iMyanmarHouse.com - Best Property Website for Myanmar
×

ကိုက္လန္ကို အစိမ္းေရာင္ ဟင္းရြက္တို႔ရဲ႕ ဘုရင္မလို႔ တင္စားတတ္ၾကသလို အာဟာရ စုေပါင္းရာ အိမ္ တစ္လံုးလို႔လည္း ေခၚဆိုတတ္ၾကပါတယ္။ သင္စားတဲ့ အစားအေသာက္ထဲကို ကိုက္လန္ ထည့္စားေပးမယ္ဆိုရင္ ေအာက္ပါ အက်ဳိးေက်းဇူး ၁၀ မ်ဳိးကို ရရွိပါလိမ့္မယ္။

(1) အစာေျခလမ္းေၾကာင္းစနစ္ကုိ က်န္းမာေစပါတယ္

ကိုက္လန္မွာ ကယ္လိုရီ ပါဝင္မႈ နည္းပါးၿပီး အဆီဓာတ္လည္း လံုးဝမပါပါဘူး။ အမွ်င္ဓာတ္ မ်ားစြာ ပါဝင္ ပါတယ္။ ကိုက္လန္တစ္ခြက္မွာ ၃၆ ကယ္လိုရီနဲ႔ အမွ်င္ဓာတ္ ငါးဂရမ္တို႔ ပါဝင္ပါတယ္။

(2) အေထြေထြ က်န္းမာေရးကို ေကာင္းမြန္ေစပါတယ္

ကိုက္လန္မွာ သံဓာတ္မ်ားစြာ ပါဝင္ပါတယ္။ ကယ္လိုရီတူတဲ့ ကိုက္လန္နဲ႔ အမဲသားတို႔ကို ႏႈိင္းယွဥ္ၾကည့္ရာ ကိုက္လန္မွာ သံဓာတ္ ပိုမိုပါဝင္တာကို ေတြ႕ရပါတယ္။ သံဓာတ္ဟာ ေဟမိုဂလိုဘင္နဲ႔ အင္ဇိုင္း ျဖစ္ေပၚေစ တာ၊ ခႏၶာကိုယ္ အစိတ္အပိုင္း အသီးသီးကို ေအာက္ဆီဂ်င္ ပို႔ေပးတာ၊ ဆဲလ္ႀကီးထြားတာ၊ အသည္းရဲ႕ လုပ္ငန္းေဆာင္တာကို ေကာင္းမြန္ေစတာ စတဲ့ အာနိသင္ေတြ ရရွိေစၿပီး အေထြေထြ က်န္းမာေရးကို ေကာင္းမြန္ေစပါတယ္။

(3) ဗီတာမင္ေက မ်ားစြာ ပါဝင္ပါတယ္

ကိုက္လန္မွာ မ်ားစြာ ပါဝင္တဲ့ ဗီတာမင္ေကဟာ ကင္ဆာေရာဂါ အမ်ဳိးမ်ဳိးကို ကာကြယ္ေပးႏိုင္ပါတယ္။ အ႐ိုး က်န္းမာေရးကို ေကာင္းေစတဲ့အျပင္ ေသြးခဲတာမ်ဳိး မျဖစ္ေအာင္လည္း ကာကြယ္ေပးႏိုင္ပါတယ္။ အယ္လ္ဇိုင္းမားေရာဂါ ခံစားေနရသူေတြကို သက္သာေအာင္ ဗီတာမင္ေကနဲ႔ ကုသႏိုင္ပါတယ္။

(4) ကင္ဆာအမ်ဳိးမ်ဳိးကို ကာကြယ္ေပးပါတယ္

ကိုက္လန္မွာ ကာ႐ိုတီးႏြိဳက္နဲ႔ ဖေလဗိုးႏြိဳက္တို႔လို အင္တီေအာက္ဆီးဒင့္မ်ားစြာ ပါဝင္ပါတယ္။ ဒီအင္တီ ေအာက္ဆီးဒင့္ေတြက ကင္ဆာေရာဂါ အမ်ဳိးမ်ဳိးကို မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။

(5) ေရာင္ရမ္းမႈကို ေလ်ာ့က်ေစပါတယ္

ကိုက္လန္ဟာ ေရာင္ရမ္းမႈ ေလ်ာ့က်ေစတဲ့ အစာတစ္မ်ဳိးပါ။ ကိုက္လန္တစ္ခြက္စာ ပမာဏမွာ တစ္ေန႔တာ မွီဝဲသင့္တဲ့ အိုမီဂါ ၃ ဖက္တီး အက္စစ္ပမာဏ ၁၀ ရာခိုင္ႏႈန္းခန္႔ ပါဝင္တာေၾကာင့္ ႐ိုးဆစ္ေရာင္ရမ္းနာ၊ ပန္းနာရင္က်ပ္ေရာဂါနဲ႔ Autoimmune Disorder တို႔ကို တြန္းလွန္ေပးႏိုင္စြမ္း ရွိပါတယ္။

