iMyanmarHouse.com - Best Property Website for Myanmar
×

သင့္ရဲ႕ရည္းစားနဲ႔ လမ္းခြဲျပတ္ဆဲျပီးသြားၿပီမုိ႔ သင့္ကမ႓ာမွာ စိတ္ညစ္စရာေတြ၊ အာရံုေနာက္စရာေတြ မရွိေတာ့ဘူးလို႔ ထင္မိပါသလား။ တစ္ခါတစ္ေလ ျပတ္သြားၿပီးမွ သူတုိ႔ေတြရဲ႕ အာရံုေနာက္စရာ အျပဳအမူေတြေၾကာင့္ သည္းမခံခ်င္စရာေကာင္းတဲ့အရာေတြ ပိုလို႕ေတာင္ ျဖစ္ေပၚလာႏိုင္ပါေသးတယ္။ ရည္းစားေဟာင္းေတြ ျပဳမူေလ့ရွိတဲ့ စိတ္ပ်က္စရာ အျပဳအမူေတြကေတာ့

၁။ဘာမွမဟုတ္တဲ့အေၾကာင္းအရာေတြကို ပို႔ခ်င္တဲ့အခ်ိန္ sms ပို႔တတ္တာမ်ိဳး

သင့္ဆီကို သူ အာရံုလာရင္ လာသလို sms ေတြ ပို႕ေနဦးမွာပါ။ ဥပမာ နင္အရင္တုန္းက ႀကိဳက္တဲ့ သီခ်င္း ခုေရဒီယိုမွာ လာေနေတာ့ နင့္ကို သတိရသြားတာနဲ႔ sms ပို႔လိုက္မိတာ ဆုိတာမ်ိဳး။ ဇာတ္လမ္းၿပီးသြားကာမွ အရစ္ရွည္ေနတာေတြက မုန္းစရာေကာင္းလြန္းပါတယ္။

၂။တစ္ျခားေကာင္မေလးေတြနဲ႔ ကိုယ့္ေရွ႕မွာ အီစီကလီလုပ္ျပေနတာမ်ိဳး

တစ္ေနရာမွာ ရည္းစားေဟာင္းနဲ႔ ဆံုမိတဲ့အခါ ကိုယ့္ေရွ႕မွာ တမင္သက္သက္ တစ္ျခားေကာင္မေလးတစ္ေယာက္နဲ႔ အၾကည္ဆိုက္ေနသလို အကဲပိုလုပ္ျပေနတာမ်ိဳးေတြဟာလည္း စိတ္ပ်က္စရာအတိပါပဲ။

၃။ကုိယ့္သူငယ္ခ်င္းေတြနဲ႔ ခ်ိန္းၿပီး အျပင္သြားတာမ်ိဳး

ကိုယ္နဲ႔ရည္းစားျဖစ္ေနခ်ိန္တုန္းက ကိုယ့္သူငယ္ခ်င္းေတြနဲ႔ပါ သူ႕ကိုမိတ္ဆက္ေပးထားမိေလေတာ့ ခုျပတ္သြားၿပီးတဲ့အခါ သူတုိ႔ေတြ အဆက္အသြယ္ရွိေနေသးတာ မဆန္းပါဘူး။ ဒါေပမယ့္ ကိုယ့္ကိုရြဲ႕ခ်င္တာေၾကာင့္ ကုိယ့္သူငယ္ခ်င္းေတြကို အႀကိမ္ႀကီမ္ခ်ိန္းၿပီး သြားလာေနတာကေတာ့ လြန္လြန္းတာေပါ့ေလ။

၄။သင့္ေကာင္းေၾကာင္းေတြ ေလွ်ာက္ေျပာေနတာမ်ိဳး

တကယ္ပဲျဖစ္ျဖစ္၊ ရြဲ႕တာပဲျဖစ္ျဖစ္ ကုိယ္နဲ႔ခင္မင္တဲ့သူေတြနဲ႔ ဆုံတုိင္း ကိုယ့္အေၾကာင္းေတြ ေကာင္းတာခ်ည္း ေရြးေျပာေနတာမ်ိဳးကလည္း ေက်းဇူးတင္စရာ သိပ္မေကာင္းလွပါဘူး။ အထူးသျဖင့္ ေနာက္က်သြားၿပီမုိ႔ ဒါေတြ ရပ္လိုက္ဖုိ႔ ေျပာခ်င္တာပါ။

