iMyanmarHouse.com - Best Property Website for Myanmar
×

ယေန႔ေခတ္တြင္ အရြယ္ေရာက္ၿပီးသူ သံုးပံုႏွစ္ပံုေက်ာ္သည္ ကုိယ္အေလးခ်ိန္ပုိမ်ားေနသည္(သိ႔ုမဟုတ္) အ၀လြန္ျဖစ္ေနၾကရာ ကုိယ္အေလးခ်ိန္ေလွ်ာ့ခ်ရန္ ႀကိဳးစားၾကေသာ္လည္း ၎တို႔အနက္ အနည္းငယ္သာ ေရရွည္အတြက္ ေအာင္ျမင္စြာ ကုိယ္အေလးခ်ိန္ ေလွ်ာ့ခ်ႏုိင္ၾကေၾကာင္း ေတြ႕ရသည္။


အေမရိကန္အမ်ိဳးသားကုိယ္အေလးခ်ိန္ထိန္းခ်ဳပ္မႈ မွတ္ပံုတင္ ဌာန (NWCR)ႏွင့္ ကမၻာလံုးဆုိင္ရာက်န္းမာေရးႏွင့္ ညီၫြတ္ေသာ ကုိယ္အေလးခ်ိန္မွတ္ပံုတင္ဌာန (GHWR) တို႔က ကုိယ္အေလးခ်ိန္ ေလွ်ာ့ခ်ကာ ျပန္၀မလာေအာင္ ထိန္းသိမ္းႏုိုင္သူမ်ား၏ အေလ့အထ မ်ားကို ေလ့လာထားသည္။

GHWR ဌာန၏ ေလ့လာမႈတြင္ပါ၀င္ေသာ ကုိယ္အေလးခ်ိန္ ေအာင္ျမင္စြာ ေလွ်ာ့ခ်ႏုိင္သူ ၁၀ ဦးလွ်င္ ကိုးဦးႏွင့္ NWCK ဌာန၏ ေလ့လာမႈတြင္ ပါ၀င္သူ ၇၈ ရာခုိင္ႏႈန္းသည္ နံနက္စာစားေလ့ရိွသူ မ်ားျဖစ္သည္။ နံနက္စာစားျခင္းေၾကာင့္ ဆာေလာင္မႈကုိ ထိန္းခ်ဳပ္ရန္ အေထာက္အကူျဖစ္ေစကာ တစ္မနက္လံုး ဆာေလာင္ေနမႈကုိ ပုိမုိထိန္းခ်ဳပ္ႏုိင္မည္ျဖစ္သည္။ က်န္းမာေရးအက်ိဳးေက်းဇူးမ်ားေသာ နံနက္စာစားေသာက္လုိပါက ျမင္းစားဂ်ံဳႏွင့္ အခြံမာသီးမ်ားပါ၀င္ေသာ နံနက္စာမ်ိဳး စားေသာက္ရမည္ျဖစ္သည္။

ထို႔အျပင္ ကုိယ္အေလးခ်ိိန္ေလွ်ာ့ခ်ၿပီး ထိန္းသိမ္းထားႏုိင္သူ မ်ားသည္ သီတင္းတစ္ပတ္လွ်င္ တစ္ႀကိမ္ ကုိယ္အေလးခ်ိန္တုိင္း တာေလ့ ရိွၾကသည္။ ကုိယ္အေလးခ်ိန္ေလွ်ာ့ခ်ရာတြင္ ေလ့က်င့္ခန္းလုပ္ျခင္းထက္ အစားအေသာက္ပံုစံပုိ၍ အေရးပါေၾကာင္း ေလ့လာမႈမ်ားစြာက ေဖာ္ျပေသာ္လည္း ကုိယ္လက္ႀကံ႕ခုိင္ေစရန္ ေလ့က်င့္ခန္းလုပ္ေပးရမည္ျဖစ္သည္။

ကုိယ္အေလးခ်ိန္ေအာင္ျမင္စြာ ေလွ်ာ့ခ်ႏုိင္သူမ်ားသည္ သီ တင္းတစ္ပတ္၏ ရက္အမ်ားစုတြင္ တစ္ေန႔လွ်င္ တစ္နာရီၾကာ ေလ့ က်င့္ခန္းလုပ္ေလ့ရိွသည္။