(6) ႏွလံုးေသြးေၾကာကို က်န္းမာေစပါတယ္

ကိုက္လန္မွာ ႏွလံုးေသြးေၾကာ စနစ္ကို က်န္းမာေစတဲ့ အစြမ္းရွိပါတယ္။ ကိုက္လန္ကို မ်ားမ်ား စားေပးရင္ ေသြးတြင္းမေကာင္းတဲ့ ကိုလက္စထေရာကို ေလ်ာ့က်ေစႏိုင္ပါတယ္။

(7) အျမင္အာ႐ံုကို ေကာင္းမြန္ေစပါတယ္

ကိုက္လန္မွာ ဗီတာမင္ေအ မ်ားစြာပါဝင္တာေၾကာင့္ အျမင္အာ႐ံုကို ေကာင္းမြန္ေစတဲ့အျပင္ အဆုတ္နဲ႔ ခံတြင္းကင္ဆာတို႔ မျဖစ္ေအာင္လည္း ကာကြယ္ေပးပါတယ္။

(8) ကိုယ္ခံစြမ္းအား စနစ္ကို ေကာင္းမြန္ေစပါတယ္

ကိုက္လန္မွာ ဗီတာမင္စီ ပမာဏမ်ားစြာ ပါဝင္တာေၾကာင့္ ကိုယ္ခံစြမ္းအားစနစ္၊ ဇီဝ႐ုပ္ျဖစ္ပ်က္မႈနဲ႔ ေရ ဓာတ္ျပည့္ဝမႈတို႔ကို အားေပးေထာက္ပံ့ႏိုင္စြမ္း ရွိပါတယ္။

(9) အ႐ိုး၊ အဆစ္ က်န္းမာေစပါတယ္

ကိုက္လန္မွာ ကယ္လ္စီယမ္ ပမာဏမ်ားစြာ ပါဝင္ပါတယ္။ ကယ္လိုရီ ပမာဏတူတဲ့ ႏြားႏို႔နဲ႔ ယွဥ္ရင္ ကိုက္ လန္မွာ ကယ္လ္စီယမ္ ပိုမို ပါဝင္တာေၾကာင့္ အ႐ိုးထုထည္ ဆံုး႐ႈံးမႈ မျဖစ္ေအာင္နဲ႔ အ႐ိုးပါးေရာဂါ မျဖစ္ ေအာင္ ကာကြယ္ေပးႏိုင္စြမ္း ရွိပါတယ္။ ဒါ့အျပင္ ကိုက္လန္မွာပါတဲ့ ဗီတာမင္စီဟာ အ႐ိုးႏုနဲ႔ အဆစ္ေတြ သန္စြမ္းေပ်ာ့ေပ်ာင္းေအာင္ ကူညီႏိုင္ပါတယ္။

(10) ကိုယ္တြင္းအဆိပ္ေတြကို ကင္းစင္ေစပါတယ္

ကိုက္လန္ကို အဆိပ္ဖယ္ရွားေပးႏိုင္တဲ့ အစာလို႔ တင္စားေခၚေဝၚၾကပါတယ္။ ကိုက္လန္မွာ အမွ်င္ဓာတ္နဲ႔ ဆာလဖာတို႔ အျပည့္အဝ ပါဝင္ေနတာေၾကာင့္ ကိုယ္ခႏၶာတြင္းရွိ အဆိပ္ေတြကို ကင္းစင္ေစၿပီး အသည္းကို က်န္းမာေစပါတယ္။

Credit : today Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ကိုက်လန်ကို အစိမ်းရောင် ဟင်းရွက်တို့ရဲ့ ဘုရင်မလို့ တင်စားတတ်ကြသလို အာဟာရ စုပေါင်းရာ အိမ် တစ်လုံးလို့လည်း ခေါ်ဆိုတတ်ကြပါတယ်။

သင်စားတဲ့ အစားအသောက်ထဲကို ကိုက်လန် ထည့်စားပေးမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူး ၁၀ မျိုးကို ရရှိပါလိမ့်မယ်။

(1) အစာခြေလမ်းကြောင်းစနစ်ကို ကျန်းမာစေပါတယ်

ကိုက်လန်မှာ ကယ်လိုရီ ပါဝင်မှု နည်းပါးပြီး အဆီဓာတ်လည်း လုံးဝမပါပါဘူး။ အမျှင်ဓာတ် များစွာ ပါဝင် ပါတယ်။ ကိုက်လန်တစ်ခွက်မှာ ၃၆ ကယ်လိုရီနဲ့ အမျှင်ဓာတ် ငါးဂရမ်တို့ ပါဝင်ပါတယ်။

