို အေလးနက္ထားျပီးေျပာလိုက္တာေတြလည္းရွိႏိုင္ပါတယ္။ အဲ႔ဒီစကားအေပၚမွာ သင္႔အေနနဲ႔ ခနခန အေလးမထား ပ်က္ရယ္ျပဳခဲ႔မိမယ္ဆိုရင္ ေနာင္တစ္ခ်ိန္မွာ
တစ္ေယာက္နဲ႔တစ္ေယာက္ ခံစားခ်က္ေတြမဖြင္႔ဟမိၾကဘဲ ရင္ထဲမွာသာ သိမ္းထားလိုက္ေတာ႔တဲ႔
အေျခေနမ်ိဳးေတြျဖစ္လာႏိုင္ျပီး တစ္ေယာက္နဲ႔တစ္ေယာက္ ေႏြးေထြးမွဳမရွိေတာ႔သလို ခံစားရေစမွာျဖစ္ပါတယ္။

Facebook စ တဲ႔ လူမွဳကြန္ယက္ေပၚမွာလည္း
သင္႔ ခ်စ္သူက သင္႔အတြက္ရည္ရြယ္ျပီး
ေရးထား/Share ထားတယ္လို႔ထင္ရတဲ႔ ပို႔စ္ေတြကို ေတြ႔ရင္ အတက္ႏိုင္ဆံုးဂရုစိုက္ပါ။ အနည္းဆံုးေတာ႔
ေသခ်ာဖတ္ၾကည္႔ျပီး like (သုိ႔) မွတ္ခ်က္ Commentတစ္ခုခုေရးေပးပါ။ အဲ႔ဒီလိုလုပ္ေပးျခင္းျဖင္႔
"မင္း… ငါ႔အတြက္ရည္ရြယ္ထားတာေလးကို အခုတင္
ငါ ျမင္လိုက္ပါတယ္ " ဆိုတဲ႔သေဘာကို သက္ေရာက္ေစပါတယ္။

၃။ အတက္ႏိုင္ဆံုးတုန္႔ျပန္ပါ။

သတိရေၾကာင္း Messageပို႔တာမ်ိဳးကိုဖတ္မိျပီး
ေမးခြန္းမပါတဲ႔အတြက္ ျပန္မပို႔မိတာကိုေတာ႔
နားလည္ေပးလို႔ရေပမဲ႔…
Onlinေပၚမွာလို ေျပာစရာလူမ်ားေနတဲ႔အထဲကမွ
ကို္ယ္႔ခ်စ္သူေမးလာတဲ႔ေမးခြန္းမ်ိဳးေတြကို
၁မိနစ္ထက္မပိုတဲ႔ စကၠန္႔ပိုင္းေတြအတြင္းမွာ
အတက္ႏိုင္ဆံုး Replyျပန္ပါ။
သူ႔ရဲ႕ေမးခြန္းကိုမေျဖအားဘဲ တျခားသူနဲ႔ေျပာေနတာမ်ိဳးဆိုရင္ သူ႔ကို ဂရုမစိုက္ အေလးနက္မထားဘူးလို႔ ထင္ခံရေစပါတယ္။
တခါတေလေတာ႔ျဖစ္ႏိုင္ေပမဲ႔ အျမဲတမ္းေတာ႔မေကာင္းပါဘူး။
အမွန္တစ္ကယ္ကို မအားတဲ႔
(အေရးၾကီးကိစၥ/ အလုပ္/ ဖုန္းလာ စသည္) အေၾကာင္းရာေတြေၾကာင္႔ဆိုရင္လည္း သူလက္ခံေအာင္ အေၾကာင္းစံုရွင္းျပပါ။

၄။ အေကာင္းဘက္ကေတာ႔အျမဲမေတြးႏိုင္ပါ။

ခ်စ္သူကို ကိုယ္႔မ်က္စိေရွ႕ေအာက္မွာ ရွိမေနသမွ်ေတာ႔
အျမဲတမ္း အေကာင္းျမင္ေပးဖို႔မလြယ္ပါဘူး။
(သင္႔ကို မယံုၾကည္လို႔ေတာ႔မဟုတ္ပါ )
အေကာင္းျမင္ႏိုင္မွေတာ႔ျဖင္႔
သဝန္တိုရတာ/ ရန္ျဖစ္ရတာေတြ ျဖစ္လာစရာအေၾကာင္းမရွိပါဘူး။
တစ္ခါတေလ သင္႔ကိုအေကာင္းမျမင္ေပးႏိုင္တာေတြက
ခ်စ္သူေတြရဲ႕ သဘာဝျဖစ္တဲ႔အတြက္ နားကိုနားလည္ေပးရမယ္႔အရာေတြျဖစ္ပါတယ္။