ထို႔အျပင္ ၎တို႔သည္ အစားေရွာင္ေလ့မရိွဘဲ အစားအေသာက္၏ အရည္အေသြးကုိသာ ေရြးခ်ယ္စားေသာက္ၾကေၾကာင္း သိရ သည္။ ၎တုိ႔သည္ က်န္းမာေရးႏွင့္ညီေသာ သစ္သီးမ်ား၊ ဟင္းသီး ဟင္းရြက္မ်ား၊ သဘာ၀ဆန္၊ ဂ်ံဳ၊ ပဲ၊ ေျပာင္းတုိ႔ကဲ့သုိ႔ေသာ အစားအ စာမ်ားကို စားေသာက္ေလ့ရိွၿပီး ပမာဏအနည္းငယ္စီ အႀကိမ္မ်ား မ်ား စားေသာက္ေလ့ရိွသည္။          


Credit:7Day Daily


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ယနေ့ခေတ်တွင် အရွယ်ရောက်ပြီးသူ သုံးပုံနှစ်ပုံကျော်သည် ကိုယ်အလေးချိန်ပိုများနေသည်(သိ့ုမဟုတ်) အဝလွန်ဖြစ်နေကြရာ ကိုယ်အလေးချိန်လျှော့ချရန် ကြိုးစားကြသော်လည်း ၎င်းတို့အနက် အနည်းငယ်သာ ရေရှည်အတွက် အောင်မြင်စွာ ကိုယ်အလေးချိန် လျှော့ချနိုင်ကြကြောင်း တွေ့ရသည်။


အမေရိကန်အမျိုးသားကိုယ်အလေးချိန်ထိန်းချုပ်မှု မှတ်ပုံတင် ဌာန (NWCR)နှင့် ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန်မှတ်ပုံတင်ဌာန (GHWR) တို့က ကိုယ်အလေးချိန် လျှော့ချကာ ပြန်ဝမလာအောင် ထိန်းသိမ်းနိုင်သူများ၏ အလေ့အထ များကို လေ့လာထားသည်။

GHWR ဌာန၏ လေ့လာမှုတွင်ပါဝင်သော ကိုယ်အလေးချိန် အောင်မြင်စွာ လျှော့ချနိုင်သူ ၁၀ ဦးလျှင် ကိုးဦးနှင့် NWCK ဌာန၏ လေ့လာမှုတွင် ပါဝင်သူ ၇၈ ရာခိုင်နှုန်းသည် နံနက်စာစားလေ့ရှိသူ များဖြစ်သည်။ နံနက်စာစားခြင်းကြောင့် ဆာလောင်မှုကို ထိန်းချုပ်ရန် အထောက်အကူဖြစ်စေကာ တစ်မနက်လုံး ဆာလောင်နေမှုကို ပိုမိုထိန်းချုပ်နိုင်မည်ဖြစ်သည်။ ကျန်းမာရေးအကျိုးကျေးဇူးများသော နံနက်စာစားသောက်လိုပါက မြင်းစားဂျုံနှင့် အခွံမာသီးများပါဝင်သော နံနက်စာမျိုး စားသောက်ရမည်ဖြစ်သည်။

ထို့အပြင် ကိုယ်အလေးချိန်လျှော့ချပြီး ထိန်းသိမ်းထားနိုင်သူ များသည် သီတင်းတစ်ပတ်လျှင် တစ်ကြိမ် ကိုယ်အလေးချိန်တိုင်း တာလေ့ ရှိကြသည်။ ကိုယ်အလေးချိန်လျှော့ချရာတွင် လေ့ကျင့်ခန်းလုပ်ခြင်းထက် အစားအသောက်ပုံစံပို၍ အရေးပါကြောင်း လေ့လာမှုများစွာက ဖော်ပြသော်လည်း ကိုယ်လက်ကြံ့ခိုင်စေရန် လေ့ကျင့်ခန်းလုပ်ပေးရမည်ဖြစ်သည်။

ကိုယ်အလေးချိန်အောင်မြင်စွာ လျှော့ချနိုင်သူများသည် သီ တင်းတစ်ပတ်၏ ရက်အများစုတွင် တစ်နေ့လျှင် တစ်နာရီကြာ လေ့ ကျင့်ခန်းလုပ်လေ့ရှိသည်။

ထို့အပြင် ၎င်းတို့သည် အစားရှောင်လေ့မရှိဘဲ အစားအသောက်၏ အရည်အသွေးကိုသာ ရွေးချယ်စားသောက်ကြကြောင်း သိရ သည်။ ၎င်းတို့သည် ကျန်းမာရေးနှင့်ညီသော သစ်သီးများ၊ ဟင်းသီး ဟင်းရွက်များ၊ သဘာဝဆန်၊ ဂျုံ၊ ပဲ၊ ပြောင်းတို့ကဲ့သို့သော အစားအ စာများကို စားသောက်လေ့ရှိပြီး ပမာဏအနည်းငယ်စီ အကြိမ်များ များ စားသောက်လေ့ရှိသည်။          


Credit:7Day Daily




ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top