iMyanmarHouse.com - Best Property Website for Myanmar
×

ေတာင္ကိုရီးယားရဲ႕ အမိုက္စားအဆုိေတာ္ CL ကေတာ့ သူမရဲ႕တစ္ကိုယ္ေတာ္နယ္လွည့္ေဖ်ာ္ေျဖပြဲကို မၾကာခင္စတင္ေတာ့မွာပါ။ နယ္လွည့္ေဖ်ာ္ေျဖပြဲရဲ႕ နာမည္ကေတာ့  သူမရဲ႕ သီခ်င္းနာမည္ Hello Bitches လို႕ပဲ ေပးထားျပီး လာမယ့္ေအာက္တိုဘာ ၂၉ရက္ေန႕ကေန စတင္ကာ ေျမာက္အေမရိကားက ႏိုင္ငံေပါင္း ၉ႏိုင္ငံမွာ လွည့္လည္ေဖ်ာ္ေျဖသြားမွာျဖစ္ပါတယ္။

CL ဟာဆုိရင္ အသက္ ၁၇ႏွစ္အရြယ္ကတည္းက ကိုရီးယားႏိုင္ငံက နာမည္ေက်ာ္ မိန္းကေလးအဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ 2NE1မွာ ေခါင္းေဆာင္အျဖစ္ အႏုပညာလႈပ္ရွားမႈေတြ စတင္ခဲ့တာပါ။ အဲ့ဒီေနာက္ပုိင္းမွာေတာ့ သူမဟာ အဖြဲ႕နဲ႕အတူ ႏိုင္ငံတကာက အသိအမွတ္ျပဳေပးအပ္တဲ့ ဆုေတြ ရရွိဆြတ္ခူးခဲ့သလို သူမတစ္ဦးတည္း အေနနဲ႕လည္း အႏုပညာလႈပ္ရွားမႈေတြ စတင္လုပ္ကိုင္လာခဲ့ပါတယ္။

CLဟာ တစ္ျဖည္းျဖည္းနဲ႕ဆိုသလို အေမရိကားရဲ႕ ျမဴးဇစ္နဲ႕ဖက္ရွင္ေလာကထဲပါ ၀င္ေရာက္လာခဲ့ျပီး ၂၀၁၅အကုန္ေလာက္က ထြက္ရွိခဲ့တဲ့  သူမရဲ႕ Hello Bitches ျမဴးဇစ္ဗီဒီယိုဟာဆုိရင္ျဖင့္  ၾကည့္ရႈသူ ၁၉သန္းနဲ႕ ႏိုင္ငံတကာမွာ ေတာ္ေတာ္ေလးကို ပြဲခံခဲ့ျပန္ပါတယ္။ CL ရဲ႕ေအာင္ျမင္မႈဟာ  ခုခ်ိန္မွာ အျမင့္မားဆံုးအေျခအေန ေရာက္ရွိေနျပီျဖစ္ျပီး ကိုယ့္ႏိုင္ငံမွာတင္ မဟုတ္ေတာ့ပဲ ႏိုင္ငံတကာမွာပါ နယ္လွည့္ေဖ်ာ္ေျဖပြဲမ်ိဳးေတြ လုပ္လာတဲ့ အထိပါပဲ။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

တောင်ကိုရီးယားရဲ့ အမိုက်စားအဆိုတော် CL ကတော့ သူမရဲ့တစ်ကိုယ်တော်နယ်လှည့်ဖျော်ဖြေပွဲကို မကြာခင်စတင်တော့မှာပါ။ နယ်လှည့်ဖျော်ဖြေပွဲရဲ့ နာမည်ကတော့  သူမရဲ့ သီချင်းနာမည် Hello Bitches လို့ပဲ ပေးထားပြီး လာမယ့်အောက်တိုဘာ ၂၉ရက်နေ့ကနေ စတင်ကာ မြောက်အမေရိကားက နိုင်ငံပေါင်း ၉နိုင်ငံမှာ လှည့်လည်ဖျော်ဖြေသွားမှာဖြစ်ပါတယ်။

CL ဟာဆိုရင် အသက် ၁၇နှစ်အရွယ်ကတည်းက ကိုရီးယားနိုင်ငံက နာမည်ကျော် မိန်းကလေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ 2NE1မှာ ခေါင်းဆောင်အဖြစ် အနုပညာလှုပ်ရှားမှုတွေ စတင်ခဲ့တာပါ။ အဲ့ဒီနောက်ပိုင်းမှာတော့ သူမဟာ အဖွဲ့နဲ့အတူ နိုင်ငံတကာက အသိအမှတ်ပြုပေးအပ်တဲ့ ဆုတွေ ရရှိဆွတ်ခူးခဲ့သလို သူမတစ်ဦးတည်း အနေနဲ့လည်း အနုပညာလှုပ်ရှားမှုတွေ စတင်လုပ်ကိုင်လာခဲ့ပါတယ်။

CLဟာ တစ်ဖြည်းဖြည်းနဲ့ဆိုသလို အမေရိကားရဲ့ မြူးဇစ်နဲ့ဖက်ရှင်လောကထဲပါ ဝင်ရောက်လာခဲ့ပြီး ၂၀၁၅အကုန်လောက်က ထွက်ရှိခဲ့တဲ့  သူမရဲ့ Hello Bitches မြူးဇစ်ဗီဒီယိုဟာဆိုရင်ဖြင့်  ကြည့်ရှုသူ ၁၉သန်းနဲ့ နိုင်ငံတကာမှာ တော်တော်လေးကို ပွဲခံခဲ့ပြန်ပါတယ်။ CL ရဲ့အောင်မြင်မှုဟာ  ခုချိန်မှာ အမြင့်မားဆုံးအခြေအနေ ရောက်ရှိနေပြီဖြစ်ပြီး ကိုယ့်နိုင်ငံမှာတင် မဟုတ်တော့ပဲ နိုင်ငံတကာမှာပါ နယ်လှည့်ဖျော်ဖြေပွဲမျိုးတွေ လုပ်လာတဲ့ အထိပါပဲ။


Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top