၅။ညတုိင္းအျပင္ထြက္ၿပီး ပံုေတြ တင္ေနတာမ်ိဳး

ကိုယ္မရွိေတာ့ ခုခ်ိန္မွာ လြတ္လပ္သြားၿပီဆိုတာ ျပခ်င္လုိ႔ျဖစ္ျဖစ္၊ ေပ်ာ္ေနတယ္ဆုိတာ သိေစခ်င္လုိ႔ျဖစ္ျဖစ္ ညတုိင္းအျပင္ထြက္၊ ဓာတ္ပံုေတြရိုက္၊ လူမႈကြန္ယက္ေတြမွာ ပံုေတြ မနားတမ္းတင္ေနတာဟာလည္း စိတ္ပ်က္စရာအတိပါ။

၆။Instagram က ကုိယ့္ပံုေတြကို မနားတမ္း Like ေတြ လုပ္တာမ်ိဳး

ကိုယ္ဘာပံုပဲတင္လိုက္တင္လိုက္ တစ္ခ်ိန္လံုးကုိယ့္မ်ား ေစာင့္ၾကည့္ေနသလား ထင္ရေအာက္ကို တရစပ္ Like ေတြေပးေနတာကလညး္ မျဖစ္သင့္ပါဘူး။

၇။ကိုယ္ေခၚလို႔ ေရာက္ဖူးသြားတဲ့ေနရာမွာ သူနဲ႔တစ္ျခားသူေတြ တစ္ခ်ိန္လံုး ရွိေနတာမ်ိဳး

အရင္က ကုိယ့္စိတ္ႀကိဳက္ေနရာေလးတစ္ခု သူ႕ကို ေခၚသြားၿပီးေနာက္ပိုင္း သူနဲ႔တစ္ျခားသူ႕အသိေတြ ဆက္တုိက္ေရာက္ေနတာေၾကာင့္ ကုိယ္က ျပန္ေရွာင္ေနရတာလည္း နည္းနည္းစိတ္ပ်က္စရာ ေကာင္းပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သင့်ရဲ့ရည်းစားနဲ့ လမ်းခွဲပြတ်ဆဲပြီးသွားပြီမို့ သင့်ကမ္ဘာမှာ စိတ်ညစ်စရာတွေ၊ အာရုံနောက်စရာတွေ မရှိတော့ဘူးလို့ ထင်မိပါသလား။ တစ်ခါတစ်လေ ပြတ်သွားပြီးမှ သူတို့တွေရဲ့ အာရုံနောက်စရာ အပြုအမူတွေကြောင့် သည်းမခံချင်စရာကောင်းတဲ့အရာတွေ ပိုလို့တောင် ဖြစ်ပေါ်လာနိုင်ပါသေးတယ်။ ရည်းစားဟောင်းတွေ ပြုမူလေ့ရှိတဲ့ စိတ်ပျက်စရာ အပြုအမူတွေကတော့

၁။ဘာမှမဟုတ်တဲ့အကြောင်းအရာတွေကို ပို့ချင်တဲ့အချိန် sms ပို့တတ်တာမျိုး

သင့်ဆီကို သူ အာရုံလာရင် လာသလို sms တွေ ပို့နေဦးမှာပါ။ ဥပမာ နင်အရင်တုန်းက ကြိုက်တဲ့ သီချင်း ခုရေဒီယိုမှာ လာနေတော့ နင့်ကို သတိရသွားတာနဲ့ sms ပို့လိုက်မိတာ ဆိုတာမျိုး။ ဇာတ်လမ်းပြီးသွားကာမှ အရစ်ရှည်နေတာတွေက မုန်းစရာကောင်းလွန်းပါတယ်။

