iMyanmarHouse.com - Best Property Website for Myanmar
×

ႏွလံုးခုန္ျမန္လာတာနဲ႔ ေျခဖဝါး၊ လက္ဖဝါးမ်ားေတြမွာ ေခၽြးျပန္လာေတြတာဟာဆိုရင္ေတာ့ ဆဲြေဆာင္မႈ ရွိလြန္းတဲ့ အမ်ဳိးသမီးေတြနဲ႔ ေတြ႕ဆံုရတဲ့အခါ ျဖစ္တတ္တဲ့ အမ်ိဳးသားေတြရဲ႕ အမူအက်င့္ေတြျဖစ္ပါတယ္။

ဒီတစ္ခါမွာေတာ့ သုေတသန အသစ္တစ္ရပ္အရေတာ့ အမ်ိဳးသားေတြဟာ လွပတဲ့ သူစိမ္းအမ်ဳိးသမီးတစ္ဦးနဲ႔ ငါးမိနစ္ေလာက္ ေတြ႕ဆံု႐ံုနဲ႔ စိတ္ဖိစီးမႈမ်ား လြန္စြာျမင့္တက္လာၿပီး ဒါဟာ က်န္းမာေရးအတြက္ အေတာ္ေလးကို အက်ိဳးသက္ေရာက္မႈရွိတယ္လုိ႔ သိရပါတယ္။

“ငါ ဒီလိုလူစားမ်ဳိးမဟုတ္ဘူး” ဟု ေတြးလိုက္မိေသာအခါ၊ အဆိုပါ အမ်ဳိးသမီးက အနားလာကပ္ ထိုင္ေသာအခါ၊ သို႔မဟုတ္ အဆိုပါအမ်ဳိးသမီး၏ စိတ္ဝင္စားမႈကို ရရွိေအာင္ ႀကိဳးစားေသာအခါ အၾကင္ပုရိသ၏ အေျခအေနသည္ အဆုိးရြားဆံုးသို႔ ေရာက္ရွိသြားတယ္လုိ႔ သိပၸံပညာရွင္ေတြက အခိုင္အမာေျပာၾကားခဲ့ပါတယ္။

အဲ့လုိမ်ိဳၚ အမ်ဳိးသားေတြရဲ႕ စိုးရိမ္ေသာကျဖစ္မႈႏႈန္းသည္ ေလယာဥ္ပ်ံတစ္စင္းေပၚမွ ခုန္ခ်ရတဲ့အခါ ျဖစ္ေပၚတဲ့ႏႈန္းႏွင့္ ညီမွွ်တယ္လုိ႔ ဆိုပါတယ္။ အဲ့လုိအခ်ိန္မွာေတာ့ အမ်ဳိးသားေတြရဲ႕ ေကာ္တီေဆာေဟာ္မုန္း ပါဝင္မႈႏႈန္းသည္ ေလယာဥ္ပ်ံေပၚမွ ခုန္ခ်ရသည္ထက္ပင္ ပိုၿပီးေတာ့ေတာင္ ျမင့္မားတယ္လုိ႔ သိရပါတယ္။

ယင္းသို႔ ေကာ္တီေဆာေဟာ္မုန္း ျမင့္တက္မႈက ႏွလံုးေရာဂါျဖစ္ႏိုင္ေျခႏွင့္ ႏွလံုး ေရာဂါေၾကာင့္ အေမာေဖာက္လာႏိုင္ေျခကို လြန္စြာျမင့္မားေစတယ္လုိ႔လည္း ေျပာပါတယ္။

စပိန္ႏုိင္ငံ ဗလင္စီယာတကၠသိုလ္က ပညာရွင္ေတြကေတာ့ သူတို႔ရဲ႕ သုေတသနမွာ အမ်ဳိးသား ၈၄ဦးကို ပါဝင္ေစခဲ့ၿပီး တစ္ဦးတည္းရွိေနစဥ္ႏွင့္ လွပေသာ အမ်ဳိးသမီးမ်ားႏွင့္ ေတြ႕ဆံုၿပီးေနာက္ ေကာ္တီေဆာေဟာ္မုန္း ပါဝင္မႈႏႈန္းကို တိုင္းတာကာ တြက္ခ်က္ သုေတသန ျပဳခဲ့ၾကတာျဖစ္ပါတယ္။

