iMyanmarHouse.com - Best Property Website for Myanmar
×





Credit: 7 day daily



#Unicode Version

အမေရိကန် အဆိုတော် အဒမ်လက်ဗင်းနှင့် နမီးဘီးယားနိုင်ငံသူ မော်ဒယ်ဘီ ဟာတိုပရင်ဆလူးတို့၏ ပထမဆုံး ရင်သွေးလေး မွေးဖွားပြီဖြစ်ကာ ၎င်းကို ဒပ်စတီရို့စ်လက်ဗင်းဟု အမည်ပေးထားကြောင်း သိရ သည်။

‘‘မွေးခန်းထဲမှာ အဒမ်က ဘီ ဟာတိုရဲ့လက်ကို   ကိုင်ထားပါ တယ်။ သမီးလေးမွေးလာတော့ သူတို့နှစ်ယောက်လုံး ငိုနေခဲ့ကြ တယ်။ နှစ်ဖက်မိသားစုတွေ အဲဒီ ကိုရောက်နေကြပါတယ်။ သမီး လေးက သိပ်လှပြီး ဘီဟာတိုနဲ့ တူပါတယ်’’ဟု သတင်းရင်းမြစ် တစ်ခုက ပြောကြားသည်။

မိခင်၊ ဖခင်ဘဝကို ပထမ ဆုံး ပိုင်ဆိုင်ခွင့်ရရှိခဲ့သည့် အခိုက်အတန့်တွင် အဒမ်နှင့် ဘီဟာတိုတို့ နှစ်ယောက်လုံး ၎င်းတို့ခံစားမှုများ ကို နှုတ်ကပင် မပြောနိုင်လောက် အောင် ဝမ်းသာပျော်ရွှင်နေကြ ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

၎င်းတို့နှစ်ဦးသည် မတ်လ က ၎င်းတို့၏ရင်သွေးလေး ရှိနေ ပြီဟု ပထမဆုံးအကြိမ် ကြေညာ ခဲ့ပြီး တစ်လအကြာတွင် သမီး လေး မွေးမည်ဟု အတည်ပြုနိုင် ခဲ့သည်။

Credit: 7 day daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top