(2) အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်

ကိုက်လန်မှာ သံဓာတ်များစွာ ပါဝင်ပါတယ်။ ကယ်လိုရီတူတဲ့ ကိုက်လန်နဲ့ အမဲသားတို့ကို နှိုင်းယှဉ်ကြည့်ရာ ကိုက်လန်မှာ သံဓာတ် ပိုမိုပါဝင်တာကို တွေ့ရပါတယ်။ သံဓာတ်ဟာ ဟေမိုဂလိုဘင်နဲ့ အင်ဇိုင်း ဖြစ်ပေါ်စေ တာ၊ ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးကို အောက်ဆီဂျင် ပို့ပေးတာ၊ ဆဲလ်ကြီးထွားတာ၊ အသည်းရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေတာ စတဲ့ အာနိသင်တွေ ရရှိစေပြီး အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(3) ဗီတာမင်ကေ များစွာ ပါဝင်ပါတယ်

ကိုက်လန်မှာ များစွာ ပါဝင်တဲ့ ဗီတာမင်ကေဟာ ကင်ဆာရောဂါ အမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။ အရိုး ကျန်းမာရေးကို ကောင်းစေတဲ့အပြင် သွေးခဲတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါ ခံစားနေရသူတွေကို သက်သာအောင် ဗီတာမင်ကေနဲ့ ကုသနိုင်ပါတယ်။

(4) ကင်ဆာအမျိုးမျိုးကို ကာကွယ်ပေးပါတယ်

ကိုက်လန်မှာ ကာရိုတီးနွိုက်နဲ့ ဖလေဗိုးနွိုက်တို့လို အင်တီအောက်ဆီးဒင့်များစွာ ပါဝင်ပါတယ်။ ဒီအင်တီ အောက်ဆီးဒင့်တွေက ကင်ဆာရောဂါ အမျိုးမျိုးကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(5) ရောင်ရမ်းမှုကို လျော့ကျစေပါတယ်

ကိုက်လန်ဟာ ရောင်ရမ်းမှု လျော့ကျစေတဲ့ အစာတစ်မျိုးပါ။ ကိုက်လန်တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ မှီဝဲသင့်တဲ့ အိုမီဂါ ၃ ဖက်တီး အက်စစ်ပမာဏ ၁၀ ရာခိုင်နှုန်းခန့် ပါဝင်တာကြောင့် ရိုးဆစ်ရောင်ရမ်းနာ၊ ပန်းနာရင်ကျပ်ရောဂါနဲ့ Autoimmune Disorder တို့ကို တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။

(6) နှလုံးသွေးကြောကို ကျန်းမာစေပါတယ်

ကိုက်လန်မှာ နှလုံးသွေးကြော စနစ်ကို ကျန်းမာစေတဲ့ အစွမ်းရှိပါတယ်။ ကိုက်လန်ကို များများ စားပေးရင် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေနိုင်ပါတယ်။

(7) အမြင်အာရုံကို ကောင်းမွန်စေပါတယ်

ကိုက်လန်မှာ ဗီတာမင်အေ များစွာပါဝင်တာကြောင့် အမြင်အာရုံကို ကောင်းမွန်စေတဲ့အပြင် အဆုတ်နဲ့ ခံတွင်းကင်ဆာတို့ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

(8) ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန်စေပါတယ်

ကိုက်လန်မှာ ဗီတာမင်စီ ပမာဏများစွာ ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်၊ ဇီဝရုပ်ဖြစ်ပျက်မှုနဲ့ ရေ ဓာတ်ပြည့်ဝမှုတို့ကို အားပေးထောက်ပံ့နိုင်စွမ်း ရှိပါတယ်။

(9) အရိုး၊ အဆစ် ကျန်းမာစေပါတယ်

ကိုက်လန်မှာ ကယ်လ်စီယမ် ပမာဏများစွာ ပါဝင်ပါတယ်။ ကယ်လိုရီ ပမာဏတူတဲ့ နွားနို့နဲ့ ယှဉ်ရင် ကိုက် လန်မှာ ကယ်လ်စီယမ် ပိုမို ပါဝင်တာကြောင့် အရိုးထုထည် ဆုံးရှုံးမှု မဖြစ်အောင်နဲ့ အရိုးပါးရောဂါ မဖြစ် အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် ကိုက်လန်မှာပါတဲ့ ဗီတာမင်စီဟာ အရိုးနုနဲ့ အဆစ်တွေ သန်စွမ်းပျော့ပျောင်းအောင် ကူညီနိုင်ပါတယ်။

(10) ကိုယ်တွင်းအဆိပ်တွေကို ကင်းစင်စေပါတယ်

ကိုက်လန်ကို အဆိပ်ဖယ်ရှားပေးနိုင်တဲ့ အစာလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ကိုက်လန်မှာ အမျှင်ဓာတ်နဲ့ ဆာလဖာတို့ အပြည့်အဝ ပါဝင်နေတာကြောင့် ကိုယ်ခန္ဓာတွင်းရှိ အဆိပ်တွေကို ကင်းစင်စေပြီး အသည်းကို ကျန်းမာစေပါတယ်။

Credit : today Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top