iMyanmarHouse.com - Best Property Website for Myanmar
×

ျပတ္သြားျပီလို႕ အားလံုးထင္ထားၾကတဲ့ Zayn Malik နဲ႕ Gigi Hadid တုိ႕ဟာ ခုဆုိရင္ နယူးေရာ့ခ္ကို ေျပာင္းေရႊ႕ျပီး တစ္အိမ္တည္းအတူေနဖုိ႕ေတာင္ တိုင္ပင္ေနၾကပါျပီ။ ဒါဟာ သူတုိ႕ႏွစ္ေယာက္အတြက္ နီးစပ္သထက္ပိုနီးစပ္ေအာင္ ေနာက္ထပ္ေျခလွမ္းတစ္လွမ္း ထပ္လွမ္းလာျခင္းလို႕ ဆုိရပါလိမ့္မယ္။ ဒါကိုၾကည့္ျခင္းအားျဖင့္လည္း ႏွစ္ဦးသား ေတာ္ေတာ္ေလး ခ်စ္ေနၾကတယ္ဆုိတာ သိႏိုင္ပါတယ္။

ခုလို တစ္အိပ္တည္းအတူေျပာင္းေနၾကဖုိ႕ ဆံုးျဖတ္ျခင္းဟာ ႏွစ္ဦးသားအခ်ိန္ပိုရေအာင္၊ ခြဲမေနႏိုင္ေတာ့တာေၾကာင့္လို႕ ခိုင္မာတဲ့သတင္းရပ္ကြက္က ဆိုလိုက္ပါတယ္။ ခုဆိုရင္ Zayn က ႏွစ္ဦးသားအတူေနဖုိ႕ အခန္းအတြက္ လိုအပ္တာေတြကို အျပီးသတ္ ျပင္ဆင္ေနျပီး ပန္းခ်ီကားေတြလည္း ၀ယ္ယူေနတယ္လို႕ သိရပါတယ္။ သူတုိ႕ႏွစ္ဦးဟာ သူုတုိ႕အလုပ္ေတြနဲ႕ တျခားျမိဳ႕ေတြကို ေရာက္ေနခ်ိန္ကလြဲရင္ က်န္တဲ့အခ်ိန္ေတြမွာ နယူးေယာ့ခ္ျပန္လာျပီး အတူရွိၾကမယ္လို႕ ကတိျပဳထားပံုလည္း ရပါတယ္။

Zaynဟာ ပါတီပြဲေတြမွာ ႏွစ္ဦးသားအတူရွိရတာထက္ သူ႕ခ်စ္သူ သက္ေတာင့္သက္သာနဲ႕ေအးေဆးရွိႏိုင္မယ့္ ညမ်ိဳးေလးေတြကိုသာ ဖန္တီးျပင္ဆင္ေပးသြားခ်င္တာပါတဲ့။ သူဟာ သူစိတ္ပ်က္လက္မႈိင္ခ်ေနခ်ိန္ေတြမွာ သူမက အမ်ားၾကီး ကူညီအားေပးဖူးတာေၾကာင့္ ခုခ်ိန္မွာ Gigi ကို ပိုေမတၱာသက္၀င္ရေၾကာင္းလည္း Mirror မွာ ေရးသားေဖာ္ျပထားပါတယ္။

Credit: Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version

ပြတ်သွားပြီလို့ အားလုံးထင်ထားကြတဲ့ Zayn Malik နဲ့ Gigi Hadid တို့ဟာ ခုဆိုရင် နယူးရော့ခ်ကို ပြောင်းရွှေ့ပြီး တစ်အိမ်တည်းအတူနေဖို့တောင် တိုင်ပင်နေကြပါပြီ။ ဒါဟာ သူတို့နှစ်ယောက်အတွက် နီးစပ်သထက်ပိုနီးစပ်အောင် နောက်ထပ်ခြေလှမ်းတစ်လှမ်း ထပ်လှမ်းလာခြင်းလို့ ဆိုရပါလိမ့်မယ်။ ဒါကိုကြည့်ခြင်းအားဖြင့်လည်း နှစ်ဦးသား တော်တော်လေး ချစ်နေကြတယ်ဆိုတာ သိနိုင်ပါတယ်။

ခုလို တစ်အိပ်တည်းအတူပြောင်းနေကြဖို့ ဆုံးဖြတ်ခြင်းဟာ နှစ်ဦးသားအချိန်ပိုရအောင်၊ ခွဲမနေနိုင်တော့တာကြောင့်လို့ ခိုင်မာတဲ့သတင်းရပ်ကွက်က ဆိုလိုက်ပါတယ်။ ခုဆိုရင် Zayn က နှစ်ဦးသားအတူနေဖို့ အခန်းအတွက် လိုအပ်တာတွေကို အပြီးသတ် ပြင်ဆင်နေပြီး ပန်းချီကားတွေလည်း ဝယ်ယူနေတယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးဟာ သူုတို့အလုပ်တွေနဲ့ တခြားမြို့တွေကို ရောက်နေချိန်ကလွဲရင် ကျန်တဲ့အချိန်တွေမှာ နယူးယော့ခ်ပြန်လာပြီး အတူရှိကြမယ်လို့ ကတိပြုထားပုံလည်း ရပါတယ်။

Zaynဟာ ပါတီပွဲတွေမှာ နှစ်ဦးသားအတူရှိရတာထက် သူ့ချစ်သူ သက်တောင့်သက်သာနဲ့အေးဆေးရှိနိုင်မယ့် ညမျိုးလေးတွေကိုသာ ဖန်တီးပြင်ဆင်ပေးသွားချင်တာပါတဲ့။ သူဟာ သူစိတ်ပျက်လက်မှိုင်ချနေချိန်တွေမှာ သူမက အများကြီး ကူညီအားပေးဖူးတာကြောင့် ခုချိန်မှာ Gigi ကို ပိုမေတ္တာသက်ဝင်ရကြောင်းလည်း Mirror မှာ ရေးသားဖော်ပြထားပါတယ်။

Credit: Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top