၅။ တန္းတူပဲျဖစ္ႏိုင္မယ္ ဦးစားေပးေတာ႔မရပါ

သူငယ္ခ်င္းကလည္း သင္႔ဘဝရဲ႕အေရးၾကီးအစိပ္ပိုင္းေတြထဲမွာ ပါေကာင္းပါႏိုင္ေပမဲ႔
ခ်စ္သူထက္ သူငယ္ခ်င္းကိုအျမဲဦးစားေပးတာမ်ိဳးက
သဘာဝေတာ႔မက်ပါဘူး။
(ဘယ္သူမွလည္း ျဖစ္ေစခ်င္မွာမဟုတ္ပါ )

ခ်စ္သူအတြက္နဲ႔
သူငယ္ခ်င္းေတြအေပၚအနည္းငယ္ အခ်စ္ေလွ်ာ႔လိုက္တဲ႔အခါ… သူငယ္ခ်င္းက နားလည္ေပးႏိုင္ေပမဲ႔

သူငယ္ခ်င္းအတြက္နဲ႔ ခ်စ္သူအေပၚအခ်စ္ေလွ်ာ႔လိုက္တာမ်ိဳးကေတာ႔
နားလည္ေပးဖို႔ သိပ္ခက္ခဲပါတယ္။
သူ႔အတြက္လည္း အခက္ေတြ႔ေစပါတယ္။

၆။ ေတာင္းပန္သင္႔ရင္ ျပန္ေတာင္းပန္ပါ။

သူမၾကိဳက္တဲ႔သာမန္အမွားေလးတစ္ခု က်ဴးလြန္မိတဲ႔အခါ ေတာင္းပန္ဖို႔ဝန္မေလးပါနဲ႔
သူ႔ဘက္က ဘယ္လိုပဲခြင္႔လြတ္တယ္လို႔ေျပာလာပါေစ
အမွန္တကယ္ေတာင္းပန္တယ္ဆိုတဲ႔အေၾကာင္းေတာ႔
ေျပာေပးပါ။ တစ္ခ်ိဳ႕တေလအရာေတြက
ခြင္႔လြတ္လိုက္တယ္ဆိုေပမဲ႔လည္း
ေမ႔ေဖ်ာက္မရတဲ႔ကိစၥမ်ိဳးေတြ ရွိတက္ပါတယ္။

၇။ ေျပာဆိုျငိႏွိဳင္းရမွ နားလည္မွဳလို႔ မထင္ပါနဲ႔

တခ်ိဳ႕အရာေတြမွာ ႏွစ္ေယာက္သား ျငိႏွိဳင္းေဆြးေႏြးျပီး
နားလည္မွဳရယူတဲ႔ကိစၥေတြရွိသလို
တခ်ိဳ႕အရာေတြက ေျပာစရာမလိုပဲနဲ႔
မိမိကိုယ္တိုင္အလိုက္သိစြာ နားလည္ေပးရမယ္႔
အရာေတြလည္းရွိတယ္ဆိုတာ သတိခ်ပ္ေစလိုပါတယ္။

ေျပာျပမွသိမွာ၊ မေျပာဘဲဘယ္သိမလဲ ဆိုတဲ႔ အေၾကာင္းျပခ်က္မ်ိဳးကေတာ႔ အျမဲတမ္းသံုးလို႔မေကာင္းပါဘူး။

ကိုယ္ခ်စ္တဲ႔သူ၊ ကိုယ္႔ကိုခ်စ္တဲ႔သူနဲ႔အတူ ထာဝရလက္တြဲႏိုင္ၾကပါေစ :-)

Credit ~ Nyi Htet Lin

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

၁။ကိုယ့်အတွက် အမှတ်တမဲ့ဆိုပေမဲ့
သူ့ကို ထိခိုက်နိုင်ပါတယ်။

အမျိုးသမီးဖြစ်ဖြစ်၊ အမျိုးသားဖြစ်ဖြစ်
တခြားသော ချောမောလှပတဲ့ ဆန့်ကျင်ဘက်လိင်ကို အမှတ်တမဲ့တွေ့မိတဲ့အခါမျိုးမှာ
တစ်ခါတလေ ငေးမောကြည့်မိတာ သဘာဝဖြစ်ပါတယ်။
(လိုချင်တပ်မက်လို့တော့မဟုတ်ပါ၊ အလှပတစ်ခုကိုခံစားကြည့်ယုံသာဖြစ်ပါတယ်)

