iMyanmarHouse.com - Best Property Website for Myanmar
×

၂၀၁၀ ခုႏွစ္မွာ အေမရိကန္ အိမ္ ေထာင္ေရးေရွ႕ေန အကယ္ဒမီက ျပဳလုပ္တဲ့ စစ္တမ္းအရ ယေန႔ေခတ္ အိမ္ေထာင္ေရးျပႆနာ အမ်ားစုဟာ လူမႈကြန္ရက္က အစပ်ိဳးလာတယ္ဆိုၿပီး ေရွ႕ေန ၈၁ ရာခိုင္ႏႈန္းေလာက္က ယံုၾကည္ထားပါတယ္။

လူမႈကြန္ရက္အမ်ားစုဟာ မွန္မွန္ကန္ကန္အသံုးခ်မယ္ဆိုရင္ အက်ိဳးရွိစရာ မ်ားစြာရွိႏုိင္ေပမဲ့ လူမႈေရးျပႆနာမ်ားစြာကိုလည္း ဖန္တီးႏုိင္တယ္ဆိုတာ ေမ့ထားလို႔ မရပါဘူး။

၁။ မ်က္ႏွာခ်င္း မဆုိင္ေတာ့ျခင္း

 ဇနီးေမာင္ႏွံေတြဟာ အမ်ားအားျဖင့္ ညပိုင္းမွ ေတြ႔ၾကရတာပါ။ တစ္ေန႔တာ အျဖစ္အပ်က္ေတြကို အရင္တုန္းက ဇနီးေမာင္ႏွံေတြလို တစ္ဦးနဲ႔တစ္ဦး မ်က္ႏွာခ်င္းဆိုင္မေဆြးေႏြးဘဲ ဖုန္းနဲ႔ ကြန္ပ်ဴတာပဲၾကည့္ၿပီး လူမႈ႕ကြန္ရက္မွာ သာယာေနရင္ အိမ္ေထာင္ေရး အႏွစ္သာရ ေပ်ာက္ဆံုးလာတတ္ပါတယ္။

၂။ မ႐ိုးသားေတာ့ျခင္း

အဆိုးဆံုးက လူမႈကြန္ရက္မွာ ဘယ္သူနဲ႔ေျပာေနတယ္၊ ဘာေတြလုပ္ေနတာဆိုတာမ်ိဳး တစ္ေယာက္နဲ႔တစ္ေယာက္ လွ်ိဳ႕ဝွက္လာတတ္တာပါပဲ။ ေက်ာင္းကသူငယ္ခ်င္းနဲ႔ ျပန္ေတြ႔တဲ့အခါ တစ္ပတ္ေလာက္ ေျပာစရာမကုန္ျဖစ္ေနတတ္တာမ်ိဳးပါ။

၃။ အဆက္ေဟာင္းနဲ႔ျပန္ေတြ႔ျခင္း

အဆက္ေဟာင္းနဲ႔ လူမႈကြန္ရက္ေပၚမွာ ျပန္ေတြ႔ဖို႔ကလည္း လြယ္လြယ္ေလးပါ။ အဆက္အသြယ္ျပန္ရတာ ျပႆနာမဟုတ္ေပမဲ့ လိုတာထက္ပိုၿပီး အဆင့္တက္မိရင္ေတာ့ အိမ္ေထာင္ေရးဟာ ျပႆနာ ျဖစ္လာမွာပါ။

၄။ အျခားသူမ်ားႏွင့္ ႏိႈင္းယွဥ္ျခင္း

လူမႈကြန္ရက္ေပၚမွာ ကိုယ့္မိတ္ေဆြ သူငယ္ခ်င္းေတြရဲ႕ ျပည့္စံုသာယာမႈကို ေန႔စဥ္ေတြ႕ႏိုင္ပါတယ္။ ဘယ္သူငယ္ခ်င္းက သူ႔ရဲ႕ခ်စ္သူ၊ ခင္ပြန္းနဲ႔ စားေသာက္ဆိုင္ေကာင္းေကာင္းမွာ ညစာစားတယ္ဆိုတာမ်ိဳး၊ ဘယ္ခရီးကို သြားေနတာဆိုတာမ်ိဳး ျမင္ရေလ့ ရိွပါတယ္။ သင္တို႔စံုတြဲက စမတ္ဖုန္းနဲ႔ မ်က္ႏွာက မခြာတဲ့အေပၚ သတိမထားမိဘဲ သူမ်ားအတြဲကေတာ့ ဒီလို႐ုိမန္႔တစ္ဆန္ၿပီး ငါကေတာ့ အိမ္တြင္း ေအာင္းေနရတယ္ဆိုတဲ့ စိတ္မ်ိဳးဝင္လာကာ အိမ္ေထာင္ေရးကို စိတ္ကုန္လာတတ္ပါတယ္။

၅။ အထီးက်န္လာျခင္း

နည္းပညာနဲ႔ လူမႈကြန္ရက္ကို စြဲလန္းလာေလေလ အထီးက်န္လာေလေလ ျဖစ္လာမွာပါ။ ေဖ့စ္ဘြတ္မွာ သူငယ္ခ်င္း ေထာင္ခ်ီရွိတဲ့သူလည္း အျပင္မွာ အထီးက်န္ေကာင္းက်န္ႏုိင္ပါတယ္။ အဲဒီအခါ အိမ္ေထာင္ဘက္နဲ႔လည္း ေတြ႔လိုျမင္လိုစိတ္ နည္းပါးလာမွာပါ။

Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

၂၀၁၀ ခုနှစ်မှာ အမေရိကန်အိမ်ထောင်ရေးရှေ့နေ အကယ်ဒမီက ပြုလုပ်တဲ့ စစ်တမ်းအရ ယနေ့ခေတ် အိမ်ထောင်ရေးပြဿနာ အများစုဟာ လူမှုကွန်ရက်က အစပျိုးလာတယ်ဆိုပြီး ရှေ့နေ ၈၁ ရာခိုင်နှုန်းလောက်က ယုံကြည်ထားပါတယ်။

လူမှုကွန်ရက်အများစုဟာ မှန်မှန်ကန်ကန်အသုံးချမယ်ဆိုရင် အကျိုးရှိစရာ များစွာရှိနိုင်ပေမဲ့ လူမှုရေးပြဿနာများစွာကိုလည်း ဖန်တီးနိုင်တယ်ဆိုတာ မေ့ထားလို့ မရပါဘူး။

၁။ မျက်နှာချင်း မဆိုင်တော့ခြင်း

 ဇနီးမောင်နှံတွေဟာ အများအားဖြင့် ညပိုင်းမှ တွေ့ကြရတာပါ။ တစ်နေ့တာ အဖြစ်အပျက်တွေကို အရင်တုန်းက ဇနီးမောင်နှံတွေလို တစ်ဦးနဲ့တစ်ဦး မျက်နှာချင်းဆိုင်မဆွေးနွေးဘဲ ဖုန်းနဲ့ ကွန်ပျူတာပဲကြည့်ပြီး လူမှု့ကွန်ရက်မှာ သာယာနေရင် အိမ်ထောင်ရေး အနှစ်သာရ ပျောက်ဆုံးလာတတ်ပါတယ်။

၂။ မရိုးသားတော့ခြင်း

အဆိုးဆုံးက လူမှုကွန်ရက်မှာ ဘယ်သူနဲ့ပြောနေတယ်၊ ဘာတွေလုပ်နေတာဆိုတာမျိုး တစ်ယောက်နဲ့တစ်ယောက် လျှို့ဝှက်လာတတ်တာပါပဲ။ ကျောင်းကသူငယ်ချင်းနဲ့ ပြန်တွေ့တဲ့အခါ တစ်ပတ်လောက် ပြောစရာမကုန်ဖြစ်နေတတ်တာမျိုးပါ။

၃။ အဆက်ဟောင်းနဲ့ပြန်တွေ့ခြင်း

အဆက်ဟောင်းနဲ့ လူမှုကွန်ရက်ပေါ်မှာ ပြန်တွေ့ဖို့ကလည်း လွယ်လွယ်လေးပါ။ အဆက်အသွယ်ပြန်ရတာ ပြဿနာမဟုတ်ပေမဲ့ လိုတာထက်ပိုပြီး အဆင့်တက်မိရင်တော့ အိမ်ထောင်ရေးဟာ ပြဿနာ ဖြစ်လာမှာပါ။

၄။ အခြားသူများနှင့် နှိုင်းယှဉ်ခြင်း

လူမှုကွန်ရက်ပေါ်မှာ ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေရဲ့ ပြည့်စုံသာယာမှုကို နေ့စဉ်တွေ့နိုင်ပါတယ်။ ဘယ်သူငယ်ချင်းက သူ့ရဲ့ချစ်သူ၊ ခင်ပွန်းနဲ့ စားသောက်ဆိုင်ကောင်းကောင်းမှာ ညစာစားတယ်ဆိုတာမျိုး၊ ဘယ်ခရီးကို သွားနေတာဆိုတာမျိုး မြင်ရလေ့ ရှိပါတယ်။ သင်တို့စုံတွဲက စမတ်ဖုန်းနဲ့ မျက်နှာက မခွာတဲ့အပေါ် သတိမထားမိဘဲ သူများအတွဲကတော့ ဒီလိုရိုမန့်တစ်ဆန်ပြီး ငါကတော့ အိမ်တွင်း အောင်းနေရတယ်ဆိုတဲ့ စိတ်မျိုးဝင်လာကာ အိမ်ထောင်ရေးကို စိတ်ကုန်လာတတ်ပါတယ်။

၅။ အထီးကျန်လာခြင်း

နည်းပညာနဲ့ လူမှုကွန်ရက်ကို စွဲလန်းလာလေလေ အထီးကျန်လာလေလေ ဖြစ်လာမှာပါ။ ဖေ့စ်ဘွတ်မှာ သူငယ်ချင်း ထောင်ချီရှိတဲ့သူလည်း အပြင်မှာ အထီးကျန်ကောင်းကျန်နိုင်ပါတယ်။ အဲဒီအခါ အိမ်ထောင်ဘက်နဲ့လည်း တွေ့လိုမြင်လိုစိတ် နည်းပါးလာမှာပါ။

Credit : Duwun


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top