၂။တစ်ခြားကောင်မလေးတွေနဲ့ ကိုယ့်ရှေ့မှာ အီစီကလီလုပ်ပြနေတာမျိုး

တစ်နေရာမှာ ရည်းစားဟောင်းနဲ့ ဆုံမိတဲ့အခါ ကိုယ့်ရှေ့မှာ တမင်သက်သက် တစ်ခြားကောင်မလေးတစ်ယောက်နဲ့ အကြည်ဆိုက်နေသလို အကဲပိုလုပ်ပြနေတာမျိုးတွေဟာလည်း စိတ်ပျက်စရာအတိပါပဲ။

၃။ကိုယ့်သူငယ်ချင်းတွေနဲ့ ချိန်းပြီး အပြင်သွားတာမျိုး

ကိုယ်နဲ့ရည်းစားဖြစ်နေချိန်တုန်းက ကိုယ့်သူငယ်ချင်းတွေနဲ့ပါ သူ့ကိုမိတ်ဆက်ပေးထားမိလေတော့ ခုပြတ်သွားပြီးတဲ့အခါ သူတို့တွေ အဆက်အသွယ်ရှိနေသေးတာ မဆန်းပါဘူး။ ဒါပေမယ့် ကိုယ့်ကိုရွဲ့ချင်တာကြောင့် ကိုယ့်သူငယ်ချင်းတွေကို အကြိမ်ကြီမ်ချိန်းပြီး သွားလာနေတာကတော့ လွန်လွန်းတာပေါ့လေ။

၄။သင့်ကောင်းကြောင်းတွေ လျှောက်ပြောနေတာမျိုး

တကယ်ပဲဖြစ်ဖြစ်၊ ရွဲ့တာပဲဖြစ်ဖြစ် ကိုယ်နဲ့ခင်မင်တဲ့သူတွေနဲ့ ဆုံတိုင်း ကိုယ့်အကြောင်းတွေ ကောင်းတာချည်း ရွေးပြောနေတာမျိုးကလည်း ကျေးဇူးတင်စရာ သိပ်မကောင်းလှပါဘူး။ အထူးသဖြင့် နောက်ကျသွားပြီမို့ ဒါတွေ ရပ်လိုက်ဖို့ ပြောချင်တာပါ။

၅။ညတိုင်းအပြင်ထွက်ပြီး ပုံတွေ တင်နေတာမျိုး

ကိုယ်မရှိတော့ ခုချိန်မှာ လွတ်လပ်သွားပြီဆိုတာ ပြချင်လို့ဖြစ်ဖြစ်၊ ပျော်နေတယ်ဆိုတာ သိစေချင်လို့ဖြစ်ဖြစ် ညတိုင်းအပြင်ထွက်၊ ဓာတ်ပုံတွေရိုက်၊ လူမှုကွန်ယက်တွေမှာ ပုံတွေ မနားတမ်းတင်နေတာဟာလည်း စိတ်ပျက်စရာအတိပါ။

၆။Instagram က ကိုယ့်ပုံတွေကို မနားတမ်း Like တွေ လုပ်တာမျိုး

ကိုယ်ဘာပုံပဲတင်လိုက်တင်လိုက် တစ်ချိန်လုံးကိုယ့်များ စောင့်ကြည့်နေသလား ထင်ရအောက်ကို တရစပ် Like တွေပေးနေတာကလည်း မဖြစ်သင့်ပါဘူး။

၇။ကိုယ်ခေါ်လို့ ရောက်ဖူးသွားတဲ့နေရာမှာ သူနဲ့တစ်ခြားသူတွေ တစ်ချိန်လုံး ရှိနေတာမျိုး

အရင်က ကိုယ့်စိတ်ကြိုက်နေရာလေးတစ်ခု သူ့ကို ခေါ်သွားပြီးနောက်ပိုင်း သူနဲ့တစ်ခြားသူ့အသိတွေ ဆက်တိုက်ရောက်နေတာကြောင့် ကိုယ်က ပြန်ရှောင်နေရတာလည်း နည်းနည်းစိတ်ပျက်စရာ ကောင်းပါတယ်။


Credit : Trend Myanmar



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top