Credit:Thithtoolwin

 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

နှလုံးခုန်မြန်လာတာနဲ့ ခြေဖဝါး၊ လက်ဖဝါးများတွေမှာ ချွေးပြန်လာတွေတာဟာဆိုရင်တော့ ဆွဲဆောင်မှု ရှိလွန်းတဲ့ အမျိုးသမီးတွေနဲ့ တွေ့ဆုံရတဲ့အခါ ဖြစ်တတ်တဲ့ အမျိုးသားတွေရဲ့ အမူအကျင့်တွေဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ သုတေသန အသစ်တစ်ရပ်အရတော့ အမျိုးသားတွေဟာ လှပတဲ့ သူစိမ်းအမျိုးသမီးတစ်ဦးနဲ့ ငါးမိနစ်လောက် တွေ့ဆုံရုံနဲ့ စိတ်ဖိစီးမှုများ လွန်စွာမြင့်တက်လာပြီး ဒါဟာ ကျန်းမာရေးအတွက် အတော်လေးကို အကျိုးသက်ရောက်မှုရှိတယ်လို့ သိရပါတယ်။

“ငါ ဒီလိုလူစားမျိုးမဟုတ်ဘူး” ဟု တွေးလိုက်မိသောအခါ၊ အဆိုပါ အမျိုးသမီးက အနားလာကပ် ထိုင်သောအခါ၊ သို့မဟုတ် အဆိုပါအမျိုးသမီး၏ စိတ်ဝင်စားမှုကို ရရှိအောင် ကြိုးစားသောအခါ အကြင်ပုရိသ၏ အခြေအနေသည် အဆိုးရွားဆုံးသို့ ရောက်ရှိသွားတယ်လို့ သိပ္ပံပညာရှင်တွေက အခိုင်အမာပြောကြားခဲ့ပါတယ်။

အဲ့လိုမျိုါ် အမျိုးသားတွေရဲ့ စိုးရိမ်သောကဖြစ်မှုနှုန်းသည် လေယာဉ်ပျံတစ်စင်းပေါ်မှ ခုန်ချရတဲ့အခါ ဖြစ်ပေါ်တဲ့နှုန်းနှင့် ညီမှျှတယ်လို့ ဆိုပါတယ်။ အဲ့လိုအချိန်မှာတော့ အမျိုးသားတွေရဲ့ ကော်တီဆောဟော်မုန်း ပါဝင်မှုနှုန်းသည် လေယာဉ်ပျံပေါ်မှ ခုန်ချရသည်ထက်ပင် ပိုပြီးတော့တောင် မြင့်မားတယ်လို့ သိရပါတယ်။

ယင်းသို့ ကော်တီဆောဟော်မုန်း မြင့်တက်မှုက နှလုံးရောဂါဖြစ်နိုင်ခြေနှင့် နှလုံး ရောဂါကြောင့် အမောဖောက်လာနိုင်ခြေကို လွန်စွာမြင့်မားစေတယ်လို့လည်း ပြောပါတယ်။

စပိန်နိုင်ငံ ဗလင်စီယာတက္ကသိုလ်က ပညာရှင်တွေကတော့ သူတို့ရဲ့ သုတေသနမှာ အမျိုးသား ၈၄ဦးကို ပါဝင်စေခဲ့ပြီး တစ်ဦးတည်းရှိနေစဉ်နှင့် လှပသော အမျိုးသမီးများနှင့် တွေ့ဆုံပြီးနောက် ကော်တီဆောဟော်မုန်း ပါဝင်မှုနှုန်းကို တိုင်းတာကာ တွက်ချက် သုတေသန ပြုခဲ့ကြတာဖြစ်ပါတယ်။

Credit:Thithtoolwin



 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top