iMyanmarHouse.com - Best Property Website for Myanmar
×
၁။ အခွံမာသီးများ
၃။ အစပ်
၅။ ငါး
Credit : Duwun
Unicode Version
အသက် ရှည်ရှည်နေနိုင်ဖို့ အကောင်းဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းကတော့ သင့်ရဲ့နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲလိုက်ဖို့ပါပဲ။ လူ့သက်တမ်းဟာ ပြင်ပ ပယောဂတစ်စုံတစ်ရာ မပါခဲ့ရင် ဘယ်လိုနေထိုင်စားသောက်လဲဆိုတဲ့ အပေါ်မှာ မူတည်ပြီး အသက်ရှည်လေ့၊ တိုလေ့ရှိပါတယ်။
လူတိုင်းကို ပုံမှန်ထက် အသက်ပိုရှည်စေမယ့် အစားအစာ (၅) မျိုးကို အခုလို အကြမ်းဖျဉ်းခွဲထားပါတယ်။
၁။ အခွံမာသီးများ
သစ်ကြားသီး၊ မက်မွန်သီး စတဲ့ အခွံမာသီးတွေကို ပုံမှန်စားသုံးလေ့ ရှိသူတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးနိုင်မှုကို လျှော့ချနိုင်ပါတယ်။
၂။ ကစီဓာတ်နည်းသော အစားအစာများ
 ဖြူဖွေးနေအောင် အရောင်ချွတ်မထားတဲ့ အစားအသောက်တွေကလည်း (ဥပမာ ပေါင်မုန်ကြမ်း) ကလည်း နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။ ကစီဓာတ်သိပ်မပါဝင်တဲ့ အစားအသောက်မျိုးတွေဟာ အသက်ရှည်စေတဲ့ အဓိကအချက်ပါ။
၃။ အစပ်
အစပ်စားသူတွေဟာ ပုံမှန်ထက်ပိုပြီး အသက်ရှည်လေ့ရှိတယ်ဆိုရင် အံ့သြမသွားပါနဲ့။ တရုတ်အမျိုးသမီး၊ အမျိုးသား လေးသိန်းခွဲကို လေ့လာခဲ့မှုအရ ပုံမှန်အစပ်စားသူတွေဟာ အစပ်မစားသူတွေထက် အသက်ရှည်ကြကြောင်း တွေ့ရတယ်။ အလွန်အကျွံတော့ မစားသင့်ပါဘူး။
၄။ ပင်လယ်ရေညှိ/ ကျောက်ပွင့်
ဂျပန်တွေ အသက်ရှည်ရခြင်းရဲ့ အဓိက အချက်ဟာ ဒီအစားအစာတွေဖြစ်ပါတယ်။ ရေညှိလို အစားအစာမျိုးတွေဟာ ကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။
၅။ ငါး
အခြား အသားတွေထက်စားရင် ငါးတွေ စားသုံးမှုကလည်း အသက်ပိုရှည်ပြီး ကျန်းမာရေး ကောင်းစေပါတယ်။ အထူးသဖြင့် ပင်လယ်ငါးတွေစားတာ ပိုကောင်းပါတယ်။
Credit : Duwun
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top