ဒါပေမဲ့… ကိုယ့်ချစ်သူနဲ့ အတူရှိနေတဲ့အခါမျိုးမှာတော့ အတက်နိုင်ဆုံး တစ်ပါးကိုကြည့်နေတဲ့ အကြည့်တွေကိုထိန်းချုပ်ပါ။
တစ်ပါးသူတွေရဲ့ အထင်မြင်သေးမှုကိုခံရသလို
ဘေးနားက ကိုယ့်ချစ်သူကိုလည်း မထီမဲ့မြင်ပြုရာကျပါတယ်။

Facebook စ တဲ့ လူမှုကွန်ယက်တွေမှာလည်း
ဆန့်ကျင်ဘက်လိင်တစ်ဦးဦးရဲ့ ပို့စ်တစ်ခုအောက်မှာ ခင်မင်ရင်းနှီးလို့ စ,နှောက် ရေးသားလို့ရပေမဲ့ ရိုးသားမှုနဲ့ကင်းကွာပြီး အရှေ့နောက်မလွတ်ဘဲအမျိုးမျိုးတွေးစရာဖြစ်နိုင်တဲ့
Comment မျိုးတွေတော့ မရေးသင့်ပါ။

၂။ သင့်အတွက်ရည်ညွှန်းတဲ့အရာတွေက
ဟာသ လား၊ အလေးနက်လား သေချာခွဲခြားပါ

ချစ်သူနှစ်ဦး အတူဆုံကြတဲ့အခါ…
စ,နှောက်ပြီး ပြောလိုက်တာရှိသလို အလေးနက်ထားပြီးပြောလိုက်တာတွေလည်းရှိနိုင်ပါတယ်။ အဲ့ဒီစကားအပေါ်မှာ သင့်အနေနဲ့ ခနခန အလေးမထား ပျက်ရယ်ပြုခဲ့မိမယ်ဆိုရင် နောင်တစ်ချိန်မှာ
တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေမဖွင့်ဟမိကြဘဲ ရင်ထဲမှာသာ သိမ်းထားလိုက်တော့တဲ့
အခြေနေမျိုးတွေဖြစ်လာနိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် နွေးထွေးမှုမရှိတော့သလို ခံစားရစေမှာဖြစ်ပါတယ်။

Facebook စ တဲ့ လူမှုကွန်ယက်ပေါ်မှာလည်း
သင့် ချစ်သူက သင့်အတွက်ရည်ရွယ်ပြီး
ရေးထား/Share ထားတယ်လို့ထင်ရတဲ့ ပို့စ်တွေကို တွေ့ရင် အတက်နိုင်ဆုံးဂရုစိုက်ပါ။ အနည်းဆုံးတော့
သေချာဖတ်ကြည့်ပြီး like (သို့) မှတ်ချက် Commentတစ်ခုခုရေးပေးပါ။ အဲ့ဒီလိုလုပ်ပေးခြင်းဖြင့်
"မင်း… ငါ့အတွက်ရည်ရွယ်ထားတာလေးကို အခုတင်
ငါ မြင်လိုက်ပါတယ် " ဆိုတဲ့သဘောကို သက်ရောက်စေပါတယ်။

၃။ အတက်နိုင်ဆုံးတုန့်ပြန်ပါ။

သတိရကြောင်း Messageပို့တာမျိုးကိုဖတ်မိပြီး
မေးခွန်းမပါတဲ့အတွက် ပြန်မပို့မိတာကိုတော့
နားလည်ပေးလို့ရပေမဲ့…
Onlinပေါ်မှာလို ပြောစရာလူများနေတဲ့အထဲကမှ
ကိုယ့်ချစ်သူမေးလာတဲ့မေးခွန်းမျိုးတွေကို
၁မိနစ်ထက်မပိုတဲ့ စက္ကန့်ပိုင်းတွေအတွင်းမှာ
အတက်နိုင်ဆုံး Replyပြန်ပါ။
သူ့ရဲ့မေးခွန်းကိုမဖြေအားဘဲ တခြားသူနဲ့ပြောနေတာမျိုးဆိုရင် သူ့ကို ဂရုမစိုက် အလေးနက်မထားဘူးလို့ ထင်ခံရစေပါတယ်။
တခါတလေတော့ဖြစ်နိုင်ပေမဲ့ အမြဲတမ်းတော့မကောင်းပါဘူး။
အမှန်တစ်ကယ်ကို မအားတဲ့
(အရေးကြီးကိစ္စ/ အလုပ်/ ဖုန်းလာ စသည်) အကြောင်းရာတွေကြောင့်ဆိုရင်လည်း သူလက်ခံအောင် အကြောင်းစုံရှင်းပြပါ။

၄။ အကောင်းဘက်ကတော့အမြဲမတွေးနိုင်ပါ။

ချစ်သူကို ကိုယ့်မျက်စိရှေ့အောက်မှာ ရှိမနေသမျှတော့
အမြဲတမ်း အကောင်းမြင်ပေးဖို့မလွယ်ပါဘူး။
(သင့်ကို မယုံကြည်လို့တော့မဟုတ်ပါ )
အကောင်းမြင်နိုင်မှတော့ဖြင့်
သဝန်တိုရတာ/ ရန်ဖြစ်ရတာတွေ ဖြစ်လာစရာအကြောင်းမရှိပါဘူး။
တစ်ခါတလေ သင့်ကိုအကောင်းမမြင်ပေးနိုင်တာတွေက
ချစ်သူတွေရဲ့ သဘာဝဖြစ်တဲ့အတွက် နားကိုနားလည်ပေးရမယ့်အရာတွေဖြစ်ပါတယ်။

၅။ တန်းတူပဲဖြစ်နိုင်မယ် ဦးစားပေးတော့မရပါ

သူငယ်ချင်းကလည်း သင့်ဘဝရဲ့အရေးကြီးအစိပ်ပိုင်းတွေထဲမှာ ပါကောင်းပါနိုင်ပေမဲ့
ချစ်သူထက် သူငယ်ချင်းကိုအမြဲဦးစားပေးတာမျိုးက
သဘာဝတော့မကျပါဘူး။
(ဘယ်သူမှလည်း ဖြစ်စေချင်မှာမဟုတ်ပါ )

ချစ်သူအတွက်နဲ့
သူငယ်ချင်းတွေအပေါ်အနည်းငယ် အချစ်လျှော့လိုက်တဲ့အခါ… သူငယ်ချင်းက နားလည်ပေးနိုင်ပေမဲ့

သူငယ်ချင်းအတွက်နဲ့ ချစ်သူအပေါ်အချစ်လျှော့လိုက်တာမျိုးကတော့
နားလည်ပေးဖို့ သိပ်ခက်ခဲပါတယ်။
သူ့အတွက်လည်း အခက်တွေ့စေပါတယ်။

၆။ တောင်းပန်သင့်ရင် ပြန်တောင်းပန်ပါ။

သူမကြိုက်တဲ့သာမန်အမှားလေးတစ်ခု ကျူးလွန်မိတဲ့အခါ တောင်းပန်ဖို့ဝန်မလေးပါနဲ့
သူ့ဘက်က ဘယ်လိုပဲခွင့်လွတ်တယ်လို့ပြောလာပါစေ
အမှန်တကယ်တောင်းပန်တယ်ဆိုတဲ့အကြောင်းတော့
ပြောပေးပါ။ တစ်ချို့တလေအရာတွေက
ခွင့်လွတ်လိုက်တယ်ဆိုပေမဲ့လည်း
မေ့ဖျောက်မရတဲ့ကိစ္စမျိုးတွေ ရှိတက်ပါတယ်။

၇။ ပြောဆိုငြိနှိုင်းရမှ နားလည်မှုလို့ မထင်ပါနဲ့

တချို့အရာတွေမှာ နှစ်ယောက်သား ငြိနှိုင်းဆွေးနွေးပြီး
နားလည်မှုရယူတဲ့ကိစ္စတွေရှိသလို
တချို့အရာတွေက ပြောစရာမလိုပဲနဲ့
မိမိကိုယ်တိုင်အလိုက်သိစွာ နားလည်ပေးရမယ့်
အရာတွေလည်းရှိတယ်ဆိုတာ သတိချပ်စေလိုပါတယ်။

ပြောပြမှသိမှာ၊ မပြောဘဲဘယ်သိမလဲ ဆိုတဲ့ အကြောင်းပြချက်မျိုးကတော့ အမြဲတမ်းသုံးလို့မကောင်းပါဘူး။

ကိုယ်ချစ်တဲ့သူ၊ ကိုယ့်ကိုချစ်တဲ့သူနဲ့အတူ ထာဝရလက်တွဲနိုင်ကြပါစေ :-)

Credit ~ Nyi Htet Lin


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top